← Chapters

အဆိပ်နတ်သမီး

Vol. 145 Ch. 2019

အဆိပ်နတ်သမီး

Vol. 145 Ch. 2019

ချင်းချိုင်သတိလည်လာသည်နှင့် အသိစိတ်ပြန်ဝင်လာသည်။ သို့သော် သူသည် စိတ်ရှုပ်ထွေးနေကာ ဆက်တိုက်ရေရွတ်နေသည်။ “ကြောက်စရာကြီး ကြောက်စရာကြီး”

“ချိုင်အာ.. ဘာတွေဖြစ်နေတာလဲ” ချင်းချိုင့်၏ ဖခင်ဖြစ်သူ ချင်းရှီသည် အဖိုးတန်သားလေး ရူးသွားသည်ကို မြင်သောအခါ ရင်နာစွာဖြင့် အော်ငိုလေ သည် “ဘာတွေဖြစ်နေတာလဲ ဘာလို့ သူက ဒီလိုဖြစ်သွားတာလဲ”

သူ့ကို တွဲလာသော သားရဲထိန်းကျောင်းဂိုဏ်းမှ လူများသည်လည်း ပြန် ဖြေကြလေသည် “ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး.. အစီအရင်ဂိုဏ်းက မုယဲ့ချီနဲ့ကျားနန်ရှင်းတို့က သူ့ကိုပြန်လာပို့တာပါ”

“သခင်လေးဘေးက လူတွေကရော.. ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့ကို လာပြောခိုင်းလိုက်” ချင်းရှီသည် ချင်းချိုင့်ကိုပြန်ကြည့်ပြန်သည်။ သူ့မျက်နှာ တွင် ရူးကြောင်ကြောင်အကြည့်များ ရှိနေတုန်းပင်။ သူတကယ်ကြီး ရူးသွားတာ လား။

“သူတို့တွေ အကုန်သေပြီလို့ မုယဲ့ချီ ပြောပါတယ်”

“ဘာ.. သူတို့က ဘယ်လိုလုပ်သေကုန်တာလဲ ဘယ်သူလုပ်တာလဲ”

“သူတို့ မပြောပါဘူး.. သူတို့က သခင်လေးကိုပို့ပြီးတာနဲ့ ပြန်သွားကြတာ ပါ.. ဒါပေမဲ့ ကျွန်တော်တို့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါပြီ.. သူတို့တွေ မကြာခင် သတင်းပြန်ပို့လာပါလိမ့်မယ်”

“ရှီမာယူယူ.. အဲဒီရှီမာယူယူပဲ” ချင်းရှီသည် အဖြစ်အပျက်ကို ကြားပြီး နောက် ဒေါသတကြီး အံကြိတ်လေသည်။ သူသည် သူမကိုသတ်ရန်မစောင့်နိုင် တော့ပေ။

ချင်းချိုင့်သည် ရှီမာယူယူ၏ နာမည်ကြားသည်နှင့် ခေါင်းမှခြေဖျားအထိ တုန်ယင်လာပြီး အော်လေသည် “ကြောက်တယ် ကြောက်တယ်”

“အဂ္ဂိရတ်ဂိုဏ်းက သမားတော်တွေကို ဒီကိုပင့်ပြီး ချင်းချိုင့်ကို စစ်ကြည့် ခိုင်းလိုက်” ချင်းရှီ ဟိန်းဟောက်လေသည်။

“ကျွန်တော် လူလွှတ်လိုက်ပါပြီ.. သူတို့ မကြာခင်ရောက်ပါလိမ့်မယ်”

“ဂိုဏ်းဒုသခင်.. ရှီမာယူယူက တကယ်ပဲ ဘယ်သူလဲ.. သူမက ဂီတဂိုဏ်း ကိုရောက်တာမှ ခဏပဲရှိသေးတယ်.. ဒီလောက်အားကောင်းတဲ့ ဂီတတိုက်ခိုက် မှုကို သုံးနိုင်နေပြီလား.. သူမက ဂီတဂိုဏ်းကိုမဝင်ခင်ကတည်းက သင်ပြီးသား လား” ချင်းရှီ၏ ကိုယ်ရံတော်ပြောလေသည်။

“ငါ အဲလိုမထင်ဘူး” ချင်းရှီ စဉ်းစားကြည့်ပြီး သူ၏ ထင်မြင်ချက်ကို ငြင်း ဆန်လိုက်သည် “အရင်တစ်ခေါက် သူမ ဂီတဂိုဏ်းကိုဝင်တုန်းက သူမရဲ့ ဂီတ တိုက်ခိုက်မှုကို ငါ မြင်ခဲ့တယ်.. အကုန်လုံး အဆုံးစီရင်လောက်အောင်ထိ အားမကောင်းဘူး”

