တစ်စုံတစ်ခုကိုရှာတွေ့ခြင်
Vol. 145 Ch. 2024
ဟဲ့လန်၏ အပြုံးမှာ ခပ်ဖျော့ဖျော့ဖြစ်ရာ သူမပြုံးလိုက်သော်လည်း မျက်နှာအမူအရာပြောင်းသွားသည်ကို မည်သူမှ သတိမထားမိကြပေ။ သို့သော် ကျေနပ်သွားသည်ကိုတော့ လုယန်သိသည်။
“ဆေးဖိုအဖြစ် မီးကိုသုံးသွားတာက ဒီလိုအဆင့်ဆေးဖော်စပ်ဖို့ကတော့ တကယ်မြန်တယ်.. ဘယ်လိုလဲ ငါပြောတာမမှားဘူးမလား” သူသည် တပည့် ကြောင့် ထောင်လွှားနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“အောင်တယ်” ဟဲ့လန် ပြောလိုက်သည် “ဒါပေမဲ့ သူမက သူမရဲ့ နည်းလမ်းတွေနဲ့ အရမ်းမရင်းနှီးသေးဘူး.. ဆက်ပြီးတော့ အားစိုက်ပြီး မလေ့လာရင် သခင်ကြီးအဆင့်ထိရောက်မှာမဟုတ်ဘူး”
“အဲဒါကြောင့် မင်းကိုသင်ခိုင်းတာလေ” လုယန် ပြောလေသည်။
“ဟင်း”
ထိုအသံမှာ ရိုးရှင်းလှသော်လည်း သဘောတူလိုက်ပြီဟု ဆိုလိုခြင်းဖြစ် သည်။
ဟဲ့လန်သည် စဉ်းစားလိုက်ပြီးနောက် ပြောလေသည် “ကျွန်မ ပြန်သွား ရင် သူမကို ဝင်ခိုင်းလိုက်မယ်”
“မဖြစ်ဘူး” ထိုစကားပြောလာသူမှာ လုယန်ဖြစ်သည်။
“ဘာဖြစ်လို့လဲ” ဟဲ့လန်သည် သူ ပြောလာပြန်သဖြင့် အလွန်ပင် မပျော် တော့ပေ။
“သူမက ငါ့တပည့်လေ.. ဒါပေမဲ့ မင်းက သူမကို လူငယ်မျိုးဆက်အနေနဲ့ ဝင်စေချင်တာလား.. ဒါဆို ငါ့အဆင့်က မင်းထက် နိမ့်သွားမှာမဟုတ်ဘူးလား” လုယန်သည် သူမကို ငြင်းဆန်လေသည် “သူမကို လိုချင်ရင် မင်းခေါ်သွား.. မဟုတ်ရင် မခေါ်ရဘူး”
“လုယန် ဒီလူတော့” ဟဲ့လန်သည် ဒေါသထွက်သွားကာ လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးဖြင့် ပေါက်မိတော့မလိုဖြစ်သွားသည်။ သူမ၏ စိတ်ကူးယဉ်ဆန်လှသော ရောင်ဝါသည် ချက်ချင်းပင် ဒေါသအဖြစ်ပြောင်းသွား လေသည်။
ရှီမာယူယူပင် နှုတ်ခမ်းတွန့်မိသည်။ သူမရဲ့ ဆရာက ဘယ်လောက် စိတ်တိုဖို့ကောင်းလဲဆိုတာ အရင်က ဘာလို့မသိခဲ့တာပါလိမ့်။ မဟုတ်ရင် သူမ ရှေ့မှာမို့လို့ ဒီလိုလုပ်တယ်လို့ ပြောရမှာလား။
ရုတ်တရက် သူမ တစ်ခုခုတွေ့သွားသလို မခံစားရဘူးလား။ သူမသည် မျက်တောင်ခတ်ကာ ဘာမှဝင်မပြောရန်ဆုံးဖြတ်လိုက်သည်။
လုယန်သည် သူမ၏ ဒေါသကြောင့် ယိမ်းယိုင်သွားသော်လည်း ထိုအချက် ကိုတော့ မငြင်းဆန်ပေ။
“ဘာလုပ်မှာလဲ.. သူမကို ခေါ်မှာလား မခေါ်ဘူးလား” လုယန်၏ သဘော ထားသည် အမှန်တကယ်ပင် စိတ်ရှည်ရသည်။
