← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း(239)

စုဝေ့ချင်းတစ်ယောက် လီရှန်း အိပ်ပျော်သွားပြီးနောက် သင်ယူမှုစနစ်ထဲမှ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ စာအုပ်တချို့ကို ရှာဖွေဖတ်ရှုရန် စီစဉ်လိုက်လေ၏။

လီရှန်းက ဆေးပညာဆိုင်ရာ စာအုပ်များကို ပိုမို၍ ဖတ်ရှုထားသော်လည်း သူသည်လည်း ဖတ်ရှုနိုင်သည် မဟုတ်ပါလား။

ဆန့်ကျင်ဘက်အားဖြင့် သူ၏ သင်ယူမှု အရှိန်အဟုန်က ပိုမို၍ မြန်ဆန်လာခဲ့လေ၏။

စနစ်ကလည်း အကြိမ်ကြိမ် အဆင့်မြှင့်တင်ခြင်းကို ခံခဲ့ရကာ မကြာသေးမီကပင် သူ့အနေဖြင့် နိုင်ငံခြားစာပေတချို့ကိုပါ ဖတ်ရှုနိုင်စွမ်း ရှိနေခဲ့လေပြီ။

ဤစနစ်၏ အကြီးမားဆုံး အားသာချက်က အသေးစိတ် အချက်အလက်များမှတစ်ဆင့် တိုးချဲ့သင်ယူနိုင်သည်။

သူက ဝတ္ထုများကို ဖတ်ရှုခြင်းနှင့် သမိုင်းကြောင်းများကို သင်ယူခြင်းကို အလွန်နှစ်သက်၏။

သူက သူ၏ ကလေးအတွက် စာအုပ်တစ်အုပ်ကို ကိုယ်တိုင် ရေးသားကြည့်ရန် စဉ်းစားနေမိသည်။

ရုတ်တရက် ခဏမျှ ငြိမ်သက်နေခဲ့သော စနစ်က သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး ပြောလိုက်လေ

၏။

[စနစ်က လက်ရှိစာအုပ်များကို စစ်ဆေးကြည့်ပြီးပါပြီ၊ အမှန်အတိုင်း ပြောရရင် အဲဒါတွေက မွေးကင်းစကလေးတွေအတွက် အရမ်းကို အဆင့်မြင့်လွန်းနေပါတယ်၊

ကလေးငယ်ဘဝ အစောပိုင်း ပညာရေးက လိုအပ်နေသေးတယ်]

ကလေးငယ်ဘဝ အစောပိုင်း ပညာရေး တဲ့လား။

စုဝေ့ချင်းက ဤကဲ့သို့သော ဝေါဟာရမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သူ၏ မှတ်ဉာဏ်အရ ကလေးများက မွေးဖွားလာပြီး နို့စို့ကာ ခုနစ်နှစ် ရှစ်နှစ်အထိ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြပြီးမှ မူလတန်းကျောင်း၊ ထို့နောက် အလယ်တန်းကျောင်းသို့ ပို့ဆောင်ခြင်းကို ခံကြရ၏။

ယခုခေတ်တွင် ကလေးအားလုံးက ဤလမ်းစဉ်အတိုင်းသာ လျှောက်လှမ်းနေကြသည် မဟုတ်ပါလား။

သို့သော် စနစ်က ရုတ်တရက် ကလေးငယ်ဘဝ အစောပိုင်း ပညာရေး ဟူသော အခွင့်အရေးကို ဖော်ပြလာလေ၏။

ကလေးငယ်ဘဝ အစောပိုင်း ပညာရေးက ကလေး၏ ကမ္ဘာကြီးအပေါ် သိချင်စိတ်ကို ပျိုးထောင်ပေးနိုင်ပြီး အမှားအမှန်ကို သင်ကြားပေးနိုင်ကာ လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းကို စောစီးစွာ ရရှိစေသည်။

ထို့အပြင် ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးစေသောကြောင့် နောက်ပိုင်းတွင် စာသင်ကြားရာ၌ ပိုမို၍ ထိရောက်မှု ရှိစေနိုင်၏။

စနစ်က ထိုသို့ပြောဆိုချိန်တွင် သူ၏ လေသံက အနည်းငယ်ပင် စိတ်လှုပ်ရှားနေပုံရသည်။

ဒါပေါ့...

စုဝေ့ချင်းကတော့ ခွဲခြားနိုင်ခြင်း မရှိပေ။

စုဝေ့ချင်း၏ နားထဲတွင် သူ၏အသံက ငြီးငွေ့ဖွယ်ကောင်းသော စက်ရုပ်အသံသာ ဖြစ်နေခဲ့လေ၏။

သို့သော် သူ၏ဘေးနားရှိ လီရှန်းက မတော်တဆ ရယ်မောမိမည်စိုးသောကြောင့် မျက်နှာကို အမြန်ပင် လွှဲလိုက်ရတော့သည်။

စနစ်က မစ်ရှင်ပစ်မှတ်မှာ လီရှန်း၏ သွေးသား ကလေးများ မဟုတ်ခဲ့ခြင်းအတွက် အမြဲတစေ နှမြောနေခဲ့ရလေ၏။

သူမက ပြုစုစောင့်ရှောက်သူအဖြစ်သာ ပါဝင်ခဲ့ရသည် မဟုတ်ပါလား။

မစ်ရှင်ပစ်မှတ်များက ကြီးပြင်းလာပြီး သူ့ဘာသာ ရပ်တည်နိုင်ချိန်တွင် လီရှန်းက ထွက်ခွာသွားခဲ့ရသောကြောင့် သူမအနေဖြင့် သူမ၏ကြိုးစားအားထုတ်မှု ရလဒ်များကို မခံစားခဲ့ရပေ။

