← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 49 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 49 Ch. 649-650

အပိုင်း ၆၄၉ - ကောင်းကင်ဘုံမှ မိစ္ဆာနယ်မြေ

တိတ်ဆိတ်မှုကို သေမျိုးလောကများမှ တက်လှမ်းလာသူ နောက်တစ်စု ရောက်လာပြီး ဖြိုခွင်းလိုက်ကြသည်။ ရှေ့ရှိမြင်ကွင်းသည် မင်သက်စရာ ဖြစ်နေပြီး လှပလွန်းသော မိန်းကလေးတစ်ယောက်က သူတို့ကို အရှင်လတ်လတ် ပြုတ်ခံရမည့်ဘေးမှ ကယ်တင်ပေးလိုက်၏။ ထို့နောက် သူမသည် တူနှစ်လက်ဖြင့် အစီအရင်များကို ရိုက်ချလိုက်သောအခါ အတားအဆီး ပျောက်ကွယ်၍ မဟာတာအိုနယ်မြေ ထွက်ပေါ်လာခဲ့သည်။

"ဝင်သွားကြ။ ပြီးရင် သေမျိုးလောကတွေမှာ ဘာဖြစ်နေလဲဆိုတာ သတင်း ဖြန့်လိုက်ကြပါ။ ကြောက်စရာမရှိဘူး။ နောက်ထပ် တက်လှမ်းလာသူတွေလည်း ရောက်လာစေရမယ်"

တက်လှမ်းလာသူတိုင်းသည် သက်ဆိုင်ရာကမ္ဘာများ၏ ထိပ်သီးများ ဖြစ်သောကြောင့် စိတ်ဓာတ်ခိုင်မာ၍ မဟာတာအိုနယ်မြေတွင် နေထိုင်သူများထက် ကြမ်းကြမ်းတမ်းတမ်း ရှင်သန်လာခဲ့ရသည်။ ကွာခြားနေသည့် တစ်ခုတည်းသော အရာမှာ အရင်းအမြစ် မရှိခြင်းပင်။

"ကယ်တင်ရှင်ရဲ့ နာမည်ကို သိခွင့်ရှိမလား"

အဘိုးအိုတစ်ယောက်က စပ်စုလိုက်သော်လည်း အဖြေပြန်ရမဘဲ ထွက်သွားရန်သာ ညွှန်ကြားလိုက်သောကြောင့် တက်လှမ်းခြင်းကန် တိတ်ဆိတ်သွားတော့သည်။ ထို့နောက် သူမသည် ယွမ်ရှောင်ထံ အကြည့်ရောက်သွားကာ ဒေါသထွက်နေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ရာ နဖူးတွင် အနည်းငယ် တွန့်ကွေးသွားသည်။

"မိုးကြိုးဌာနကိစ္စက နင်နဲ့ ပတ်သက်နေတာမလား"

"မင်း ရောက်လာတာက ငါ့အတွက် ပြဿနာ ကူရှင်းပေးဖို့လား"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ရေရွတ်လိုက်ပြီး ပူဇော်သက္ကာရလမ်းညွှန် သက်တော်ရှည် အင်မော်တယ် အသတ်ခံလိုက်ရပြီဖြစ်ရာ ကြန့်ကြာသွားပေလိမ့်မည်။

"ငါမေးတာ ပြန်ဖြေစမ်းပါ။ နင်က မေးခွန်းလာထုတ်မနေနဲ့"

"အရင်ကထက် ပိုပြီး ကြမ်းလာတာပဲ"

သူမက ခပ်ပြတ်ပြတ် ငေါက်ငမ်းလိုက်သော်လည်း တစ်ဖက်လူမှာ ပို၍ ချစ်မြတ်နိုးလာဟန်ဖြင့် ကြင်နာစွာ ကြည့်နေခဲ့၏။ သူမ ဒေါသထွက်လေလေ၊ ပို၍ ချစ်စရာကောင်းလေလေ ဖြစ်နေသည် မဟုတ်ပါလော။

"တော်ပြီ။ နင်နဲ့ စကားမပြောတော့ဘူး"

"ရီအာ၊ မင်းက သုံးယောက်ပေါင်းပြီး တစ်ယောက်တည်း ဖြစ်သွားတာမလား။ ငါ့ကို ခွင့်မလွှတ်နိုင်တာလည်း သိပါတယ်။ ဒါပေမယ့် ဒီနယ်မြေရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ အတူတူ ပူးပေါင်းလိုက်ရင် မြန်မြန် ကိစ္စပြီးသွားလိမ့်မယ်"

