← Chapters

နတ်ဆိုးပင်လယ်

Vol. 003 Ch. 141

နတ်ဆိုးပင်လယ်

Vol. 003 Ch. 141

နိုင်ငံချိပ်ပိတ် အစီအရင် ပျက်စီးသွားခြင်းက ဝမ်လင်းအတွက် သတင်းဆိုးပင်။ ဝမ်လင်းသည် ထိုသတင်းကို ကြားပြီး တုန်လှုပ်သွား၏။ ထိုမီးလျှံသားရဲများက အစီအရင်မှ လွတ်လာသည်နှင့် သူ့ကို အဓိက ပစ်မှတ် ထားကြမည် ဖြစ်သည်။

ထို့ကြောင့် လကုန်တွင် ဆုချမည့် ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကိုလည်း မမျှော်မှန်းတော့ဘဲ မည်သို့ပင် ဖြစ်စေကာမူ မြေပုံကို ရအောင် ယူမည်ဟု ဆုံးဖြတ်လိုက်သည်။

မြေပုံ တတိယအပိုင်းသည် ဖန်းလွမ်၏ လက်ထဲတွင် ရှိ၏။ သို့သော်လည်း ဝမ်လင်းထံတွင် သတ်မှတ် အရေအတွက် ပြည့်ရန်အတွက် သတ်ရန်လည်း အချိန်မရှိတော့ပေ။ ဝမ်လင်းက အနည်းငယ် စဉ်းစား လိုက်ပြီးနောက် သူ၏ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာသည်။

သူက နတ်ဘုရား စိတ်အာရုံဖြင့် ယန်ရှုံးကို ချက်ချင်းရှာပြီး ယန်ရှုံးဆီသို့ ပျံသန်း သွားလိုက်၏။

ကင်းလှည့် တာဝန်ကျနေသည့် အုပ်စုထဲမှ ယန်ရှုံးသည် တောင်ထိပ်ပေါ်သို့ လှမ်းကြည့်နေသည်။ ဒဏ်ရာများနှင့် စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်က သူတို့ကို ဖြတ်ကျော် သွားသောအခါ သူ၏စိတ်ထဲတွင် တစ်ခုခု ဖြစ်ပျက်တော့မည်ကဲ့သို့ ခံစားလိုက်ရသည်။

ယန်ရှုံးသည် သက်ပြင်းချပြီး တာဝန်ကျသည့် အနောက်မြောက်ဘက်သို့ ကင်းလှည့်ရန် သွားတော့မည့် အချိန်တွင် တစ်ခုခုကို ခံစားမိလိုက်ပြီး မြောက်ဘက်ရှိ တောအုပ် အတွင်းသို့ ပျံသန်း သွားလိုက်၏။ သူက တောအုပ်ထဲသို့ ရောက်သောအခါ ရိုသေစွာဖြင့် ပြောလိုက်သည်။

“ယန်ရှုံးက သခင့်ကို လာတွေ့ပါတယ် …“

ဝမ်လင်းသည် သစ်ပင်တစ်ပင်၏ နောက်မှ ထွက်လာပြီး ယန်ရှုံးကို မေးလိုက်သည်။

“ကျိုးဇီဟောင် ဘယ်မှာလဲ …“

ယန်ရှုံးသည် စိတ်ထဲတွင် သံသယ ရှိသွားသော်လည်း အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ဂျူနီယာညီမက အုပ်စု ၄ ရဲ့ အဖွဲ့ ၃ မှာ ထင်တယ် … သေသေချာချာတော့ မသိပါဘူး …“

ဝမ်လင်းက ယန်ရှုံးကို ကြည့်ပြီး ပြောလိုက်သည်။

“ကျိုးဇီဟောင်ရဲ့ ဝိညာဉ်အဆီအနှစ် သွေးစက်ကို ပြန်ပေးလိုက်ပြီ …“

ယန်ရှုံး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး ဝမ်လင်းကို မော့ကြည့်လိုက်သည်။ သူ၏ပါးစပ်က ဝမ်လင်းကို တစ်ခုခု ပြောချင်နေ သကဲ့သို့လည်း ဖြစ်နေသည်။

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“မင်းက ကျိုးဇီဟောင်ကို ဒီခေါ်လာပေးရင် ဝိညာဉ်အဆီအနှစ် သွေးစက် ပြန်ပေးမယ် …“

ယန်ရှုံး၏ မျက်လုံးများက နီရဲသွားပြီး နှလုံးခုန်သံများက မြန်ဆန်လာသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူက တိုးတိုးလေး မေးလိုက်သည်။

