← Chapters

အခန်း (၃၈၈)

Vol. 32 Ch. 388

အခန်း (၃၈၈)

Vol. 32 Ch. 388

အပိုင်း (၃၈၈) လူဝင်စားမှန်အစွမ်း

ဆရာကြီး လျန်ရှန်းက ရယ်မောလျက် ဆိုသည်...

"သူရဲကောင်း ကူ က ကျွန်တော့်ကို သဲလွန်စ တစ်ခု ပေးလိုက်တာပဲ... အချိန်ကျလာတဲ့ အခါကျရင်၊ ကျွန်တော် တွက်ချက်ရမယ့် လမ်းကြောင်းက တက်လှမ်းခြင်း နယ်ပယ် ၊ အဲဒီထက်မက မသေမျိုး နယ်ပယ် ကိုပါ ကျော်လွန်တဲ့ အဆင့်အထိ စဉ်းစားလို့ ရတာပေါ့... ပိုင်ယွီကျင်း ရဲ့ အကန့်အသတ်က ဘယ်လောက်အထိလဲ ဆိုတာကို ကျွန်တော် သိချင်မိတယ်လေ..."

ကူမော့ကလည်း ရယ်မောလျက် ဆိုသည်...

"အတွင်းမိစ္ဆာ တွေကို ကိုင်တွယ်မယ့် လမ်းကြောင်းကိုလည်း ထည့်ပြီး စဉ်းစားပေးပါဦး..."

"ကောင်းပါပြီ..."

ဆရာကြီး လျန်ရှန်းက သံသယဖြင့် မေးမြန်းလိုက်သည်...

"အတွင်းမိစ္ဆာ ဆိုတာ တကယ် ရှိလို့လား..."

ကူမော့က ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် မြင်ဖူးပါတယ်... ဒဏ္ဍာရီတွေက မှားနေတာ မဟုတ်ပါဘူး... လူတစ်ယောက်က တက်လှမ်းခြင်း အဆင့်ကို ရောက်တာနဲ့၊ အတွင်းမိစ္ဆာ ကို သေချာပေါက် တွေ့ရမှာပါ... အတွင်းမိစ္ဆာ ကို အနိုင်တိုက်နိုင်မှသာ ကောင်းကင်တံခါး ကို ခေါက်ပြီး နတ်ဘုရား နယ်မြေ ကို ဝင်နိုင်မှာလေ..."

"အော်... ဒီလိုကိုး..."

ဆရာကြီး လျန်ရှန်းက ဆိုသည်

"ဒါဆိုရင်တော့ ကျွန်တော် ပိုင်ယွီကျင်း ကို သေချာပေါက် မေးရမှာပေါ့..."

ကူမော့က ဆက်မေးသည်...

"ဒါနဲ့၊ ချူ နိုင်ငံ က လူဘယ်လောက်တောင် လာကြတာလဲ..."

ဆရာကြီး လျန်ရှန်းက ခေါင်းညိတ်ပြလျက် ဆိုသည်...

"ချူ နိုင်ငံ ကောင်းကင် အဆင့်သတ်မှတ်ချက် ထဲက ထိပ်တန်း ဆယ်ယောက်မှာ လေးယောက် ပါဝင်သလို၊ တခြား နယ်ပယ် အသီးသီးက လူအယောက် နှစ်ဆယ်ကျော်လည်း ပါပါတယ်... တော်တော်လေးတော့ များတာပေါ့... ကျွန်တော်တို့ မနေ့ကမှ ရောက်ကြတာလေ... အော်... ဒါနဲ့၊ ကျင့် နိုင်ငံ က လူတွေလည်း မနေ့က ရောက်ကြတယ်၊ ဓားနတ်ဘုရားကြီး စုချန်းချိုး လည်း ပါလာတယ်နော်..."

ထိုအခိုက်အတန့်မှာပင်...

ဝင်းအပြင်ဘက်မှ ကြည်လင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာလေသည်...

"သူရဲကောင်း ကူ... ချူတုန်း ရောက်နေပြီလား..."

ကူမော့ လှည့်ကြည့်လိုက်သောအခါ၊ တံခါးဝတွင် မီးခိုးရောင် ဝတ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီး တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမမှာ အလွန် တင့်တယ်လှပသော အသွင်ရှိလေသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ မနှစ်က သူ ဆုံတွေ့ခဲ့ဖူးသော ရှောင်ပိုင် ပင် ဖြစ်ပြီး၊ ချီထျန်းရှု ၏ ဆရာဖြစ်သူ ယူကျင့်ဟုန် ၏ လူဝင်စား လည်း ဖြစ်လေသည်။

"မိန်းကလေး ရှောင်ပိုင်... အထဲကို ကြွပါဦး..."

ကူမော့က ပြောလိုက်သည်။

ရှောင်ပိုင်သည် အထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်သည်...