သို့သော် ယခုကလေးက ထိုသို့မဟုတ်ပေ။

ဤကလေးက လီရှန်းကိုယ်တိုင်၏ သွေးသား ဖြစ်သည်။

ထို့ကြောင့် စနစ်က ယခုအကြိမ်တွင် ဤကလေးငယ်ကို သေသေချာချာ ပျိုးထောင်ပေးရန်အတွက် ဆုံးဖြတ်လိုက်ပြီး အနည်းဆုံးတော့ ယခင် မစ်ရှင်ပစ်မှတ်များထက် ပိုမို၍ ထူးချွန်အောင် ပြုလုပ်ပေးလိမ့်မည်။

ဤကလေးငယ်က လီရှန်း အသက်ကြီးချိန်အထိ အတူ အဖော်ပြုပေးနိုင်မည် မဟုတ်ပါလား။

ထိုမျှမကသေးပေ။

ယခုအကြိမ်တွင် လီရှန်း၌ ကူညီပေးမည့်သူတစ်ဦးလည်း ရှိနေပြီဖြစ်သည်။

သူ့အနေဖြင့် စုဝေ့ချင်းကို ဤကလေးငယ်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် သေချာပေါက် တိုက်တွန်းပေးပေလိမ့်မည်။

စုဝေ့ချင်းက စနစ်၏ တိုက်တွန်းမှုကြောင့် စိတ်လှုပ်ရှားသွားရပြီး အိပ်ချင်စိတ်များက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် သူက ထထိုင်လိုက်ပြီး သူ၏ မှတ်စုစာအုပ်ကိုဖွင့်လျက် စိတ်ထဲရှိ အတွေးအမြင်များကို ရေးသားလေတော့သည်။

သူက လီရှန်းကို သတိပေးလိုက်လေ၏။

“မင်း အိပ်ချင်ရင် အရင်အိပ်နှင့်နော်၊ ကိုယ် ဒါလေးပြီးတာနဲ့ ချက်ချင်း လာအိပ်လိုက်မယ်”

လီရှန်းက ခေါင်းထောင်၍ သူမ၏ မျက်ဝန်းထဲတွင် အပြုံးများဖြင့် သူ့ကို ကြည့်ပြီး ပြောလိုက်လေ၏။

“အရမ်းကြီး အပင်ပန်းမခံနဲ့ဦးနော်”

“သိပါတယ်၊ သိပါတယ်”

သူက လက်ရှိတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသောကြောင့် တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။

“ဒါနဲ့၊ ဒီအပတ် ပိတ်ရက်ကျရင် ကျွန်မနဲ့အတူ ဦးလေးတို့အိမ်ကို လိုက်ခဲ့ဦး၊

သွားမလည်ဖြစ်တာ ကြာပြီ၊ ကျွန်မ ကိုယ်ဝန်ရှိနေတဲ့အကြောင်းကိုလည်း သူတို့ကို ပြောပြရဦးမယ်”

ထိုစကားကို ကြားရသည််အချိန်တွင် စုဝေ့ချင်းက ခေါင်းကို မော့ကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“ဒါပေါ့၊ သေချာပေါက် လိုက်ခဲ့မယ်”

လီရှန်းတွင် ကိုယ်ဝန်ရှိသည့်အကြောင်းကိုသာမက သူတို့မကြာခင် အိမ်ရာအသစ် ခွဲဝေရရှိတော့မည့်အကြောင်းကိုပါ ပြောပြရမည် ဖြစ်သည်။

လီရှန်းက ကလေးမွေးဖွားချိန်တွင် သူမ၏ အဒေါ်ဖြစ်သူက လာရောက်ကာ မီးနေသည်ကို ပြုစုပေးနိုင်ရန်အတွက်လည်း ပြောရမည်။

ထိုအချိန်ကျလျှင် ကျန်းချောင်ကိုပါ အိမ်သို့ ခေါ်ဆောင်လာပြီး ရက်အနည်းငယ်ခန့် နေထိုင်စေကာ စာပြပေးနိုင်သည်။ သို့ဆိုပါက သူကျောင်းပြီးလျှင် ဆေးဝါးစက်ရုံ၏ စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် စီစဉ်နိုင်သည်။

ထိုအချိန်တွင် ပိုင်မားအထက်တန်းကျောင်းရှိ ရေဆေးကန်တွင် အဝတ်လျှော်နေသော ကျန်းချောင်တစ်ယောက် ရုတ်တရက် တုန်ရင်သွားခဲ့ရ၏။

“ကျန်းချောင်၊ ဘာဖြစ်လို့လဲ၊ ဒီလောက် ပူနေတာကို ချမ်းလို့လား”

သူ၏ အဆောင်ဖော်က စနောက်လိုက်လေသည်။

“ဒါပေမဲ့ ငါနားလည်ပါတယ်၊ ဧပြီလအထိ အတွင်းဝတ်အနွေးထည်ကို ဝတ်ထားတဲ့လူဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာကိုး၊ ဟားဟားဟား”

ကျန်းချောင်က အမြန်ပင် ခေါင်းကို ခါပြလိုက်ပြီး ပြောလိုက်လေသည်။

“မဟုတ်ပါဘူး”

