အခန်း (၄၀၁)
Vol. 32 Ch. 401
အပိုင်း (၄၀၁ ) အပျက်စီးမြေ
ရှောင်ပိုင်က ပြောပြသည်...
"အခု ငါ ပိုင်ယွီကျင်း ထဲမှာ ရထားတဲ့ အခွင့်အာဏာတွေက ပထမကျွန်းသခင် ထက်တောင် အများကြီး ပိုပြီး ကြီးမားနေပြီလေ... ပထမကျွန်းသခင် ရဲ့ အတွေးအခေါ်တွေက အရမ်း ကန့်သတ်ချက် များလွန်းသလို၊ သူ လျှောက်နေတဲ့ ခြေလှမ်းတွေကလည်း အရမ်း နှေးလွန်းတယ်... ငါတို့တွေ လူသား အင်ပါယာတွေနဲ့ အပြည့်အဝ ပူးပေါင်းလို့ ရနေတာပဲလေ..."
"ပထမကျွန်းသခင် ဟာ လူသားတွေရဲ့ အာဏာက ဘယ်လောက်အထိ ကြီးမားတယ် ဆိုတာကို နားမလည်နိုင်ခဲ့ဘူး... အာဏာ ဆိုတာ ငါတို့အတွက် မူလဝိညာဉ်တွေကို အဆက်မပြတ် ပေးစွမ်းနိုင်တဲ့ အရာပဲလေ၊ အဲဒီကနေတစ်ဆင့် ငါတို့တွေဟာ အင်ပါယာ တစ်ခုလုံးကို တဖြည်းဖြည်းချင်း ထိန်းချုပ်သွားနိုင်မှာပေါ့... “
“ပြောစမ်းပါဦး၊ ဖုန်လိုင်ကျွန်း မှာ လူဘယ်နှစ်ယောက် ရှိလို့လဲ၊ ပြီးတော့ သူတို့တွေ ဘယ်လောက်အထိ လုပ်နိုင်မှာလဲ... အင်ပါယာ တစ်ခု၊ စည်းလုံးနေတဲ့ အင်ပါယာ တစ်ခု ဆိုတာကတော့ ဖုန်လိုင်ကျွန်း သန်းပေါင်းများစွာရဲ့ အစွမ်းတွေကို စုစည်းထားနိုင်တာလေ"
"ဒါကြောင့်မို့လို့၊ ငါ့မှာ မင်းရဲ့ အကူအညီ လိုအပ်တယ်၊ အဲဒါကတော့ လိပ်နက် ဘယ်မှာ ရှိလဲဆိုတာကို ရှာပေးဖို့ပဲ... လိပ်နက် တစ်ကောင်တည်းသာ နဂါးသွေးကြော ကို ရှာတွေ့နိုင်တာလေ၊ ပြီးတော့ နဂါးသွေးကြော ကို ရှာတွေ့တယ် ဆိုတာဟာ ငါက ဘယ်သူ့အတွက်မဆို သည်လောကကြီးကို စည်းလုံးအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...”
“ လိပ်နက် ဆိုတာ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံး ချောက်ထဲမှာ အမြဲတမ်း ပုန်းအောင်းနေတတ်တာ ဆိုတော့၊ သူ့ကို ရှာတွေ့နိုင်ဖို့အတွက် မင်းက အသင့်တော်ဆုံး လူပဲပေါ့..."
မြွေနဂါးကြီးက လေးနက်သော လေသံဖြင့် ...
"ကောင်းပါပြီ..."
ရှောင်ပိုင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်မှာ...