“သခင် ပြောတာ အမှန်လား …“

ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။

ယန်ရှုံးက ချက်ချင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး နဖူးပေါ်သို့ တင်လိုက်သည်။ ကျောက်စိမ်ပြားက အကြိမ်အနည်းငယ် လင်းသွားပြီးနောက် ယန်ရှုံးက အဝေးသို့ ချက်ချင်း ပျံသန်းသွား၏။

တစ်နာရီကြာပြီး နောက်တွင် အဝေးမှ မိန်းကလေး တစ်ယောက်နှင့် ယန်ရှုံးက ဓားပျံများ စီးလာကြသည်။

တောအုပ်ထဲသို့ ရောက်သောအခါ သူမက ဓားပျံကို သိမ်းလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် ယန်ရှုံး၏ဘေးမှ ဝမ်လင်းကို မြင်သောအခါ သူမ၏မျက်နှာက ဖြူရော်သွား၏။

ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်အဆီအနှစ် သွေးစက်က ယန်ရှုံးဆီသို့ လွင့်မျောသွား၏။ ယန်ရှုံးက ရှက်ရွံ့နေသည့် အမူအရာဖြင့် သွေးစက်ကို ဖမ်းလိုက်ပြီး ကျိုးဇီဟောင်ကို မကြည့်ရဲတော့ဘဲ တောအုပ်ထဲမှ ထွက်သွား၏။

ကျိုးဇီဟောင်၏ မျက်နှာက ဖြူရော်နေပြီး နှုတ်ခမ်းကို ကိုက်ထားလေသည်။ အချိန်တော်တော် ကြာပြီးနောက် သူက ကြောက်လန့်စွာဖြင့် ပြောလိုက်သည်။

“ဘိုးဘေးဖန်းလွမ်က ငါ့ရဲ့အမေပါ … အမေက ငါ့ကို မြင်တော့ တစ်ခုခုမှားနေတာကို သူ့ဘာသာ သိသွားတာ … ဒါ့ကြောင့် …“

ဝမ်လင်းက ခေါင်းကို ခါပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီကိစ္စက ပြီးသွားပြီး … ဒါ့ကြောင့် ရှင်းပြနေစရာ မလိုဘူး … ကျိုးဇီဟောင် … ငါ့မှာ နင် ကူညီပေးမှ ရမယ့် ကိစ္စရှိတယ် …“

ကျိုးဇီဟောင်က ထိတ်လန့်သွားပြီး မေးလိုက်သည်။

“မြေပုံလား …“

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

“ငါ့ရဲ့အိမ်က ဒီနေရာနဲ့ အဝေးကြီးမှာ ရှိတယ် … မြေပုံမရှိဘဲ သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး …“

ကျိုးဇီဟောင်က ဝမ်လင်းကို ကြည့်ပြီး ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါ့အတွက် လူနှစ်ယောက် သတ်ပေးပါ …“

ဝမ်လင်းကို မျက်ခုံးကို ပင့်ပြီး ပြန်မေးလိုက်သည်။

“ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ …“

ကျိုးဇီဟောင်၏ မျက်လုံးများက အေးစက်သွားပြီး ပြန်ဖြေလိုက်သည်။

“တစ်ယောက်က ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်အဆင့် … နောက်တစ်ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်အဆင့် …“

“ကောင်ပြီ …“

ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ လက်ခံလိုက်သည်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်က မိုင်လျန်းရဲ့ ဂျူနီယာညီမရှုစီ … နောက်တစ်ယောက်က ရှုစီဘေးမှာ အရူးလို ကပ်နေတဲ့ ကျိုအူ … သူတို့ကို အခု မသတ်ချင်သေးရင် နင်ထွက်သွားမှ သတ်လို့ရတယ် … မြေပုံကိုတော့ တစ်နာရီအတွင်း ယူလာပေးမယ် …“

ကျိုးဇီဟောင်က ပြောပြီးသည်နှင့် ဝမ်လင်းကို အဓိပ္ပာယ်ပါပါ ကြည့်ကာ သူမ၏ဓားပျံနှင့် အတူ တောအုပ်ထဲမှ ထွက်သွား၏။

“မိုင်လျန်း … ဒီအကြိမ်က ငါ မင်းကို နောက်ဆုံး ကူညီတာပဲ …“

ကျိုးဇီဟောင်သည် ထိုစကားကို ရေရွတ်ပြီး အဝေးသို့ ပျံသန်းသွားလေသည်။

ဝမ်လင်းက ကျိုးဇီဟောင် ထွက်သွားသည်ကို ကြည့်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် ရှုစီကို ရှာလိုက်သည်။ သူမ၏ အပေါ်တွင် နတ်ဘုရားစိတ်အာရုံ အမျှင်လေး ချန်ထားခဲ့ခြင်းကြောင့် သူမကို ရှာရသည်မှာ အလွန် လွယ်ကူပေသည်။