"နင့်ကို မလိုအပ်ဘူး။ ငါ့လမ်းမှာသာ ပြဿနာ မဖြစ်စေနဲ့။ နင့်ကိုယ်ပေါ်က မိန်းမတစ်ယောက်ရဲ့ အနံ့တောင် ရနေသေးတယ်။ ဟွန့်"

လှည့်ထွက်သွားသော ကျောပြင်လေးထံ သူက တောင်းဆိုလိုက်သော်လည်း အပြတ်ငြင်းခံလိုက်ရကာ မျက်တောင်တစ်ခတ်အတွင်း သူမသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

"အနံ့က ဒီလောက်တောင် သိသာတာလားဟ။ မိုးကြိုးတမန်တော်ချောင်ကတော့ ငါ့ကို ပြဿနာ ပေးပြန်ပြီ။ ဆက်တောင်းပန်လည်း ရိုက်သတ်ခံရရုံပဲ ထင်တယ်"

ဤသို့ဖြင့် သူက သက်ပြင်းတစ်ချက်ချ၍ လက်လျှော့လိုက်စဥ် မင်းသမီးခုနစ် ရုတ်တရက် ပြန်ပေါ်လာခဲ့၏။

"ရီအာ"

"နင့်ပါးစပ်ပိတ်ထားစမ်း။ ငါက တစ်ခု သတိပေးမလို့။ လုဖန်က နားခိုရာဂိုဏ်းကို လိုချင်လို့ ကောင်းကင်ဘုံ မိစ္ဆာနယ်မြေနဲ့ ပူးပေါင်းထားတယ်"

၎င်းသည် အင်မော်တယ် ကျင့်ကြံသူ မိစ္ဆာများ၏ နယ်မြေဟု သတင်းများ ထွက်နေကာ ယွမ်ရှောင်က အနည်းငယ်သာ သိထား၍ စုံစမ်းချင်သော်လည်း သူမမှာ ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့သည်။

"နေစမ်းပါဦး။ ဝိညာဥ် ကျန်နေတာလား"

ထို့နောက် သူ၏ အကြည့်က အပျက်အစီးများကြားရှိ ကျိုးပဲ့နေသော ဘူးသီးခြောက် ရတနာထံ ကျရောက်သွား၍ ကောက်ယူလိုက်သောအခါ သက်တော်ရှည်၏ မျက်နှာကြီး ထွက်ပေါ်လာသည်။

"အကုန်ကြားလိုက်တယ်မလား"

"လုယောင်၊ ငါ့ကို အသက်ချမ်းသာပေးပါ။ ငါ မင်းတို့နဲ့ ပူးပေါင်းပါမယ်"

"ကံဆိုးတာက ကျုပ်ဟာ လုယောင် အစစ် မဟုတ်ဘူး"

"မင်း...မင်းက ဘယ်သူလဲ"

ထိုစကားကြောင့် သက်တော်ရှည်က ကြောက်စိတ်ဖြင့် ထိတ်လန့်သွားပြန်၏။

"ခင်ဗျား မေ့နေတာထင်တယ်။ အရင်တုန်းက စုံတွဲတစ်တွဲ ဒီနေရာကို တက်လှမ်းလာဖူးတယ်။ သူတို့ကို ခင်ဗျားက ချက်ပြုတ်ပြီး ပိုးကောင်အစာကျွေးချင်ပေမယ့် လွတ်မြောက်သွားတယ်"

ယွမ်ရှောင်က အေးစက်စက် ရယ်မောလိုက်သောအခါ တစ်ဖက်လူမှာ တိတ်ဆိတ်၍ ပြန်လည် စဥ်းစားကြည့်သောအခါ ဝိုးတိုးဝါးတားသာ မှတ်မိခဲ့၏။ သူ့ကိုယ်သူ တက်လှမ်းလာသူများထက် များစွာ သာလွန်သည်ဟု ထင်မှတ်ထားခဲ့သောကြောင့် ဂရုမစိုက်မိခဲ့ပေ။