သူက မိခင်ဖြစ်သူက အတင်းအကျပ် ဝတ်ဆင်ခိုင်းထားသော သိုးမွေးဘောင်းဘီတစ်ထည်ကြောင့် ပိုင်မားအထက်တန်းကျောင်းတွင် လူသိများသော လူတစ်ဦး ဖြစ်နေခဲ့ရ၏။

*

ဖန်တီးသူများအတွက် အတွေးအမြင်သစ်များ ပေါ်ထွက်လာသည့် ခဏက အမြဲတစေ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်း၏။

စုဝေ့ချင်းက နာရီပေါင်းများစွာကြာအောင် စာရေးနေခဲ့သည်။

မိုးလင်းခါနီးအချိန်သို့ ရောက်ရှိမှသာ သူက အတွေးကမ္ဘာထဲမှ နိုးထလာခဲ့ပြီး မျက်လုံးများကလည်း ဝေဝါးနေခဲ့လေ၏။

သူက သတိပြန်ဝင်လာသည်နှင့် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုကြီးက သူ့ထံသို့ ရိုက်ခတ်လာတော့သည်။

သူက ဘောပင်ကိုချလိုက်ပြီးနောက် မျက်နှာကို ပွတ်သပ်ကာ ခေါင်းကို အနောက်သို့လှန်လျက် ထိုင်ခုံပေါ်တွင် မှီရင်း မျက်လုံးများကို ပိတ်ကာ အိပ်ပျော်သွားတော့သည်။

လီရှန်းတစ်ယောက် နိုးလာသည့်အချိန်တွင် စုဝေ့ချင်းက ထိုင်ခုံပေါ်၌ မှီလျက် မြေပြင်ပေါ်သို့ လဲကျတော့မတတ် အိပ်ပျော်နေသည်ကို မြင်တွေ့လိုက်ရ၏။

လီရှန်းအနေဖြင့် ထိတ်အလန့်သွားရပြီး အိပ်ချင်စိတ်များက ချက်ချင်း ပျောက်ကွယ်သွားရသည်။

သူမက ခုတင်ပေါ်မှဆင်း၍ ဖိနပ်စီးလျက် စုဝေ့ချင်း၏ မျက်နှာကို သွားရောက်ပုတ်ကာ လှမ်းခေါ်လိုက်လေသည်။

“ဝေ့ချင်း၊ ထတော့၊ ထတော့”

စုဝေ့ချင်းက အိပ်ချင်မူးတူး ဖြစ်နေသော်လည်း နိုးရခြင်းအပေါ် စိတ်ဆိုးခြင်း လုံးဝမရှိပေ။

သူက အိပ်ချင်မူးတူးဖြင့် လီရှန်း၏ လည်ပင်းကို လှမ်းဖက်လိုက်ပြီး သူမ၏ ပါးပြင်ကို အပြင်းအထန် နမ်းလိုက်ပြီး မေးလိုက်လေ၏။

“ဘယ်နှစ်နာရီ ရှိပြီလဲ”

“စောပါသေးတယ်၊ ခုတင်ပေါ်သွားပြီး ခဏလောက် ထပ်အိပ်လိုက်ဦး”

လီရှန်းက သူ၏လက်ကို ဖယ်ရှားလိုက်ပြီး ခုတင်ဘက်သို့ ဆွဲခေါ်လိုက်လေသည်။

“မအိပ်တော့ဘူး၊ ကိုယ် ထတော့မယ်”

စုဝေ့ချင်းက ခေါင်းကို ခါပြလိုက်သော်လည်း သူ၏ ခေါင်းက အနည်းငယ် မူးဝေနေဆဲ ဖြစ်၏။

“ကောင်းပြီ၊ မနေ့ညက ဘယ်အချိန်မှ အိပ်တာလဲ၊ အလုပ်သွားဖို့ အများကြီး လိုသေးတယ်၊ သွားပြီး အိပ်လိုက်ဦး”

သူက ထိုင်ခုံပေါ်တွင် အိပ်ပျော်နေသည်ကို ကြည့်ခြင်းအားဖြင့် ယမန်နေ့ညက မိုးလင်းပေါက် စာရေးနေခဲ့သည်က သေချာလွန်း၏။

စုဝေ့ချင်းက လီရှန်း၏ လက်ကို ဆွဲကိုင်ထားပြီး သူမကို ထွက်မသွားစေဘဲ ပြောလိုက်လေသည်။

“ဒါဆိုရင် မင်းလည်း ကိုယ်နဲ့အတူ လာအိပ်လေ”

လီရှန်းက ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပါပြီ၊ အထဲဘက်ကို တိုးအိပ်လိုက်”

ထိုအချိန်မှ စုဝေ့ချင်းက လက်ကိုလွှတ်လိုက်ပြီး ခုတင်အထဲဘက်သို့ လိမ်မာစွာ သွားအိပ်လေတော့သည်။

လီရှန်းက စောင်ကို မတင်လျက် အပြင်ဘက်အစွန်းတွင် လှဲအိပ်လိုက်လေ၏။

သူမက လှဲအိပ်လိုက်သည်နှင့် တစ်စုံတစ်ယောက်က အနောက်ဘက်မှနေ၍ လက်နှစ်ဖက် ခြေနှစ်ဖက်ဖြင့် သူမကို လှမ်း၍ ဖက်လိုက်လေတော့သည်။

လီရှန်းအနေဖြင့် ထိတ်လန့်သွားရပြီး အော်လိုက်မိ၏။

“ဗိုက်..ဗိုက်ကို သတိထားဦးလေ”

