← Chapters

အခန်း (၃၉၉)

Vol. 32 Ch. 399

အခန်း (၃၉၉)

Vol. 32 Ch. 399

အပိုင်း (၃၉၉) ကျန်းရို့ရွှီ ရောက်လာခြင်း

အနီရောင် ဝတ်စုံဝတ် အမျိုးသမီးက ဆက်ပြောသည်မှာ...

"ပိုင်ယွီကျင်း ဟာ ဒီဖြစ်စဉ်အပေါ်မှာ အလွန်ပင် ကျေနပ် အားရနေပါတယ်... သူဟာ သူ့ရဲ့ လူသားပုံစံတွေက၊ အသိစိတ် ကလွဲရင် ကျန်တဲ့ အပိုင်းတွေမှာတော့ လူသားတွေထက် သာလွန်ပြီး ပြည့်စုံနေတယ်လို့ အမြဲတမ်း ယူဆခဲ့တာလေ... အခုတော့၊ ရှောင်ပိုင် ဟာ လူသားတွေထက် မနိမ့်တဲ့ အသိစိတ်မျိုးကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်သလို၊ သူမရဲ့ တိုးတက်မှု အရှိန်အဟုန်ကလည်း လူသားတွေထက် အဆပေါင်း ထောင်နဲ့ချီပြီး ပိုပြီး မြန်ဆန်နေမှာ သေချာပါတယ်..."

"ဒါကြောင့်မို့လို့၊ ပိုင်ယွီကျင်း ဟာ ရှောင်ပိုင် ဘာတွေ လုပ်နေလဲ ဆိုတာကို အမြဲတမ်း သိနေခဲ့ပေမဲ့၊ သူမကို ဘယ်တုန်းကမှ တားဆီးခဲ့ခြင်း မရှိပါဘူး... ဆန့်ကျင်ဘက် အနေနဲ့၊ ရှောင်ပိုင် ရဲ့ ပြန်လည် ဆန့်ကျင်လိုတဲ့ အသိစိတ်တွေကိုတောင် သူက အားပေးနေခဲ့သေးတာလေ...”

“ နောက်ပိုင်းမှာ ရှောင်ပိုင် က ကျွန်းကနေ တိတ်တဆိတ် ထွက်ပြေးသွားခဲ့တယ်၊ ပြန်ရောက်လာတဲ့ အခါမှာတော့ သူမရဲ့ အသိစိတ်က ပိုပြီးတော့တောင် ပြည့်စုံလာခဲ့ပြီလေ... သူမဟာ ကျန်းရိုရွှီး နဲ့တောင် ပူးပေါင်းပြီး တားမြစ်နယ်မြေ ထဲကို ဝင်ရောက်နိုင်ခဲ့တာပေါ့..."

"တကယ်တော့၊ အဲဒီ တားမြစ်နယ်မြေ ဆိုတာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပါပြီ၊ ဒါပေမဲ့ ရှောင်ပိုင် ဟာ အဲဒီထဲကို ဝင်နိုင်ခဲ့တဲ့ ပထမဆုံးသော လူသားပုံစံ ဖြစ်ခဲ့တာလေ... သူမဟာ ပိုင်ယွီကျင်း ရဲ့ အရည်အချင်း အတော်များများကို ရရှိသွားလိမ့်မယ်၊ အဲဒီအခါကျရင် ကျွန်မကတော့ ပိုင်ယွီကျင်း ရဲ့ အပြည့်စုံဆုံး လူသားပုံစံ ဖြစ်တော့မှာ မဟုတ်ပါဘူး...”

“ ရှောင်ပိုင် ဟာ ကျွန်မထက် အများကြီး သာလွန်သွားပါလိမ့်မယ်... သူမဟာ ကျွန်မတို့ နားမလည်နိုင်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ လျှောက်လှမ်းသွားမှာဖြစ်သလို၊ နောက်ထပ် ဖုန်လိုင်ကျွန်း တစ်ခုကို တည်ဆောက်မှာမျိုး မဟုတ်ဘဲ၊ ဖုန်လိုင်ကျွန်း ထက် ပိုပြီး မြန်ဆန်တဲ့၊ ပိုင်ယွီကျင်း ကို ပိုပြီး အားကောင်းလာစေမယ့် တည်ရှိမှုမျိုးကိုပဲ ဖန်တီးပါလိမ့်မယ်..."