ရှုစီရှိသည့် နေရာကို ရှာတွေ့သွားပြီးနောက် ဝမ်လင်းက မြေအောက်ထဲသို့ တိုးဝင်သွား၏။

နာရီဝက်ခန့် ကြာပြီး‌နောက်တွင် မြေအောက်ထဲမှ ပြန်ထွက်လာပြီး ကျိုးဇီဟောင်ကို စောင့်နေလေသည်။

ဝမ်လင်းသည် ရှုစီနှင့်ကျိုးအူကို တွေ့သည့် အချိန်တွင် သူတို့နှစ်ယောက်သည် တောင်၏ ချောင်ကျသည့် နေရာ၌ ကိုယ်လုံးတီးဖြင့် လုံးထွေးနေပြီး ညည်းသံများနှင့် အသားချင်း ရိုက်ခတ်သံများ ထွက်ပေါ်နေသည်။

ဝမ်လင်းကို သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျိုးအူပေါ်တွင် နတ်ဘုရားစိတ်အာရုံ အမျှင်လေး ချန်ထားခဲ့၏။ ထိုနတ်ဘုရား စိတ်အာရုံ အမျှင်လေးသည် လဝက်ခန့် အကြာတွင် အသက်ဝင်လာပြီး ကျိုးအူ၏အသက်ကို နုတ်ယူသွားမည် ဖြစ်သည်။

ထို့နောက် ဝမ်လင်းက တိတ်တဆိတ် ပြန်လာပြီး ကျိုးဇီဟောင်ကို စောင့်နေလိုက်သည်။ မကြာမီ တောအုပ်ရှိရာဆီသို့ ချီစုစည်းခြင်းအဆင့် အမျိုးသမီးယောက် ပျံသန်းလာသည်။ သူမက တောအုပ်ထဲသို့ ကျောက်စိမ်းပြား တစ်ခုကို ပစ်လိုက်ပြီး နောက်သို့ ပြန်လှည့် ထွက်ခွာသွား၏။

ဝမ်လင်းက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားက သူ့လက်ထဲသို့ ပျံသန်းလာသည်။ သူက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီး သိုလှောင်အိတ်ထဲ သိမ်းထားလိုက်သည်။ ထို့နောက် မြေအောက်ထဲသို့ တိုးဝင်သွားပြီး လျင်မြန်စွာ ထွက်ခွာသွား၏။

မြေပုံ၃ခုကို ပေါင်းစပ်ပြီး‌နောက် ဟိုဖန်နိုင်ငံသည် ကျိုးဝူကုန်းမြေတွင် ပါဝင်ပြီး နတ်ဆိုးပင်လယ်ဟု ခေါ်တွင်သည့် နေရာ၏ တစ်ဖက်တွင် ကျောင်းကုန်းမြေ တည်ရှိသည်။

သူက ကျောင်းနိုင်ငံသို့ ပြန်ချင်လျှင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အများအပြား ရှိနေသည့် နတ်ဆိုး ပင်လယ်ကို ဖြတ်ကျော် သွားရပေမည်။

နတ်ဆိုး ပင်လယ်သည် စဦးစိတ် ဝိညာဉ်အဆင့် တစ်ယောက်တောင်မှ အလျင်စလို မဖြတ်သန်းရဲသည့် နေရာတစ်ခုဟု မြေပုံထဲတွင် ဖော်ပြထားသည်။

ယခုအချိန်တွင် နတ်ဆိုး ပင်လယ်သည် ပင်လယ်တစ်ခု မဟုတ်ပေ။ ရှေးယခင် နှစ်ပေါင်းများစွာက အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက်သည် သူ၏ရန်သူကို သတ်ဖြတ်ရန်အတွက် ပင်လယ်ကြီးကို အငွေ့ပျံ စေခဲ့သည်။

ထို့ကြောင့် နတ်ဆိုးပင်လယ် တစ်ခုလုံး မြူများဖြင့် ပြည့်နေ၏။ နတ်ဆိုး ပင်လယ်ထဲတွင် ကြောက်မက်ဖွယ် သားရဲများလည်း ရှိ၏။

