အခန်း (၆၄၇-၆၄၈)
Vol. 49 Ch. 647-648
အပိုင်း ၆၄၇ - ကြာနက် ဝိညာဥ်မျိုးစေ့
ညအမှောင်က ထိခိုက်ပျက်စီးထားသော မိုးကြိုးဌာနကို လွှမ်းခြုံထားသော်လည်း မဟာအစီအရင်သည် တောက်ပလျက်ရှိသည်။ တောကြီးမျက်မည်းအတွင်း လူငယ်တစ်ယောက် ရောက်ရှိလာကာ တောင်ကြားအတွင်းမှ အိမ်တစ်လုံးထံ ချဥ်းကပ်၍ တံခါးခေါက်လိုက်သောအခါ ဆွဲဆောင်အားပြင်းပြင်း မိန်းမသံ တစ်ခု တုံ့ပြန်လာ၏။
"ဘယ်သူလဲ"
"အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံက တမန်တော်ကြီးကို နွေးထွေးမှု ယူဆောင်လာပါတယ်"
ယွမ်ရှောင်က ခပ်နောက်နောက် ပြောလိုက်သောအခါ ကျွီခနဲ တံခါးပွင့်လာ၍ ခရမ်းရောင်ဆံနွယ်များဖြင့် မိန်းမလှတစ်ယောက် ထွက်လာကာ ဆွဲခေါ်သွားသည်။
"ဖြည်းဖြည်းလုပ်ပါ"
"အချိန်မဆွဲနဲ့တော့။ ငါ တစ်နေ့လုံး စောင့်နေရတာနော်"
ချောင်ရူက မျက်စောင်းထိုး၍ နှစ်ပေါင်းများစွာ သင်းကွဲ ဖြစ်ခဲ့ရသော မိန်းမလှတစ်ယောက်၏ အထီးကျန်ခံစားချက် မည်မျှ ပြင်းထန်ကြောင်း ပြောပြလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် သူ့ကို ဆွဲဖက်ကာ မှိန်ဖျဖျ လင်းနေသော ဖယောင်းတိုင်မီးအောက်တွင် ခံစားချက်အစစ်အမှန်များ ပေါက်ကွဲထွက်ပေါ်လာ၏။
"မင်းက သိုင်းလမ်းစဥ် ကျင့်ကြံသူလား"
လှပသွယ်လျသော်လည်း သန်မာသော ခန္ဓာကိုယ်တည်ဆောက်ပုံက သူ့ကို စိတ်ဝင်စားသွားစေသည်။
"ဟုတ်တယ်"
"ကျုပ်မှာ ထူးခြားတဲ့ ကျင့်စဥ် တစ်ခု ရှိတယ်။ နှစ်ကိုယ်တူ ဆက်ဆံရေးကနေတစ်ဆင့် ကိုယ်ထဲမှာ သိုင်းမီးဖိုတစ်ခု တည်ဆောက်နိုင်ပြီး ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်လိမ့်မယ်။ ဘယ်လိုလဲ၊ ကျင့်ကြံမလား"
"ဒါဆိုရင် နှစ်ကိုယ်တူ ကျင့်ကြံဖို့ နင်က ငါ့ကို ပစ်မထားတော့ဘူးလို့ ဆိုလိုတာပေါ့"
ယွမ်ရှောင်၏ အကြံကြောင့် ချောင်ရူ၏ မျက်ဝန်းလေးများ တောက်ပသွားကာ ကျင့်ကြံခြင်းဆိုသည်မှာ နေ့စဥ်ရက်ဆက် ဇွဲရှိရှိဖြင့် လျှောက်လှမ်းရမည် မဟုတ်ပါလော။
"ဒါဆိုရင် ငါ အစွမ်းကုန် ကြိုးစားပေးမယ်"
"ဖြည်းဖြည်းလုပ်စမ်းပါ။ ကျုပ်က ဘာလို့ အရှုံးပေါ်သလို ခံစားနေရတာလဲ"
