← Chapters

ချင်းချိုင့်

Vol. 145 Ch. 2018

ချင်းချိုင့်

Vol. 145 Ch. 2018

စိမ်းလန်းသော တောင်များ၊ ကြည်လင်စိမ်းလဲ့သည့် ရေများ၊ ငှက်သံများ နှင့် မွှေးပျံ့နေသော ပန်းရနံ့များ… ဤနေရာမှ ရှုကွင်းသည် မျက်စိပဒသဖြစ် လွန်းလှသည်ဟု သူမ ခံစားရသည်။ မျက်စိရှုပ်စရာ ကျောက်တုံးလမ်းများ ရှိ မနေပေ။

“ရှီမာယူယူ နောက်ဆုံးတော့ မင်းရဲ့ လိပ်ခွံအောက်ကနေ ထွက်လာပြီပေါ့ တစ်သက်လုံး ဂီတဂိုဏ်းမှာပဲ ပုန်းနေတော့မယ်လို့ ထင်နေတာ” ချင်းချိုင့်သည် ကြီးမားသော သားရဲ၏ ကျောပေါ်တွင်ထိုင်ပြီး ရှီမာယူယူကို အထင်သေးစွာ ကြည့်လေသည်။

သူ ကြည့်ပုံမှာ ရှီမာယူယူ အချိန်ကြာရှည်စွာ ထွက်မလာခြင်းမှာ သူ့ကို ကြောက်ခြင်းကြောင့်ဟု မြင်နေခြင်းပင်။ ဂိုဏ်းအတွင်းတွင် ကောလာဟလများ ပျံ့နေသော်လည်း သူသည် သူတို့ကိုမယုံပေ။ လူတစ်ယောက်က ဘယ်လိုလုပ် အဲလောက်တော်မှာလဲ။ သူတို့တွေက လိမ်နေကြတာပဲ။

“ရှင်က ရှင်ထိန်းကျောင်းထားတဲ့ မရဏာသားရဲကို စီးရဲသေးတယ်ပေါ့.. အရင်တစ်ခေါက်လို ပြန်ဖြစ်မှာကိုမကြောက်ဘူးလား” သူ ထိုင်ထားသော သားရဲမှာ ထိန်းကျောင်းထားရုံသာရှိသည်ကို ရှီမာယူယူ ပြောနိုင်သည်။ သူနှင့် စာချုပ်တည်ထောင်ထားခြင်း မရှိပေ။

ချင်းချိုင့်သည် အထင်သေးခံလိုက်ရသဖြင့် သူ ထိန်းကျောင်းထားသော သားရဲကိုပင် သတ်မိလုနီးပါးဖြစ်သွားသည်။ ထိုကိစ္စသည် သားရဲထိန်းကျောင်း သခင်များအတွက် ရှက်စရာအကောင်းဆုံးဖြစ်သည်။ ထိုသုံးလတွင် ထိုလူများ သည် သူ့ရှေ့တွင် ဘာမှမပြောရဲကြပေ။ သို့သော် သူတို့သည် နောက်ကွယ်တွင် လှောင်ပြောင်ခဲ့ကြသည်။ သူ ထိုအရာများအားလုံးကို သိသည်။

ထိုအရာများအားလုံးသည် ရှီမာယူယူကြောင့်ပင်။ အကယ်၍ သာမန်လူ သာဆိုလျှင် သူသည် အစိတ်စိတ်ဖြစ်အောင် လုပ်ရန်တွေဝေနေမည်မဟုတ်ပေ။ သို့သေသာ် သူမသည် သူ၏ပြိုင်ဘက်ဖြစ်သောကြောင့် လွှတ်ပေးထားသည်။

“ရှီမာယူယူ ဒီသခင်ကြီးနောက်ကို လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ကိစ္စကို ငါ မေ့ပေးမယ်”

နောက်ဆုံးတွင် သူ၏ လမ်းလွဲနေသောအတွေးများသည် သူ၏ အရှက်ရမှု ကို လျစ်လျူရှုနိုင်သည့် အနေအထားသို့ရောက်လေသည်။