"ပင်လယ်ထဲမှာ နောက်ထပ် သုံးရက်လောက် ထပ်နေကြတာပေါ့... သုံးရက် ကြာရင်တော့ ငါ့ကို ကုန်းပေါ် ပို့ပေးပါ... ငါ့အနေနဲ့ အသင့်တော်ဆုံးသော ကိုယ်စားလှယ် တစ်ယောက်ကို ရှာဖို့ လိုအပ်လို့ပါ... ပထမဆုံး မှတ်တိုင်ကတော့ ကန် နိုင်ငံ ပဲ ဖြစ်လိမ့်မယ်... “
“ငါ မွေးလာတုန်းက ယူကျင့်ဟုန် ရဲ့ မူလဝိညာဉ် လက္ခဏာတွေ ပါလာခဲ့တာလေ၊ သူမကလည်း ကန် နိုင်ငံ သား တစ်ယောက် မဟုတ်လား... ဖြစ်နိုင်မယ် ဆိုရင်တော့၊ ကန် နိုင်ငံ ကိုပဲ လောကကြီးကို စည်းလုံးအောင် လုပ်ခိုင်းလိုက်တာပေါ့ “
...
ကန် နိုင်ငံ ၏ မြို့တော်၊ နန်းတော်အတွင်းရှိ ဧကရာဇ်မင်း၏ စာကြည့်ဆောင်အတွင်းသို့၊
ယဲ့ကျင့်လန် သည် မိန်းမစိုး တစ်ဦး၏ လမ်းပြမှုဖြင့် ဝင်ရောက်လာခဲ့လေသည်။
ယဲ့ကျင့်လန် က ဦးညွှတ် ဂါရဝပြုလျက် လျှောက်တင်လိုက်သည်...
"အရှင်မင်းကြီး... ယဲ့ကျင့်လန် ဟာ အရှင်မင်းကြီးကို လာရောက် ဖူးမြော်ပါတယ်..."
"အဲ့လောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး..."
ကန် ဧကရာဇ်သည် နေရာမှ ထရပ်လိုက်ပြီးနောက်၊ ယဲ့ကျင့်လန် ထံသို့ စာအုပ်ငယ် တစ်အုပ် ကမ်းပေးရင်း ...
"ဒီစာရင်းထဲမှာတော့ ငါ မင်းအတွက် ရွေးချယ်ထားတဲ့ အကူအညီပေးမယ့် သူတွေ ပါဝင်တယ်... ဟုန်းကျိုး၊ ချင်းကျိုး နဲ့ ယွင်ကျိုး တို့က စစ်သည်တော် သုံးထောင်စီ အပြင်၊ စာရင်းထဲမှာ ပါတဲ့သူတွေ အားလုံးဟာ နေရာအနှံ့ကနေ ငါကိုယ်တိုင် မင်းအတွက် ရွေးချယ်ပေးထားတဲ့ ပါရမီရှင်တွေချည်းပါပဲ၊ အဲဒီထဲမှာ သင်္ချိုင်းတူး တဲ့သူတွေရော၊ ဗေဒင်ဆရာတွေပါ ပါဝင်နေတာပေါ့..."
"အဲဒီအပြင်၊ အထူးသဖြင့် သိုင်းပညာပိုင်းမှာ ဆိုရင်တော့၊ တံခါးခြောက်ချပ်အဖွဲ့၊ စစ်စခန်းတွေ၊ ပြီးတော့ ည စောင့်ကြပ်ရေးအဖွဲ့ တွေဆီကနေ ကျွမ်းကျင်သူ အယောက် တစ်ရာ ကို ထုတ်ယူ ထားပေးခဲ့တယ်... “
“သူတို့ထဲက အနည်းဆုံး ဆယ်ယောက် ဟာ မဟာသိုင်းဆရာကြီး အဆင့် ရှိတဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ရှိကြသလို၊ ကျန်တဲ့သူတွေ အားလုံးကလည်း ထိပ်တန်း ကျွမ်းကျင်သူတွေချည်းပါပဲ..."
"ဒီလိုမျိုး အင်အား ဖြည့်တင်းမှုဟာ ကုန်ကျစရိတ် များပြားလှပါတယ် အမတ်မင်း ယဲ့... ငါ သိပါတယ်၊ အခု ကျန်း နိုင်ငံ မှာ စစ်ပွဲတွေ အဆက်မပြတ် ဖြစ်နေတာကြောင့်၊ ဘဏ္ဍာတိုက်ကလည်း ဟာလာဟင်းလင်း ဖြစ်နေသလို၊ နယ်ပယ် အသီးသီးက စီးပွားရေးတွေလည်း အတော်လေး ကျပ်တည်းနေတာကိုပေါ့...”
