သွေးဆာခြင်း
Vol. 145 Ch. 2020
“နောက်တစ်ခုကဘာလဲ” ချင်းရှီသည် သူမ စကားမပြောတော့သည်ကို မြင်သောအခါ မေးလိုက်သည်။
“နောက်တစ်ခုက.. ကျွန်မမှန်းတာမှန်မယ်ဆို.. ရှင့်ကလေးက သူ့ရဲ့ ညီလေးကို နောက်ထပ် ပြန်အသက်ဝင်အောင်လုပ်လို့ရတော့မှာမဟုတ်ဘူး”
“ညီလေးကို အသက်ဝင်အောင်လုပ်လို့ရမှာမဟုတ်ဘူး ဟုတ်လား.. မင်း ပြောတာာက… သူက ဖိုမဆက်ဆံလို့မရတော့တာလား” ချင်းရှီ၏ သူငယ်အိမ် များ နစ်ဝင်သွားသည် “အဲဒါကို ကုလို့ရမလား”
“ဒီအဆိပ်က အရမ်းထူးဆန်းတယ်.. အခုလိုအချိန်မှာ ကုလို့ရပါ့မလား မသိသေးဘူး” အိုးယွိလင်သည် မဝံ့မရဲပြောလေသည် “ဒီအဆိပ်ကို ဘယ်သူ ဖော်လဲတော့မသိဘူး.. အရမ်းထူးဆန်းတယ် ဟား တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ”
“ယွိလင် ချိုင့်အာရဲ့ အဆိပ်ကုဖို့ကို ကူညီပေးနိုင်မလား ငါ့မျိုးနွယ်မှာ မျိုးဆက်ဒါဇင်ရှိတဲ့ကြားထဲ ဆက်ခံသူက ဒီတစ်ယောက်ပဲရှိတာကို မင်းလည်း သိပါတယ် သူသာ မျိုးဆက်မပွားနိုင်ရင် ငါတို့မျိုးနွယ်တွေသေကုန်လိမ့်မယ်” ချင်းရှီသည် သူမအား အလေးအနက် တောင်းဆိုလေသည်။
“ရှင့်ကလေးသာ ဒီလိုမျိုးဆက်လုပ်နေရင် အကြီးကြီးဆုံးရှုံးရမှာ အနှေးနဲ့ အမြန်ပါလို့ ကျွန်မ အရင်ကတည်းက ပြောထားတာကြာပြီ.. ဒါပေမဲ့ ရှင်က ကျွန်မစကားတွေကို ဘယ်တုန်းကမှ စိတ်ထဲမထားဘူး” အိုးယွိလင်သည် စကားပြောလိုက်သည်နှင့် သူမ၏ စကားလုံးများသည် ထက်ရှသည် “အဲတုန်း က ကျွန်မကိုဘာပြောခဲ့လဲ.. အိုး ရှင်ပြောတာက ‘ငါ့ကလေးက လွှမ်းမိုးနိုင်တဲ့ အရည်အချင်းရှိတယ်.. သူက ဒီလိုလုပ်ရတာကိုကြိုက်မှတော့ သူကို ကစားခွင့် ပြုထားလိုက်မယ် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင်လည်း ရှင်းပေးဖို့ ငါရှိ နေတယ်’ ဆို ကြည့် အခု သူ တကယ်သေမသွားပေမဲ့ အဆိပ်မိနေပြီ.. ကျားနန်ရှင်းကြောင့်သာမဟုတ်ရင် သူ့အလောင်းကိုတောင် ဒီနေ့ပြန်ရမှာကို မဟုတ်ဘူး”
“ငါ…” ချင်းရှီသည် သူမ စကားများကြောင့် ပြောစရာစကားလုံးမဲ့သွား သည်။ အကြောင်းမှာ သူသည်လည်း အရင်က ထိုသို့တွေးခဲ့ခြင်းကြောင့်ဖြစ် သည်။ တစ်ယောက်ယောက်က သူ့ကို လုံးဝလျစ်လျူရှုလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ “ဒါတွေအကုန်လုံးက ရှီမာယူယူကြောင့်ပဲ.. သူမ ကြောင့်သာ မဟုတ်ရင် ချိုင့်အာက ဒီလိုအခြေအနေရောက်မှာမဟုတ်ဘူး”