လန်ရီနှင့် ချန်ရီက အမြဲတမ်း ရှက်တတ်သူများ ဖြစ်သောကြောင့် အိပ်ရာကိစ္စများတွင် သူကချည်း ဦးဆောင်ခဲ့ရသော်လည်း လက်ရှိတွင် ချောင်ရူသည် အတင်းအကြပ် ဦးဆောင်နေခဲ့၏။
"မင်းရဲ့ မျက်နှာလှလှလေးကြောင့် ငါ အမြတ်ထွက်မှာပါ"
သူမက တခစ်ခစ် ရယ်မောလိုက်သဖြင့် အလိုက်သင့် နေလိုက်လျှင်လည်း မဆိုးဟု သူ တွေးမိသည်။ သူမက ပွင့်လင်းလွန်းပြီး အလိုဆန္ဒများကို ဖုံးကွယ်မထားတတ်သောကြောင့် အတူနေထိုင်ရသည်မှာ ဖိအားမရှိပေ။
"ငါ့ကို ချစ်သွားပြီလား"
"မချစ်သေးဘူး၊ တမန်တော်ချောင်"
"ထင်သားပဲ။ ဒီအချိန်မှာတောင် တမန်တော်ချောင်လို့ ခေါ်နေသေးတယ်"
ယွမ်ရှောင်၏ အပြင်ပန်း ရုပ်သွင်သည် နတ်ဘုရားပမာ သန့်စင်၍ ကောင်းကင်မှ ဆင်းသက်လာပုံရသော်လည်း သေမျိုးဆန်သူ ဖြစ်၏။ အကယ်၍ လောကီအာရုံ ခံစားချက်များသာ မရှိလျှင် ဤအချိန်မျိုး၌ ချောင်ရူနှင့် ပျော်ပျော်ပါးပါး ကျင့်ကြံနေမည် မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးသည် အလိုဆန္ဒများကို ဖိနှိပ်မထားဘဲ စိတ်ဆောင်ရာအတိုင်း လုပ်တတ်သောကြောင့် ဆက်ဆံရေးတစ်ခု ရှိလာခြင်း ဖြစ်၏။ ကောင်းကင်ရုံးတော်ကဲ့သို့ ဟန်ဆောင်မှုများ ပြည့်နှက်နေသော နေရာတွင် ပွင့်လင်းသူမျိုး အလွန်ရှားပါး၍ ကွယ်ရာတွင် ထင်တိုင်းကြဲကာ လူမြင်ကွင်း၌ ကျက်သရေရှိချင်ယောင်ဆောင်နေသော မိန်းများထက်စာလျှင် ပို၍ ကောင်းမွန်သည်။
ထို့ကြောင့် ယွမ်ရှောင်သည် ရှေးဟောင်း သိုင်းမီးဖို ကျင့်စဥ်ကို ချောင်ရူထံ လက်ဆင့်ကမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် သူ့အတွက်လည်း အကျိုးရှိပြီး ကိုယ်တွင်းမှ သိုင်းမီးဖို တည်ဆောက်ပုံကို အားဖြည့်ပေးကာ ချောင်ရူအတွက်မူ မခေါ်ဘဲ ရောက်လာသော ကံကောင်းမှုပင်။ အိပ်ရာအထက်တွင် ယင်ယန်စက်ဝိုင်းတစ်ခု ဖြစ်တည်လာကာ အမြှီးချင်း ချိတ်ဆက်ထားသော အဖြူအနက် ယင်ယန်ငါးနှစ်ကောင် ပုံရိပ်သည် ကျင့်ကြံသူနှစ်ယောက်ကို ကိုယ်စားပြု၏။ သူက ကျင့်စဥ်စာသားများကို ရွတ်ဆိုပြလိုက်သောအခါ ဉာဏ်ကောင်းသည့် ချောင်ရူသည် အလွယ်တကူ နားလည်သွားပြီး ချက်ချင်း အကောင်အထည်ဖော်လိုက်ရာ ဒန်တန်အတွင်း၌ မိုးကြိုးများ ယှက်သန်းနေသည့် သိုင်းမီးဖိုတစ်ခု ဖြစ်လာသည်။ အပြန်အလှန် ဆက်နွယ်မှုကြောင့် ယင်နှင့် ယန် သိုင်းမီးဖို တည်ဆောက်ပုံများ ပွတ်တိုက်မိတိုင်း ခန္ဓာကိုယ်အနှံ့ သန့်စင်သွားစေရန် လျှပ်စီးများ ဖြာထွက်လာခဲ့၏။
"ငါ့ဘဝက တကယ် ကံပေါင်းတာပဲ"
လျှပ်စီးများ လက်ခနဲ ဖြစ်၍ ခွန်အားတိုးလာသောအခါ ချောင်ရူက မျက်လုံးအဝိုင်းသားနှင့် ရေရွတ်လိုက်မိသည်။
"ဘာတွေ အဲ့လောက် ပျော်နေတာလဲ။ ဒါက အစပဲ ရှိသေးတယ်"
ယွမ်ရှောင်က အထင်သေးဟန်ဖြင့် မှတ်ချက်ချလိုက်ပြီး နှစ်ကိုယ်တူ ကျင့်ကြံရင်း သုံးရောင်ခြယ် ဆေးလုံးများကိုပါ အသုံးပြုနေ၏။ အချိန်က အကန့်အသတ် ရှိနေသောကြောင့် သူသည် ပျော်ရွှင်စရာ ခံစားချက်နှင့် ကျင့်ကြံရေး နှစ်ခုလုံးကို ပြိုင်တူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
"ချောင်ရူ၊ မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်မှာလဲ"
"ရွှေအင်မော်တယ် ပြည့်စုံခြင်းအဆင့်"
အင်မော်တယ်ပြိုင်ပွဲတွင် တိုက်ခိုက်ခဲ့ရသော အန်းယောင်က ရွှေအင်မော်တယ်နယ်ပယ် အလယ်အဆင့်ဖြစ်သောကြောင့် ချောင်ရူမှာ အဆင့်လေး အရာရှိများအနက် အသန်မာဆုံး စာရင်းဝင်ပေလိမ့်မည်။ ရွှေအင်မော်တယ် နယ်ပယ်သည် ကောင်းကင်ရုံးတော်တွင် ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာစေကာ ဆက်လက်တိုးတက်ရန် ခက်ခဲလွန်းသောကြောင့် အများစုက ရှေ့ဆက်မသွားနိုင်ဘဲ နှစ်ပေါင်းများစွာ အချိန်ကုန်ရတတ်သည်။ ယွမ်ရှောင်မှာမူ ကောင်းကင်ဖြန့်နယ်ပယ် အလယ်အဆင့်တွင်သာ ရှိနေပြီး ကျင့်ကြံဆင့်အရ ချောင်ရူအောက် နိမ့်ကျသဖြင့် ၎င်းနှစ်ကိုယ်တူ ကျင့်ကြံရေးသည် အကျိုးရှိခဲ့သည်။
သိုင်းမီးဖို တည်ဆောက်ပုံကို ချောင်ရူ၏ မိုးကြိုးစွမ်းအားများဖြင့် အားဖြည့်လိုက်သောအခါ တစ်ညတည်း ကျင့်ကြံရုံနှင့် သူက အခြေတည်အဆင့်သို့ ရောက်ရှိလာကာ ကြီးကြီးမားမား တိုးတက်ခဲ့၏။ ထို့အပြင် သူက အန်းယောင်ထံမှ ရိတ်သိမ်းလာသော ကြယ်နက် ဝိညာဥ်မျိုးစေ့ကို မူလဝိညာဥ်နှင့် ပေါင်းစပ်၍ ဝိညာဥ်လမ်းစဥ်တွင် အဆင့်သစ်တစ်ခု ရောက်ရှိလာခဲ့သည်။