ကူမော့၏ မျက်ဝန်းများအတွင်း၌ လေးနက်သော အရိပ်အယောင်များ လက်သွားလေသည်။ သူသည် မည်သည့် အစွမ်းထက်သော ရန်သူကိုမှ မကြောက်ပါချေ၊ သို့သော်လည်း ထိုကဲ့သို့သော လူသား မဟုတ်သည့် ပြိုင်ဘက်မျိုးကတော့ တကယ်ကို ဒုက္ခပေးနိုင်စွမ်း ရှိသည် မဟုတ်လား။

သို့သော်လည်း၊ သူကတော့ သေချာပေါက် ကြောက်နေမှာတော့ မဟုတ်ပါချေ။

‘ဘာပဲဖြစ်ဖြစ်၊ သူ၏ ဝှက်ဖဲကလည်း လူသား တစ်ယောက်မှ မဟုတ်တာပဲလေ'

"ဒါဆိုရင်၊ ကျန်းရိုရွှီး ကော ရှောင်ပိုင် နဲ့ အတူ ရှိနေခဲ့တာလား..."

ကူမော့က မေးမြန်းလိုက်သည်။

"မရှိပါဘူး..."

အနီရောင်အနီရောင် ဝတ်စုံဝတ် အမျိုးသမီးက ဆိုသည်

"ရှောင်ပိုင် ဟာ ပိုင်ယွီကျင်း အပေါ် ကျွန်မရဲ့ ထိန်းချုပ်မှု အာဏာတွေကို မလွှမ်းမိုးခင် အချိန်အထိတော့၊ ဖုန်လိုင်ကျွန်း အတွင်းက ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို ကျွန်မ အာရုံခံနိုင်ခဲ့ပါတယ်... ရှောင်ပိုင် နဲ့ ကျန်းရိုရွှီး တို့ တားမြစ်နယ်မြေ ထဲကို ဝင်သွားခဲ့ကြစဉ်တုန်းက၊

ကျန်းရိုရွှီး ဟာ ရှောင်ပိုင် ရယ်၊ ဖုန်လိုင်ကျွန်း ရယ်၊ ပြီးတော့ ပိုင်ယွီကျင်း တို့ကြားက ဆက်နွယ်မှုတွေကို သတိပြုမိသွားခဲ့ပုံ ရပါတယ်၊ အဲဒါကြောင့် သူက ချက်ချင်းပဲ ထွက်ပြေးသွားပြီး ပင်လယ်ထဲမှာ ပုန်းအောင်းနေခဲ့တာပေါ့..."

"ဒါပေမဲ့လည်း၊ အခုတော့ ကျွန်မက ပိုင်ယွီကျင်း ရဲ့ လူသားပုံစံ မဟုတ်တော့တာကြောင့်၊ ပိုင်ယွီကျင်း ဆီက သတင်း အချက်အလက် အသစ်တွေကိုလည်း မရနိုင်တော့သလို၊ ကျန်းရိုရွှီး အခု ဘယ်မှာ ရှိနေလဲ ဆိုတာကိုလည်း ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး..."

ကူမော့က ခေါင်းညိတ်ပြလိုက်ရင်း ဆိုသည်မှာ...

"ဒါဆိုရင်လည်း ထားလိုက်ပါတော့၊ အရင်ဆုံး ပြန်ကြတာပေါ့”

...

အရှေ့ပင်လယ်ကြီးသည် ကျယ်ပြောလှပြီး လှိုင်းတံပိုးများကလည်း ဆူပွက်နေလေ၏။

ဖုန်လိုင်ကျွန်းသည် တရိပ်ရိပ် နစ်မြုပ်နေပြီ ဖြစ်ရာ၊ နိုင်ငံအသီးသီးမှ ဆရာကြီးများမှာ သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေကြရင်း ထိုမြင်ကွင်းကို စိတ်နှလုံး လေးလံစွာဖြင့် တိတ်ဆိတ်စွာ ငေးကြည့်နေကြလေသည်။

