← Chapters

အခန်း (၃၉၄)

Vol. 32 Ch. 394

အခန်း (၃၉၄)

Vol. 32 Ch. 394

အပိုင်း (၃၉၄) တားမြစ်ချက်

ဗုဒ္ဓသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ လျန်ရှန်း ရှေ့တွင် ရပ်ကာ လျန်ရှန်း ၏ နဖူးကို လက်ညှိုးဖြင့် ထိတွေ့လိုက်လေသည်။ အဲဒီနောက်မှာတော့ သူသည် အံ့သြတကြီးဖြင့် အော်ဟစ်လိုက်သည်မှာ...

"တကယ်ပဲ ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ ရှိနေတာလား... ဒါက ဘယ်လိုဖြစ်ပြီး ဖြစ်နိုင်မှာလဲ... ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ ဆိုတာ ဘယ်ကနေ ရောက်လာတာလဲ... မဖြစ်သင့်ဘူးလေ..."

ဗုဒ္ဓသည် ကြောင်အအနှင့် တတွတ်တွတ် ရေရွတ်နေပြီး၊ တဖြည်းဖြည်းနှင့် ဦးခေါင်းမှ မီးခိုးများ ထွက်ပေါ်လာတော့သည်။ တစ်ချိန်တည်းမှာပင်၊ ဗုဒ္ဓဘာသာ နယ်မြေကြီးမှာလည်း ချက်ချင်းပင် လုံးဝ ပြိုကျသွားတော့သည်။

နောက်တစ်ခဏတွင်မူ...

ကောင်းကင်ကျွန်း ၏ အောက်ခြေတွင်၊ ပိုင်ယွီကျင်း ၏ လမ်းညွှန်မှုကို ခံယူရန် သွားခဲ့ကြသော သူများ အားလုံးမှာ ပုံရိပ်ယောင် နေရာလွတ်အတွင်းမှ ချက်ချင်း အထုတ်ခံလိုက်ကြရလေသည်။ တစ်ဦးချင်းစီမှာလည်း လုံးဝ ဇဝေဇဝါ ဖြစ်လျက် လမ်းပျောက်နေကြသည်။

"ဘာဖြစ်သွားတာလဲ..."

"ကျွန်တော် ဘယ်လိုဖြစ်ပြီး အပြင်ကို ရောက်လာတာလဲ..."

"ကျွန်တော် ဘာမှတောင် မမြင်ရသေးဘူးလေ"

"ဘာဖြစ်တာလဲ... ကျွန်တော် အဲဒီမှာ အဆင်ပြေနေတုန်းပဲ ရှိသေးတယ်၊ ရုတ်တရက်ဆိုသလို ရှေ့က မြင်ကွင်းတွေက တစ်စစီ ကြေမွသွားပြီးတော့၊ ကြီးမားတဲ့ စွမ်းအားတစ်ခုက ကျွန်တော့်ကို အပြင်ကို တွန်းထုတ်လိုက်တာပဲ”

"ကျွန်တော်လည်း ဒီအတိုင်းပါပဲ..."

"..."

ခဏတာမျှ လူတိုင်းမှာ သည်ကိစ္စကို ဆွေးနွေးနေကြစဉ်မှာပင်၊ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်မှာ

"ကြည့်ကြပါဦး! ကောင်းကင်ကျွန်း ပေါ်မှာ တိုက်ပွဲ ဖြစ်နေတာပဲ… မြန်မြန် ပြေးကြစမ်း၊ကျွန်းကြီး ပြိုကျတော့မယ်"

ချက်ချင်းပင် လူတိုင်း မော့ကြည့်လိုက်ကြရာ၊ တိမ်တိုက်များကြားမှ ကောင်းကင်ကျွန်း မှာ ယိုင်နဲ့နေသည်ကို မြင်တွေ့လိုက်ကြရလေသည်၊ ပေရာပေါင်းများစွာ မြင့်သော ကျောက်တိုင်ကြီးများမှာလည်း အက်ကွဲကြောင်းများ ပေါ်ထွက်နေသည်။

ချက်ချင်းပင် လူတိုင်းမှာ အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲ ထွက်ပြေးကြတော့သည်။ ကောင်းကင်ကျွန်း မှာ ပေရာပေါင်းများစွာ မြင့်မားလှသည်ဖြစ်ရာ၊တကယ်လို့သာ ပြိုကျလာခဲ့မည်ဆိုလျှင်၊ ထိုနေရာရှိ လူအားလုံးမှာ သေချာပေါက် အသားစိမ်း တစ်ပုံအဖြစ် ကြိတ်ချေခံရမှာ ဖြစ်သောကြောင့် ဖြစ်လေသည်။

သို့သော်လည်း...