“ကျွတ် ရှင့်ရဲ့သားက အရည်အချင်းမရှိဘဲ သူများကို သွားရန်စနေတာ လေ.. အခု ရှင်က မိန်းမငယ်လေးတစ်ယောက်ကို အပြစ်တင်ချင်နေပြီ.. ရှင့်မှာ အရှက်ရောရှိသေးရဲ့လား.. ချင်းရှီ ရှင်က တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတာပဲ” အိုးယွိလင်သည် ကြင်နာမဲ့စွာ ငေါက်ငမ်းလေသည်။ သူသည် သားရဲ ထိန်းကျောင်းဂိုဏ်း၏ ဒုသခင်ဖြစ်သော်လည်း သူမသည် ဘာကိုမှမထောက်ဘဲ ငေါက်ငမ်းရဲသည်။
ချင်းရှီသည်လည်း ထိုအချက်ကို ကောင်းကောင်းသိသည်။ သို့သော် သား ဖြစ်သူ၏ ဤအခြေအနေကိုမြင်သောအခါ အလွန်ဒေါသထွက်မိသည်။ သို့သော် အိုးယွိလင်သည် ထူးဆန်းသောစရိုက်ရှိသဖြင့် သူ အကြောင်းပြချက်ပေးမနေ တော့ပေ။ သူသာ သူမနှင့် စကားများလိုက်ပါက နောက်စက္ကန့်ပိုင်းအတွင်း ထွက်သွားနိုင်သည်။
“ဟုတ်တယ်.. နောက်ဆိုရင် သူ့ကို သေချာပညာပေးထားရမယ်” သူ ပြန် ဖြေလေသည် “သူ့အဆိပ်ကို ကုလို့ရမနိုင်လား”
“ကျွန်မကို ခုနကလည်းမေးပြီးပြီ.. မသေချာဘူးလို့လည်း ကျွန်မဖြေပြိး ပြီ.. ဒီလိုအဆိပ်ကို အရင်ကတစ်ခါမှမတွေ့ဖူးဘူး.. ပေါင်းစပ်ပုံကလည်း အရမ်း ထူးဆန်းတယ်.. ဖြေဆေးရနိုင်မလား မရနိုင်ဘူးလားဆိုတာကို နောက်ပိုင်း လေ့လာပြီးမှပဲ သိရလိမ့်မယ်” အိုးယွိလင် ပြောလေသည် “ဒါပေမဲ့ အရမ်းကြီး စိတ်ပူဖို့မလိုပါဘူး.. သူ မသေနိုင်သေးဘူး.. သူ့ကို စစ်ကြည့်ပြီးပြီ အဲတော့ အခု ဖြေဆေးရှာဖို့ ပြန်လိုက်ဦးမယ်.. ပထမအဆိပ်အတွက် ဖြေဆေးပို့ပေးလိုက်မယ် အဲဒီအဆိပ်ကို ကုသပြီးတာနဲ့ သူ့စိတ်ငြိမ်သွားအောင် ဆေးကျိုခိုင်းလိုက်ပါ.. အဲလိုဆို သူ့စိတ်ထဲက စိတ်ရိုင်းတွေရှိတော့မှာမဟုတ်ဘူး”
“ဒုတိယတစ်ခုအတွက်က…”
“ဒုတိယတစ်ခုအတွက်က ကျွန်မ လေ့လာတာအောင်မြင်ပြီး အဆိပ် ဖြေဆေးရဖို့ကိုပဲ ဆုတောင်းထားလိုက်.. ကျွန်မ မလုပ်နိုင်ရင် ဂိုဏ်းဝင်တွေကို ပြောပြလိုက်ပါမယ်.. ကျွန်မတို့ဂိုဏ်းဝင်တွေပါ အဆိပ်ဖြေဆေးမတွေ့ရင်တော့ အဆိပ်ဖြေဆေးရဖို့ ရှီမာယူယူကို သွားရှာရလိမ့်မယ်.. သူမ ရန်ငြိုးရှိဦးမလား ရှင့်သားကို ကုပေးမလားဆိုတာတော့ ရှင့်အရည်အချင်းပေါ်မှာ မူတည်လိမ့် မယ်”
အိုးယွိလင်သည် နီမြန်းနေသော မျက်နှာဖြစ်သွားသည့် ချင်းရှီကို ထားပြီး ထွက်သွားလေသည်။
“ဂိုဏ်းဒုသခင်.. ရှီမာယူယူကို ကျွန်တော်တို့….”