ရှီမာယူယူသည် သူပြောလိုက်သည့် စကားကိုကြားသောအခါ ရယ်မော ပြီး ပြောလိုက်သည် “အဆိုတွေအရဆိုရင် ဦးနှောက်ထဲမှာ သန်ကောင်ရှိတဲ့သူ က စောစောသေတယ်တဲ့”

“အလှလေးကမှ မသေသေးတာ ငါက ဘာလို့သေရမှာလဲ” ချင်းချိုင့်သည် သူမ၏ အပြုံးကိုမြင်သောအခါ ရင်ထဲတွင် လိပ်ပြာများပျံဝဲသွားသည်။ သူ၏ မောက်မာနေသော အကြည့်များသည် ရွံ့ရှာဖွယ်တပ်မက်သည့် အကြည့်သဖွယ် ပြောင်းသွားလေသည်။

ရှီမာယူယူသည် သူကြည့်နေသည့် အကြည့်ကိုရွံရှာသွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက တကယ်ကို ဆွဲဆောင်မှုရှိတာပဲ.. မျက်မှောင်ကြုတ်တာတောင် အရမ်းဆွဲဆောင်မှုရှိတယ်” ချင်းချိုင့်၏ မျက်လုံးများသည် သူမအပေါ်တွင် သံမှို စွဲနေကာ ပါးစပ်ထောင့်မှ သွားရည်များ စီးကျလာသည်။

ရှီမာယူယူသည် လက်ဖြန့်လိုက်ရာ သူမ၏ လက်ဖဝါးတွင် ပုလွေတစ် ချောင်းပေါ်လာသည်။ သူမသည် ပုလွေနှင့်ကစားကာ ပြောလိုက်သည် “ရှင့်ကို ၁၀ စက္ကန့်ပေးမယ်.. အခုချက်ချင်း ကျွန်မမျက်စိရှေ့ကနေထွက်သွားပါ.. မဟုတ် ရင် သားရဲထိန်းကျောင်းဂိုဏ်းကို မျက်နှာသာမပေးဘူးဆိုပြီး အပြစ်လာမတင်နဲ့”

“အာ.. မင်းက ဒေါသထွက်တဲ့အချိန်တောင် ဆွဲဆောင်မှုရှိတာပဲ” ချင်းချိုင့် သည် မစောင့်နိုင်တော့ပေ။

အရင်တစ်ခေါက် သူမကို တွေ့ခဲ့စဉ်က ဘာမှပင်မလုပ်လိုက်ရပေ။ သူ သူမနှင့် စကားပြောရန် အခွင့်အရေးမရလိုက်ခင်မှာပင် ဝူလင်းယူ ရိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ယနေ့ သူ သူမနှင့် စကားပြောကြည့်ရာ သူမ၏ အပြုံး၊ ဒေါသထွက်ပုံများသည် သူ၏ရင်ကို ကလိကလိဖြစ်စေသည်။

သူသည် သူ့အနောက်မှလူများကို လက်ဝေ့ယမ်းပြလိုက်သည် “မင်းတို့ သွား သူမကိုဖမ်းလိုက်”

ပြီးခဲ့သည့်နှစ်လအတွင်းတွင် ရှီမာယူယူ၏ နာမည်သည် လျှို့ဝှက်ဂိုဏ်း၌ ပျံ့နေပြီဖြစ်သည်။ ချင်းချိုင့်နောက်သို့ လိုက်သူများသည် သူ၏သစ္စာတော်ခံများ ဖြစ်ကြသည်။ သူတို့သည် သူ အမိန့်ပေးလိုက်သည်နှင့် နာခံရမည်ဖြစ်သဖြင့် ချက်ချင်းပင် ရှီမာယူယူကို တိုက်ခိုက်ကြသည်။

သူတို့ မလာခင်တွင် အသက်မသေသရွေ့ ပြဿနာမရှိနိုင်ဟု ချင်းချိုင့် ပြောခဲ့သည်။ သူတို့ဒဏ်ရာရလျှင်တောင် သူသည် ဆေးသုံးပြီး ကုသပေးမည် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် စိုးရိမ်နေရန်မလိုပေ။ သူတို့သည် သူမကို ဖမ်းရုံ သာဖြစ်သည်။