"စုံတွဲထဲမှာ ယောကျ်ားလေးက လုယောင်လို့ အယောင်ဆောင်ပြီး အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ ဖြစ်လာတယ်။ မိန်းကလေးကတော့ ခင်ဗျားကို ရိုက်သတ်သွားတဲ့ သတ္တမမင်းသမီးလေ။ ဒါနဲ့ တစ်ခု ပြောရဦးမယ်။ မိုးကြိုးဌာနမှာ အရာရှိတွေ သေကုန်တာလည်း ကျုပ်လက်ချက်ပဲ"

ကံကြမ္မာလှည်းဘီး တစ်ပတ်လည်သောအခါ သက်တော်ရှည်၏ အကြွင်းအကျန် ဝိညာဥ်မှာ အပြီးတိုင် သုတ်သင်ခံလိုက်ရပြီး ယွမ်ရှောင်ကမူ နောက်ထပ်လုပ်ဆောင်ရမည်များကို အကြံထုတ်နေလိုက်သည်။ ပူဇော်သက္ကာရများ လက်မခံလျှင် ပြဿနာ ပိုကြီးလာနိုင်ကာ အညစ်အကြေးများ ပြည့်နှက်နေသော ကောင်းကင်ရုံးတော်တွင် သူက ပဝါဖြူတစ်ထည်နှယ် သိသာလွန်းနေ၏။ သူ၏ ဝှက်ဖဲများ ဖြစ်သော လနတ်သားနှင့် စစ်မင်းသမီးကို ပြင်ဆင်မပေးရသေး၍ သေမျိုးလောကများထံ ပြန်ရန်လည်း လိုအပ်နေသည်။ လျူမူမှတဆင့် အရင်းအမြစ်များစွာ ပေးပို့လိုက်သော်လည်း ပတ်ဝန်းကျင်အနေအထားကြောင့် မူလကိုယ်ကဲ့သို့ မတိုးတက်လာနိုင်သေးချေ။ သူတို့ကို အပြင်ခေါ်ထုတ်လာရန် လိုအပ်သည့်အပြင် ကျောက်ရန်ရန်ထံ ပြန်ကြည့်ရပေလိမ့်မည်။ သူက သက်တော်ရှည်ကြီး၏ ပိုင်ဆိုင်မှုများအနက်မှ တစ်ကိုယ်ရည်သုံး လှေငယ်တစ်စင်း ထုတ်ယူကာ ၎င်းကို အသက်သွင်း၍ သေမျိုးလောကများထံ ဦးတည်ထွက်ခွာသွားတော့၏။

အသူရာဓားဂိုဏ်း၊ တိမ်ခြံဝန်းအတွင်း မွန်းလွဲပိုင်း အချိန်ရောက်ကာ အရာရာ တိတ်ဆိတ်နေသဖြင့် ကျောက်ရန်ရန်မှာ ပန်းပင်ကြီးအောက် မှေးစက်နေသည်။ လေပြေတစ်ချက်ဝှေ့သွားသောအခါ သူမက ကိုယ်သင်းနံ့ တစ်ခု ရလိုက်သောကြောင့် မျက်လုံးများ ပွင့်လာသောအခါ ယွမ်ရှောင်၏ အပြုံးနှင့် တွေ့ဆုံသွား၏။

"သွားတာတောင် မကြာသေးဘူး။ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

"အိမ်ကို လွမ်းလို့လေ။ ကလေးလေးကော ဘယ်မှာလဲ"

ယွမ်ရှောင်က အနားတွင် ဝင်ထိုင်၍ ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် ကြည့်နေသောအခါ သူမကို ခစ်ခနဲ ရယ်မောသွားစေသည်။

"ဗိုက်ထဲကတောင် ထွက်မလာသေးဘူးဟဲ့။ မင်းက ဘာတွေ အရေးကြီးနေတာလဲ။ ကိုယ်တိုင်ကဖြင့် ကလေးစိတ်တောင် မပျောက်သေးဘူး"

"ကျုပ်တို့ အတူတူ နေမိရင် သူ ထိခိုက်မှာစိုးလို့ပါ"

"အပိုတွေ မပြောနဲ့။ ငါ မရှိတာတောင် မင်းအတွက် အတော်လေး ပျော်စရာတွေများပုံပဲ"

သူမကလည်း ချောင်ရူ၏ ကိုယ်သင်းနံ့ကို ရလိုက်သဖြင့် မျက်စောင်းခဲလိုက်ရာ မိန်းကလေးများ၏ အကင်းပါးမှုကြောင့် ယွမ်ရှောင် ဖြေရှင်းရခက်သွားသည်။