“အချိန်တစ်ခုလောက်တော့ သူမကို အသက်ရှင်ခွင့်ပေးလိုက်ဦး”
အဆိပ်ဂိုဏ်းသာ ဤပြဿနာကို မရှင်းနိုင်ဘဲ ရှီမာယူယူ သေသွားလျှင် ချိုင့်အာကို ကုသရန် နည်းလမ်းမရှိတော့ပေ။
အဲဒီမိန်းမယုတ်.. ချိုင့်အာ သက်သာလာတာနဲ့ သူမနဲ့ စာရင်းရှင်းရမယ်။
အိုးယွိလင် အဆိပ်ဂိုဏ်းသို့ ပြန်သွားပြီး နေ့တစ်ဝက်အကြာတွင် ဆေးပို့ လာသည်။ ချင်းချိုင့်သည် ဆေးသောက်ပြီးနောက် များစွာပြန်ကောင်းလာကာ အရင်လို စိတ်လွတ်မနေတော့ပေ။ သို့သော် သူ့မျက်လုံးထဲတွင်တော့ အကြောက်တရားများ ရှိနေတုန်းပင်။
“အဲဒီရှီမာယူယူ သူမက အရမ်းကြောက်ဖို့ကောင်းပြီး စက်ဆုပ်ဖို့ကောင်း တယ်.. မလုပ်ချင်တော့ဘူး သူမကို ထပ်သွားမရှာချင်တော့ဘူး” သူသည် ထိုပုံရိပ်ကို တွေးမိလိုက်သည်နှင့် တုန်ယင်လာသည်။
“ချိုင့်အာ.. တစ်ခုခုများမြင်ခဲ့လို့လား”
“အဖေ.. အလောင်းတွေ.. အလောင်းတွေအများကြီးပဲ.. ကျွန်တော်က အဲဒီထဲမှာ ပိတ်မိနေပြီး ဘာမှမမြင်ရဘူး.. အလောင်းတွေ အဆုံးမရှိဘူး.. အဲဒီ အလှလေးတွေက အရိုးပုံဖြစ်သွားတယ် တချို့တွေက စိတ်လွတ်ပြီး လေးဘက် ထောက်တွားသွားနေကြတယ်.. မရဏာသားရဲတွေက အဲဒီအလောင်းတွေကို စားနေကြတာ.. သူတို့တွေက ကျွန်တော့်ကိုလည်း သေလူလိုမျိုး ကျွန်တော့်နား မှာ ပတ်သွားနေကြတာ.. သူတို့က ကျွန်တော့်ကိုစားချင်နေကြတယ် အဖေ.. အဲဒီ မရဏာသားရဲတွေက အရမ်းကြောက်ဖို့ကောင်းတယ်” ချင်းချိုင့် အော်လေ သည် “သူတို့ကို မောင်းထုတ်ပေး မောင်းထုတ်ပေး”
“ချိုင့်အာ.. ဒါက သားရဲထိန်းကျောင်းဂိုဏ်းလေ.. မင်း အဲဒီကနေ ထွက် လာပြီးပြီ.. မင်းလုံခြုံတယ်.. ဘယ်မရဏာသားရဲကမှ မင်းကိုထိခိုက်အောင် မလုပ်ဘူး.. ကြည့်လေ ဒါကမင်းအိမ်ပဲ” ချင်းရှီသည် သူ့ကို အာမခံလေသည်။
ချင်းချိုင့်သည် မျက်လုံးဖွင့်ပြီး လှည့်ပတ်ကြည့်သည်။ သူ၏ အိမ်ဖြစ်သည် ကို သေချာပြီးနောက် စိတ်ငြိမ်သွားလေသည်။