သို့သော် သူတို့သည် သူမကို ထိမည်အပြုတွင် သူမမှာ ရုတ်တရက် ပျောက်သွားလေသည်။

“ရှင်တို့က ပြန်လမ်းမရှိတဲ့လမ်းကို ရွေးမိလိုက်တဲ့ပုံပဲ” သူမ၏ အသံသည် ပတ်ပတ်လည်တွင် ပဲ့တင်ရိုက်နေရာ သူမ၏ တည်နေရာကို သူတို့ အတည်မပြု နိုင်ပေ။

ထို့နောက် သာယာသောပုလွေသံစဉ်သည် သူတို့နားတွင် ဝဲလည်လည် ဖြစ်နေသည်။ သူတို့သည် သူမကို မမြင်ရပေ။ သို့သော် ပုလွေသံကို အလိုလို နားထောင်မိလျက်သားဖြစ်နေသည်။ နားထောင်ရင်းနှင့် သူတို့ ဝမ်းနည်းပြီးရင်း ဝမ်းနည်းလာသည်။ သူတို့သည် ထိန်းမရသိမ်းမရ မျက်ရည်များကျလာသည်။

“ဒီလိုအသက်ရှင်နေတော့လည်း ဘာအရေးလဲ” ချင်းချိုင့်၏ အစေခံသည် မျက်ရည်များဖြင့် စိုရွှဲနေသည်။ သူသည် ဝိညာဉ်စွမ်းအင်စုစည်းကာ ကိုယ့်ကိုယ် ကိုယ်တိုက်ခိုက်ရာ အရေပြားများကွဲပြဲပြီး မြေပေါ်သို့လဲကျသွားလေသည်။

“ငါ ဒီဘဝမှာ မကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်.. အဲလူတွေကို နှစ်သိမ့်ပေးဖို့ နည်းမရှိဘူး.. နောက်ဘဝမှပဲ ပြန်ဆပ်နိုင်တော့မယ်” နောက် အစေခံတစ်ယောက်သည် ဓားတစ်ချောင်းထုတ်ကာ သူ့ရင်ဘတ်ထဲသို့ ထိုးစိုက် လိုက်သည်။

ထို့နောက် တခြားသူများလည်း သူတို့ကိုယ်သူတို့ ထိခိုက်အောင်လုပ်ကြ လေသည်။ ချင်းချိုင့်ခေါ်လာသော လူများသည် သူမကို မထိနိုင်ခင်မှာပင် သေ သွားကြသည်။

ချင်းချိုင့်၏မျက်လုံးများသည် စတင် ဝေဝါးလာသည်။ သူကိုယ်တိုင် ဖြေရှင်းတော့မည့်ဆဲဆဲတွင် လျှို့ဝှက်လက်နက်တစ်ခုသည် သူ့လက်ထဲမှ ဓားရှည်ကို ဖယ်ရှားလိုက်သည်။

“ငါသာ မင်းဆိုရင် အဲလိုမလုပ်ဘူး” အေးစက်နေသောအသံကို ရင်းနှီး နေသည်။ ရှီမာယူယူသည် လေဟာနယ်ထဲမှထွက်လာပြီး တစ်ဖက်တောင်ထိပ် တွင် ရပ်နေသည့် ကျားနန်ရှင်းကို ကြည့်လိုက်သည်။

“ရှင့်မှာ အဲလောက် စိတ်ကောင်းရှိမယ်လို့ ထင်မထားဘူး.. သားရဲ ထိန်းကျောင်းဂိုဏ်းကလည်း အဲလိုတွေးပါ့မလားမသိဘူး” ရှီမာယူယူသည် သဲ့သဲ့ပြုံးလိုက်သည်။ သို့သော် သူမ၏မျက်လုံးတွင်တော့ ရယ်မောသည့် အရိပ်အယောင်ရှိမနေပေ။

“ငါတို့က မင်းကို ကူညီဖို့ ဒီရောက်လာတာ ကျေးဇူးမကန်းနဲ့” မုယဲ့ချီ ပြောလိုက်သည် “ဒီနှာဘူးက ဘယ်သူလဲဆိုတာ သိရဲ့လား”