"ကဲပါ အခုတလော ဘာတွေကြုံခဲ့ရလဲ ပြောပါဦး။ ငါက ခြံဝန်းထဲမှာပဲ နေနေတာဆိုတော့ မင်းလောက် ခက်ခဲမှာ မဟုတ်ပါဘူး"

ယွမ်ရှောင်သည် ကျင့်ကြံရေးလောက၏ အမှောင်ဘက်ခြမ်းများနှင့် အမြဲတမ်း ရင်ဆိုင်နေရသောကြောင့် ရင်ဖွင့်စရာ လိုအပ်ပြီး ကျောက်ရန်ရန်ကသာ နားထောင်ပေးပေလိမ့်မည်။ သူမသည် လက်တွဲဖော်များအနက် ကျင့်ကြံဆင့်နိမ့်ကျသော်လည်း သူ့အတွက် မည်သူမျှ အစားထိုးမရချေ။ ကောင်းကင်ရုံးတော်တွင် ကြုံရသမျှကို သူ အမှန်အတိုင်း ပြောပြနေစဥ် တိတ်ဆိတ်စွာ နားထောင်နေရင်း သူမ၏လက်ချောင်းလေးများက ဆံပင်ကို ဖြီးသင်ပေးနေ၏။

"ဒါကြောင့် မင်းပြန်လာတာပေါ့"

"ဟုတ်ပါတယ်။ အစ်မကျောက်ရော အင်မော်တယ်နဲ့ သေမျိုး လူတန်းစားခွဲခြားမှုကို ဘယ်လိုထင်လဲ"

"မင်းက အင်မော်တယ်ဖြစ်နေပြီဆိုတော့ ငါ့ကို ဘယ်လိုထင်လဲ"

"အစ်မက အမြဲတမ်း ကျုပ်ရဲ့ လက်တွဲဖော်ပါ"

"ဒါဆိုရင် ပြီးပြီလေ။ ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ အင်မော်တယ်တွေက သေမျိုးတွေကို အနိုင်ကျင့်ဖို့ အသံကောင်းဟစ်နေတာပဲ။ အဆင့်နိမ့် ကျင့်ကြံသူဖြစ်တဲ့ ရဲကုရင်တောင် မင်းရှေ့မှာ အင်မော်တယ်ဆိုပြီး လျှောက်အော်ဖူးတယ်။ ဒီလိုအရာတွေက နေရာတိုင်းမှာ ရှိနေတဲ့ ရွံစရာတွေပါ။ ငါ့အထင်ကတော့ အားလုံးဟာ ကျင့်ကြံရေးလမ်းစဥ်ဆိုတဲ့ လှေကားတစ်ခုတည်းမှာ အထက်ကို တက်လှမ်းနေကြတာပဲ။ အပေါ် ရောက်သွားရင် အောက်ကို နှိမ်ချင်ကြတယ်။ ငါက အနှိမ်ခံရတာကို သည်းခံနိုင်ပေမယ့် လူကို တိရိစ္ဆာန်လို ဆက်ဆံတာမျိုးတော့ မရဘူး"

"ပြောတာ ကောင်းတယ်။ အင်မော်တယ်ဆိုတာတွေလည်း အကုန် အမှိုက်ကောင်တွေပါပဲ"

ယွမ်ရှောင်က ခေါင်းညိတ်၍ ကျောက်ရန်ရန်၏ စကားကို ထောက်ခံလိုက်သည်။ သူမ၏ အမြင်တွင် သေမျိုးလူသားနှင့် အင်မော်တယ်ပေါင်းဖက်၍ ကလေးရနိုင်သည်ဆိုလျှင် မျိုးနွယ်ချင်းအတူတူပင်ဖြစ်ရာ မည်သူမျှ ပို၍ မမြင့်မြတ်ပေ။ ကျင့်ကြံရေး မြင့်တက်စေရန်အတွက် လူသားအချင်းချင်း ဝါးမျိုသတ်ဖြတ်နေသည်မှာ ပြစ်တင်ရှုံ့ချစရာ ကောင်းလှ၏။ အင်မော်တယ်ဆိုသော ကျင့်ကြံသူများက ကိုယ်ကျိုးအတွက် သေမျိုးများမှာ မတူကွဲပြား၍ နိမ့်ကျသည်ဟု ကိုယ့်ကိုကိုယ်ရော သူတစ်ပါးကို ထပ်ကာတလဲလဲ လိမ်ညာနေကြသည်။