သူမက ထိုလူ၏ လက်မောင်းက အနည်းငယ် တောင့်တင်းသွားပြီးနောက် အားအင်များကို လျှော့ချလိုက်သည်ကို ခံစားလိုက်ရသည်။

“ ကိုယ့်အပြစ်တွေပဲ၊ ကလေးကို နောက်မှ ယူခဲ့ရမှာ”

စုဝေ့ချင်းက မျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး လီရှန်း၏ နားရွက်နေားသို့ ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။

“အဲဒီတုန်းက ကိုယ်က ကိုယ့်အဆင်ပြေမှုနဲ့ ပျော်ရွှင်မှုကိုပဲ ကြည့်မိလို့ အခုတော့ တစ်နှစ်လုံးလုံး စိတ်မချမ်းသာစရာ ဖြစ်ရပြီ”

စုဝေ့ချင်းတစ်ယောက် အနည်းငယ် နောင်တရမိသော်လည်း ထိုနောင်တက ခဏမျှသာ ဖြစ်သည်။

သူက ဖခင်တစ်ဦး ဖြစ်လာတော့မည့်အရေးအတွက် အလွန်ပင် ဝမ်းမြောက်နေခဲ့ခြင်း ဖြစ်၏။

လီရှန်းက သူမ၏ ပုခုံးပေါ်တွင် မှီထားသော ခေါင်းကို လက်ကိုမြှောက်၍ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလိုက်လေ၏။

သူမက ဘေးနားရှိလူ၏ အသက်ရှူသံက မှန်မှန်နှင့် ရှည်လျားလာသည်အထိ စောင့်ဆိုင်းပြီးမှသာ သူမ၏ ခါးပေါ်ရှိ လက်ကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ပြီးနောက် ခုတင်ပေါ်မှ ခြေဖျားထောက်လျက် တိတ်တဆိတ် ဆင်းခဲ့တော့သည်။

ပထမဦးစွာ သူမက တံခါး၏ နောက်ကွယ်ရှိ မှန်တင်ခုံလေးဆီသို့ သွား၍ ဘီးကို ယူလိုက်လေသည်။

ထို့နောက် စားပွဲ၏ အရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဆံပင်ကို ဖီးရင်း စုဝေ့ချင်းက ယမန်နေ့ညက ရေးသားထားသော အရာများကို လှန်လှောကြည့်ရှုလေတော့၏။

စာအုပ်တစ်ဝက်ခန့်ကို ရေးသားပြီးစီးသွားခဲ့လေပြီ။

အပေါ်ရှိ အကြောင်းအရာများကို ကြည့်ရသည်က ယခုခေတ်တွင် ရှိနေသော ရုပ်ပြစာအုပ်များနှင့် အလွန် ကွာခြားလွန်းသည်။

ထို့စာမှာ ရဲဝံ့သည့် ကောင်လေးတစ်ယောက်၏ အကြောင်း မဟုတ်သကဲ့သို့၊ စကားပုံ သို့မဟုတ် ပုံပြင်တိုများလည်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ထိုစာက အနာဂတ်မှ လာသော စာအုပ်တစ်အုပ်နှင့် တူညီနေပြီး ချစ်စရာကောင်းသော ကြောင်လေးတစ်ကောင်ကို အဓိက ဇာတ်ကောင်အဖြစ် ထားရှိထားခြင်း ဖြစ်သည်။

လီရှန်းက မည်သို့ပင် ကြည့်သည်ဖြစ်စေ ထိုကြောင်လေးက အောက်ထပ်သို့ အမြဲတစေ အစာလာရှာတတ်သော ရွှေကြောင်ကြီးတို့ မိသားစုနှင့် အလွန်ပင် တူညီနေခဲ့သည်။

ထိုကြောင်များက လေလွင့်ကြောင်များ ဖြစ်ကြလေ၏။

သူတို့က များသောအားဖြင့် အဆောက်အအုံနှစ်ခုကြားတွင် အပြန်အလှန် ကင်းလှည့်နေတတ်ကြသည်။

အကယ်၍ အိမ်တစ်အိမ်တွင် ကြွက်ရှိနေလျှင် လူများက ငါးအသေးလေးများကို အိုးထဲတွင် လှော်ပြီး သူတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်ကာ ကြွက်ဖမ်းခိုင်းလေ့ရှိကြလေ၏။

အမြဲတစေ အလုပ်ရှုပ်နေကြသောကြောင့် ထိုကြောင်များက အတော်လေး ဝဖြိုးနေကြပြီး ခေတ်ကာလနှင့် လုံးဝ မကိုက်ညီသော ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိနေကြလေသည်။

စုဝေ့ချင်း၏ ရေးသားချက်တွင် ထိုရွှေကြောင်ကြီးမှာ အဘိုးအိုတစ်ဦး မွေးမြူထားသော ကြောင်တစ်ကောင် ဖြစ်၏။

တစ်နေ့တွင် အဘိုးအို၏ သားဖြစ်သူ စစ်ဗိုလ်က အိမ်သို့ ပြန်လာပြီး သူ၏ ဖခင်ကို စစ်တပ်ဝင်းထဲသို့ ခေါ်ဆောင်ကာ အတူနေထိုင်ခဲ့ကြသည်။

ရွှေကြောင်ကြီးမှာတော့ ချန်ထားခြင်းကို ခံခဲ့ရ၏။ အဘိုးဖြစ်သူကို လွမ်းဆွတ်နေသောကြောင့် ရွှေကြောင်ကြီးက သူ့ကို လိုက်လံ၍ ရှာဖွေရန် ဆုံးဖြတ်လိုက်လေတော့၏။