ကြမ်းတမ်းသည့် မြေအနေအထားကြောင့် အရင်းအမြစ်များက နည်းပါးပြီး စိတ်ဝိညာဉ်ကြော များကလည်း အနည်းငယ်သာ ရှိ၏။ ထို့ကြောင့် သတ်ဖြတ်မှုများ နေ့စဉ် ဖြစ်ပွားနေပြီး မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ စုစည်းရာ နေရာတစ်ခု ဖြစ်လာသည်။

ဝမ်လင်းသည် မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် သွားနေရင်း မြေပုံပေါ်မှ နတ်ဆိုးပင်လယ်၏ အချက်အလက်များကို မှတ်သားနေသည်။ ရုတ်တရက် ဝမ်လင်းက ရပ်တန်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ကောင်းကင်ပေါ်တွင် ဓားပျံနှစ်ချောင်းက ပျံသန်းနေသည်။ ရှေ့မှ ဓားပျံပေါ်တွင် ဖြူဖပ်ဖြူရော် နေသော မျက်နှာနှင့် မိန်းမပျိုလေး တစ်ယောက် ရှိနေပြီး သူမ၏ ခန္ဓာကိုယ်သည် အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် အနေအထားတွင် ရှိနေကာ ပျာယာခတ်နေသည့် အမူအရာကလည်း မျက်နှာတွင် ပေါ်လွင်နေသည်။

ထိုမိန်းကလေးသည် ဝမ်လင်းနှင့် ယခင်တစ်ခါက တွေ့ဆုံဖူးသော လိုဟဲဂိုဏ်းမှ လီမူဝမ် ဖြစ်သည်။

သူမ၏နောက်မှ လိုက်နေသောသူသည် လူငယ် တစ်ယောက်ဖြစ်၏။ သူက နောက်မှ အေးအေးဆေးဆေး လိုက်နေရင်း အော်ပြောလိုက်သည်။

“အချစ်လေး … မင်းရဲ့ အဖွဲ့ ၁၃ က လူတွေအကုန် ငါ သတ်ပစ်လိုက်ပြီ … အချစ်လေး ဘယ်ကို ပြေးဦးမလို့လဲ …“

လီမူဝမ်က မည်သည့် စကားကိုမှ မဆိုဘဲ အောက်နှုတ်ခမ်းကို ကိုက်ကာ ရှေ့သို့ ဆက်လက် ပျံသန်းနေသည်။

ထိုအခါ လူငယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ လီမူဝမ်က စူးရှစွာ အော်ဟစ်လိုက်ရပြီး သူမ၏ နောက်ကျောမှ အင်္ကျီများ၏ အစိတ်အပိုင်း တော်တော်များများ စုတ်ပြဲသွားကာ ဖြူဝင်းချောမွတ်သော အသားအရေက ပေါ်လာသည်။

လူငယ်က ကျယ်လောင်စွာ ရယ်မောပြီး လီမူဝမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ကာ သူ၏မျက်လုံးက တောက်ပလာသည်။

ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံကို ရုပ်သိမ်းလိုက်သည်။ ထိုလူငယ်၏ ကျင့်စဉ်အဆင့်သည် အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်သို့ ရောက်နေသဖြင့် မလိုအပ်ဘဲ ပြဿနာများ မဖြစ်ချင်ပေ။ ယခုအချိန်တွင် သူ၏ပန်းတိုင်က မီးလျှံသားရဲများ မလာခင် ဤနေရာမှ အမြန်ထွက်သွားရန် ဖြစ်သည်။

ထို့အပြင် သူ့အသက်ကို ရင်းပြီ လီမူဝမ်၏ အသက်ကို ကယ်ရန်လည်း အကြောင်းပြချက် မရှိပေ။ သို့သော်လည်း ထိုအချိန်တွင် လူငယ်က ဝမ်လင်း ရှိသည့်နေရာသို့ အနက်ရောင် အလင်းတစ်ခုကို ပစ်လိုက်၏။

“ဒီနေရာမှာ မြေလွတ်မြောက်ခြင်း နည်းစနစ်ကို တတ်မြောက်ထားတဲ့ ဂျူနီယာတစ်ယောက် ရှိနေတာပဲ …“

ဝမ်လင်းက သက်ပြင်း ချလိုက်၏။ အနက်ရောင် အလင်းက မြေပြင်သို့ ထိသွားသည့် အချိန်တွင် ဝမ်လင်းက မြေအောက်ထဲမှ ခုန်ထွက်လိုက်သည်။ လီမူဝမ်ကလည်း ဝမ်လင်းကို မြင်သွားပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများ ပေါ်လာကာ အော်ပြောလိုက်သည်။