"ငါ အဆင့်တက်သွားပြီ"
ချောင်ရူသည် ပင်ပန်းမှုကြောင့် မျက်လုံးများ ဝေဝါးလျက် နှုတ်ခမ်းလေးများ ခပ်ဟဟ ဖြစ်ကာ တီးတိုးရေရွတ်ခဲ့သည်။ အိပ်ရာအထက် ပြန့်ကျဲသွားသော ခရမ်းရောင် နှင်းဆီပွင့်လေးမှာ ယွမ်ရှောင်၏ လက်အတွင်း ကျဆင်းခဲ့ရသည် မဟုတ်ပါလော။
"အခြေတည်အဆင့်ကို ရောက်သွားတာလား"
"ဟုတ်တယ်။ ခဏလောက် အနားယူပြီးရင် ဆက်ပြီး ကျင့်ကြံမယ်။ မင်းနဲ့ အိပ်တာက ပူဇော်သက္ကာရတွေထက်တောင် အကျိုးရှိသေးတယ်။ ငါက သေခြင်းရှင်ခြင်း အန္တရာယ်ကြားကနေ လွတ်မြောက်လာတာဆိုတော့ ဒီလိုပျော်ရွှင်ဖို့ ထိုက်တန်တယ်မလား"
ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ သူမသည် ပြန်ဖြေရင်း ဝမ်းသာမျက်ရည်များပင် ကျဆင်းလာ၏။
"ကောင်းပြီ။ ကျုပ် လုပ်စရာရှိတာ သွားလုပ်တော့မယ်"
"မသွားပါနဲ့ဦး"
သူက ထရန် ပြင်လိုက်သော်လည်း ချောင်ရူသည် လွှတ်မပေးဘဲ လက်အစုံဖြင့် သိုင်းဖက်ထားသည်။
"သူတို့က ပူဇော်သက္ကာရ လက်ခံဖို့ ဖိအားပေးနေပြန်ပြီ"
"ငါ ရင်ခုန်မြန်နေတယ်။ နားထောင်ဦးမလား"
"ဘာကို နားထောင်ရမှာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မှ မကွာတာကို"
ယွမ်ရှောင်က သူမ၏ အဓိပ္ပါယ်မရှိသော တောင်းဆိုမှုကြောင့် ခေါင်းယမ်းကာ ငြင်းဆန်လိုက်၏။
"သွားတော့။ သွားတော့"
ထို့နောက် သူမက ဖက်ထားသည်ကို လွှတ်ပေးလိုက်ပြီး အိပ်ရာအထက်တွင် ပက်လက်လေး ကျန်ရစ်ခဲ့သည်။
"နှုတ်ဆက်ပါတယ်"
ယွမ်ရှောင် ထရပ်ပြီး တံခါးကို ညှင်သာစွာ ပိတ်၍ ထွက်ခွာသွားသောအခါ ချောင်ရူသည် မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်ရင်း ထပ်ကာတလဲလဲ ရေရွတ်နေခဲ့လေသည်။
"တစ်သက်လုံး ငါက မီးလျှံတွေကို ရင်ဆိုင်ဖို့ မကြောက်ခဲ့ဘူး။ အခုတော့ နှလုံးသားထဲမှာ ဖြစ်လာတဲ့ အချစ်မီးပွားလေးကို ကြောက်နေမိပြီ။ ဘာပဲ ဖြစ်ဖြစ်၊ ငါ့ဘဝက အလဟဿ မဟုတ်တော့ပါဘူးလေ"
အပိုင်း ၆၄၈ - ထိုက်တန်သော လမ်း