“မုကျိကို စမ်းသပ်ခိုင်းလိုက်နော် ဟုတ်ပြီလား”
ချင်းချိုင့်သည် မငြင်းဆန်ပေ။ ထို့ကြောင့် မိုကျိသည် ရှေ့ထွက်ပြီး သူ့ကို စမ်းသပ်ကာ ပြောလိုက်သည် “သူ့အတွက် ဆေးတချို့ဖွင့်ပေးလိုက်မယ်.. သူ စိတ်ငြိမ်တာနဲ့ အဆင်ပြေသွားလိမ့်မယ်”
“ဟုတ်ပြီ မင်းသွားလို့ရပါပြီ”
မိုကျိထွက်သွားကာ ခဏအကြာတွင် ဆေးပို့လာသည်။ ချင်းချိုင့်သည် ဆေးသောက်ပြီးနောက် အိပ်ပျော်သွားသည်။ သို့သော် တစ်ခါတရံ အိပ်မက်ဆိုး များ မက်လေသည်။
သားရဲထိန်းကျောင်းဂိုဏ်းအဖွဲ့ဝင်များမှာ စိတ်ဆင်းရဲနေကြသော်လည်း ရှီမာယူယူသည် ကောင်းကောင်းကြီး အနားယူနေသည်။ သူမသည် မည်သူမှ နှောင့်ယှက်တော့မည့်သူ မရှိတော့သဖြင့် နောက်ဆုံးတွင် လျှို့ဝှက်ဂိုဏ်း အတွင်းတွင် အေးဆေးလမ်းလျှောက်ထွက်လေသည်။
သူမသည် လျှို့ဝှက်ဂိုဏ်းအကြောင်း မသိချင်ပေ။ နေရာသစ်တစ်ခုသို့ လာပြီးနောက် ပတ်ဝန်းကျင်နှင့် ရင်းနှီးထားမှသာ တစ်ခုခုဖြစ်လာလျှင် မည်သို့ လုပ်ရမည်ကို သိမည်ဖြစ်သည်။
သူမသည် သွားရင်းနှင့် အရင်တစ်ခေါက်နေရာသို့ ရောက်သောအခါ မြေပေါ်မှ အလောင်းများကို ရှင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သွေးများ ပင် ရှင်းလင်းနေသည်။ လေထဲတွင် လတ်ဆတ်သော သွေးညှီနံ့သာ ကျန်ရှိနေ သည်။
အင်္ကျီအစုတ်ဝတ်ထားသော အဘိုးကြီးတစ်ယောက်သည် တံမြက်စည်း ကိုင်ကာ တံမြက်စည်းလှည်းနေသည်။ သူမသည် သူ့ကိုဖြတ်ကျော်သွားဟန် အပြုတွင် ထိုအဘိုးကြီးသည် သူမကို တားလေသည်။
“ကလေး.. မင်းဘေးမှာ သေဆုံးခြင်းရောင်ဝါရှိနေတယ်” သူ ပြောလေ သည်။
“အင်း ကျွန်မ လူတချို့ကိုသတ်ခဲ့တာ” ရှီမာယူယူ ဝန်ခံလိုက်သည်။
“အဲလူတွေကို သတ်ခဲ့တာလား”
“ဟုတ်တယ်.. သူတို့က ကျွန်မကိုဖမ်းချင်နေလို့ သတ်ပစ်လိုက်တာ”
“ကလေး မင်း အဲလောက် သွေးဆာဖို့မလိုဘူး.. သူတို့က မင်းကိုဖမ်းချင်ရုံ တင်လေ.. ဘာလို့ သူတို့ကိုသတ်လိုက်တာလဲ”