"ဆရာကြီး ကူ... ချူတုန်း မပါလာဘူးလား.."

ကူမော့က အနည်းငယ် ခေါင်းယမ်းပြလျက် ဆိုသည်...

"မပါလာပါဘူး..."

ရှောင်ပိုင်က စိတ်ပျက်လက်ပျက်နှင့် ပြောလေသည်...

"ဘာလို့ မလာတာလဲဟင်... သူမကို ကျွန်မက လိုက်ပြပေးမယ်လို့ ကတိပေးထားတာလေ..."

ကူမော့က ဆိုသည်...

"ချူတုန်း က အခု တိတ်ဆိတ်စွာ ကျင့်ကြံနေတာလေ၊ အရေးကြီးတဲ့ အချိန် ရောက်နေလို့ အပြင်ကို ထွက်လို့ မရတာပါ..."

"အော်... ဒီလိုလား..."

ရှောင်ပိုင်က ဝမ်းနည်းစွာနှင့် ဆိုသည်

"ဒါဆိုရင်တော့၊ ဆရာကြီး ကူ ပြန်သွားတဲ့ အခါကျရင်၊ ချူတုန်း အတွက် ဖုန်လိုင်ကျွန်း ရဲ့ အမှတ်တရ လက်ဆောင်လေးတွေ ယူသွားပေးပါဦးနော်..."

"ကောင်းပါပြီ..."

ကူမော့က ခေါင်းညိတ်ပြလိုက်ပြီး မေးမြန်းလိုက်သည်

"မိန်းကလေး ရှောင်ပိုင်... အခု မင်းရဲ့ အသိစိတ်တွေ အကုန် ပြန်မှန်သွားပြီလား..."

"ဟုတ်ပါတယ်..."

ရှောင်ပိုင်က ပြောပြသည်

"ဆရာကြီး ကူ ရဲ့ ကူညီမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်... ဆရာကြီးသာ ကျွန်မကို ချင်းယီ ရွာ ဆီကို ခေါ်သွားပြီး ပျောက်ဆုံးနေတဲ့ ဝိညာဉ်ကို ရှာမပေးခဲ့ဘူး ဆိုရင်တော့၊ ကျွန်မ တစ်သက်လုံး ဉာဏ်ရည်မပြည့်မီတဲ့ သူတစ်ယောက် ဖြစ်နေဦးမှာပါပဲ..."

ကူမော့က သိလိုစိတ်ဖြင့် မေးလိုက်သည်...

"ဒါဆိုရင်၊ မိန်းကလေး ရှောင်ပိုင် အနေနဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်ရပြီလား..."

ရှောင်ပိုင်သည် သဲ့သဲ့မျှ ပြုံးလိုက်ရင်း ဆိုသည်...

"လူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ၊ သူတို့ရဲ့ အသိစိတ်တွေလည်း ပျောက်ကွယ်သွားတာပဲလေ... အဲဒီအခိုက်အတန့်မှာပဲ၊ မှတ်ဉာဏ်တွေ အားလုံးကလည်း ဘာမှမရှိခြင်းဆီကို ပျောက်ကွယ်သွားကြတာပေါ့... ကံကောင်းလို့ လူဝင်စား နိုင်ခဲ့ရင်တောင်မှ အဲဒါက အတိတ်ဘဝက စိတ်ဝိညာဉ် အနှစ်သာရ တစ်ခုပဲ ရှိတော့တာလေ... အနှစ်သာရအားဖြင့်တော့၊ သူတို့တွေဟာ မတူညီတဲ့ လူနှစ်ယောက် ဖြစ်သွားကြပြီလေ..."

"ဒါဆို မှတ်ဉာဏ်တွေ ပြန်မရရှိတော့ဘူးပေါ့..."

ဟု ကူမော့က ဆိုသည်။

"အဲဒါက အရေးမကြီးတော့ပါဘူး..."

ရှောင်ပိုင်က ဆက်ပြောသည်

"ကျွန်မမှာ မှတ်ဉာဏ်တွေ ပြန်ရှိလာသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယူကျင့်ဟုန် က ယူကျင့်ဟုန် ပါပဲ၊ ရှောင်ပိုင် ကတော့ ရှောင်ပိုင် ပေါ့... ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မတူတော့ပါဘူး... အင်း... ဆရာကြီး ကူ... ကျွန်မရဲ့ စကားကို ဆရာကြီး ချီထျန်းရှု ဆီကို ပါးပေးလို့ ရမလား...”

“ သူ့အနေနဲ့ ကျွန်မကို ရှောင်နေစရာ မလိုပါဘူး လို့ ပြောပေးပါဦး... ယူကျင့်ဟုန် ဆိုတာ လောကကနေ ပျောက်ကွယ်သွားခဲ့ပါပြီ၊ အခုတော့ ရှောင်ပိုင် ပဲ ရှိပါတော့တယ်... သူက သိုင်းလောကရဲ့ စီနီယာ တစ်ယောက် ဖြစ်သလို၊ ကျွန်မကတော့ ဂျူနီယာ တစ်ယောက်ပါပဲ လို့ပေါ့..."