ဤနေရာရှိ လူတိုင်းသည် ဖုန်လိုင်ကျွန်းကို အလွန်တန်ဖိုးထားခဲ့ကြသည် မဟုတ်ပါလား။ လူတိုင်း အသိအမှတ်ပြုထားသည့် ကျင့်ကြံသူတို့၏ သန့်ရှင်းရာနယ်မြေ ဖြစ်သလို၊ နိုင်ငံအသီးသီး၏ သိုင်းလောကနှင့် သာမန်လူထုကြားတွင်ပါ ဒဏ္ဍာရီပုံပြင်များစွာဖြင့် ကျော်ကြားခဲ့သော နေရာတစ်ခုလည်း ဖြစ်သည်။ သို့သော် ယခုမူ ထိုနေရာကြီးမှာ မျက်မှောက်၌ပင် ပျောက်ကွယ်သွားခဲ့လေပြီ။

သင်္ဘောကြီး အရှိန်အဟုန်ဖြင့် ခုတ်မောင်းသွားသည်နှင့်အမျှ ဖုန်လိုင်ကျွန်း၏ နောက်ဆုံး အမှတ်အသားမှာလည်း အမြင်အာရုံထဲမှ လုံးဝကွယ်ပျောက်သွားတော့သည်။ လူတိုင်းလည်း ကိုယ်စီအခန်းများသို့ ပြန်လာခဲ့ကြလေသည်။ ကံကောင်းထောက်မစွာဖြင့် ဤလူအုပ်စုထဲတွင် စက်မှုအတတ်ပညာ ကျွမ်းကျင်သူများစွာ ပါဝင်နေသဖြင့် သင်္ဘောကို အလွယ်တကူပင် ထိန်းချုပ်မောင်းနှင်နိုင်ခဲ့ကြလေသည်။

စုချန်းချိုး ၏ အခန်းမှာ ဆရာကြီး လျန်ရှန်း ၏ အခန်းဘေးတွင် တည်ရှိလေသည်။ ၎င်းတို့ အတူတူ လမ်းလျှောက်လာစဉ်အတွင်း၊ စုချန်းချိုးက မပြောဘဲ မနေနိုင်လောက်အောင် ဆိုသည်...

"ဟေး... ဘုန်းကြီး၊ တားမြစ်ချက် ကိစ္စကိုတော့ ခင်ဗျား သေသေချာချာ မှတ်ထားပါဦးနော်! အဲဒါကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားခဲ့ရင်လည်း ကျွန်တော်တို့ကို မပြောဘဲ မနေပါနဲ့ဦး”

ဆရာကြီး လျန်ရှန်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်မှာ...

"စိတ်မပူပါနဲ့၊ ဓားနတ်ဘုရားကြီး စုချန်းချိုး ရယ်၊ ဒီလိုမျိုး လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး... အချိန်ကျလာရင်တော့ ခင်ဗျား ကို အရင်ဆုံး အသိပေးပါ့မယ်..."

"ဒါဆိုရင်တော့ တော်သေးတာပေါ့..."

စုချန်းချိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ ရုတ်တရက် ပြောလိုက်သည်မှာ...

"ဒါနဲ့၊ ကူမော့ ရဲ့ ထူးခြားလှတဲ့ ဒဏ္ဍာရီကြီးက အခုတော့ အက်ကွဲသွားပြီလို့ ခင်ဗျား ထင်လားဟင်... သိုင်းလောကမှာ ပြောကြတာတော့ ကူမော့ ပစ်မှတ်ထားတဲ့ ဝရမ်းပြေး ဘယ်သူမှ သူ့လက်ထဲကနေ လွတ်အောင် မပြေးနိုင်ကြဘူး ဆိုတာလေ... အခုတော့ ကျန်းရိုရွှီး က လွတ်သွားခဲ့ပြီ မဟုတ်လား..."

ဆရာကြီး လျန်ရှန်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်...

"သေချာပေါက်တော့ မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် ဆရာကြီး ကူ ကလည်း လက်လျှော့လိုက်တာ မဟုတ်သေးသလို၊ ကျန်းရိုရွှီး ကလည်း မသေသေးဘူးလေ... သိုင်းလောကက ကောလာဟလတွေ ဆိုတာကလည်း ဆရာကြီး ကူ အနေနဲ့ ပထမဆုံး အကြိမ်မှာတင် အောင်မြင်ရမယ်လို့ ဆိုလိုတာမှ မဟုတ်တာပဲလေ၊ ဟုတ်တယ်မလား..."

"အဲဒါလည်း ဟုတ်သားပဲ..."