“သားရဲထိန်းကျောင်းဂိုဏ်းရဲ့ ဂိုဏ်းဒုသခင်ရဲ့သားလေ.. သူက မျိုးဆက် တွေထဲက တစ်ဦးတည်းသော အမွေဆက်ခံသူလို့ ကြားတယ်” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ကျွန်မကို တပ်မက်တဲ့လူတွေဆိုရင်တော့ ဘယ်မျိုးဆက် နေနေ အဓိပ္ပာယ်မရှိဘူး”

“သူ့ကို သားရဲထိန်းကျောင်းဂိုဏ်းက မပိုင်ဘူး… သူ့အဘိုးက ဂိုဏ်းရဲ့ အကြီးအကဲကြီးပဲ.. မင်း သူ့ကိုသတ်လိုက်ရင် နောက်ဆို ပြဿနာတွေအများ ကြီးဖြစ်လာလိမ့်မယ်” မုယဲ့ချီ ပြောလိုက်သည်။

“ဂိုဏ်းက ဂိုဏ်းသားတွေရဲ့ ကိစ္စကို ဝင်မစွက်ဖက်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား.. ကြည့်ရတာ အဲဒါက နောက်ခံမရှိတဲ့လူတွေမှာပဲ အသုံးဝင် တယ်ထင်တယ်” ရှီမာယူယူ ရယ်မောလိုက်သည်။

“ဒီကမ္ဘာမှာ အကြွင်းမဲ့မျှတမှုဆိုတာ ဘာလို့ရှိနေတာလဲ” မုယဲ့ချီ ပြော လိုက်သည် “သူ့ကို သတ်လိုက်ပြီထားတော့.. သားရဲထိန်းကျောင်းဂိုဏ်းက အပြင်ပန်းတော့ ဘာမှမလုပ်ဘူး ဒါပေမဲ့ အတွင်းကနေတော့ မင်းကို သေချာ ပေါက်ပြဿနာရှာမှာပဲ.. သူတို့က မင်းကို သားရဲမပေးဘူးဆို မင်းဘယ်လိုလုပ် မှာလဲ”

“ကျွန်မက လိုနေတာလည်းမဟုတ်ဘူး” ရှီမာယူယူသည် ဂရုမစိုက်ပေ။ သားရဲထိန်းကျောင်းဂိုဏ်းက ဒီလိုမျိုးလား။ သူတို့ သားရဲ ထိန်းကျောင်းပုံကို တောင် သူမ ကြောက်သေးတယ်။

“မင်းက အသံတိုက်ခိုက်မှုကို သင်နေရတယ်ဆိုပေမဲ့ စာချုပ်သားရဲတော့ လိုသေးတာပဲ.. မင်း တစ်သက်လုံး တစ်ယောက်တည်း မတိုက်ခိုက်နိုင်ဘူး” မုယဲ့ချီ ပြောလေသည်။

“ကျွန်မက သူတို့ထိန်းကျောင်းပေးတဲ့ သားရဲကိုမလိုဘူးလို့ ပြောတာ.. ကျွန်မက စာချုပ်သားရဲမလိုဘူးလို့ ပြောတာမဟုတ်ဘူး”

“မင်းက သားရဲထိန်းကျောင်းဂိုဏ်းက လေ့ကျင့်တဲ့သားရဲကိုမလိုချင်ဘူး လား.. ဒါဆိုရင် မင်းရဲ့မရဏာသားရဲကို ဘယ်လိုလုပ်မှာလဲ”

“ထိန်းကျောင်းမှာပေါ့.. ကျွန်မက ကိုယ့်ဘာသာထိန်းကျောင်းနိုင်တယ်.. သူတို့ကို ဘာလို့တောင်းဆိုနေမှာလဲ” ရှီမာယူယူသည် လှည့်ထွက်သွားလေ သည် “ရှင်တို့က သူ့ကိုကယ်လိုက်မှတော့ သူ့ကိုပြန်ပို့လိုက်ပါ”