"ဒီလောကမှာ စစ်မှန်တဲ့ အင်မော်တယ်ဆိုရင် တစ်ယောက်တည်းပဲ ရှိလိမ့်မယ်"

"ဘယ်သူလဲ"

ကျောက်ရန်ရန်က ရုတ်တရက် ရေရွတ်လိုက်သောကြောင့် ယွမ်ရှောင်ကို သိချင်စိတ် ဖြစ်ပေါ်လာစေသည်။

"မင်းလေ။ ငါ့အတွက်တော့ မင်းက အမှောင်ထုကို ဖြေရှင်းပြီး စကြဝဠာကို ပြောင်းလဲပေးမယ့် အင်မော်တယ်ပဲ"

"ထားပါ။ ကျုပ်နဲ့ အစ်မကျောက်က ကလေးတောင် ရနေပြီဆိုတော့ ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့်၊ အဆုံးမှာတော့ လူသားပါပဲ"

ယွမ်ရှောင်က စကားပြောနေရင်း ရုတ်တရက် လက်ခနဲ သဘောပေါက်သွားကာ ဖန်ဆင်းရှင်ခန္ဓာကိုယ်နှင့် ကျောက်ရန်ရန် ပေါင်းဖက်၍ ကလေးရနိုင်သော အကြောင်းအရင်းကို ဖြစ်သည်။ ဖန်ဆင်းရှင် ပြန်လည်ဝင်စားသည့် အချိန်မှစတင်၍ လူသားဆန်မှုများနှင့် ခံစားချက်များ ရှိလာသောကြောင့် သူက လူသားစင်စစ်တစ်ယောက် ဖြစ်သွားခဲ့လေသည်။

အပိုင်း ၆၅၀ - အပြန်

ယွမ်ရှောင်က ပြန်လည် မထွက်ခွာလာခင် နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်နယ်မြေအထက်တွင် ရှေးဟောင်းအပျက်အစီးနယ်မြေမှ နေလပုံစံငယ်များကဲ့သို့ နယ်မြေဓာတ်လုံးတစ်ခု တပ်ဆပ်ပေးခဲ့သည်။ ၎င်းသည် အောက်ဘက်သို့ ချီစွမ်းအင်များ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ကျင့်ကြံရေးအတွက် ကောင်းမွန်စေရန် မြှင့်တင်ပေးနိုင်သဖြင့် အသူရာဓားဂိုဏ်းဖြစ်စေ၊ ကောင်းကင်နယ်မြေဖြစ်စေ သာမန်ကျင့်ကြံသူများ တက်လှမ်းနိုင်သည်အထိ တိုးတက်လာကြပေလိမ့်မည်။ မဟာတာအိုနယ်မြေရှိ အင်မော်တယ်များ ခရီးသွားလာရန်အတွက် အသုံးပြုသော အရာတစ်ခုသည် သေမျိုးလောကအတွက် အကျိုးကျေးဇူး များပြားသော ရတနာတစ်ခု ဖြစ်လာ၏။ ဥပမာအားဖြင့် ကောင်းကင်မြင့်အဆင့် ရတနာသာ ဖြစ်သော နယ်နမိတ် သတ်မှတ်ရေး နတ်အပ်သည် ပျက်စီးလုနီးပါးဖြစ်နေသော ငရဲကိုးထပ်ကမ္ဘာနှင့် အနီးအနား ကမ္ဘာပေါင်းများစွာ၏ ဟင်းလင်းပြင်ကို ထိန်းသိမ်းပေးထားနိုင်သည်။ စွမ်းအားကွာခြားချက် ကြီးမားလွန်းသဖြင့် ကောင်းကင်ရုံးတော်က သူတို့ကို ကျွန်သာသာ သဘောထားသည်မှာ အဆန်းမဟုတ်တော့ပေ။