၎င်းတို့ အတော်အတန် ဝေးကွာသော နေရာသို့ ရောက်ရှိသွားသောအခါ၊ ပို၍ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့ရှိလိုက်ကြရပြန်သည်။ လမ်းဘေးဝဲယာရှိ ဖုန်လိုင်ကျွန်း မှ တပည့်များ အားလုံးမှာ ဝိညာဉ် လွင့်ပါးသွားသည့်အလား နေရာမှာတင် ကြောင်အအ ရပ်နေကြသည်ကို မြင်တွေ့လိုက်ကြရလေသည်၊ သူတို့၏ မျက်ဝန်းများမှာလည်း အရောင်အသွေး ကင်းမဲ့နေကြလျက် တတွတ်တွတ် ရေရွတ်နေကြသည်...

" ကောင်းကင် ကျမ်းစာ အဆင့် ၁၂၈ ဆိုတာ ဘယ်ကနေ ရောက်လာတာလဲ... မဖြစ်သင့်ဘူးလေ... ဟို ဘုန်းကြီးက ငါ့ကို လှည့်စားနေတာပဲ..."

ဤသည်ကို မြင်သောအခါ၊ ဆရာကြီး လျန်ရှန်းသည် ထိုလူအုပ်ကြီးကို သူ၏ ဘေးဘက်သို့ ချက်ချင်း ဆွဲခေါ်လိုက်လေသည်။

နားစည်ကွဲမတတ်သော ဟိန်းဟောက်သံကြီးတစ်ခု ဖုန်လိုင်ကျွန်း၏ အထက်တွင် ပဲ့တင်ထပ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးပဲ့နေသော ကျောက်တိုင်ကြီးများသည် ကြွေလွင့်လာသော ဥက္ကာခဲများအလား ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ကျဆင်းလာတော့သည်။

“ပြေးကြစမ်း... ကောင်းကင်ကျွန်း ပြိုကျလာပြီ...”

တစ်စုံတစ်ယောက်က ဟစ်အော်လိုက်လေသည်။

ချက်ချင်းပင် လူတိုင်းသည် ဘေးလွတ်ရာသို့ အလုအယက် ပြေးလွှားကြတော့သည်။

“ဘုန်း—”

ပေရာပေါင်းများစွာ မြင့်သောအရပ်မှ ပြုတ်ကျလာသော ကောင်းကင်ကျွန်းသည် ဥက္ကာခဲကြီးတစ်ခုအလား ဖုန်လိုင်ကျွန်းပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားသည်။ ထိုရိုက်ခတ်မှုကြောင့် ကမ္ဘာမြေကြီး တုန်ခါသွားပြီး ကျောက်လွှာများ အက်ကွဲကာ တောင်ကုန်းနှင့် ကျောက်ဆောင်များပါ ပျက်စီးကုန်သည်။ ကျွန်း၏ မျက်နှာပြင်တစ်ခုလုံးမှာလည်း နိမ့်တုံမြင့်တုံဖြင့် တွန့်လိမ်သွားတော့သည်။

ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကြောင့် ဖုန်လိုင်ကျွန်းသည် ပြောင်းပြန်လှန်ပစ်ခြင်း ခံလိုက်ရပြီး အက်ကွဲကြောင်းများအတွင်းသို့ ပင်လယ်ရေများ စီးဝင်ကာ ကျွန်းငယ်လေးများ စတင်နစ်မြုပ်လာသည်။ အသက်ရှင်ကျန်ရစ်သူများသည် ပင်လယ်အတွင်းမှ ကမ်းစပ်သို့ ခက်ခဲစွာ တက်လာကြသော်လည်း အခြေအနေကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။

၎င်းတို့သည် ဝေဝါးနေသော ဖုန်မှုန့်များကြားမှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် ကျွန်း၏အလယ်ဗဟိုသို့ စူးစိုက်ကြည့်နေကြတော့သည်။

အပျက်အစီး ပုံကြီးတစ်ခုပေါ်တွင် ကျန်းတာအိုယီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ သူ၏ ဘေးတွင် အသက်လု ရှူနေရသော ကျိဝူဆွမ်း ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်မှာ...

“အဘိုးကြီး... ခင်ဗျား တကယ်ပဲ လောင်းကြေး နိုင်သွားတာပဲ၊ ဖုန်လိုင်ကျွန်း ကတော့ နောက်တစ်ခါ ထပ်ပြီး ပွင့်တော့မှာ မဟုတ်ဘူး...”

ကျိဝူဆွမ်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ပြောသည်မှာ...