လမ်းခုလတ်၌ သူက အဖြစ်အပျက်များစွာနှင့် ကြုံတွေ့ခဲ့ရပြီး မိတ်ဆွေများစွာနှင့် ဆုံတွေ့ခဲ့ရသကဲ့သို့ သူ၏ သဘာဝရန်သူဖြစ်သော ကြွက်ညစ်ပတ်နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

*

အခန်း(240)

စုဝေ့ချင်းကိုယ်တိုင်၌ ကလေးဆန်သော နှလုံးသားတစ်ခု ကျန်ရှိနေသေး၍ ဖြစ်ပေလိမ့်မည်။

သူရေးသားထားသော တိရစ္ဆာန်လေးများက ကိုယ်ပိုင်စရိုက်ကိုယ်စီဖြင့် ရှိကာ အလွန်ပင် ချစ်စရာကောင်းလွန်း၏။

လီရှန်းက ဆံပင်ဖီးရန်ပင် မေ့လျော့လျက် မှတ်စုစာအုပ်ကို တလှန်လှောကြည့်နေမိ၏။

[ဒါက သူ့ကလေးအတွက် သူပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ]

စနစ်၏ အသံက သူမ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

လီရှန်း : “...”

နင်က သူ့ကို ပန်းချီဆွဲတာ သင်ခိုင်းချင်သေးတာလား။

ဤစာအုပ်က ရုပ်ပြပုံပြင်စာအုပ် အဖြစ် အသုံးပြုရန် ပိုမိုသင့်တော်သည်ပင်။

[မဟုတ်ပါဘူး၊ ဒါပေါ့၊ တကယ်လို့ သူသင်ချင်တယ်ဆိုရင်တော့ ဒီစနစ်က ကူညီပေးမှာပါ]

သင်ယူမှုစနစ်က သူ၏ host၏ သင်ယူလိုစိတ်ရှိသည်ကို ငြင်းပယ်မည်မဟုတ်ပေ။

စုဝေ့ချင်းက ပျင်းရိနေသည်ကိုသာ သူက မုန်းတီးခြင်း ဖြစ်သည်။

လီရှန်းက ချောင်းအနည်းငယ် ဆိုးလိုက်မိ၏။

ဤစနစ် ထုန်ဇီက မရိုးသားပြန်ပေ။ သူ့ကို သင်ယူစေချင်နေသည်က ထင်ရှားလွန်းသည်။

စနစ်က စကားအနည်းငယ်ကို ပြောဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့လေ၏။

လီရှန်းက မှတ်စုစာအုပ်ကို လှန်လှောကြည့်ရှုပြီးနောက် သူမ၏ ဆံပင်ကို ဆက်လက်ထုံးဖွဲ့တော့သည်။

သူမက အိမ်သို့ ပြန်ရောက်ကတည်းက ကျန်းမာရေးကို ဂရုစိုက်လာခဲ့သောကြောင့် မူလက ကြမ်းတမ်း၍ ဖရိုဖရဲဖြစ်နေသော ဆံပင်များက ယခုအချိန်တွင် ချောမွေ့တောက်ပလာခဲ့လေပြီ။

သူမက သူမ၏ ဆံပင်အရှည်များကို ကျစ်ဆံမြီးကျစ်လိုက်ပြီးနောက် ခေါင်းအနောက်ဘက်တွင် သေသေသပ်သပ် ထုံးလိုက်လေသည်။

သူမက မှန်ထဲတွင် ဆံပင်ပုံစံ အဆင်ပြေမပြေကို စစ်ဆေးပြီးမှသာ မျက်နှာသစ်ရန် ရေဆေးဇလုံကို ကိုင်၍ အပြင်သို့ ထွက်လာခဲ့တော့၏။

ယနေ့ လီရှန်းက အစောကြီး ထခဲ့သောကြောင့် စုမိသားစုမှ လူကြီးများပင် မနိုးကြသေးပေ။

သူမက တိတ်တဆိတ် မျက်နှာသစ်ပြီးနောက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်ခဲ့လေ၏။

ရာသီဥတုက ပိုမို၍ ပူပြင်းလာပြီဖြစ်၍ လီရှန်းက ဆန်တစ်ဆုပ်ကို ယူ၍ ပြောင်းဖူးမှုန့်အနည်းငယ် ထည့်ပြီး ဆန်ပြုတ်ပြုတ်ရန် မီးဖိုကို မွှေးလိုက်လေသည်။

ဆန်ပြုတ်အိုး၏ အပေါ်ဘက်တွင် ပေါင်းချောင်လေးတင်၍ ပြောင်းဖူးတချို့ကို ထည့်ပေါင်းလိုက်လေ၏။

ထိုပြောင်းဖူးများက လတ်ဆတ်နုနယ်သော ပြောင်းဖူးများဖြစ်ကြပြီး စားလိုက်လျှင် အရည်များစိမ့်ထွက်ကာ အလွန်ပင် မွှေးပျံ့၍ အရသာရှိလွန်းသည်။

လော်ယွီရှို့ နိုးလာချိန်တွင် လီရှန်းက ဆန်ပြုတ်ကို ပြုတ်၍ ပြီးစီးသွားပြီဖြစ်ပြီး အေးသွားစေရန် ပြတင်းပေါက်ဘေးတွင် ချထားလိုက်ပြီ ဖြစ်၏။

“ဒီနေ့ ဘာလို့ ဒီလောက်တောင် စောစောထနေရတာလဲ”

