အခန်း (၃၈၁)
Vol. 32 Ch. 381
အပိုင်း (၃၈၁) ခရီးထွက်ရန် စတင်ခြင်း
ကူမော့သည် သိုင်းလောကအတွင်း လှုပ်ရှားခြင်း မရှိတော့သော်လည်း၊ သိုင်းလောကမှာမူ အရင်အတိုင်းပင် မငြိမ်မသက် ဖြစ်နေဆဲ ပင် ဖြစ်လေ၏၊ အထူးသဖြင့် သိုင်းလောက နယ်ပယ်များတွင် ဖြစ်၏။ လုံဟူတောင် တောင်ပိတ်ထားသဖြင့် သိုင်းလောကအတွင်းရှိ ပဋိပက္ခများမှာ ပိုမို ပြင်းထန်လာခဲ့ပြီး၊ နယ်ပယ် အသီးသီးမှ သူရဲကောင်းများ ပေါ်ထွက်လာခဲ့ကြလေသည်။
ဥပမာအားဖြင့် ဆန်းလန်ဓားဂိုဏ်း တွင် ဂိုဏ်းချုပ် အသစ် တစ်ဦး ရှိလာခဲ့ပြီ ဖြစ်သည်။ စီနီယာ တပည့်ကြီး ဖြစ်သော ရှန်ပုယွီ မှာ ဂိုဏ်းချုပ် အသစ် ဖြစ်လာခဲ့လေသည်။ တိုက်ပွဲကြီး အချို့တွင် အနိုင်ရရှိခဲ့ပြီးနောက်တွင်မူ၊ သူသည် ယွင်ကျိုး ကောင်းကင် အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ငါးဦးစာရင်းဝင် ဖြစ်လာခဲ့လေသည်။
နောက်ထပ် ဥပမာ တစ်ခုမှာမူ၊ ကြီးမြတ်သော သိုင်းမိသားစု ခုနစ်ခုအနက် တစ်ခုဖြစ်သည့် ယွင် မိသားစုမှ သမီးကြီးသည် ယွင် မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို တော်ဝင် ကုန်သည် တစ်ဦးလည်း ဖြစ်လာခဲ့လေ၏။
ဤသည်မှာ ယွင် မိသားစုကို ကြီးမြတ်သော မိသားစု ခုနစ်ခုအနက် ထိပ်ဆုံးသို့ ရောက်ရှိသွားစေခဲ့သည်။
နောက်တစ်နှစ် ဧပြီလတွင်...
ကျန်း နိုင်ငံ တွင် စစ်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး၊ ၎င်းမှာ ချူ နိုင်ငံ နှင့် ကန် နိုင်ငံ တို့၏ ကျောထောက်နောက်ခံဖြင့် မြောက်ပိုင်း ကျန်း နှင့် တောင်ပိုင်း ကျန်း ဟူ၍ နှစ်ခြမ်း ကွဲသွားခဲ့လေသည်။ ထိုနှစ်နိုင်ငံ၏ စစ်တပ်များမှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး စစ်မြေပြင် အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲနေသလို၊ ပြည်တွင်း အခြေအနေမှာလည်း ပိုမို၍ မတည်မငြိမ် ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် နိုင်ငံငယ် အတော်များများမှာလည်း စစ်ပွဲအတွင်းသို့ ဆွဲသွင်းခံလိုက်ရကြပြီး၊ နောက်ပိုင်း ချင် နိုင်ငံ သည်လည်း မျှော်လင့်ထားသည့်အတိုင်း ပဋိပက္ခများအတွင်းသို့ ပါဝင်လာခဲ့သဖြင့်၊ တစ်လောကလုံးမှာ ကမောက်ကမ ဖြစ်မှုများအတွင်း နစ်မွန်းသွားတော့သည်။
ကူမော့သည် လင်းကျန်းမြို့ တွင်သာ ဆက်လက် နေထိုင်ခဲ့ပြီး၊ ကူချူတုန်း အတွက် ဆေးလုံးများ ရှာဖွေရန်အတွက် ဝရမ်းပြေး အချို့ကို သုတ်သင်ရန်သာ ခဏတဖြုတ် အပြင်သို့ ထွက်ခဲ့လေသည်။ သူသည် လင်းကျန်းမြို့ ၏ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားမိနေခဲ့သည်။၊ မြို့ကြီးမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ယခုအခါတွင်မူ ခြောက်ကပ်ပြီး ဆင်းရဲမွဲတေနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဤသည်မှာ အရာရှိများ၏ ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ၊ စစ်ပွဲကြီးအောက်တွင် ရှောင်လွှဲ၍ မရနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော် ကာလအတွင်းမှာတော့...