ပုလွေသံရပ်သွားသော်လည်း ချင်းချိုင့်သည် ထိုနေရာတွင် ငိုင်နေတုန်း ပင်။ သူမသည် သူ့ဆီသို့ လျှောက်သွားပြီး သူ့ပါးစပ်ထဲသို့ ဆေးထည့်ပေးကာ ထွက်သွားလိုက်သည်။

“သူမ သူမ သူမ…” မုယဲ့ချီသည် သူမထွက်သွားသည်ကို လက်ညှိုးထိုးပြီး အကြိမ်အနည်းငယ် ရေရွတ်လိုက်သော်လည်း စကားကိုဆုံးအောင် မပြောနိုင် ပေ။

“သူမက သားရဲထိန်းကျောင်းသခင်ပဲ ငါကြားလိုက်တယ်” ကျားနန်ရှင်း ပြောလိုက်သည်။

“သူမက ဘယ်လိုလုပ်…”

အစီအရင်သခင်ဖြစ်သည့်အပြင် သူမသည် ဝိညာဉ်ရှာဖွေသခင်ဖြစ်သည်။ ယခု သူမသည် သားရဲထိန်းကျောင်းသခင်ဖြစ်နေပြန်သည်။ သူမ မည်မျှ ယုံကြည်ချက်ရှိနေသည်ကို ကြည့်ရာတွင် သူမ၏ သားရဲထိန်းကျောင်းသည့် အဆင့်မှာလည်း မနိမ့်နိုင်ပေ။

သူတို့သည် မဖြစ်နိုင်လွန်းဟု ခံစားရသည်။ သို့သော် သူမ ပြောသည့် စကားများကို သူတို့ယုံသည်။

“အဲလိုလူတစ်ယောက်က တစ္ဆေလောကမှာ နာမည်မရှိတာတော့ မဖြစ် နိုင်ဘူး.. ငါတို့တွေ အပြင်မသွားတာကြာတော့ အပြင်မှာဘာတွေဖြစ်နေလဲဆို တာ မသိကြတာဖြစ်မယ်” ကျားနန်ရှင်း ရေရွတ်လေသည်။

သူတို့နှစ်ယောက်သည် တောင်ခြေသို့ ပျံသွားကြသည်။ ချင်းချိုင့်သည် သတိပြန်လည်မလာသေးပေ။ သူ့ဘေးပတ်ပတ်လည်မှာ အလောင်းများဖြင့် ပြည့်နေသည်။

“ဒီယူယူက ဒီကိုရောက်တာတောင် အရမ်းမကြာသေးဘဲနဲ့ သူမရဲ့ ဂီတ တိုက်ခိုက်မှုက ဘာလို့ ဒီလောက်တောင် မိုက်နေတာလဲ” မုယဲ့ချီသည် တအံ့ တဩ သက်ပြင်းချမိသည်။

သူတို့သည် ထိုလူများ သူတို့ကိုယ်သူတို့ ထိခိုက်အောင်လုပ်သည်ကို မျက်မြင်တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းသည် ကြည့်လိုက်ရုံနှင့်တင် စိုးရိမ်မှုများ ပြည့်နေသည်။ သူမသည် ဂီတဂိုဏ်းသို့ ရောက်သည်မှာ သုံးလသာရှိသေးသည်။ သို့သော် သူမ၏ အသံတိုက်ခိုက်မှုမှာ ယခုလိုအဆင့်သို့ ရောက်နေပြီဖြစ်သည်။

“မဟုတ်ဘူး သူမက အဆိပ်သုံးလိုက်တာပဲ.. ဒါက နှစ်ခုပေါင်းလိုက်လို့ ဖြစ်လာတဲ့ သက်ရောက်မှုပဲ” မုယဲ့ချီ ပြောလိုက်သည် “သွား သူ့ကိုနှိုးလိုက်ဦး”

“ဟုတ်ပြီ” မုယဲ့ချီသည် လျှောက်သွားပြီး ချင်းချိုင့်၏ မျက်နှာကိုရိုက်ပြီး သတိလည်အောင် လုပ်လိုက်သည်….

***

All Chapters