“ ဒါဟာ ငါ မင်းအတွက် အခုလောလောဆယ် စီစဉ်ပေးနိုင်တဲ့ အကြီးမားဆုံးသော အတိုင်းအတာ တစ်ခုပါပဲ။ဒါဟာ တစ်ချက်တည်းနဲ့ အပြတ်အသတ် တိုက်ရမယ့် တိုက်ပွဲ တစ်ခု လို့တောင် ပြောလို့ ရတာပေါ့!"
ယဲ့ကျင့်လန် က လျှောက်တင်လိုက်သည်
. "အရှင်မင်းကြီး ရဲ့ မျှော်လင့်ချက်တွေကို အမှန်တကယ် ပြည့်ဝအောင် လုပ်ဆောင်ပါ့မယ်... ကျွန်တော်တို့ ကန် နိုင်ငံ တော်ကြီးရဲ့ ဘဏ္ဍာတိုက် အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက်၊ ခို့ရွှီး နိုင်ငံ က ချန်ရစ်ခဲ့တဲ့ ရတနာတွေကို သေချာပေါက် ရှာဖွေပေးပါ့မယ်”
ကန် ဧကရာဇ်သည် ယဲ့ကျင့်လန် ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ...
"အမတ်မင်း ယဲ့... ခို့ရွှီး အပျက်အစီးများ ဆိုတာ၊ တကယ်တော့ နန်းတွင်းကနေ အရင်ကလည်း စုံစမ်း ရှာဖွေခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အကြိမ်တိုင်းမှာတော့ ရှုံးနိမ့်မှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရသလို၊ အကြိမ်တိုင်းမှာလည်း အဖိုးအခတွေ အများကြီး ပေးခဲ့ရတာလေ... အဲဒီနေရာဟာ တကယ့်ကို အန္တရာယ် များလှတဲ့ နေရာ တစ်ခုပါ..."
"ဒါကြောင့် မှတ်ထားပါဦး၊ တကယ်လို့ ကိစ္စတွေက မအောင်မြင်နိုင်တော့ဘူး ဆိုရင်တော့၊ လက်လျှော့လိုက်ပါ... မင်းအနေနဲ့ ငါ့ဆီကို အသက်ရှင်လျက်နဲ့ပဲ ပြန်လာခဲ့ပေးပါ၊ နားလည်လား... ခို့ရွှီး အပျက်အစီး က ရတနာတွေဟာ အရေးကြီးတာ မှန်ပေမဲ့၊ အခုလောလောဆယ် အခက်အခဲတွေကိုတော့ ဖြေရှင်းပေးနိုင်မှာပါ... ဒါပေမဲ့ မင်း ယဲ့ကျင့်လန် ဟာလည်း ငါ့အတွက်ရော၊ ကန် နိုင်ငံ တော်ကြီး အတွက်ပါ တူညီတဲ့ အရေးကြီးတဲ့ သူ တစ်ယောက်ပဲလေ”
ယဲ့ကျင့်လန် က...
"အရှင်မင်းကြီး ခင်ဗျာ..."
ကန် ဧကရာဇ်သည် ယဲ့ကျင့်လန် ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဆိုသည်...
"အမတ်မင်း ယဲ့... ကန် နိုင်ငံ တော်ကြီးရဲ့ အခြေအနေကတော့ အခု အတော်လေးကို စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေပါပြီ... ငါ ဒီနေ့ မင်းကို အရာရာတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြချင်ပါတယ်... တကယ်လို့ ငါတို့ ကန် နိုင်ငံ သာ ကျန်း နိုင်ငံ စစ်မြေပြင်မှာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့၊ ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်သွားပါ့မယ်... "
“အဲဒီအချိန်ကျရင် ဒုတိယ မင်းသား ကို အိမ်ရှေ့စံ အဖြစ် ငါ ခန့်အပ်ခဲ့ပါ့မယ်... မင်းအနေနဲ့ သူ့ရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးရပါမယ်... တစ်နည်းပြောရရင်တော့၊ ကန် နိုင်ငံ တော်ကြီးရဲ့ ရှင်သန်ရပ်တည်မှုဟာ မင်းရဲ့ ပုခုံးပေါ်မှာ ရှိနေတာပါ... ဒါကြောင့်မို့လို့၊ မင်းက တကယ်ကို အရေးကြီးတဲ့ သူ တစ်ယောက်ပါ... တကယ်လို့ ကိစ္စတွေက မအောင်မြင်နိုင်ဘူး ဆိုရင်တောင်မှ၊ မင်း သေချာပေါက် ပြန်လာခဲ့ရမယ်”
ယဲ့ကျင့်လန် က ဧကရာဇ်၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး ဆိုသည်
. "အစေခံ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
"ဒါက အမိန့်တစ်ခု မဟုတ်ပါဘူး၊ ဒါက တောင်းဆိုချက် တစ်ခုပါ..."
