← Chapters

စိန်ခေါ်ခြင်း

Vol. 145 Ch. 2017

စိန်ခေါ်ခြင်း

Vol. 145 Ch. 2017

ရှီမာယူယူ ရယ်မောလေသည် “ကျွန်မက တပည့်ဖြစ်တာမှ နှစ်လ သုံးလ ပဲရှိသေးတယ်… ဆရာက ကျွန်မကို ကောင်းကောင်းသင်ယူပါလို့မှာထားတယ်”

“ဟုတ်ပါတယ် မင်းက ငယ်သေးတာပဲ.. အချိန်တွေလည်း အများကြီးရှိ သေးတယ်” နီလဲ့သည် သူမ ငြင်းဆန်သည့်အတွက် ဒေါသမထွက်ပေ။

“ကျွန်မလည်း အများကြီးသင်ချင်ပါတယ်.. ဒါပေမဲ့ လိုတာထက် ပိုမလုပ် ချင်ပါဘူး.. ဖြည်းဖြည်းချင်းသွားတာပဲကောင်းပါတယ်.. အခွင့်အရေးရှိရင်တော့ နောက်ကို တခြားဟာတွေ သင်သွားမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“နောက်ပိုင်းကို သင်ချင်စိတ်ရှိတယ်ဆိုတော့ ဒီမှာ ငါသခင်ဖြစ်နေသရွေ့ အချိန်မရွေးလာလို့ရပါတယ်”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“လာကြည့်လေ ဒါတွေက ဒီနေ့ရောက်တာတွေပဲ” နီလဲ့သည် သူမကို အခန်းငယ်တစ်ခုသို့ခေါ်သွားပြီး သတ္တုရိုင်းများကို ညွှန်ပြရင်းပြောလေသည်။

အခန်းငယ်ဟုဆိုသော်ငြား ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်နေပြီ ဖြစ်သည်။ အမြင့်မှာ ဆယ်ထပ်ခန့်ရှိသည်။ ကြမ်းပြင်မှာ သတ္တုရိုင်းများဖြင့် ပြည့်နှက်နေပြီး အကြီးဆုံးတစ်ခုမှာ အခန်းထိပ်ထိ မြင့်မားကာ အသေးဆုံးမှာ လက်သီးတစ်ဆုပ်စာရှိသည်။

ဝိညာဉ်ရှာဖွေသခင်တချို့သည် သတ္တုရိုင်းများကို ကြည့်ရှုစစ်ဆေးနေ သည်။

ထိုသတ္တုရိုင်းများသည် ယနေ့မှရောက်သည်ဟု နီလဲ့ ဟန်လုပ်ကာ ပြော သည်ဟု ရှီမာယူယူ ထင်ထားခဲ့သည်။ သို့သော် အမှန်ဖြစ်နေလိမ့်မည်ဟု ထင် မထားပေ။ သတ္တုရိုင်းများ၏ အရည်အသွေးသည် ကွာခြားလွန်းသည်။ ထိုသတ္တု ရိုင်းများတွင် ဝိညာဉ်ရှာဖွေဂိုဏ်း၏ အမှတ်တံဆိပ်ပင် မရှိပေ။ ထို့ကြောင့် ထို သတ္တုရိုင်းများသည် လတ်တလောမှ ရောက်ထားခြင်းဖြစ်ကာ စစ်ဆေးခြင်းမပြု ရသေးပေ။

အခန်းငယ်အတွင်းမှ လူများသည် သူတို့ကိုမြင်သည်နှင့် ချက်ချင်းပင် ရပ် ကာ အရိုအသေပြု နှုတ်ဆက်ကြလေသည် “ဂိုဏ်းသခင်”

“ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ.. ယူယူကို ခေါ်လာပြီးကြည့်ရုံကြည့် တာ” နီလဲ့ ပြောလေသည်။

“သခင်ကြီး ဒါက လတ်တလော ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လိုက်တဲ့ မိန်းကလေးယူယူလား” အစိမ်းရောင်အင်္ကျီဝတ်ထားသော အမျိုးသားတစ် ယောက်သည် ရှီမာယူယူကို စိုက်ကြည့်ရင်း မေးလေသည်။