“ဒါက ကျွန်တော် မြင်ခဲ့ရတာနဲ့ မတူဘူးလေ... ကျွန်တော် မြင်ခဲ့တာက ဖုန်လိုင်ကျွန်း ပျက်စီးသွားပြီး လူပေါင်းများစွာ သေကြေ ဒဏ်ရာရကုန်တာပဲ ရှိတာ၊ ကျွန်းကြီး တစ်ခုလုံး နစ်မြုပ်သွားတာကိုတော့ မမြင်ခဲ့ဘူး...”

ကျန်းတာအိုယီ: “??”

ထိုအခိုက်အတန့်မှာပင် ချီထျန်းရှုသည် ဖရိုဖရဲ ဖြစ်နေသော ပုံစံဖြင့် ပြေးဝင်လာပြီး ပြောလိုက်သည်မှာ...

“တစ်ခုခုတော့ မှားနေပြီ... လူတစ်ယောက် ပျောက်နေတယ်၊ သူရဲကောင်း ကူ ဘယ်မှာလဲ...”

ဤသည်ကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့သြသွားကြလေသည်။

လူတိုင်း ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင်...

ကျိဝူဆွမ်းသည် ကျွန်းအလယ်ဗဟိုက ဖုန်မှုန့်များကြားတွင် လှုပ်ခတ်နေသော မြင်ကွင်းဆီသို့ စကားပင် မဆိုနိုင်တော့ဘဲ လက်ညှိုးထိုးပြလိုက်ရင်း ပြောလိုက်သည်မှာ...

“သူရဲကောင်း ကူ နဲ့ ပထမ၊ ဒုတိယ ကျွန်းသခင်တွေ ကလွဲရင်၊ ဒီကျွန်းပေါ်မှာ ခုလို ဆူညံအောင် ဘယ်သူက လုပ်နိုင်မယ်လို့ ခင်ဗျားတို့ ထင်နေကြတာလဲ...”

သူ၏ စကားကြောင့် လူတိုင်းမှာ မှင်သက်သွားကြပြီးမှ၊ ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

“သူရဲကောင်း ကူ က ဘာဖြစ်လို့ ပထမကျွန်းသခင်၊ ဒုတိယကျွန်းသခင် တို့နဲ့ တိုက်နေရတာလဲ...”

“သူတို့တွေ ဘာလို့ တိုက်နေကြတာလဲ...”

“...”

ခေတ္တမျှအတွင်း လူတိုင်းမှာ ကူမော့သည် ဘာကြောင့် ကျွန်းသခင်များနှင့် တိုက်ခိုက်နေရသလဲ ဆိုသည့် အကြောင်းရင်းကို ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားကြပြန်၏။

ကျိဝူဆွမ်း တစ်ယောက်တည်းသာ သက်ပြင်းချလိုက်ပြီး အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းလိုက်လေသည်။

ကျန်းတာအိုယီက မေးမြန်းလိုက်သည်မှာ...

“ခင်ဗျား အကြောင်းရင်းကို သိလို့လား...”

ကျိဝူဆွမ်းက ခေါင်းယမ်းလျက် ဆိုသည်...

“အကြောင်းရင်းကိုတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ ကျွန်းထဲ မဝင်ခင်တုန်းက ကျွန်တော် သူရဲကောင်း ကူ အတွက် ဗေဒင် တစ်ကြိမ် တွက်ပေးခဲ့တာ မှတ်မိလား...”

ကျန်းတာအိုယီက ခေါင်းညိတ်ပြလိုက်လေသည်။

ကျိဝူဆွမ်းက ဆိုသည်...

“တကယ်တော့၊ ဖုန်လိုင်ကျွန်း ရဲ့ ဘေးဒုက္ခဟာ သူရဲကောင်း ကူ ဆီကနေ လာတာပဲလို့ အဲဒီတုန်းက ငါ ခန့်မှန်းမိခဲ့ပါတယ်... းဘေးဒုက္ခကနေ ရှောင်ရှားနိုင်မယ့် နည်းလမ်းကတော့ အချက် တစ်ချက်တည်း အပေါ်မှာပဲ ရှိနေတာပါ၊ အဲဒါကတော့ သူရဲကောင်း ကူ ရဲ့ ရည်မှန်းချက်က ကျန်းရိုရွှီး ဖြစ်နေတာပဲ လေ... “

“ ဒါကြောင့်မို့လို့၊ သူရဲကောင်း ကူ က ကျန်းရိုရွှီး ကို ရှာတွေ့နိုင်မယ့် နည်းလမ်း ရှိမလားလို့ ငါ့ကို မေးခဲ့တာဟာ ဖုန်လိုင်ကျွန်း အတွက် အသက်ဆက်နိုင်မယ့် လမ်းကြောင်း ဖြစ်ခဲ့တာပေါ့... ငါလည်း သူရဲကောင်း ကူ ကို နည်းလမ်း တစ်ခု ညွှန်ပြခဲ့ပါတယ်၊ သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားဖို့နဲ့ ဘာတိုက်ခိုက်မှုမှ မလုပ်ဖို့ ပြောခဲ့တာလေ... အခု ကြည့်ရတာတော့ သူ အောင့်မထားနိုင်ခဲ့ဘူး ထင်တယ်...”