...
နန်းတော်မှ ထွက်လာပြီးနောက်၊ ယဲ့ကျင့်လန် သည် မြို့တော် ဆင်ခြေဖုံးရှိ ချီမြောင်ရွှမ် နေထိုင်ရာ ဝင်းဆီသို့ တိုက်ရိုက် သွားခဲ့လေသည်။
ချီမြောင်ရွှမ် သည် အခန်းအတွင်း၌ မီးလှုံရင်း စာအုပ် တစ်အုပ်ကို ဖတ်ရှုနေသည်။
ယဲ့ကျင့်လန် သည် ချီမြောင်ရွှမ် ၏ သည်လိုမျိုး မီးလှုံနေတတ်တဲ့ အပြုအမူကို အဓိပ္ပာယ် မရှိသလို မလိုအပ်တဲ့ အရာလို့ အမြဲတမ်း ယူဆခဲ့တာလေ၊ ဒါပေမဲ့ သူကတော့ အသားကျနေပြီ ဖြစ်သည်။ သူက အထဲကို လျှောက်ဝင်သွားရင်း ပြောလိုက်သည်
"အရာရာတိုင်း အဆင်သင့် ဖြစ်ပါပြီ... နောက်ထပ် သုံးရက် ကြာရင်တော့ ကျွန်တော်တို့ မြောက်ဘက် ကန္တာရ ဆီကို ထွက်ခွာကြမှာပါ..."
ချီမြောင်ရွှမ် က ခေါင်းညိတ်ပြလျက် ဆိုသည်မှာ...
"မင်း ဒီကိစ္စကို အတော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲ..."
ယဲ့ကျင့်လန် က မေးမြန်းလိုက်သည်..
. "ခို့ရွှီး အပျက်အစီးများ မှာ တကယ်ပဲ ရတနာတွေ ရှိလို့လား..."
ချီမြောင်ရွှမ် က အံ့သြသော အမူအရာဖြင့် ပြန်မေးသည်မှာ...
"မင်း က ဘာဖြစ်လို့ ဒီကိစ္စကို စိတ်ဝင်တစား ရှိနေရတာလဲ.. မင်း မြို့တော်ကို လာပြီး အမှုထမ်းခဲ့ရတဲ့ မူလ ရည်ရွယ်ချက်ကို မေ့သွားပြီလား.. အဲဒါက နန်းတွင်း စစ်တပ်တွေကို သုံးပြီး ငါ့ကို ခို့ရွှီး အပျက်အစီး ကို ဖောက်ထွင်းနိုင်အောင် ကူညီဖို့အတွက် အခွင့်အရေး စောင့်နေခဲ့တာ မဟုတ်လား... အတွင်းမှာ ရတနာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးကြီးလို့လား..."
ယဲ့ကျင့်လန် က လေးနက်သော လေသံဖြင့် ပြန်ပြောသည်မှာ...
"အရေးကြီးပါတယ်၊ အရမ်းကို အရေးကြီးတာပါ..."
ချီမြောင်ရွှမ် သည် ယဲ့ကျင့်လန် ကို ခေတ္တမျှ စူးစိုက်ကြည့်နေပြီးမှ ပြောလိုက်သည်...