“ဟုတ်တယ်” နီလဲ့သည် ခေါင်းညိတ်ပြီး ရှီမာယူယူကို မိတ်ဆက်ပေးလေ သည် “ဒါက ငါ့တပည့် လျန်ချန်းပါ”

လျန်ချန်းသည် ရှီမာယူယူအား လက်အုပ်ဖြင့်နှုတ်ဆက်ကာ ပြောလေ သည် “မိန်းကလေးက ကျောက်ကို လက်ဗလာနဲ့ဖွင့်တယ်ဆိုလို့ ကျွန်တော်က အရမ်းသိချင်နေတာ.. မိန်းကလေးက ဝိညာဉ်ရှာဖွေဂိုဏ်းကလူတွေထက် တောင် ပိုတော်တယ်လို့ ပြောနေကြတာ.. ဒီနေ့တွေ့မှတော့ တစ်ယောက်နဲ့ တစ်ယောက် သိခွင့်ရှိမလား”

ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ သူက သူမကို ရန်လာစ နေတာလား။ သားရဲထိန်းကျောင်းသူတွေက ပြဿနာလာမရှာသေးဘူး ဒီမှာ တစ်ယောက် အရင်လာတွေ့နေတယ်။

“ဟား ဟား အဲဒါကတော့… မင်းနာမည်က အခုတလော အရမ်းလူသိများ နေတော့ ဂိုဏ်းထဲက ဒီကောင်လေးတွေက မကျေနပ်ကြဘူး” နီလဲ့ ရယ်မော လေသည် “သူတို့ကို လျစ်လျူရှုလိုက်လို့ရတယ်”

“သခင်ကြီး သူမရဲ့ဝိညာဉ်ရှာဖွေတဲ့ အရည်အချင်းက ကျွန်တော်တို့ထက် ကောင်းတယ်လို့ သခင်ကြီးပဲ ပြောနေတာလေ.. အဲလိုဆိုမှတော့ သူမရဲ့ အရည်အချင်းကို ဘာလို့ ကျွန်တော်တို့ကိုမပြရမှာလဲ.. ဘာလို့ ပြိုင်ပွဲမပြိုင်ရမှာ လဲ” လျန်ချန်း ပြောလေသည်။

“မင်း..” နီလဲ့ သူ့ကို စိုက်ကြည့်လိုက်သည်။ ဒီကောင်လေးက ငယ်ပြီး ခေါင်းမာတယ်။ ဒေါသကိုလည်း မထိန်းနိုင်ဘူး။

“တခြားသူတွေက ပြောတယ်လို့ ပြောခဲ့တယ်မလား.. ကောလာဟလ တွေကိုမယုံပါနဲ့” ရှီမာယူယူသည် ဟန်လုံးထုတ်ရန် ဤနေရာသို့ လာခြင်း မဟုတ်ပေ။ သူမသည် သူတို့ပိုင်နက်အတွင်းတွင် တခြားပါရမီရှင်များကို အနိုင် ယူလိုခြင်းမရှိပေ။ သို့သော် အရှုံးလည်း မပေးချင်ပေ။ ထို့ကြောင့် ဘာမှမလုပ် သည်က ကောင်းသည် “ပြီးတော့ ကျွန်မက ကျောက်ကို လက်ဗလာနဲ့ဖွင့်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ.. အခြေအနေက အရေးကြီးနေလို့ စမ်းကြည့်ဖို့ တောင်အချိန်မရှိလို့ ဖြည်းဖြည်းချင်းလုပ်လိုက်တာပါ.. ကျွန်မကို မယုံရင်လည်း ဂိုဏ်းသခင်နီကို မေးလို့ရပါတယ်”