ကူမော့သည် ကူချူတုန်းအား ကောင်းကင်နဂါး ရှစ်သံစဉ်နှင့် လက်နှစ်ဖက်သုံး နည်းစနစ်တို့တွင် ကျွမ်းကျင်သွားအောင် အောင်မြင်စွာ ကူညီပေးနိုင်ခဲ့သည်။ ထိုက်ရွှီး ကျမ်းစာတွင်မူ သူမ၏ တိုးတက်မှုမှာ အတန်ငယ် နှေးကွေးနေသော်လည်း အခြေခံ အဆင့်ကိုတော့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ထို့နောက်
ဇူလိုင်လ အစောပိုင်းတွင်၊ ကူမော့သည် ကူချူတုန်းအား ကန် နိုင်ငံ ၏ မြို့တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ထိုနေရာမှာပဲ အခြေချ နေထိုင်စေခဲ့သည်။
ယခုတစ်ခေါက် အရှေ့ပင်လယ်ရှိ ဖုန်လိုင်ကျွန်း သို့ သွားမည့် ခရီးစဉ်တွင်မူ၊ သူသည် ကူချူတုန်းအား အတူတူ လိုက်ပါခွင့် မပြုခဲ့ပါချေ။ ထိုကိစ္စမှာ ဒဏ္ဍာရီလာ တားမြစ်ချက် တစ်ခုနှင့် ပတ်သက်နေသလို၊ ကျန်းရိုရွှီး လည်း လိုက်ပါလာမည် ဖြစ်ကြောင်း ဖုန်လိုင်ကျွန်း မှ တမန်တော်များထံတွင် သူ အတည်ပြုထားခဲ့ပြီး ဖြစ်သည်။
ဖုန်လိုင်ကျွန်း ပေါ်တွင် တားမြစ်ချက် နှစ်ခု ရှိနေမည် ဖြစ်သောကြောင့် ဖြစ်လေ၏။ တကယ်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့မည်ဆိုပါက၊ ကူချူတုန်း အနေဖြင့် အန္တရာယ် ရှိလာနိုင်သည် မဟုတ်လား။
ထို့ကြောင့် ကူမော့သည် ကူချူတုန်းအား လိုက်ပါခွင့် မပေးခဲ့ခြင်း ဖြစ်လေသည်။
သီအိုရီ အရပြောရရင်...