“ဒါပေမဲ့ လူတော်တော်များများ မြင်လိုက်ရတာလေ.. သူမရဲ့ အရိုးပုလွေ က လူတွေကို သတ်သေစေတာပဲ”

“သူမ သေချာပေါက် တခြားနည်းလမ်းသုံးထားတယ်” ချင်းရှီသည် အသေအချာပင် ပြောလေသည် “အလောင်းတွေရှိသေးလား.. ရှိတယ်ဆိုရင် သူတို့ကို စစ်ဆေးခိုင်းလိုက်”

“နားလည်ပါပြီ”

ထိုလူသည် အမိန့်လက်ခံပြီးသည်နှင့် ထွက်သွားရာ နောက်တစ်ယောက် ထပ်ဝင်လာသည်။

“ဂိုဏ်းဒုသခင် သမားတော်ရောက်ပါပြီ”

“မြန်မြန်ဝင်ခိုင်းလိုက်”

သမားတော်ဝတ်ရုံဝတ်ထားသည့် လူနှစ်ယောက်သည် အပြင်မှ ဝင်လာ သည်။ သူတို့သည် ချင်းရှီကိုမြင်သည်နှင့် လက်သီးဆုပ်ဖြင့် နှုတ်ဆက်လေ သည်။ သူတို့ စကားမပြောခင်မှာပင် ချင်းရှီသည် သူတို့ကို ချင်းချိုင့်ရှေ့သို့ခေါ် သွားပြီး စိုးရိမ်တကြီး ပြောလေသည် “ကြည့်ပါဦး သူဘယ်လိုနေလဲ”

မုကျိသည် သမားဂိုဏ်းမှ အကြီးအကဲ ၉ ၏ သဘောအကျဆုံးတပည့်ဖြစ် သည်။ သူ၏ ဆေးကုသမှုပညာသည် လျှို့ဝှက်ဂိုဏ်းတွင် ကျော်ကြားသည်။ သူ သည် ချင်းရှီနှင့် ဆက်ဆံရေးကောင်းသဖြင့် သူ့ကိစ္စများတွင် ကူညီရန် ခေါ်လေ့ ရှိသည်။

ပြီးခဲ့သည့်တစ်ခေါက် ချင်းရှီ မရဏာသားရဲကြောင့် ဒဏ်ရာရစဉ်ကလည်း သူ ကုသပေးခဲ့ခြင်းဖြစ်သည်။

မုကျိသည် ချင်းချိုင့်၏ အခြေအနေကို မြင်သောအခါ အနည်းငယ် အံ့ဩ သွားသည်။ ချင်းချိုင့်သည် လျှို့ဝှက်ဂိုဏ်းတွင် မကောင်းမှုများလုပ်သည်ဟု ပြော၍ရကာ သူကသာ တခြားသူများကို ဤအခြေအနေသို့ ရောက်အောင်လုပ် ခဲ့ချည်းသာဖြစ်သည်။ သူသည် ဤကဲ့သို့ ကြောက်မက်ဖွယ်အခြေအနေကို မမြင်ဖူးပေ။

“မြန်မြန် စမ်းသပ်ကြည့်ပါဦး” ချင်းရှီသည် သူ့ကိုတိုက်တွန်းလေသည်။

မိုကျိသည် ချင်းချိုင့်ကို စမ်းသပ်ပြီးနောက် ပြောလိုက်သည် “သူက အရမ်း လန့်သွားတာပဲ.. ပြိုင်ဘက်က သူ့စိတ်အတွင်းကို အကြောက်တရားရိုက်သွင်း တဲ့ နည်းလမ်းကိုသုံးသွားတာ.. ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းက မထိခိုက် ထားဘူး”

သူ၏ ခန္ဓာကိုယ်မှာ အကောင်းအတိုင်းရှိသည်ဟု ချင်းရှီ ကြားသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသည် “သူ့ခန္ဓာကိုယ် ဘာမှမဖြစ်ရင် ရပြီ သူအဆင်ပြေရင်ရပြီ”

“ဂိုဏ်းဒုသခင်.. စိတ်ချလို့မဖြစ်သေးဘူး.. ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမရှိပေမဲ့ ဒီလိုအခြေအနေဖြစ်နေတာ နည်းနည်းတော့ ပြဿနာရှိတယ်” မုကျိ ပြောလေ သည်။

“အရမ်းဆိုးလား”