“ကျွန်တော်လည်း မိန်းကလေးအတိုင်း ငြင်းခုံပြီးပါပြီ.. ဒါပေမဲ့ သခင်ကြီး ပြောတာက.. အခြေအနေက အရေးကြီးရင်တောင် ကျောက်ဖွင့်တာသာ မအောင်မြင်လည်း ဝိညာဉ်စုအစီအရင်ကြောင့် ဝိညာဉ်စွမ်းအင်တွေစုနေမှာပဲ.. မိန်းကလေးသုံးလိုက်တဲ့ နည်းလမ်းက အရမ်းမှန်ကန်နေတယ်.. ကျပန်းဖွင့်တာ မျိုးမဟုတ်ဘူး” လျန်ချန်း ပြောလေသည် “ဒီမှာ မိန်းကလေးနိုင်သွားရင် ကျွန်တော်အရှက်ရမယ်ထင်လို့ မပြိုင်ချင်တာလား”

ရှီမာယူယူ၏ နှုတ်ခမ်းမှာ တွန့်ချိုးသွားသည်။ သူမသည် သူ့ကို ပြက်ရယ် ပြုမိတော့မည်။ ကလေး မင်း ဘာမြင်နိုင်တယ်ဆိုတာကို ပြောဖို့မလိုဘူး။ သူမ စိတ်ထဲက အတွေးကို သိရင်တောင် ထုတ်ပြောဖို့မလိုဘူး။

သူ့ရဲ့ အလေးအနက်မျက်နှာထားကို ကြည့်ရတာ ဘာလို့ ဝက်ဝံပေါက် တစ်ကောင်ကို ကြည့်ရသလိုဖြစ်နေတာလဲ။

“ကျွန်တော့်ကို သက်ညှာဖို့မလိုပါဘူး.. မိန်းကလေးလုပ်နေကျအတိုင်းပဲ လုပ်ပါ… ကျွန်တော်ရှုံးရင် ကျွန်တော့်အရည်အချင်း မလုံလောက်သေးလို့ပဲလေ မိန်းကလေးကို အပြစ်မတင်ပါဘူး” လျန်ချန်း ပြောလိုက်သည်။

“ဒီအတိုင်းပဲ သူနဲ့ပြိုင်ပေးလိုက်ပါ” နီလဲ့ ပြောလေသည် “ဒီကလေးက အရည်အချင်းရှိပါတယ် နည်းနည်းလေးထောင်လွှားနေတာပဲရှိတာ.. သူ့ စိတ် ကိုလျော့ကျအောင် မလုပ်ထားရင် နောက်ကို ဘယ်လိုပြဿနာရှာမလဲဆိုတာ ဘယ်သူသိမလဲ”

ရှီမာယူယူသည် ခေတ္တမျှတွေဝေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက် သည် “ဟုတ်ပါပြီ”

ဒီလျန်ချန်းက ရောက်လာကတည်းက ရိုင်းရိုင်းပြပြနဲ့ သူမကို ရန်လာစ နေသေးတယ်။ သူက တကယ်ပဲ နည်းနည်းတော့ မာနကြီးတယ်။ နီလဲ့သည် အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်လျက်ရှိသည်။

“အဲတော့ ကျွန်တော်တို့ ဘယ်လိုပြိုင်ကြမလဲ” လျန်ချန်းသည် ရယ်မော ရင်းမေးလေသည်။

“ရိုးရိုးရှင်းရှင်းပဲ ပြိုင်ကြတာပေါ့.. တစ်ယောက်နဲ့တစ်ယောက် သတ္တုရိုင်း ရွေးပေးမယ်.. ဘယ်သူ့သတ္တုရိုင်းက အတန်ကြေးမြင့်လဲကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“မိန်းကလေးပြောသလိုပဲ လုပ်ကြတာပေါ့” လျန်ချန်း သဘောတူလိုက် သည် “ဒီနေ့ သတ္တုရိုင်းအသစ်တွေ ရောက်တာနဲ့အတော်ပဲ.. ဒီကနေပဲ တစ်ခုစီ ရွေးကြတာပေါ့”

“ဟုတ်ပြီလေ” သူမနှင့် လျန်ချန်းတို့သည် အခန်းငယ်ဆီသို့ လျှောက်သွား ကြသည်။ သူတို့သည် သတ္တုရိုင်းများကို တစ်ချက်တည်းနှင့် ကြည့်သွားသည်။ ပြီးနောက် ဘေးရှိအခန်းငယ်သို့ သွားကြသည်။