ထို့နောက် သူသည် ငရဲကိုးထပ်ကမ္ဘာသို့ ဆက်ထွက်လာခဲ့ပြီး တစ်ချိန်က နားခိုရာဂိုဏ်း တည်နေရာတွင် နတ်အပ် မျောလွင့်လျက်ရှိသည်။ ၎င်းသည် ပျက်စီးနေသော တောတောင်ရေမြေကို ပြုပြင်ပေးရုံသာမက မရေမတွက်နိုင်သော သတ္တဝါများကို အသက်ကယ်တင်ထား၏။ အင်အားမတူညီသော နယ်မြေများအကြား လွတ်လွတ်လပ်လပ် သွားလာနိုင်သောအခါ အင်မော်တယ်များ၏ လက်အောက်တွင် သာမန်လူသားများမှာ ခေါင်းငုံ့နေရသော်လည်း အစစ်အမှန် လမ်းစဥ်တွင် မည်သူကိုမျှ ပိတ်ပင်မထားဘဲ လူတန်းစားခွဲခြားမှု မရှိပေ။ လျူမူနှင့် သခင်မယုသည် ရှေးဟောင်းကျောင်းတော်တွင် ကျောင်းအုပ်ကြီး ယုချန်၏ ဧည့်ခံမှုဖြင့် နေထိုင်ကြပြီး လက်ရှိ၌ ရှေးဟောင်းအပျက်အစီးနယ်မြေမှာလည်း ပုံမှန်ဖြစ်လာခဲ့သည်။

"လုယောင်"

ယွမ်ရှောင် ရုတ်တရက် ရောက်လာသောအခါ သခင်မယုက အလွန်ဝမ်းသာ၍ မျက်ရည်အဝဲသားဖြင့် ကြိုဆိုခဲ့၏။ သူက ကျောက်စိမ်းပုလင်းတစ်လုံးကို ချက်ချင်း ဆွဲထုတ်ကာ လျူမူထံ ကမ်းပေး၍ အကူအညီတောင်းလိုက်သည်။

"ဒီဆေးရည်ကို တာအိုကောင်းကင်အဆင့် နတ်သစ်သီးနဲ့ ဖော်စပ်ထားတာပါ။ ဒါက မျက်စိကွယ်တာကို ကုသပေးနိုင်လိမ့်မယ်။ တစ်နေ့သုံးကြိမ် တိုက်ပေးပါ"

ဆေးရည်၏အဆင့်ကြောင့် သူမက ပါးစပ်အဟောင်းသား ဖြစ်သွားကာ အလွန်ရှားပါး၍ အဆင့်နှစ် အရာရှိကြီးများသာ ပိုင်ဆိုင်နိုင်ကြောင်း သိထားသောကြောင့် ဖြစ်၏။

"ဒါကို ဘယ်ကရလာတာလဲ"

"မဟာစစ်သူကြီးရဲ့ လက်ဆောင်ပါ"

ကိုယ်ပွားမှတစ်ဆင့် သတင်းများ ရသောကြောင့် လုယောင်သည် အင်မော််တယ်ပြိုင်ပွဲ ချန်ပီယံ ဖြစ်လာကြောင်း သူတို့ သိထားသော်လည်း မိုးကြိုးဌာနတစ်ခုလုံး သုတ်သင်ပစ်လိုက်သည်ကိုမူ မသိကြပေ။ ဤဆေးသည် ယွမ်ယင်၏ အလောင်းထံမှ နှိုက်ယူလာခြင်း ဖြစ်သည်။ မျက်စိကွယ်သည်မှာ ကြာလှပြီဖြစ်သော သခင်မယုသည် အမှောင်ထုကို ကျင့်သားရနေသော်လည်း ပြန်မြင်နိုင်မည့် အခွင့်အရေး ရောက်လာသောအခါ ဝမ်းသာလွန်း၍ ဆွံ့အသွား၏။

"ကျုပ်က အခု အဆင့်လေး မိုးကြိုးတမန်တော် ဖြစ်နေပါပြီ။ မိုးကြိုးဧကရာဇ်နဲ့ မဟာစစ်သူကြီးတွေကလွဲရင် မိုးကြိုးဌာနမှာ တတိယအမြင့်ဆုံးပဲ"

ယွမ်ရှောင်၏ စကားကြောင့် သူမ ဝမ်းသာနေသော်လည်း လျူမူမှာ ဇဝေဇဝါ ဖြစ်လာခဲ့သည်။ မိုးကြိုးဌာနတစ်ခုလုံးတွင် အဆင့်မြင့် အရာရှိတစ်ရာကျော် ရှိနေသည်ဖြစ်ရာ အဆင့်လေး တမန်တော်တစ်ယောက်က ဤမျှလောက် အာဏာစက် ပြင်းထန်မည် မဟုတ်ပေ။