လော်ယွီရှို့က လီရှန်းကို မြင်ရသောကြောင့် အတော်လေး အံ့ဩသွားရ၏။

မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ဆောင်အမျိုးသမီးများက အိပ်ရေးဝဝအိပ်ရန်အတွက် လိုအပ်သည့်အပြင် မနက်ခင်းအချိန်က အိပ်ချင်ဆုံးအချိန် ဖြစ်၍ လီရှန်းက ယခုအချိန်တွင် နိုးနေရခြင်းက ရှားပါးလွန်းသည်။

လီရှန်းက လော်ယွီရှို့ကို သူမ မနက်က နိုးလာချိန်တွင် စုဝေ့ချင်းတစ်ယောက် ထိုင်ခုံပေါ်၌ အိပ်ပျော်နေသည်ကို တွေ့ရကြောင်းကို ပြောပြလိုက်လေ၏။

လော်ယွီရှို့အနေဖြင့် ခဏမျှ ကြောင်အန်း သွားရပြီးနောက် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။

“အဲဒီကောင်လေးက အခုမှ တကယ့်ကို စိတ်အားထက်သန်နေတာပေါ့လေ”

လီရှန်းက ခေါင်းကို ညိတ်ပြလိုက်လေ၏။

လော်ယွီရှို့က တတိယသားတစ်ယောက် အမှန်တကယ်ပင် အသိတရားရလာပြီဖြစ်ကြောင်းကို နောက်ဆုံး၌ ယုံကြည်သွားခဲ့ပြီး မနေနိုင်ဘဲ သက်ပြင်းချလျက် ပြောလိုက်လေသည်။

“အဲဒီတုန်းက မင်းအဖေနဲ့ငါက နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ သူက စာမေးပွဲလည်း ဝင်မဖြေဘူး၊

အလုပ်လည်း မလုပ်ဘူး၊ တစ်နေ့လုံး အိမ်မှာပဲ စာဖတ်ပြီး ဆောင်းပါးတွေပဲ ရေးနေခဲ့တာ၊

ဒါပေမဲ့ ပြဿနာက ဆောင်းပါးရေးတာက တရားဝင် အလုပ်မှ မဟုတ်တာ၊ မင်းအဖေနဲ့ငါလည်း သူ့အတွက် တကယ်ကို စိုးရိမ်ခဲ့ရတာပေါ့”

“မင်းနဲ့ လက်ထပ်ပြီးတဲ့နောက်မှပဲ သူက အလုပ်လုပ်ဖို့ သဘောတူခဲ့တာ၊ အခု ကလေးလည်း ရတော့မယ်ဆိုတော့မှ တကယ့် မိသားစုကောင်းတစ်ခုနဲ့ တူတော့တယ်”

သူမ၏ လေသံတွင် လီရှန်းအပေါ်တွင် ကျေးဇူးတင်မှုများက ပြည့်နှက်နေသကဲ့သို့ စုဝေ့ချင်း၏ ပြောင်းလဲလာမှုအပေါ်တွင်လည်း ပိုမို၍ စိတ်အေးသွားပုံရသည်။

ထို့အချက်က လီရှန်းကို စုဝေ့ချင်းအတွက် စိတ်ထဲမှ မကျေမနပ် ဖြစ်စေခဲ့ရ၏။

“တကယ်တော့ ဝေ့ချင်းက အတော်လေး ကောင်းပါတယ်အမေ”

သို့မဟုတ်လျှင်လည်း သူမက ထိုအချိန်က သူ့ကို သဘောကျပြီး လက်ထပ်ခဲ့မည် မဟုတ်ပေ။

စုဝေ့ချင်းက ညီအစ်ကိုသုံးဦးထဲတွင် အထူးချွန်ဆုံး မဟုတ်သော်လည်း လီရှန်းအနေဖြင့် သူမက ယောက်မသုံးယောက်ထဲတွင် အပျော်ရွှင်ရဆုံး ဖြစ်မည်ဟု ယုံကြည်ထားခဲ့သည်။

ဝူလီကတော့ ထည့်မပြောသင့်တော့ပါဘူး။

လက်ထပ်ပြီးတာနဲ့ မုဆိုးမတစ်ပိုင်း ဘဝမျိုးနဲ့ ဖြတ်သန်းနေရပြီး ကလေးများကိုလည်း သူမကိုယ်တိုင် ပြုစုပျိုးထောင်နေရသည် မဟုတ်ပါလား။

ဒုတိယသား စုဝေ့ယန်နှင့် ယောက်မ ကျန်းဝမ်ကျန့်တို့က အဆင်ပြေသော ဇနီးမောင်နှံ ဖြစ်ကြသော်လည်း အစစအရာရာကို ကိုယ်တိုင် ဆောင်ရွက်ကြရသည်။

တစ်ခါတရံတွင် စုဝေ့ယန်က သင်္ဘောဖြင့် ခရီးထွက်ရလေ့ရှိ၍ တစ်လကျော်ကြာအောင် အိမ်ပြန်မလာနိုင်သောကြောင့် ကျန်းဝမ်ကျန့်အနေဖြင့် ကလေးကို ပြုစုရုံသာမက အမြဲတမ်း စိုးရိမ်ထိတ်လန့်နေခဲ့ရ၏။

ထို့ကြောင့်...