ကူချူတုန်းသည် ကောင်းကင်နဂါး ရှစ်သံစဉ် နှင့် စိတ်မိစ္ဆာစောင်း တို့ကို ကျွမ်းကျင်ထားသလို၊ လက်နှစ်ဖက်သုံး တိုက်ခိုက်ရေး နည်းစနစ်၊ မင်းယွီကျင့်စဉ်၊ မျိုးပြုတ်သုတ်သင်ခြင်း ကြက်ခြေခတ် ဓားနည်းစနစ် နှင့် ကောချန် မိစ္ဆာဓား တစ်လက်ကို ပိုင်ဆိုင်ထားသဖြင့်၊ သူမ၏ အစွမ်းမှာ ကန် နိုင်ငံ ၏ ထိပ်တန်း ဆယ်ဦးစာရင်းဝင် မဟာသိုင်းဆရာကြီးများထက် မနိမ့်ပါချေ။
သို့သော်လည်း စွန့်စားရန်တော့ မလိုအပ်ပါချေ။
ကန် ဧကရာဇ်၊ ယဲ့ကျင့်လန်၊ ကျိုးချင်းဖုန်း၊ စုဇီယို နှင့် လုံဟူတောင် တွင် သူ ဆုံတွေ့ခဲ့ဖူးသော တံခါးခြောက်ချပ်အဖွဲ့ ၏ နံပါတ် ၁ နတ်ဘုရား စစ်ဆေးရေးမှူး ဝမ်ကျန်းကဲ တို့ ရှိနေသည့် ကန် နိုင်ငံ မြို့တော်တွင် ကူချူတုန်း ၏ ဘေးကင်းမှုကို စိတ်ချထားနိုင်သဖြင့်၊ ကူမော့သည် ယုံကြည်မှု အပြည့်ဖြင့် အရှေ့ပင်လယ်သို့ ထွက်ခွာနိုင်ခဲ့လေ၏။
မြို့တော်၊ မြို့တံခါး အပြင်ဘက်။
ယဲ့ကျင့်လန်၊ ကျိုးချင်းဖုန်း၊ စုဇီယို၊ လျီလျီ နှင့် ကူချူတုန်း တို့သည် ကူမော့အား မြို့တံခါးအထိ လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။
"ကျွန်တော် မရှိတဲ့ အချိန်မှာ ညီမလေးကို သေသေချာချာ စောင့်ရှောက်ပေးကြပါဦး..."
ကူမော့က ဦးညွှတ်လျက် ပြောလိုက်၏။
ချီချီက သူမ၏ ရင်ဘတ်ကို ပုတ်လျက် အာမခံလိုက်သည်...
"စိတ်မပူပါနဲ့... ငါက မင်းသမီး တစ်ပါးပဲလေ၊ ပြီးတော့ ချူတုန်း ကလည်း ငါ့ရဲ့ ညီမကောင်းလေး တစ်ယောက်ပဲ... ဘယ်သူကများ သူမကို အနိုင်ကျင့်ရဲမှာလဲဟင်..."
ကျိုးချင်းဖုန်း က ခပ်ဖွဖွ ရယ်မောလျက် ဆိုသည်...
"အဲဒါ အသာထားပါဦး... ချူတုန်း ရဲ့ သိုင်းပညာတွေနဲ့ဆိုရင်တော့ ဘယ်သူကမှ သူမကို အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး... တစ်မြို့တော်လုံးမှာ သူမကို နိုင်မယ့်သူတောင် အများကြီး ရှိမှာ မဟုတ်ဘူးလေ... အဲဒီအပြင်၊ တိုက်ခိုက်ရေးပိုင်းမှာ ဆိုရင်လည်း ဟိုက အဘိုးကြီး ယဲ့ ရှိနေတာပဲ... "
“သူက ပြီးခဲ့တဲ့ ရက်ကတင် ကန် နိုင်ငံ တစ်ဝန်းလုံးမှာ သူ မနိုင်တဲ့သူ သုံးယောက်ပဲ ရှိတယ်လို့ ငါ့ကို ကြွားနေသေးတာလေ..."
ယဲ့ကျင့်လန် က နှုတ်ခမ်းတွန့်လိုက်ရင်း ဆိုသည်...
"ငါက ကြွားနေတာ မဟုတ်ပါဘူး..."
ကူမော့သည် ယဲ့ကျင့်လန် ကို အပေါ်အောက် အကဲခတ် ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်...
"အဘိုးကြီး ယဲ့... ကျွန်တော်တို့ နှစ်ယောက် တိုက်ပွဲအတွက် အချိန်တစ်ခုလောက် သတ်မှတ်ထားရမလား..."
ယဲ့ကျင့်လန် က လက်ဝှေ့ယမ်းပြလျက် အလျင်အမြန် ဆိုသည်...