“ရှင်က အတင်းကို တပည့်လက်ခံခိုင်းနေတာပဲ” ဟဲ့လန်သည် ငြင်းဆန် လေသည်။
“သူမကိုယ်တိုင်က အရည်အချင်းရှိလို့ပါ.. မင်းလက်အောက်ကလူတွေက သူမကို သင်နိုင်မှာမဟုတ်ဘူး” လုယန် ပြောလိုက်သည် “သူတို့ကို လက်ခံခိုင်း ရင်တောင် သူမက သူတို့ထက် သာသွားမှာပဲ.. အဲအချိန်ကျရင် မင်းကိုယ်တိုင် ဝင်ပါရလိမ့်မယ်.. အဲဒီဒုက္ခတွေကို ဘာလို့ကျော်ဖြတ်နေမှာလဲ”
“ရှင်က သူမကို အရမ်းယုံကြည်ချက်တွေရှိနေတာပေါ့” ဟဲ့လန်သည် သူ့ကို မယုံပေ။
“အိုး.. မင်း ငါ့ကိုမယုံရင်လည်း သူမကို မေးလိုက်လေ.. သူမက အသက် ဘယ်လောက်ရှိပြီလဲ အဆင့်ဘယ်လောက်လဲ ဘာတွေသိလဲလို့” လုယန် ပြော လိုက်သည် “ငါပြောတာတွေက ဝင်နှောက်နေတာမဟုတ်ဘူး.. သူတို့က သူမ ကို ဘာမှသင်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောတာ ပြီးတော့ တကယ်ပဲ သင်နိုင်မှာ လည်းမဟုတ်ဘူး.. သူတို့ကို သင်ခိုင်းမယ့်အစား ဒီမှာပဲ အသံတိုက်ခိုက်မှုပဲ သင် ပေးခိုင်းလိုက်တော့မယ်”
“သူမကို အဂ္ဂိရတ်ဂိုဏ်းကို ဝင်ခွင့်ပြုထားတာမဟုတ်ဘူးလား”
သူမက အသံတိုက်ခိုက်မှုကိုပဲ အာရုံစိုက်သင်တော့မယ်လို့ ပြောပြီးပြီ မဟုတ်ဘူးလား။
“မင်းက ဂိုဏ်းရဲ့အကြီးအကဲကြီးမဟုတ်ဘူးလား.. သူမက မင်းဆီက ခဏလောက် သွားသင်လို့ရတာပဲ.. မင်းအချိန်ရှိရင်လည်း ဒီကိုလာပြီး သူမကို သင်လို့ရတာပဲ”
ရှီမာယူယူသည် ခေါင်းငုံ့ထားပြီး စကတ်ကိုကြည့်နေကာ သူမကိုယ်သူမ မထင်ပေါ်ရန်သာ ကြိုးစားနေသည်။ သူမသည် ခေါင်းအနည်းငယ်မော့ပြီး အစကတည်းက ထွက်သွားခဲ့သဖြင့် နောင်တရပုံပေါ်နေသည့် ကျင်းဖူကို ချောင်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်နေကြသည်။ နှစ်ယောက် လုံး၏ အကြည့်များသည်လည်း ကူကယ်ရာမဲ့နေကြသည်။
နောက်ဆုံးတွင် ဟဲ့လန်သည် ရှီမာယူယူကို တပည့်အဖြစ်လက်ခံမည်နှင့် အဆုံးသတ်သွားသည်။ သို့သော် ဆရာတပည့် အသိအမှတ်ပြုပွဲကို တရားဝင် ရက်သတ်မှတ်ရမည်ဖြစ်ကာ ပြန်ပြီးပြင်ဆင်မှုများလုပ်ရမည်ဟု သူမ ပြောလာ သည်။
ဟဲ့လန်ထွက်သွားသည်နှင့် ကျင်းဖူသည် အမြန်ပင် ထွက်သွားလေသည်။ ရှီမာယူယူနှင့် လုယန်သာ ကျန်ခဲ့လေသည်။
“ဆရာ အကြီးအကဲ ၆ နဲ့အရမ်းရင်းနှီးတာလား” ရှီမာယူယူ မေးလိုက် သည်။
“အကြာကြီးသိလာတာပဲ”
“အိုး….”