ယွမ်ရှောင် အပြင်မှ ပြန်ရောက်လာသော်ခါ ချောင်အိမ်တော်တွင် ခေါင်းကြီးကိုယ်သေးဖြင့် အမြဲတစေ ပြုံးနေတတ်သော သက်တော်ရှည် အင်မော်တယ် ရောက်နေပြီ ဖြစ်သည်။ တော်ဝင်ဘဏ္ဍာထိန်း နဂါးကျားအရှင်၏ တပည့်ဖြစ်သောကြောင့် မဟာတာအိုနယ်မြေတစ်ခုလုံး မသိသူ မရှိချေ။ သူက ယွမ်ရှောင် ပြန်အလာကို နတ်ဘုရားဂိတ်တွင် စောင့်ဆိုင်းမနေလိုသဖြင့် မိုးကြိုးဌာနအထိ ကိုယ်တိုင် လာခေါ်ခြင်း ဖြစ်ရာ ပူဇော်သက္ကာရများ လက်ခံရန် ကိစ္စအတွက် စိတ်အားထက်သန်ပုံပေါ်သည်။
"သက်တော်ရှည်ကြီးကို ကြိုဆိုပါတယ်"
ယွမ်ရှောင်က တည်ငြိမ်သော မျက်နှာထားဖြင့် နှုတ်ဆက်လိုက်ပြီး တစ်ဖက်လူမှာ အဆင့်နှစ် အရာရှိ ဖြစ်သောကြောင့် ရွှေအင်မော်တယ် အဆင့်ထက် ကျိန်းသေပေါက် မြင့်မားပေလိမ့်မည်။ သူက အဆင့်တူများကို သာသာယာယာ အနိုင်ယူနိုင်သော်လည်း ကျင့်ကြံဆင့် များစွာ ကွာခြားလျှင် ပြင်ပအကူအညီများ လိုအပ်ဆဲပင်။ သို့သော် မည်သူဖြစ်စေ၊ သူက တစ်ညအတွင်း နှစ်ကိုယ်တူကျင့်ကြံလိုက်ရုံဖြင့် အဆင့်များစွာ တိုးတက်သွားကြောင်း ခန့်မှန်းမိမည် မဟုတ်ပေ။ လက်ရှိတွင် သူက အဆင့်သုံး အရာရှိအချို့ဖြင့်ပင် ယှဥ်နိုင်နေပြီး ကောင်းကင်ရုံးတော်သို့ ရောက်သည်မှာ မကြာသေးသော်လည်း မွေးရာပါ အရည်အချင်း၌ ပြိုင်ဘက်ကင်းပေ၏။ ကိုယ်ပိုင်ဇာတ်လမ်းများဖြင့် ရောက်ရှိလာကြသော ရဲရှင်းချန်၊ လင်းချန်နှင့် လုဖန်ဆိုသည်မှာ ဖန်ဆင်းရှင်အတွက် ဖုန်မှုန့်များပင် မဟုတ်ပါလော။
ကူစုဝမ်၊ လမင်းဓားနတ်ဘုရားနှင့် သက်တော်ရှည်က သူ၏ ပြောင်းလဲမှုကို သတိပြုမိသောအခါတွင်မှ ခပ်တိုးတိုး မေးလာကြ၏။
"မနေ့ညက မင်း ဘယ်ရောက်နေတာလဲ"
"သီးခြားတစ်နေရာမှာ ကျင့်ကြံနေတာပါ"
"အကျိုးရှိခဲ့ရဲ့လား"
ကူစုဝမ်က စပ်စုလိုက်သောအခါ သူသည် ခေါင်းညိတ်၍ အတည်ပြုပေးလိုက်သောအခါ သက်တော်ရှည်မှာလည်း ရယ်ရယ်မောမောဖြင့် ချီးကျူးသည်။
"မင်းရဲ့ ပါရမီက စစ်ဧကရာဇ်ထက်တောင် ကျော်လွန်နေပြီ"
"ကျုပ်ကို သူနဲ့ နှိုင်းယှဥ်တာက စော်ကားလိုက်သလိုပဲ"
ယွမ်ရှောင်က ဤမျှ ပွင့်ပွင့်လင်းလင်း စော်ကားရဲမည်ဟု ထင်မထားသောကြောင့် သက်တော်ရှည်သည် ခဏတာ မင်သက်သွားသော်လည်း အလွယ်တကူ စကားလမ်းကြောင်း ပြောင်းခဲ့၏။