“ဒါကို သေချာမကိုင်တွယ်ရင် ကိုယ်တွင်းနတ်ဆိုးဖြစ်သွားလိမ့်မယ်” မုကျိ၏ အမူအရာသည် လေးနက်နေရာ ဤအခြေအနေမှာ မည်မျှပြင်းထန် ကြောင်းကို ပြသနေသည်။

“သူက သူ့လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေတာကို မြင်ခဲ့ရုံတင်မဟုတ် ဘူးလား.. ဘယ်လိုလုပ် ဒီအခြေအနေဖြစ်သွားတာပဲ.. အရင်က ဒီ့ထက်ဆိုးတာ တောင်မြင်ဖူးခဲ့တာပဲ” ချင်းရှီသည် သူချဲ့ကားလွန်းသည်ဟု ခံစားရသည်။ ဘာလို့ ဒီလောက် ပြင်းထန်သွားတာလဲ။

“သူ့စိတ်ထဲမှာ အကြောက်တရားအမြစ်တွယ်အောင်၊ ပြိုလဲသွားအောင် တစ်ဖက်လူက အမည်မသိတဲ့ နည်းလမ်းသုံးသွားတယ်လို့ ကျွန်တော် ခုနကပဲ ပြောလိုက်တယ်လေ.. မဟုတ်ရင် ချင်းချိုင့်ရဲ့ အကျင့်နဲ့ဆို ဒီလောက်နဲ့ ကြောက် မှာမဟုတ်ဘူး” မုကျိ ရှင်းပြလေသည် “အခုတော့ သူ့ရဲ့စိတ်အတွင်းနတ်ဆိုးတွေ ကို ဖယ်ရှားဖို့ ကူညီရမယ်”

“အဲဒါ ရှီမာယူယူပဲ”

“ရှီမာယူယူ ဟုတ်လား.. သူမက ဒီကိစ္စရဲ့ နောက်ကွယ်ကလူလား”

“ဟုတ်တယ်”

“ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အတိအကျပြောပြပါဦး ပြဿနာအရင်း အမြစ်ရှာနိုင်မလားလို့ ကြည့်တာပေါ့”

ချင်းရှီသည် ယနေ့ဖြစ်ပျက်သမျှကို ပြောပြကာ ထိုလူများ အလှည့်ကျ သေသွားပုံကိုပါ ပြောပြလိုက်သည်။

“အဲတော့ သူမရဲ့ ဂီတတိုက်ခိုက်မှုက ဒီအဆင့်ထိတောင်ရောက်နေပြီလို့ ပြောတာလား.. သူမ ဂီတဂိုဏ်းကိုဝင်တာ သိပ်မကြာသေးဘူးမလား.. ပြီးတော့ သုံးလတည်းပဲရှိသေးတယ် လုယန်ကလည်း တံခါးပိတ်ကျင့်ကြံနေတာ နှစ်လ.. ဒါဆို သူမကို ဘယ်သူသင်ပေးတာလဲ”

“အမှန်ပဲ.. အဲဒါကြောင့် သူမက တခြားနည်းလမ်းသုံးတယ်လို့ ငါ ခန့်မှန်း တာ.. ချိုင့်အာရဲ့ခန္ဓာကိုယ်ထဲက ထူးခြားချက်ကို ရှာမတွေ့ဘူးလား” ချင်းရှီ မေး လိုက်သည်။

“ထူးခြားချက်လား.. အဆိပ်ကိုပြောတာလား”

“အဲဒါက ခန့်မှန်းချက်သက်သက်ပဲ”

ထိုခန့်မှန်းချက်သည် ဖြစ်နိုင်သည်ဟု မုကျိ ခံစားမိသည်။ ထို့အပြင် ရှီမာယူယူသည် ဂိုဏ်းသို့ဝင်လာသည်မှာ သိပ်မကြာသေးပေ။ ထိုလူများသည် အသိစိတ်ပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်အောင်လုပ်ရန်မှာ မလွယ်ကူ ပေ။

“ဘာမှရှာမတွေ့ဘူး” သူ ပြန်ဖြေလေသည် “ဒါပေမဲ့ ငါက အဆိပ်ပညာမှာ လည်းကျွမ်းကျင်သူမဟုတ်ဘူးလေ.. ရှာဖို့ခက်တဲ့ အဆိပ်တွေကလည်း အများ ကြီးပဲ.. ဘာလို့ အဆိပ်ဂိုဏ်းကလူကို ခေါ်ပြီး မကြည့်ခိုင်းရမှာလဲ”