ထိုနေရာတွင် သတ္တုရိုင်းများ ပိုများပြားသည်။

လျန်ချန်းသည် ထိုသတ္တုရိုင်းများအားလုံးကို ကြည့်ရန် သူမကို ခေါ်သွား ပြီး ပြောလိုက်သည် “ဒါတွေက ဒီနေ့ရောက်တာတွေချည်းပဲ မိန်းကလေး အရင် ရွေးပါ”

ရှီမာယူယူသည် အစကတည်းက ကျပန်းရွေးမည်ဟု တွေးထားသည်။ သို့သော် တွေးကြည့်ပြီးနောက် ထိုအတွေးကိုဖယ်လိုက်သည်။ သူမသာ ပြိုင်ဘက်ကို ဤနည်းအတိုင်း ရှုံးသွားပါက သူမ တမင်လုပ်သည်ဟု သူ ခံစား သွားနိုင်သည်။ သူမသာ နိုင်ပါက ကံကောင်းခြင်းကြောင့် ဖြစ်သည်ဟု တွေး မည်ဖြစ်ပြီး ပြိုင်ဘက်က်ကို လေးစားသမှုမရှိခြင်းကို ပြသနေသည်။ ထို့ကြောင့် သူမ အရှေ့အနောက် နှစ်ပတ်ပတ်ပြီးနောက် ဘတ်စကတ်ဘောလုံး အရွယ် အစားခန့်ရှိ သတ္တုရိုင်းကို ရွေးလိုက်သည်။

“မင်းအလှည့်ပဲ”

လျန်ချန်းသည် သူမနှင့် အဖော်ပြုပေးကတည်းကပင် သတ္တုရိုင်းများကို ကြည့်သွားပြီးဖြစ်သည်။ ယခု သူအလှည့်ပင်။ သူသည် ရွေးထားသည့် သတ္တု ရိုင်းတချို့ထုတ်ပြီး တစ်လုံးနှင့်တစ်လုံးနှိုင်းယှဉ်ကြည့်ပြီးနောက် တစ်လုံးရွေး လိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ပြိုင်နက်တည်းလို ယူလိုက်ကြသည်။ သူတို့ အမြန်ပင် သတ္တုရိုင်းရွေးပြီးစီးသည်ကို မြင်သောအခါ ပွဲကြည့်ပွဲလာများသည် ရလဒ်ကို အလွန်သိချင်နေကြသည်။

“ကျောက်တုံးတွေကို ဖွင့်ကြတာပေါ့” နီလဲ့ ပြောလိုက်သည် “ဘယ်သူ အရင်လုပ်ချင်လဲ”

“ကျွန်တော်လုပ်မယ်” လျန်ချန်း ပြောလိုက်သည်။

ကျောက်တုံးများကို လောင်းကြေးထပ်ချိန်တွင် လေးစားသမှုအရ တစ် ယောက်သည် သတ္တုရိုင်းကို အရင်ဖွင့်ရန်ရွေးချယ်ရသည်။ အရင်ဖွင့်သူမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်ချက်အလွန်ရှိသူများဖြစ်ကြသည်။

ရှီမာယူယူသည် လျန်ချန်းကို ကြည့်လိုက်သည်။ သူမသည် သူ့မျက်လုံးထဲ မှ အထင်သေးမှုမရှိဘဲ ယုံကြည်မှုရှိနေသည်ကိုမြင်နေရသည်။ ထို့ကြောင့် အကြောင်းအရင်းနှစ်ခုလုံးသည် သူနှင့် ကိုက်ညီသည့်ပုံပင်။

“ဒါဆိုလည်း မင်းအရင်ဖွင့်ပါ” ဤကဲ့သို့ အရာမျိုးအတွက်နှင့် ရန်ဖြစ်နေ ရန်မလိုပေ။

သူတို့သည် ကျောက်ဖွင့်သည့်နေရာသို့ သတ္တုရိုင်းများကို ယူသွားကြ သည်။ ကျောက်ဖွင့်ခြင်းကို တာဝန်ယူထားသူသည် ကျောက်တုံးများကို ဂရုတစိုက် ဖွင့်ပေးသည်။