"ဒီနေ့ လာရင်းကိစ္စက မင်း ပူဇော်သက္ကာရ လက်ခံဖို့ ကူညီပေးမလို့ပါ။ မင်းလည်း ဒဏ်ရာပျောက်ပြီဆိုတော့ သွားကြမလား"
စကားပြောပြီးနောက် တက်လှမ်းလာသော သေမျိုးလောက၏ ကျင့်ကြံသူများကို ချက်ပြုတ်ရာတွင် ဖြစ်ပေါ်လာတတ်သော အပြုံးမျိုး မြင်လိုက်ရသဖြင့် ယွမ်ရှောင် မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းပါပြီ"
"မင်းတို့ကတော့ မလိုက်ရဘူး။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ငါက လုယောင်ကို ဘေးကင်းကင်းဖြစ်အောင် စောင့်ရှောက်ပြီး အကျိုးရှိရှိ ပြန်လာရဖို့ အာမခံပါတယ်"
သက်တော်ရှည်ကြီးက မုတ်ဆိတ်ကို ပွတ်သပ်၍ ကူစုဝမ်နှင့် လမင်းဓားနတ်ဘုရားကို လိုက်ခွင့်မပေးသောကြောင့် ကောင်းကင်ရုံးတော်၏ ပူဇော်သက္ကာရ လက်ခံခြင်းတွင် ကန့်သတ်ချက်များ ရှိပေလိမ့်မည်။ ထို့နောက် ရွှေတုံးသဏ္ဍာန် တည်ဆောက်ထားသော နတ်သင်္ဘောတစ်စင်း အလင်းများ တောက်ပလျက် ဆင်းသက်လာကာ မိုးကြိုးနတ်သင်္ဘောလောက် မကြီးမားသော်လည်း လူနှစ်ယောက်အတွက် နေရာအလုံအလောက် ရှိ၏။ သူက ပြုံးပြုံးရွှင်ရွှင်နှင့် ၎င်းကို မောင်းနှင်ကာ မိုးကြိုးဌာနအထက်မှ ဖြတ်သန်း၍ ကောင်းကင်သို့ မြင့်တက်သွားသည်။ မြင့်မားသော အဆောက်အအုံတစ်ခု၏ ထိပ်ဖျားတွင် မိုးကြိုးဧကရာဇ်၏ ကိုယ်ပွားကိုးယောက်သည် ၎င်း ထွက်ခွာသွားသည်ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း သတင်းပို့ အဆောင်တစ်ခုအား နတ်ဘုရားဂိတ်ထံ ပစ်ခတ်လိုက်လေသည်။
ရွှေတုံးသင်္ဘောသည် ကောင်းကင်ရှိ မီးတောက်များအကြား ပျံသန်းနေစဥ် ကုန်းပတ်ထိပ်တွင် ရပ်နေသော ယွမ်ရှောင်က တစ်နေရာသို့ ညွှန်ပြ၍ မေးခွန်းထုတ်သည်။
"ဒါက ဘယ်နေရာလဲ"
"ငါ ကြီးကြပ်ရတဲ့ တက်လှမ်းခြင်းကန်ပါ"
"တက်လှမ်းလာသူတွေကို အိုးထဲ ထည့်ပြုတ်တဲ့ နေရာမလား"
သူက ရယ်ရယ်မောမော ပြောလိုက်သောအခါ တစ်ဖက်လူသည် ပြန်လည် စနောက်ဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြကာ ဖြေကြားလိုက်၏။