စုချန်းချိုးက ဆိုသည်

"ဒါဆိုရင်၊ တကယ်လို့ တစ်နေ့နေ့မှာ ပိုင်ယွီကျင်း သာ ဝရမ်းပြေး တစ်ယောက် ဖြစ်လာခဲ့မယ် ဆိုရင်ရော၊ သူလည်း ကူမော့ ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်လို့ ခင်ဗျား ထင်လား..."

"အဲဒါကိုတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး..."

ထိုသူနှစ်ဦးမှာ စကားပြောရင်း အခန်းများအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ဆရာကြီး လျန်ရှန်းသည် စုချန်းချိုးအား ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက်၊ တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ခဲ့လေသည်။

အထဲသို့ ရောက်သောအခါ၊ သူသည် တံခါးကို ပြန်ပိတ်လိုက်ပြီး သူ၏ ဝတ်ရုံအတွင်းမှ ကျမ်းစာ တစ်အုပ်ကို ထုတ်ယူကာ ဖတ်ရှုရန် ပြင်လိုက်လေသည်။ သို့သော်လည်း၊ သူ ခြေလှမ်း နှစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း၊ စားပွဲပေါ်တွင် တင်ထားသည့် ဓားတစ်လက်ကို ရုတ်တရက် သတိပြုမိလိုက်လေသည်။၎င်းမှာ ပေလေးဆယ်ခန့် ရှည်လျားပြီး ထိပ်တုံးကာ အတန်ငယ် သံချေးတက်နေသည့် လေးလံသော ဓားတစ်လက် ပင် ဖြစ်လေသည်။

ထိုဓားကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင်...

ဆရာကြီး လျန်ရှန်း၏ မျက်ဝန်းများအတွင်း၌ ထူးခြားသော အလင်းတန်း တစ်ခု လက်သွားပြီး၊ သူက တတွတ်တွတ် ရေရွတ်လိုက်သည်မှာ...

"အလိုလေး... ကျွန်တော့်ရဲ့ ဦးနှောက်ကို ကြည့်စမ်းပါဦး၊ ကျွန်တော့်မှာ လုပ်စရာ ကိစ္စတစ်ခု ကျန်သေးတာကို အခုမှပဲ သတိရတော့တယ်..."

ထိုသို့ ပြောဆိုရင်း၊ သူသည် တံခါးကို ပြန်ဖွင့်ရန် လှည့်လိုက်လေသည်။

သို့သော်လည်း၊ သူ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက်၊ အသံတစ်ခုကို ကြားလိုက်ရသည်မှာ...

"လျန်ရှန်း... ဟန်ဆောင်နေတာတွေကို ရပ်လိုက်စမ်းပါ... မင်း ငါ့ကို မှတ်မိနေတာ ငါ သိပါတယ်... မင်း ငါ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် သင်္ဘောပေါ်မှာ ငါ့ကို တားနိုင်တဲ့သူ တစ်ယောက်ယောက် ရှိနေတယ်လို့ ထင်နေတာလား..."

ဆရာကြီး လျန်ရှန်းသည် ကိုယ်ကို တောင့်တင်းသွားပြီးနောက်၊ သူ၏ မျက်နှာပေါ်တွင် အောင့်သက်သက် အပြုံးတစ်ခုကို ဆင်မြန်းလျက် သူ၏ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်လေသည်။ သူသည် ထိုထိပ်တုံးပြီး လေးလံသော ဓားအတွင်းမှ မီးခိုးတစ်စ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး၊ ၎င်းမှာ ပုံရိပ်တစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။၎င်းမှာ ကျန်းရိုရွှီး ပင် ဖြစ်လေသည်။

ကျန်းရိုရွှီးက ပြုံးလျက် ဆိုသည်...