“သစ်သားနက်ဝိညာဉ်ကျောက်.. မဆိုးဘူး” နီလဲ့သည် ခေါင်းညိတ်ပြီး ပြုံး လေသည် “နောက်တစ်ခုကို ဖွင့်ကြတာပေါ့”

လူတစ်ယောက်သည် ရှီမာယူယူ၏ ဝိညာဉ်ကျောက်တုံးကို ကျောက်တုံး ဖြတ်သူ၏ ရှေ့တွင် သွားထားလိုက်သည်။ တစ်ချက်တည်းဖြတ်လိုက်သည်နှင့် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုနေရာတွင် ရှိနေကြသူများသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။ လျန်ချန်းပင်လျှင် ပို၍ပင် စိတ်တိုသွား လေသည်။

“ဆက်ဖွင့်စေချင်လား” သခင်သည် ခေါင်းမော့ပြီး မေးလေသည်။

ကျောက်တုံးဖွင့်နေစဉ်အတွင်း မြင်လိုက်ရသည့် မြင်ကွင်းအရ အနိုင်အရှုံး ကို အတူးတလည် ပြောရန်မလိုတော့ပေ။

“ဒီအတိုင်း ဖွင့်လိုက်” လျန်ချန်း အမိန့်‌ပေးလေသည်။

ရလဒ်ကို သိပြီးနောက်တွင်တောင် သူသည် ထောင်လွှားသည့် အရိပ်အယောင်ရှိဆဲဖြစ်ကာ ဤအတိုင်းမရပ်လိုက်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကာမူ သူသည် အဆုံးထိကြည့်ရမည်။

လျင်မြန်စွာပင် ရှီမာယူယူ ရွေးထားသည့် ကျောက်ကိုဖွင့်ပြီးသွားသည်။ သူ၏ ကျောက်တုံးထက်ပင် နှစ်ဆင့်ကျော်လွန်နေသည်။

“ကျွန်တော် ရှုံးပြီ” သူသည် ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။

“ကျောက်တုံးရွေးတာက ဖြစ်နိုင်ချေဆိုတာရှိတာပဲ.. တစ်ခါနှစ်ခါလုပ်တာ နဲ့ မမှန်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဂိုဏ်းသခင်နီ ကျွန်မ အချိန်တော် တော်ကြာနေပြီ အခုသွားလိုက်ပါဦးမယ်”

“ဟုတ်ပြီ မင်းကို လိုက်ပို့ခိုင်းလိုက်မယ်” နီလဲ့ ပြောလေသည် “နောက်ကို အချိန်ရှိရင် လာခဲ့ပါ”

“ဟုတ်ကဲ့” ရှီမာယူယူသည် လှည့်ထွက်သွားလေသည်။

“ရှီမာယူယူ.. မင်း လက်ဗလာနဲ့ ကျောက်တုံးဖွင့်တာ ငါကြည့်လို့မရလား မအောင်မြင်ဘူးဆိုလည်း ငါ အဲအတွက် ရှင်းပါ့မယ်” လျန်ချန်းသည် သူ၏ ကိုယ်ပိုင် သတ္တုရိုင်းတစ်ခုထုတ်လိုက်သည်။

ရှီမာယူယူသည် သူ့ကိုပြန်ကြည့်ပြီး ပြုံးပြကာ ပြောလိုက်သည် “နောက်တစ်ခါ ကျွန်မကို ဒေါသထွက်အောင် မလုပ်ရင်ပေါ့”

လျန်ချန်း၏ မျက်နှာပျက်သွားသည်။ သူသည် သူမကို ရန်စမိသည့်ပုံပင်။

ရှီမာယူယူသည် ဝိညာဉ်ရှာဂိုဏ်းမှထွက်လာပြီ သူမကို လိုက်ပို့ရန်လူ လွှတ်ပေးသည့်အတွက် နီလဲ့ကို ကျေးဇူးတင်စကား ပြောခိုင်းလိုက်သည်။ ထို့နောက် သူမသည် ဂီတဂိုဏ်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။

***

All Chapters