စုဝေ့ချင်းကဲ့သို့သော ငွေရှာကောင်းသူ၊ ပျော်ပျော်နေတတ်ပြီး လူအများနှင့် ဆက်ဆံရေးပြေပြစ်သူ၊ သူမအပေါ်တွင်လည်း အလိုက်သိပြီး ညင်သာစွာ ဆက်ဆံတတ်သူမျိုးက ညီအစ်ကို သုံးယောက်ထဲတွင် အကောင်းဆုံးဖြစ်ရုံသာမက သူမကို အပျော်ရွှင်ဆုံး ဖြစ်စေနိုင်သူ ဖြစ်သည်။

“မင်းကတော့ သူ့ဘက်ကပဲ အမြဲ ပြောပေးနေတာပဲ”

လော်ယွီရှို့က သူမ၏ မိသားစုအကြောင်းကို အသိဆုံးဖြစ်၍ သားဖြစ်သူ၏ စရိုက်ကိ မသိဘဲ မနေပါချေ။

ထို့ကြောင့် သူမက လီရှန်းတစ်ယောက် အချစ်မျက်စိကွယ်နေသောကြောင့်သာ လူတစ်ယောက်၏ စရိုက်အစစ်အမှန်ကို မမြင်နိုင်ခြင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

လီရှန်း : “...”

မဟုတ်ပါဘူး။

သူမ၌ ထိုမျှလောက်သော ယုံကြည်မှုတော့ ရှိပါသေးသည်။

မီးဖိုချောင်ထဲတွင် လုပ်စရာ များစွာ မရှိတော့သည်ကို မြင်ရသည့်အချိန်တွင် လော်ယွီရှို့က အခန်းထဲသို့ ပြန်သွားပြီး စုဝေ့မင်ကို ဆွဲခေါ်လျက် လီရှန်းအကြောင်းကို ချီးမွမ်းလေတော့သည်။

“လူတွေပြောတာ မမှန်ဘူးလား၊ လိမ်မာတဲ့ ဇနီးကောင်းတစ်ယောက်ကို လက်ထပ်ရမယ်ဆိုတာလေ၊

ကြည့်စမ်း၊ ဝေ့ချင်းက ရှန်းရှန်းနဲ့ လက်ထပ်ပြီးကတည်းက ဘယ်လောက်တောင် အသိတရား ရလာလဲလို့”

စုဝေ့မင်က ခုတင်ပေါ်တွင် ထိုင်ပြီး မျက်နှာကို သုတ်လိုက်လေ၏။ ထို့နောက် သူက စောင်အပါးကို ဖယ်ရှားလျက် ခုတင်ပေါ်မှဆင်းပြီး ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း ရှောင်လီအပေါ် ပိုပြီး ကောင်းကောင်း ဆက်ဆံလိုက်ပါဦး၊

သူမက ငယ်သေးသလို အမေကလည်း စောစော ဆုံးသွားခဲ့တာ မဟုတ်ဘူးလား၊ သူမ ကြောက်လန့်မနေရအောင် ပိုပြီး သင်ကြားပေးလိုက်ပါဦး”

စုဝေ့မင်က လော်ယွီရှို့တစ်ယောက် စုဝေ့ဟိုင်ကို ကိုယ်ဝန်ဆောင်ချိန်က ကြောက်လန့်မှုကြောင့် ညဘက်တွင် တိတ်တဆိတ် ငိုကြွေးခဲ့ရသည်ကို ယခုထိ မှတ်မိနေသေး၏။

ထိုအချိန်က သူ၏ မိခင်က ဘက်လိုက်တတ်သော အဘွားကြီးတစ်ဦးဖြစ်သောကြောင့် မည်သည့်အကူအညီမျှ မပေးခဲ့ပေ။

နောက်ဆုံးတွင် ထိုဇနီးမောင်နှံငယ်က ဒုက္ခပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီး လမ်းကြောင်းမျိုးစုံ လွဲချော်ခဲ့ပြီးမှ စုဝေ့ဟိုင်ကို ပြုစုပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု လီရှန်းကို ကြည့်ရသည်က ထိုအချိန်က လော်ယွီရှို့၏ ပုံစံကို ပြန်လည်၍ မြင်တွေ့နေရသကဲ့သို့ ဖြစ်လေ၏။

“ဒီအကြောင်းတွေကို ရှင်က ကျွန်မကို လာပြောနေဖို့ လိုသေးလို့လား”

လော်ယွီရှို့က သူ့ကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီး လှည့်ထွက်သွားခဲ့လေတော့၏။

ယမန်နေ့ညက စုဝေ့ချင်းတစ်ယောက် အလွန် ပင်ပန်းသွားခဲ့သည်ကို လူတိုင်းက သိထားကြသောကြောင့် စုဝေ့မင်ပင်လျှင် ခြေသံကို တိတ်တဆိတ် လျှောက်လှမ်းခဲ့လေသည်။

သို့သော် စုဝေ့ချင်းတစ်ယောက် အောက်ထပ်မှ အော်ဟစ်သံကြောင့် နိုးလာခဲ့ရ၏။

လူတိုင်းက ဝရန်တာကနေ ခေါင်းကို ငုံ့ကြည့်လိုက်ကြလျှင် အဒေါ်မာပြန်ရောက်လာခြင်း ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေတော့သည်။

သူမက မားချန်၏ နောက်ကျောကို အပြင်းအထန် ထုနှက်လျက် စူးရှစွာ ငိုကြွေးနေခဲ့လေသည်။

“ငါက မယူနဲ့လို့ ပြောသားပဲ၊ ဒါပေမဲ့ နင်က ဇွတ်အတင်း ယူခဲ့တာလေ၊

အခုတော့ ကြည့်ဦး ဘာဖြစ်သွားလဲလို့၊ ကလေးလည်း မရှိတော့ဘူး၊ ငွေလည်း ကုန်ပြီ၊ အိမ်လည်း မရှိတော့ဘူး၊ အရာအားလုံး ကုန်ပါပြီ၊ ကုန်ပါပြီ”