"ကောင်းကင်ရုံးတော်မှာ မင်း အခြေအနေ ဘယ်လိုလဲ"

"အဆင်ပြေပါတယ်"

"ဒီရတနာတွေက အလကားရတာတော့ မဟုတ်ဘူးမလား။ တကယ်က မင်းမှာ အန္တရာယ်တွေ ဝိုင်းနေပြီ"

သူမက ခပ်တိုးတိုး မေးခွန်းထုတ်၍ စိုးရိမ်တကြီး ဆက်ပြောသည်။

"ဒီလမ်းကို ဆက်လျှောက်ဖို့ ကံပါလာပြီးသားပါ။ ဘာဖြစ်ဖြစ် သေမျိုးတွေအတွက် တရားမျှတအောင် ကျုပ် တိုက်ပွဲဝင်ရလိမ့်မယ်"

"ကောင်းပြီ။ အရာအားလုံးက မြန်လွန်းလို့ ငါ လိုက်မမီတော့ဘူး။ ငါတို့ တွေ့ဖူးတာ ရက်ပိုင်းပဲ ရှိသေးတာတောင် မင်းက တိုးတက်မှု မြန်လွန်းတယ်။ တစ်နေရာရာမှာ ကြာကြာတောင် မနေနိုင်ဘူးမလား"

"ဆရာပြောတာ မှန်ပါတယ်။ ကျုပ် အခု ပြန်ရတော့မယ်"

ယွမ်ရှောင်က နှုတ်ဆက်လိုက်သောအခါ လျူမူသည် သခင်မယုကို စောင့်ရှောက်ပေးမည်ဟု ကတိပြုလိုက်၏။ သူကလည်း ကောင်းကင်ရုံးတော်ရှိ အကျင့်ပျက် ခြစားနေသော အုပ်စုကို ရှင်းလင်းပြီးလျှင် အားလုံးကို အိမ်ပြန်ခေါ်သွားမည်ဟု အာမခံလိုက်သည်။ ထိုရှင်းလင်းရေးဆိုသည်မှာ သူမ သဘောပေါက်သကဲ့သို့ ဖြစ်လျှင် ယွမ်ရှောင် ရင်ဆိုင်ရမည့် အင်အားမှာ မနည်းမနောပေ။ သေမျိုးလောကများကို ဝါးမျို၍ ကျင့်ကြံဆင့် မြင့်တက်လာသူတိုင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ရပေလိမ့်မည်။ ကံကောင်းသည်မှာ အဆင့်ခြောက်အောက် အရာရှိများက ပူဇော်သက္ကာရ လက်ခံခွင့် မရှိသောကြောင့် စည်းရုံးကာ ရဲရဲရင့်ရင့် ပူးပေါင်းလိုက်လျှင် အခွင့်အရေးတစ်ခုတော့ ရှိနိုင်ပေသည်။

တစ်ဖက်တွင် ယွမ်ရှောင်က အရင်းအမြစ်များစွာ ထောက်ပံ့ပေးခဲ့သောကြောင့် ကျောင်းအုပ်ကြီးယုမှာလည်း အဆင့်တစ်ခု ရောက်လာပြီဖြစ်ကာ အစစ်အမှန် အင်မော်တယ် ဖြစ်လာရန် မဝေးတော့ပေ။

"လန်ရီလေးရော မလိုက်လာဘူးလား။ သူ စိတ်ဆိုးအောင် လုပ်ထားတာတော့ မဟုတ်ပါဘူးနော်"

"မစိုးရိမ်ပါနဲ့။ ကျုပ် အဆင်ပြေအောင် ကြိုးစားနေပါတယ်"

လန်ရီ၏ အုပ်ထိန်းသူနှင့် မျက်နှာချင်းဆိုင်နေရသောကြောင့် သူက ပြောရဆိုရ ခက်ခဲလှသည်။

"သွား သွား။ လူငယ်တွေကတော့လေ ဒီလိုပါပဲ။ သူက ကြမ်းတမ်းပေမယ့် နှလုံးသား နူးညံ့ပါတယ်။ နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ရင် အဆင်ပြေမှာပါ"