ကူမော့က သဲ့သဲ့မျှ ပြုံးပြလျက် ဆိုသည်...

"ကောင်းပါပြီ..."

"ကျေးဇူးတင်ပါတယ် ဆရာကြီး ကူ... ကျွန်မ နောက်ထပ် မနှောင့်ယှက်တော့ပါဘူး..."

ရှောင်ပိုင်သည် ကူမော့အား ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြလိုက်ပြီး၊ ဆရာကြီး လျန်ရှန်းကိုလည်း ဦးညွှတ် နှုတ်ဆက်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့လေသည်။

ဆရာကြီး လျန်ရှန်းသည် ရှောင်ပိုင် ထွက်သွားသည်ကို ကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်...

"သူက ဘယ်သူလဲ..."

"သူမက ဖုန်လိုင်ကျွန်း ရဲ့ သူတော်စင်မိန်းကလေး ရှောင်ပိုင် လေ၊ ပြီးတော့ ကျွန်တော်တို့ ကန် နိုင်ငံ ဆန်းလန်ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ဟောင်း ချီထျန်းရှု ရဲ့ ဆရာ လူဝင်စား လည်း ဖြစ်ပါတယ်..."

ကူမော့က ရှင်းပြလိုက်သည်။

ဆရာကြီး လျန်ရှန်းက အံ့သြတကြီး အော်ဟစ်လိုက်သည်...

"လောကမှာ လူဝင်စားခြင်း ဆိုတာ တကယ် ရှိနေတာလား.."

ကူမော့က သံသယဖြင့် မေးမြန်းလိုက်သည်...

"လူဝင်စားမှန် ကနေ အတိတ်နဲ့ ပစ္စုပ္ပန် ဘဝတွေကို မမြင်နိုင်ဘူးလား..."

ဆရာကြီး လျန်ရှန်းက ခေါင်းယမ်းလျက် ဆိုသည်..

. "အဲဒါက ကောလာဟလ တစ်ခု သက်သက်ပါ... လူဝင်စားမှန် မှာ အတိတ်နဲ့ အနာဂတ်ကို တစ်ချက် မြင်နိုင်တဲ့ အစွမ်းပဲ ရှိတာလေ... ဒါပေမဲ့ သတင်း ပျံ့နှံ့သွားတဲ့ အခါကျတော့၊ အတိတ်နဲ့ ပစ္စုပ္ပန် ဘဝတွေကို ထင်ဟပ်နိုင်တယ် ဆိုပြီး လူဝင်စားမှန် လို့ နာမည်ကြီးသွားတာပေါ့..."

"ဒါဆိုရင်၊ ဆရာကြီး အနေနဲ့ လူဝင်စားမှန် ရဲ့ အဲဒီအစွမ်းကို အပြည့်အဝ အသုံးမချနိုင်သေးတာရော မဖြစ်နိုင်ဘူးလား..."

ကူမော့က မေးလိုက်သည်။ ဆရာကြီး လျန်ရှန်းက ရုတ်တရက် သဘောပေါက်သွားသလိုမျိုး

"အဲဒါလည်း ဖြစ်နိုင်တာပဲ..."

ဟု ဆိုသည်။

ကူမော့က ရယ်မောလျက် မေးလိုက်သည်...

"ဆရာကြီး... ရှောင်ပိုင် ဟာ သူမရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို တကယ်ပဲ ပြန်ရနေပြီလို့ ထင်လား..."

ဆရာကြီး လျန်ရှန်းက ပြောသည်...

"ကျွန်တော် ထင်တာတော့ သူမ မှတ်ဉာဏ်တွေ ပြန်ရနေပြီ ထင်တယ်... မဟုတ်ရင် သူမက ခုစကားမျိုးတွေကို ပြောမှာ မဟုတ်ပါဘူး... မှတ်ဉာဏ်တွေ ပြန်မရသေးဘူး လို့ပဲ ပြောလိုက်မှာပေါ့..."

ကူမော့က အနည်းငယ် ခေါင်းညိတ်ထောက်ခံလိုက်သည်...

"ဒါပေမဲ့လည်း သူမ ပြောသလိုပါပဲ၊ အဲဒါက အရေးမကြီးတော့ပါဘူး..."

ဆရာကြီး လျန်ရှန်းက ခဏမျှ စဉ်းစားပြီးနောက် ဆိုသည်...

"ဒါဆို ဆရာကြီး ကူ ရော ဘယ်လို ထင်လဲ... မှတ်ဉာဏ်တွေ ရှိနေတာဟာ အတိတ်ကို ပိုင်ဆိုင်ထားတာနဲ့ အတူတူပဲလား..."

"ဒီကိစ္စကတော့..."

All Chapters