“ဝူးးးး—”

ရုတ်တရက်ဆိုသလို ထိုအခိုက်အတန့်တွင်၊ နဂါးဟောက်သံကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ လူသားတို့၏ ဝိညာဉ်နှင့် နှလုံးသားများကိုပါ တိုက်ရိုက် ထိုးဖောက်သွားသဖြင့် အားလုံးမှာ မသိစိတ်အရ တုန်လှုပ်သွားကြရတော့သည်။

လူတိုင်း ချက်ချင်းပင် လှမ်းကြည့်လိုက်ကြရာ

မီးခိုးများနှင့် အခိုးအငွေ့များကြားတွင် ပထမကျွန်းသခင်နှင့် ဒုတိယကျွန်းသခင်တို့သည် ဧရာမနဂါးကြီးတစ်ကောင်နှင့် အသေအလဲ တိုက်ခိုက်နေကြသည်။ နဂါးကြီးသည် ထက်မြက်လှသော လက်သည်း၊ အမြီးတို့ဖြင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး ၎င်းတို့ သုံးဦးစလုံး ကောင်းကင်ယံသို့ ပျံတက်ကာ ဆက်လက်တိုက်ခိုက်ကြသည်။

သို့သော် နဂါးကြီး၏အရှိန်ကြောင့် ကျွန်းသခင်ကြီးမှာ ပြင်းထန်စွာ ရိုက်နှက်ခံရပြီး တောင်ထိပ်ပေါ်သို့ လွင့်စင်ပြုတ်ကျကာ သံချပ်ကာများ ကြေမွပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင် ဒုတိယကျွန်းသခင်၏ အကာအကွယ်လည်း ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားရသည်။

ဒဏ်ရာအပြင်းအထန်ရကာ သွေးသံရဲရဲဖြစ်နေသော ကျွန်းသခင်နှစ်ဦးစလုံးသည် မီးလောင်ပြင်ပေါ်တွင် ခက်ခဲစွာ ပြန်လည်မတ်တတ်ရပ်လာကြပြီးနောက်၊ အကြည့်ချင်းဆုံကာ ဆန့်ကျင်ဘက်အရပ်မျက်နှာများဆီသို့ အသီးသီး ထွက်ပြေးကြတော့သည်။

ဤမြင်ကွင်းမှာ အလွန်ပင် ရုတ်တရက် ဆန်လွန်းလှပြီး မြန်ဆန်လွန်းလှသည်။

မည်သူကမျှ စစ်မှန်သော နဂါးကြီးကို မြင်တွေ့လိုက်ရသည့် တုန်လှုပ်မှုမှ ပြန်လည် မနိုးထနိုင်ကြသေးပါချေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင်...

ပုံရိပ်ယောင် နဂါးကြီးမှာ အောက်သို့ ထိုးဆင်းလာပြီး ကူမော့ အဖြစ် ပြန်လည် ပြောင်းလဲသွားကာ၊ ထိုက်ရွှီး ဓားကို ကိုင်ဆောင်လျက် ပထမကျွန်းသခင်ကို ကြားဖြတ် တားဆီးလိုက်လေသည်။ ကူမော့သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် ပထမကျွန်းသခင်ကို လွင့်ထွက်သွားစေတော့သည်။

သူ မြေပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ကူမော့သည် သူ၏ ဓားကို ချက်ချင်း ပစ်လွှတ်လိုက်ရာ၊ ၎င်းမှာ ပထမကျွန်းသခင်၏ နှလုံးသားကို ဖောက်ထွင်းသွားပြီး စိတ်ဝိညာဉ် စွမ်းအားများ ပေါက်ကွဲထွက်သွားလျက် သူ့အား ကျောက်ဆောင် တစ်ခုပေါ်တွင် ရိုက်ကပ်ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင်၊ ကူမော့က လှမ်းအော်လိုက်သည်...

“ဒုတိယကျွန်းသခင်ကို တားကြစမ်း...”

All Chapters