ယုချန်က သက်ပြင်းတစ်ချက်ချ၍ နည်းလမ်းပေးလိုက်သော်လည်း လန်ရီမှာ သုံးယောက်ပေါင်း တစ်ဘဝ ဖြစ်နေကာ ကိုယ်ကျင့်စရိုက် ပြောင်းလဲနေကြောင်း စိတ်ကူးကြည့်၍ပင် ရလိမ့်မည် မဟုတ်ချေ။

ယွမ်ရှောင်က သေမျိုးလောကများမှ ထွက်ခွာလာသောအခါ ကိုယ်ပွားနှစ်ယောက်နှင့် နတ်ဆိုးဖြူကို ခေါ်ဆောင်လာပြီး မိုးကြိုးဌာန၏ ဆယ်ယောက်စီး ဓားယာဥ်းတစ်စင်းဖြင့် ခရီးဆက်ခဲ့၏။ ဓားယာဥ်အတွင်း လနတ်သားက ထောင့်တစ်နေရာတွင် ထိုင်၍ နတ်ဆိုးဖြူမှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေကာ စစ်မင်းသမီးသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေ၏။ ကပ်ဘေးမိစ္ဆာသွေးမှ တစ်ဆင့် ဆက်သွယ်နိုင်သောကြောင့် သူတို့နှစ်ယောက်ကြားတွင် အဆက်အသွယ် မပြတ်ခဲ့ပေ။ ကောက်ကြောင်းများအရ စစ်မင်းသမီးသည် ချောင်ရူထက် ပို၍ သာလွန်ပြီး လူငယ်ပီပီ ရွှင်လန်းတက်ကြွကာ ရှည်လျားသော ပေါင်တံများမှာ ထူးခြားချက် ဖြစ်၏။ သူမက ရိုင်းစိုင်းပြီး ကိုင်တွယ်ရခက်သော သွေးမိစ္ဆာတစ်ကောင် ဖြစ်သောကြောင့် ရက်အနည်းငယ် ထိန်းချုပ်မှု မရှိသည်နှင့် ရန်လိုစိတ်ရှိနေသည်မှာ မဆန်းသော်လည်း ယခု ထူးခြားနေသည်။

"ဘာဖြစ်လို့လဲ"

"နင့်ကိုယ်ပေါ်မှာ ဘယ်သူ့အနံ့ ရနေတာလဲ။ ကျောက်ရန်ရန်နဲ့ လန်ရီ မဟုတ်ဘူး"

သူမက နှုတ်ခမ်းဆူ၍ ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်သောကြောင့် ယွမ်ရှောင်မှာ ဖြေရှင်းရခက်သွားပြန်သည်။

"ကောင်းကင်ရုံးတော်က ကောင်မတွေက အရမ်းလှတယ်မလား"

"ဒါက မင်းကိစ္စလား"

သူမ သဝန်တိုနေသော်လည်း ယွမ်ရှောင်က ဘုကြည့်ကြည့်၍ ငေါက်ငမ်းလိုက်သောအခါ မျက်စောင်းထိုးနေသဖြင့် ဆွဲဖက်ခံလိုက်ရသည်။

"နင်...နင် ဘာလုပ်မလို့လဲ။ ဒီမှာ တခြားလူတွေ ရှိတယ်နော်"

သို့သော် နတ်ဆိုးဖြူက ရုတ်တရက် မြူခိုးအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသကဲ့သို့ လနတ်သားမှာလည်း မည်သည်ကိုမျှ မကြားဟန်ဖြင့် ချက်ချင်း အိပ်ပျော်သွား၏။

"တော်ပြီ၊ တော်ပြီ။ လူယုတ်မာအတွေးတွေ မတွေးနဲ့။ နင် ခိုင်းသမျှ နားထောင်ပါမယ်"

သူမက နှုတ်ခမ်းကိုက်၍ လက်လျှော့လိုက်ဟန်ဖြင့် ပခုံးတွန့်ပြသည်။

"လျှောက်တွေးမနေနဲ့။ မင်းနဲ့ လနတ်သားက သေမျိုးလောကမှာ ကျင့်ကြံရတာ နှေးလွန်းတယ်။ အခု ခေါ်လာတာက မင်းတို့အတွက် ငါ့မှာ အစီအစဥ်ရှိလို့ပဲ"

ယွမ်ရှောင်က တစ်ချက်ပြုံးကာ သူတို့ကို ခေါ်ဆောင်လာရသော အကြောင်းအရင်းကို အသိပေးလိုက်လေသည်။

All Chapters