"တော်ပါပြီ... အရင်တုန်းက ငါက အရမ်း မောက်မာခဲ့မိလို့ပါ..."
"အဲဒီကိစ္စကို အပြီးသတ်နိုင်ခဲ့ပြီလား..."
ကူမော့က မေးမြန်းလိုက်၏။
ယဲ့ကျင့်လန် သည် မြင်းဇက်ကြိုးကို ကျိုးချင်းဖုန်း ထံသို့ ကမ်းပေးလိုက်ပြီးနောက်၊ ကူမော့၏ ပုခုံးကို ဖက်လျက် ဘေးသို့ ခေါ်ထုတ်သွားကာ တိုးတိုးလေး ပြောလိုက်သည်...
"ယဲ့နန်ထျန်း ဆီက ရခဲ့တဲ့ ချီလင် သွေး တစ်စက်ကို ငါ့ခန္ဓာကိုယ်ထဲမှာ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီလေ... အမှန်အတိုင်း ပြောရရင်တော့၊ အခုဆို ငါ့တစ်ကိုယ်လုံးမှာ ချီလင် သွေးတွေ စီးဆင်းနေပြီဖြစ်သလို၊ ငါ့ရဲ့ အရိုးတွေကိုတောင် အကြိမ်အနည်းငယ်လောက် အစားထိုးခဲ့ရတာလေ..."
ကူမော့က အံ့သြသော အမူအရာဖြင့် မေးမြန်းလိုက်သည်...
"ဒါဆိုရင် ဘာလို့ မင်း မနိုင်တဲ့သူ သုံးယောက် ရှိတယ်လို့ ပြောရတာလဲဟင်...ကိုယ်တိုင်က ချီလင် တစ်ကောင်လို ဖြစ်နေပြီပဲလေ…. ကျန်းတာအိုယီ တောင်မှ မင်းကို နိုင်မှာ မဟုတ်ဘူး မဟုတ်လား..."
ယဲ့ကျင့်လန် က ရယ်မောလိုက်သည်...
"ငါ မနိုင်တဲ့ သုံးယောက်ထဲမှာ ကျန်းတာအိုယီ ပါတယ်လို့ ငါ မပြောခဲ့ပါဘူး... မင်း ရယ်၊ နောက်ထပ် နှစ်ယောက် ရယ် ပေါ့..."
"ဘယ်သူတွေလဲ..."
ကူမော့က မေးလိုက်သည်။
ယဲ့ကျင့်လန် ခဏမျှ စဉ်းစားကြည့်ပြီးမှ ဆိုသည်...
"ငါ မင်းကို မဖုံးကွယ်တော့ပါဘူး... တစ်ယောက်ကတော့ ငါနဲ့ ယဲ့နန်ထျန်း တို့ကို ချီလင် သွေးတွေ သွင်းပေးပြီး စမ်းသပ်ခဲ့တဲ့ အဲဒီအဘိုးကြီး ပေါ့... သူက ဘယ်သူလဲ ဆိုတာကိုတော့ ငါ ပြောလို့ မရဘူး၊ ငါ သူ့ကို ကတိပေးထားလို့လေ... ဒုတိယ တစ်ယောက်ကတော့ တားမြစ်ချက် ဆယ့်သုံးခု ထဲက ဒသမမြောက် တားမြစ်ချက် ဖြစ်တဲ့... ကပ်ရောဂါ နတ်ဘုရား ပေါ့..."