ချင်းရှီသည် သူ့လူများကို ထပ်လွှတ်ပြီး အဆိပ်ဂိုဏ်းမှလူကို ဖိတ်ကြား ခိုင်းလေသည်။

လျှို့ဝှက်ဂိုဏ်းထဲတွင် ဝိညာဉ်သခင်များထက် ရုပ်ပိုင်းဆိုင်ရာ အားနည်း သည့် ပညာရပ်ကျွမ်းကျင်သူသခင်များစွာရှိသောကြောင့် သားရဲထိန်းကျောင်း ဂိုဏ်း၏ ရာထူးမှာ ဂိုဏ်းထဲတွင် သာမန်ထက် အနည်းငယ်မြင့်မားသည်။ သူတို့ မှာ စိတ်စွမ်းအင်အားကောင်းသဖြင့် သားရဲပေါင်းများစွာနှင့် စာချုပ် တည်ထောင်ကာ သူတို့ကိုယ်သူတို့ ပိုအားကောင်းရန် ပြုလုပ်နိုင်သည်။

ထို့ကြောင့်ပင် အများစုသည် သားရဲထိန်းကျောင်းဂိုဏ်းကို တလေးတစား ရှိကြသည်။

ရောက်လာသူမှာ အိုးယွိလင်ဆိုသူဖြစ်သည်။ သူမသည် အဆိပ်ဂိုဏ်း၏ အမျိုးသမီးပညာရှင်ဖြစ်ပြီး ချင်းရှီနှင့် ဆက်ဆံရေးမဆိုးလှပေ။ ချင်းရှီသည် သူမ ကို လူလွှတ်ပြီးခေါ်ခိုင်းသောကြောင့် ရောက်လာခြင်းဖြစ်သည်။

“ရှင့်ကလေးက ကြောက်နေတယ်လို့ကြားတယ်.. ကြောက်နေရင်လည်း သူ့ကို နှစ်သိမ့်ဖို့လူသွားရှာတာမဟုတ်ဘူး.. ဘာလို့ ကျွန်မကို ခေါ်နေတာလဲ.. ကျွန်မက ကလေးရောဂါကို မကုတတ်ဘူး” သူမ၏ နီရဲနေသော ပုံရိပ်သည် ဝင်လာသည်နှင့် ပြောလေသည်။

“တကယ်ပဲ အဲလိုသာဆိုရင် မင်းကိုရှာမနေဘူး” ချင်းရှီ ပြောလေသည် “မင်းကို ကြည့်ခိုင်းဖို့ ဖိတ်တာ.. ချိုင့်အာရဲ့ ခန္ဓာကိုယ်မှာ အဆိပ်သုံးထားတာရှိ လား”

“သူ အဆိပ်မိထားတာလား”

“ဒီအတိုင်း မှန်းကြည့်ထားရုံပဲ မုကျိလည်း စစ်ကြည့်ပြီးပြီ ဒါပေမဲ့ ဘာမှ မတွေ့ဘူး”

“မုကျိကလည်း အဆိပ်နဲ့ရင်းနှီးတာပဲ ဒါပေမဲ့ ဘာမှရှာမတွေ့ဘူးလား”

“မတွေ့ဘူး”

“ဒါဆို သူ အဆိပ်မိတယ်လို့ ဘာလို့သံသယဝင်တာလဲ”

ချင်ရှီသည် သူ၏ခန့်မှန်းချက်ကို ရှင်းပြရာ အိုးယွိလင်သည် ရှီမာယူယူကို စိတ်ဝင်စားလာသည်။

“ဂိုဏ်းကို ဝင်တာမကြာသေးတဲ့ ကလေးပဲ.. ဒါပေမဲ့ သူမက ရှင့်အတွက် အရေးပါအောင်လုပ်ခဲ့တာပဲ.. အဲလိုဆိုတော့လည်း ကြည့်ပေးရတာပေါ့”

သူမသည် ချင်းချိုင့်ဘက်သို့ သွားလိုက်ရာ သူ၏ အသိစိတ်လွတ်နေသည့် အကြည့်မှာ အမှန်တကယ်ပင် အရင်ကနှင့်မတူ ထူးခြားနေသည်။ သူမသည် ချင်းချိုင့်၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် မျက်ခုံးပင့်မိသည်။

သူမ စိတ်ဝင်စားသည့်အခါတွင် ဤကဲ့သို့ပြုမူတတ်ကြောင်းကို အားလုံး သိကြသည်။

“ဘယ်လိုနေလဲ”

“ရှင် မှန်းတာမှန်တယ်.. သူက အဆိပ်မိထားတာပဲ.. တကယ်တော့ နှစ်ခု ပဲ.. တစ်ခုက သူ့အသိစိတ်ပျောက်သွားစေတာ.. နောက်တစ်ခုကတော့…”

***

All Chapters