"မဟာ လင်းထိန် ဘုရားကျောင်း မှာ ငါ ဆရာကြီး ရွှမ်မင် ကို သွားရောက် စိန်ခေါ်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ့်ကိုးနှစ် ကလား၊ ဒါမှမဟုတ် အနှစ် နှစ်ဆယ့်ရှစ်နှစ် ကလားဟင်... အဲဒီနေ့မှာ ငါ မင်းကို တွေ့ခဲ့တာလေ... အဲဒီတုန်းက မင်းက အရမ်း ငယ်သေးပေမဲ့၊ မွေးကတည်းက ကြောက်ရွံ့မှု မရှိတဲ့ စိတ်ဓာတ်မျိုးနဲ့ ငါ့ကို စိန်ခေါ်ခဲ့တာ မဟုတ်လား... “

“မင်း နောက်ဆုံးတော့ ရှုံးနိမ့်သွားခဲ့ရတာ မှန်ပေမဲ့၊ မင်းရဲ့ လုပ်ရပ်ကြောင့် ငါ့စိတ်ထဲမှာ အစွဲအလမ်း တစ်ခု ဖြစ်ခဲ့ရသလို၊ မင်းဟာ တကယ့်ကို ထူးခြားတဲ့သူ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ ခန့်မှန်းခဲ့တာပေါ့... အခု ကြည့်ရတာတော့ ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲနော်..."

ဆရာကြီး လျန်ရှန်းသည် သူ၏ လက်နှစ်ဖက်ကို ပူးကပ်လျက် ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်မှာ...

"ဒီနှစ်တွေအများကြီးအတွင်း စီနီယာ ကျန်း ရဲ့ လေးနက်လှတဲ့ သင်ကြားပြသမှုတွေကို ကျွန်တော် တစ်ခါမှ မေ့လျော့ခဲ့ခြင်း မရှိပါဘူး၊ အဲဒါတွေကနေ ကျွန်တော် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့တာပါ..."

"ဘယ်လို အကျိုးကျေးဇူးမျိုး ရခဲ့တာလဲ..."

ကျန်းရိုရွှီးကကျန်းရိုရွှီးက စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ဆရာကြီး လျန်ရှန်းက ဆိုသည်...

"အဲဒီတုန်းက၊ စီနီယာ အနေနဲ့ ကျွန်တော့်ကို မြေကြီးပေါ်မှာ ဖိထားပြီး ရိုက်နှက်နေတဲ့ အချိန်မှာပဲ၊ ဗုဒ္ဓဘာသာ ဆိုတာ စကားနဲ့ ပြောတဲ့ ဗုဒ္ဓဘာသာ နဲ့ လက်တွေ့ လုပ်ဆောင်တဲ့ ဗုဒ္ဓဘာသာ ဆိုပြီး နှစ်မျိုး ခွဲခြားထားတယ်ဆိုတာကို ကျွန်တော် ရုတ်တရက် သဘောပေါက်သွားခဲ့တာပါ... စကားနဲ့ ပြောတဲ့ ဗုဒ္ဓဘာသာ က ဟိနယာန ဗုဒ္ဓဘာသာ ဖြစ်ပြီး၊ လက်တွေ့ လုပ်ဆောင်တဲ့ ဗုဒ္ဓဘာသာ ကတော့ မဟာယာန ဗုဒ္ဓဘာသာ ပေါ့လေ..."

ကျန်းရိုရွှီးက ခပ်ဖွဖွ ရယ်မောလိုက်သည်...

"မဆိုးပါဘူး၊ မဆိုးပါဘူး... မင်းကတော့ တကယ့်ကို မွေးရာပါ ဗုဒ္ဓ တစ်ပါးပဲ၊ မင်းဆီမှာ တကယ့်ကို ဗုဒ္ဓ သဘာဝ တွေ ရှိနေတာပဲလေ... မင်းရဲ့ အနာဂတ်ကတော့ အကန့်အသတ် ရှိမှာ မဟုတ်သလို၊ အောင်မြင်မှုတွေကလည်း ကြီးကျယ်လှမှာ သေချာပါတယ်..."

ဆရာကြီး လျန်ရှန်းသည် သက်ပြင်းချလိုက်ရင်း ဆိုသည်မှာ...

"စီနီယာ ကျန်း အနေနဲ့ ကျွန်တော့်ကို သတ်ဖို့ လာတာ မဟုတ်ဘူး ဆိုတာ အခုတော့ သေချာသွားပြီပေါ့လေ..."

ကျန်းရိုရွှီးက လက်ဝှေ့ယမ်းပြလျက် ဆိုသည်မှာ...

"မင်းနဲ့ ငါက ဘာအာဃာတမှ ရှိတာ မဟုတ်ဘူးလေ..."

"ငါက မင်းကို ဘာဖြစ်လို့ သတ်ရမှာလဲ..."

All Chapters