“တချို့လူတွေက ကိုယ့်ကိုပြစ်မှားပေမဲ့ ပြဿနာမဖြစ်စေနိုင်လို့ ခွင့်လွှတ် ပေးလို့ရတယ်… ဒါပေမဲ့ ခွင့်လွှတ်ပေးလို့မရတဲ့လူတွေလည်းရှိတယ်.. သူတို့ကို လွှတ်ပေးလိုက်ရင် ကျားကိုတောင်ပေါ် ပြန်လွှတ်ပေးလိုက်သလိုပဲ.. နောက်ကို ပြဿနာလာရှာမှာပဲ.. အဲလိုဆိုရင် တစ်ခါတည်း အပြတ်ရှင်းထားလိုက်တာ ကောင်းတယ်”
“ဒါပေမဲ့ အသက်တွေဒါဇင်နဲ့ချီနေတာလေ”
“သူတို့က ကျွန်မလို မိန်းမငယ်လေးကို ဒါဇင်နဲ့ချီပြီး အနိုင်ကျင့်တာကိုး အဲလိုလူတွေက သေဖို့ပဲတန်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့က ကျွန်မမဟုတ်ဘဲ အားနည်းတဲ့သူသာဆိုရင် ဇာတ်လမ်းကတူတော့မှာမဟုတ် ဘူး၊ အဲအချိန်ကျရင် ဘာပြောဦးမှာလဲ.. ကျွန်မက မသန်မာလို့ အနိုင်ကျင့်ခံရဖို့ ပဲတန်တယ်လို့ ပြောမှာလား.. အဲဒါကြောင့် ကျွန်မ အဲလူတွေကိုသတ်လိုက်ရင် တောင် ဘာမှမမှားဘူး”
နင်းထျန်ရာ သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမပတ်ပတ်လည်မှ လူသတ်ရောင်ဝါသည် ခပ်ဖျော့ဖျော့သာရှိသည်။ သူမသည် ဒါဇင်မျှရှိသော လူ ကို သတ်လိုက်သည်နှင့်မတူပေ။
“ဒီကမ္ဘာကြီးက အားနည်းတဲ့သူကို အနိုင်ကျင့်တတ်တယ်.. မင်းစကား တွေက အဓိပ္ပာယ်ရှိပါတယ်.. ဒါပေမဲ့ မင်းရဲ့သွေးဆာမှုကလည်း အားပြင်းလွန်း တယ်.. မင်းရဲ့စိတ်တွင်း နတ်ဆိုးက နောက်ဆိုရင်ကိုင်တွယ်ဖို့ ခက်လိမ့်မယ်.. ဂီတဂိုဏ်းရဲ့ ဂိုဏ်းသခင်လိုမျိုးပေါ့.. သူက အဆင့်တက်ဖို့ အချိန်အကြာကြီးယူ ခဲ့ရတယ်”
“ကျွန်မက မှန်တယ်ထင်တာကိုပဲလုပ်တယ်.. ကျွန်မစိတ်အတိုင်း လိုက် သွားရင် စိတ်အတွင်းနတ်ဆိုးက ဘယ်လိုလုပ်ဖြစ်လာမှာပဲ.. ကျွန်မဆီမှာရှိရင် တောင် အဲဒီလက်ထဲကနေ ရှင်သန်နိုင်တယ်.. ကျွန်မ ပြန်ပြီးမတိုက်ခိုက်ရင် စိတ်အတွင်းနတ်ဆိုး ဖြစ်မလာခင်ကို သေသွားနိုင်တယ်”
***