ကူမော့ မျက်ခုံးပင့်လိုက်မိသည်။
သည် "ကပ်ရောဂါ နတ်ဘုရား" ဆိုသူမှာ သူ အလွန် စိတ်ဝင်စားနေသော ဝရမ်းပြေး တစ်ဦး ဖြစ်လေသည် ။
[ဝရမ်းပြေး ပစ်မှတ် - ကပ်ရောဂါ နတ်ဘုရား]
[တာဝန် အဆင့် - ကြယ်ရှစ်ပွင့်]
[တာဝန် ဆုလာဘ် - အမြင့်ဆုံးအဆင့် စစ်နတ်ဘုရား ကျမ်းစာ]
သူသည် ဝရမ်းပြေးသတင်းများစွာ စုဆောင်းခဲ့သော်လည်း ကျင့်ကြံမှုကို အမှန်တကယ် အထောက်အကူပြုနိုင်မည့် ဆုလာဘ်မှာ ရှားပါးလှ၏။ သို့သော် "ကပ်ရောဂါနတ်ဘုရား၏ စစ်နတ်ဘုရားကျမ်းစာ” မှာမူ သူ၏အဆင့်ကို မြှင့်တင်ပေးနိုင်သည့် အနည်းငယ်သော သိုင်းပညာများထဲမှ တစ်ခုဖြစ်သည်။
စစ်နတ်ဘုရားကျမ်းစာတွင် နက်နဲသော သိုင်းပညာနိယာမ (၄၉) မျိုးကို ဖော်ပြထားသည့် ရုပ်လုံးကြွပန်းချီ (၄၉) ချပ် ပါဝင်သည်။ ၎င်းသည် သီးခြားသိုင်းပညာတစ်ခုထက် နယ်ပယ်တစ်ခု၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ မည်သည့်သိုင်းပညာတွင်မဆို အသုံးချနိုင်သည့် အခြေခံသဘောတရားများကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။
ကူမော့၏ လက်ရှိ ရည်မှန်းချက်မှာ သူ၏ သိုင်းပညာ အဆင့်အတန်းကို မြှင့်တင်ရန် ပင် ဖြစ်လေသည်။
မနှစ်က လုံဟူတောင် တွင် တိတ်ဆိတ်စွာ ကျင့်ကြံနေစဉ်အတွင်း၊ သူသည် သူ၏ သိုင်းပညာ အသုံးချမှုများကို အစွန်းဆုံး အဆင့်အထိ မြှင့်တင်နိုင်ခဲ့ပြီး ဖြစ်လေ၏။ သူသည် လှုပ်ရှားမှု တိုင်းနှင့် သိုင်းကွက် တိုင်းတွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို ထည့်သွင်းနိုင်ခဲ့ပြီဖြစ်ရာ၊ လူသားတို့၏ အရည်အချင်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် သူ၏ အဆင့်ကို မြှင့်တင်ရန် လိုအပ်နေခြင်း ဖြစ်လေ၏ ။
စစ်နတ်ဘုရား ကျမ်းစာ မှာမူ ယခုအခါတွင် သူ့အတွက် အသုံးတည့်လာနိုင်၏။
"ကပ်ရောဂါ နတ်ဘုရား က အခု ဘယ်မှာလဲ..."
ကူမော့က မေးမြန်းလိုက်၏။
"လောလောဆယ်တော့ ငါ ပြောလို့ မရသေးပါဘူး..."
ယဲ့ကျင့်လန် က ဆိုသည်
"ငါ မပြောချင်လို့ မဟုတ်ပါဘူး၊ ရှာမတွေ့သေးတာလည်း ပါသလို၊ သူ့ကို ရင်ဆိုင်ဖို့လည်း မရဲကြသေးလို့ပါ... ကပ်ရောဂါ နတ်ဘုရား နဲ့ အခု တိုက်ပွဲ ဖြစ်မယ်ဆိုရင်တော့၊ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်လာမှာ သေချာတယ်လေ..."
"ဒါဆို ဘယ်အချိန်ကျရင် ပြောပြနိုင်မလဲ..."
ကူမော့က မေးလိုက်၏။
ယဲ့ကျင့်လန် ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်...
"ဖြစ်နိုင်တာက မင်း ဖုန်လိုင်ကျွန်း ကနေ ပြန်လာတဲ့ အချိန်လောက်မှာ ဖြစ်လိမ့်မယ်"
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့..."
ကူမော့က ပြုံးလိုက်သည်။