သူမက ငိုကြွေးနေရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရ၏။

ယခင်ကဆိုလျှင် လူများစွာက အောက်ထပ်သို့ ဆင်း၍ ကြည့်ရှုကြမည်ဖြစ်သော်လည်း အချိန်များစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သာမန်အလုပ်သမားများက လောင်မာက မည်သို့သော အမှားမျိုးကို ပြုလုပ်ခဲ့သည်ကို မသိနိုင်ပေ။

သို့သော် ဤအဆောက်အအုံတွင် နေထိုင်သူများက ကိစ္စရပ်အားလုံးကို သေသေချာချာ သိရှိထားကြသော ကေဒါများ ဖြစ်ကြသည်။

ထို့ကြောင့် အဒေါ်မာက မည်မျှပင် သနားစရာကောင်းအောင် ငိုကြွေးနေပါစေ မည်သူကမျှ အောက်ထပ်သို့ ဆင်းမသွားကြပေ။

အဒေါ်မာ အော်ဟစ်ငိုကြွေးနေခြင်းကြောင့် လူတိုင်းက အခြေအနေအရပ်ရပ်ကို သိရှိသွားကြရ၏။

မာချန်၏ ဇနီးက မာမိသားစု၏ ဆုတ်ယုတ်လာမှုကို မြင်တွေ့လိုက်ရပြီး ယောက္ခမဖြစ်သူက ဤမျှအထိ ကြီးမားသော ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်ကို သိရှိသွားခဲ့သည်။

ထို့နောက်တွင် သူမက မာချန်ကို ကွာရှင်းရန်အတွက် တောင်းဆိုခဲ့လေ၏။

မာချန်က ကလေးကို မွေးဖွားပေးရမည်ဟူသော အချက်ဖြင့် ကွာရှင်းရန် သဘောတူခဲ့၏။

သူ၏ မိသားစု အခြေအနေအရ နောက်ပိုင်းတွင် အိမ်ထောင်ထပ်ပြုရန်အတွက် ခက်ခဲလိမ့်မည်ကို သူက သိရှိထားသည့်အတွက် ကလေးကိုလိုချင်ခဲ့သည်။

ထို့ကြောင့် ဇနီးသည် မရှိလျှင်ပင် ကလေးရှိနေပါက မာမိသားစုအတွက် သွေးသားအမွေအနှစ် ချန်ထားနိုင်မည် မဟုတ်ပါလား။

မည်သူက ထင်ထားမည်နည်း။

ထိုဇနီးငယ်က မာချန်ကို လှည့်စား၍ ကွာရှင်းလိုက်ပြီးနောက် ကွယ်ရာတွင် ဆေးရုံသို့သွားကာ ကိုယ်ဝန်ကို ဖျက်ချပစ်လိုက်လေ၏။

သူမက ပြန်လည်၍ ပေါ်လာချိန်တွင် ဗိုက်လေးက ပြားချပ်နေခဲ့လေပြီ။ ယခုအကြိမ်တွင် အဒေါ်မာက အပြည့်အဝ ရူးသွပ်သွားခဲ့ရလေတော့သည်။

ယခု ဦးလေးမာ၏ ပြစ်မှုက အတည်ဖြစ်သွားခဲ့ပြီဖြစ်ပြီး အဒေါ်မာကလည်း အလုပ်ပြုတ်သွားခဲ့သည်။

ထို့ကြောင့် ထိုမိသားစုအနေဖြင့် စက်ရုံဝင်းထဲတွင် ဆက်လက်၍ နေထိုင်ခွင့် မရှိတော့ပေ။

ထို့ကြောင့်ပင် ခြံဝင်းထဲ၌ ဤကဲ့သို့သော မြင်ကွင်းမျိုးက ဖြစ်ပေါ်လာခဲ့ရသည်။

ခြံဝင်းထဲ၌ ငိုကြွေးသံများက ဆက်လက်၍ ထွက်ပေါ်နေသော်လည်း မည်သူကမျှ အောက်ထပ်သို့ ဆင်းမသွားကြသကဲ့သို့ နှစ်သိမ့်ရန်လည်း မကြိုးစားကြပေ။

လူတိုင်းက ဝရန်တာကို မှီလျက် အေးစက်စွာသာ စောင့်ကြည့်နေခဲ့ကြ၏။

ဦးလေးမာက စက်ရုံအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလုနီးပါး ဖြစ်ခဲ့ရုံသာမက သူ၏ သုတေသနရလဒ်များကိုပါ နိုင်ငံခြား အင်အားစုများထံသို့ ခိုးယူပေးရန်အတွက် ကြိုးစားခဲ့သည်ဟူသော အတွေးက သူတို့ကို ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် မည်သူက အဒေါ်မာကို သွားရောက် ဖျောင်းဖျပါမည်နည်း။

အဒေါ်မာက အချိန်ကြာမြင့်စွာ ငိုကြွေးနေခဲ့သော်လည်း မည်သူကမျှ ထွက်မလာသည်ကို မြင်ရသည့်အချိန်တွင် သူမလည်း ထပ်ပြီး မငိုရဲတော့ပေ။

သူမက ပစ္စည်းများကို သိမ်းဆည်းပြီး မာချန်နှင့်အတူ ထွက်ခွာသွားခဲ့လေတော့၏။

*

All Chapters