"ရှိတာပေါ့၊ အများကြီးတောင် ရှိသေးတာလေ... အဲဒီတုန်းက ခို့ရွှီး နိုင်ငံ ဆိုတာ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်ပေမဲ့၊ အနှစ် ရာနဲ့ချီတဲ့ ကာလအတွင်းမှာ သူတို့တွေ စုဆောင်းလာခဲ့တဲ့ စည်းစိမ်တွေကတော့ အများကြီးပဲလေ... အဲဒီ ပိုက်ဆံတွေက နိုင်ငံ တစ်နိုင်ငံ အတွက် နောက်ထပ် စစ်ပွဲ တစ်နှစ်စာလောက်အထိ တောင့်ခံနိုင်ဖို့ လုံလောက်ပါတယ်..."
"ဒါဆိုရင်တော့ တော်သေးတာပေါ့..."
ယဲ့ကျင့်လန် သည် သက်ပြင်းသဲ့သဲ့ ချလိုက်မိပြီးမှ ဆက်မေးသည်...
"ဒါဆိုရင်၊ ခို့ရွှီး အပျက်အစီးများ က မန္တန်ဝင်္ကပါကြီးကို ဖောက်ထွင်းနိုင်အောင် ကူညီပေးရတာ အပြင်၊ ကျွန်တော့်ကို တခြား ဘာတွေများ လုပ်ခိုင်းစရာ ရှိသေးလဲ..."
ချီမြောင်ရွှမ် က ဆိုသည်မှာ...
"ဒါနဲ့တင် လုံလောက်ပါပြီ... မင်း က ငါ့အတွက် အသုံးအဝင်ဆုံး ဖြစ်နေတာကတော့၊ မင်းအပေါ်မှာ ငါ လုပ်နေတဲ့ စမ်းသပ်မှုတွေ အောင်မြင်ဖို့အတွက်ပဲလေ... ကျန်တဲ့ အပိုင်းတွေနဲ့ ပတ်သက်ရင်တော့၊
အမှန်အတိုင်း ပြောရရင်တော့၊ အနှစ် ရာနဲ့ချီပြီး အသက်ရှင်လာခဲ့တဲ့ ငါ့ အနေနဲ့၊ အပျက်အစီးတွေကို ဖောက်ထွင်းဖို့အတွက် စစ်တပ် တစ်ခုကို စုစည်းဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စလို့ မင်း ထင်နေတာလား... အဲဒါက အချိန်အခါ မသင့်သေးလို့သာ ငါ မလုပ်ခဲ့တာပါ..."
ချီမြောင်ရွှမ် က ခေတ္တမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်
. "အော်... ဟုတ်သားပဲ၊ တကယ်လို့ မတော်တဆ ဖြစ်ရပ်တွေ ပေါ်လာခဲ့မယ် ဆိုရင်တော့၊ ဥပမာအားဖြင့် အဲဒီ သားရဲ က လွတ်ထွက်သွားတာမျိုး ပေါ့လေ... အဲဒီအချိန်ကျရင်တော့ မင်း က ငါ့ကို တားဆီးပေးဖို့ ကူညီရလိမ့်မယ်... ဒါမှမဟုတ်ရင်တော့၊ မင်း ဆီကနေ ငါ တကယ် လုပ်ခိုင်းစရာ အခြား ကိစ္စ မရှိတော့ပါဘူး..."
ယဲ့ကျင့်လန် သည် မျက်မှောင်ကြုတ်လျက် ဆိုသည်မှာ...
"ခင်ဗျား အနေနဲ့ ကပ်ရောဂါ နတ်ဘုရား ရဲ့ တိုက်ခိုက်မှုတွေကို လွှဲပြောင်းပေးဖို့အတွက်လည်း စစ်တပ်ကို လိုအပ်နေတာ မဟုတ်လား..."
ချီမြောင်ရွှမ် သည် ယဲ့ကျင့်လန် ကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်
"လူတချို့ကတော့ သေကို သေရမှာပဲလေ၊ မဟုတ်ဘူးလား.. မင်း က ရတနာတွေကို မလိုချင်တော့ဘူးလား..."
ယဲ့ကျင့်လန် မှာမူ ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေတော့သည်။