“စီနီယာအစ်ကို … ကျေးဇူးပြုပြီး ညီမကို ကယ်ပါဦး …“

သူမက အော်ပြောပြီးသည်နှင့် ဓားပျံကို ဝမ်လင်းဆီသို့ ဦးတည်လိုက်ကာ ဝမ်လင်း၏ ဘေးသို့ ချက်ချင်း ရောက်လာသည်။

လူငယ်က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံ ၈ ချောင်းက ပေါ်လာပြီး ဝမ်လင်းနှင့် လီမူဝမ်ဆီသို့ ပစ်လွှင့်သွား၏။ ဓားပျံ၇ချောင်းက ဝမ်လင်းကို ဦးတည်ပြီး တစ်ချောင်းကသာ လီမူဝမ်ဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။ ဓားတစ်ချောင်းတည်းနှင့် လီမူဝမ်ကို မသေစေနိုင်ပေ။ ထို့ကြောင့် လူငယ်က လီမူဝမ်ကို မသေစေချင် သေးသည်မှာ ထင်ရှားလှသည်။

ဝမ်လင်းက ချက်ချင်း လီမူဝမ်၏ လက်မောင်းကို ဆွဲပြီး ဓားပျံများကို ပွတ်ကာသီကာဖြင့် ရှောင်ရှားလိုက်သည်။ ထို့နောက် ဝမ်လင်းက သူမကို ဆွဲပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် မြေအောက်ထဲသို့ တိုးဝင်ကာ ထွက်ပြေးလိုက်၏။

မြေလွတ်မြောက်ခြင်း နည်းစနစ်သည် အလွန် အစွမ်းထက်သည့် နည်းစနစ်ဖြစ်သည့်အတွက် ဝမ်လင်းက နောက်တစ်ယောက်ကို သယ်ဆောာင် ထားသော်လည်း သူ၏အမြန်နှုန်းက မဆိုစလောက်လေးသာ နှေးကွေးသွား၏။

လူငယ်က မြေအောက်မှ ဂယက်လှိုင်းလေးများကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ သို့သော်လည်း ဝမ်လင်း၏ အမြန်နှုန်းက တဖြည်းဖြည်း မြန်လာသဖြင့် လူငယ်၏ မျက်နှာအမူအရာက သုန်မှုန်သွားပြီး ဝမ်လင်း၏နောက်သို့ အားထည့်ပြီး လိုက်လေတော့သည်။

သူသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်တစ်ယောက် ဖြစ်သော်လည်း အမြန်နှုန်းကို အထူး လေ့ကျင့်ထားသည့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။ ဝမ်လင်းကသာ ဓားပျံကို သုံးသည့် သာမန်ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် ကိစ္စမရှိသော်လည်း ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူ ဖြစ်နေသဖြင့် အချိန်ကြာလာလေ ဝမ်လင်းနှင့် သူ၏ကြားမှ အကွာအဝေးက ပိုမိုဝေးကွာလာလေ ဖြစ်သည်။

ယခုအချိန်တွင် ဝမ်လင်းက သုန်မှုန်နေသော မျက်နှာထားဖြင့် လီမူဝမ်ကို ကြည့်လိုက်သည်။ လီမူဝမ်က သူ့အကြည့်ကို မြင်ပြီး စိတ်ထဲ သိလိုက်သည်။ သူမက ဝမ်လင်းကို သူမ၏ ကိစ္စထဲသို့ ဆွဲသွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမက နှုတ်ခမ်းကို ကိုက်ပြီး အလျင်အမြန် ပြောပြလိုက်သည်။

“အဲဒီကောင်က ရွှမ်းဝူနိုင်ငံရဲ့ နှစ်ဆကျင့်ကြံခြင်းဂိုဏ်း အကြီးအကဲ တစ်ယောက်ပဲ … သူက ငါ့ဆီမှာ ဝေးကွာခြင်း ကောင်းကင်ဆေးလုံး တစ်လုံးရှိတယ် ဆိုတာ ဘယ်လိုသိသွားလဲ မသိဘူး … ဒါ့ကြောင့်ပဲ သူက သူ့ရဲ့ အဆင့်အတန်းကို လျစ်လျူရှုပြီး ငါ့ဆီကို လာတာပဲ …“

သူမ ပြောလို့ မပြီးခင် ဝမ်လင်း၏ မျက်လုံးက တောက်ပသွားပြီး မေးလိုက်သည်။

“မင်းမှာ ဝေးကွာခြင်း ကောင်းကင်ဆေးလုံး တစ်လုံး ရှိနေတာလား …“

***

All Chapters