"စကားပြောရင် ဆင်ခြင်ပါကွာ။ တက်လှမ်းခြင်းကန်ရဲ့ တာဝန်က မဟာတာအိုနယ်မြေကို စောင့်ရှောက်ဖို့ နတ်ဆိုးတွေကို တားဆီးရုံပါပဲ။.အခုခေတ်မှာ တက်လှမ်းလာတာက နတ်ဆိုးတွေဆိုတော့ ငါလည်း မနားရပါဘူး။ တစ်သုတ်ပြီး တစ်သုတ် ရောက်ရောက်လာကြတော့ ငါ့လို လူအိုကြီးက ပင်ပန်းတယ်"
"ဒီလောက် အလုပ်ရှုပ်နေတာတောင် ကျုပ်ကို လိုက်ပို့တာ ကျေးဇူးတင်ပါတယ်"
"ပြောစရာ မလိုပါဘူး။ မင်းလို လူငယ်ပါရမီရှင်တစ်ယောက်ကို လမ်းညွှန်ပေးရတာက အခွင့်ထူးပါပဲ။ ပထမဆုံး အကြိမ်ပြီးသွားရင် သေမျိုးတွေဆီက ပူဇော်သက္ကာရ လက်ခံတာ လွယ်ကူသွားလိမ့်မယ်"
စကားဆက်နေစဥ် ယွမ်ရှောင်သည် တက်လှမ်းခြင်းကန် ရှိရာအရပ်သို့ မေးငေါ့ပြလိုက်၏။
"တက်လှမ်းခြင်းကန်က အမြဲတမ်း ဒီလိုဆူညံနေတာပဲလား"
ထိုမေးခွန်းကြောင့် သက်တော်ရှည်ကြီးက မင်သက်သွား၍ အာရုံဖြင့် စစ်ဆေးလိုက်သောအခါ မီးတောက်များနှင့် တိုက်ခိုက်သံများကို ကြားနိုင်ခဲ့သည်။
"ပြဿနာတက်နေပြီ။ ငါ့ကို အချိန်နည်းနည်းလောက် ပေးနိုင်မလား"
"ကိစ္စမရှိဘူး။ လုပ်စရာရှိတာ လုပ်ပါ"
တက်လှမ်းခြင်းကို သူ ကြီးကြပ်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ပြဿနာလုံးဝ မတက်ဖူးသောကြောင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။ ထို့နောက် သင်္ဘောလမ်းကြောင်းက ပြောင်းလဲသွားကာ တက်လှမ်းခြင်းကန်သို့ ဦးတည်သွားသောအခါ နေရာတိုင်း ဖရိုဖရဲ ဖြစ်နေကာ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်း၏ ပတ်ဝန်းကျင်ကို ကောင်းကင်ရုံးတော်မှ အစီအရင်များဖြင့် ကာကွယ်ထားသောကြောင့် ပြင်ပရန်သူများ ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။
"ဘယ်သူက တက်လှမ်းခြင်းမှာ ပြဿနာရှာနေတာလဲ"
သက်တော်ရှည်က ယွမ်ရှောင်ကို နေခဲ့ရန် အချက်ပြပြီး သင်္ဘောအထက်မှ ခုန်ချကာ အလင်းတန်းအသွင်ဖြင့် ပြေးထွက်သွားခဲ့သည်။ ၎င်းထံ ဦးတည်သော ကျောက်စိမ်းတံတားအောက်ရှိ ရေပြင်က သွေးချင်းချင်းနီ၍ အစီအရင်များမှာလည်း ထိခိုက်ပျက်စီးနေ၏။ အဖြူရောင် ပုံရိပ်တစ်ခု ရှေ့တွင် ရေကန်တွင် တာဝန်ကျသော အရာရှိများ ရုပ်ပျက်ဆင်းပျက် လဲကျနေကာ လျှပ်စီးနှင့် မီးတောက်များကြောင့် အလောင်းပင် အကောင်းတိုင်း မကျန်ရစ်ပေ။
"သတ္တမမင်းသမီး"
ကြွေရုပ်ကလေးပမာ လှပနုနယ်သော်လည်း ကြမ်းတမ်းရက်စက်သော စစ်သုံးတူနှစ်လက် ကိုင်ဆောင်ထားသည့် မိန်းကလေး၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ ခြေမှ ခေါင်းအထိ တုန်တက်သွားခဲ့သည်။
"မင်း...မင်းက ကောင်းကင်ရုံးတော်မှာ ရှိနေတာ မဟုတ်ဘူးလား။ ဒီကို ဘယ်လို ရောက်နေတာလဲ"
သူက ထစ်ထစ်အအဖြင့် ရေရွတ်ရင်း အလန့်တကြား နောက်ဆုတ်နေခဲ့ရသည်။ အစွမ်းထက်သော ထိုက်စွေ့သူတော်စင်ပင် တစ်ဖက်လူ၏ လက်ထဲတွင် အသက်ပျောက်ခဲ့သောကြောင့် သူ့တွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိချေ။
"နင်နဲ့ တန်တဲ့လမ်းကို ပို့ပေးဖို့ သီးသန့် လာပေးတာလေ "
ရှန်ရီ၏ အသံက နူးညံ့သိမ်မွေ့၍ ချိုသာသော်လည်း သူ၏ နားထဲတွင် ကျားဟိန်းသံပမာ ကြောက်စရာကောင်းလှ၏။ စကားဆုံးသည်နှင့် တပြိုင်နက် ကျောဘက်မှ တူတစ်လက် ရုတ်တရက် ရောက်ရှိလာ၍ မိုးကြိုးပစ်ချသော အင်အားမျိုးဖြင့် သက်တော်ရှည်ကြီး၏ နောက်စိကို ဒုန်းခနဲ ရိုက်ချသွားခဲ့သည်။ သူက ရွှေရောင်ဘူးသီးတစ်လုံးအတွင်း ချက်ချင်း ပြေးဝင်၍ လှိမ့်ထွက်ကာ လွတ်မြောက်ချင်ခဲ့သော်လည်း အကြောင်းမထူးပေ။
"မင်းသမီး၊ ကျွန်တော်က လူကောင်းလေးပါ။ မသတ်ပါနဲ့"
ထိုအခိုက်အတန့်မှာပင် ကောင်းကင်မှ ဧရာမ တူချက်ကြီး ကျဆင်းလာကာ ရတနာရော လူပါ အမှုန့်ဖြစ်သည်အထိ တရစပ် ထုချသွားခဲ့သည်။ သက်တော်ရှည်အင်မော်တယ်က ဝိညာဥ်ရော ခန္ဓာကိုယ်ပါ ဖျက်ဆီးခံလိုက်ရစဥ် ရှန်ရီသည် တူနှစ်လက်ကို ဘယ်ညာစွဲကိုင်ပြီး တက်လှမ်းခြင်းကန်ရှိ အရာအားလုံး အပိုင်းအစဖြစ်သည်အထိ ရိုက်ခွဲ ချေမွနေ၏။ တိုက်ကွက်များမှ ထွက်ပေါ်လာသော မိုးကြိုးနှင့် မီးတောက်များက ရောက်လေရာရာ အပျက်အစီးပုံကြီး ဖြစ်သွားစေကာ သက်တော်ရှည်နှင့် လက်အောက်ခံများသည် ကောင်းကင်ရုံးတော်သို့ အကူအညီ မတောင်းနိုင်ခင်မှာပင် အမြစ်ပြတ် ချေမှုန်းခံလိုက်ရလေသည်။