သူမသည် ဆွဲငင်ပြီးပြန်ဖြေလိုက်ရာ သူမ၏ ဆိုလိုရင်းကို လုယန် မသိ စရာအကြောင်းမရှိပေ။ သူသည် အနည်းငယ် စိတ်ချောက်ချားစွာဖြင့် ပြောလေ သည် “သူမရဲ့ အဂ္ဂိရတ်အရည်အချင်းက ထူးချွန်တယ် မင်း…”
“ကျွန်မသိပါတယ် သူမဆီက ကောင်းကောင်းသင်ယူမှာပါ.. နောက်ဆို ရင် ဆရာ… ဆရာ့အကြောင်း ကောင်းကောင်းပြောပေးစေချင်ရင် ကျွန်မကို ပြောလိုက်ပါ.. ကျွန်မကို ဂီတသံစဉ်နည်းနည်းသင်ပေးလိုက်ရုံပါပဲ”
“ရှီမာယူယူ မင်းက တကယ်အတင့်ရဲတာပဲ” လုယန်သည် သူ၏ ဖြောင့်မတ်မှုတွင် အရာထင်သွားသည်ကို တည်ကြည်သောအမူအရာဖြင့် ဖုံးကွယ်လေသည်။
“ဆရာ ကျွန်မက အသည်းငယ်တယ် အလွယ်တကူကြောက်တတ်တယ်” ရှီမာယူယူသည် သူ့စကားများနှင့် ပြန်ပြောလေသည်။ လုယန် ဒေါသပေါက်ကွဲ တော့မည်ကို မြင်သောအခါ ပြောလေသည် “ဆရာ တခြားညွှန်ကြားစရာမရှိ တော့ရင် ကျွန်မကိုသွားခွင့်ပြုပါဦး”
လုယန်သည် တခြားစကားတစ်ခုခုကို ပြောလိုက်ချင်သော်လည်း နောက် ပြောလာမည့်စကားကို စပ်စုစွာစောင့်နေသည့် သူမကိုမြင်သောအခါ ဆက်မပြောတော့ပေ။
သူ မည်သည့်စကားကိုပင် ပြောစေကာမူ သူမအတွက် တစ်မျိုးတစ်မည် ပြောင်းသွားမည်မဟုတ်ပါလား။ ထို့ကြောင့် ဘာမှမပြောသည်က ကောင်း သည်။
“သွားတော့ သားရဲထိန်းကျောင်းဂိုဏ်းမှာ တစ်ခုခုထူးခြားရင် မင်းကို သတင်းပြောခိုင်းလိုက်မယ်”
“နားလည်ပါပြီ ဆရာ တပည့်သွားလိုက်ပါဦးမယ်”
ရှီမာယူယူသည် နီရဲပျားတချို့လွှတ်ထားခဲ့ပြီး ထွက်သွားလေသည်။ ပျားများသည် သူမကိုနှစ်ပတ်ပတ်ပျံပြီးနောက် သားရဲထိန်းကျောင်းဂိုဏ်းဘက် သို့ပျံသွားလေသည်။
သူမသည် ချင်းချိုင့် ဆေးအထောက်အကူပစ္စည်း သောက်မည်ကို တွေး ကြည့်သည်နှင့် ထိုလှပသောမြင်ကွင်းကို လက်လွတ်မခံနိုင်ပေ။
“သားရဲထိန်းကျောင်းဂိုဏ်းနဲ့ ရန်ငြိုးက အဆင်ပြေသွားပြီ၊ အိုး.. အဆင် မပြေလည်း အတူတူပဲလေ… အနည်းဆုံးတော့ ငါ အခုပျော်နေတယ်” သူမ သည် ခြံဝန်းဆီသို့ ပျော်ရွှင်စွာ ပြန်လာခဲ့လိုက်သည်။
သားရဲထိန်းကျောင်းဂိုဏ်းအတွင်းတွင် ချင်းချန်နှင့်ချင်းရှီတို့၏ မျက်နှာ များမှာ အလွန်အမင်း ဖြူဖျော့နေသည်။ သူတို့ဘေးတွင် ရပ်နေသူများသည် အသက်ပင် ရဲရဲမရှုရဲကြပေ။
အိုးယွိလင်သည် ဆေးနှစ်လုံးထုတ်ပြီး ပြောလိုက်သည် “ဒါက သူမရဲ့ နည်းလမ်းအတိုင်း ငါဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးပဲ.. ဒီနည်းလမ်းကမှန် တယ်လို့ သူမ ပြောတယ် အဲတော့ ချင်းချိုင့်ကို ဒီအတိုင်းကျွေးလိုက်ရုံပဲ”
“အဲဒါကိုလည်း စမ်းကြည့်ကြမှာလား” ချင်းရှီသည် သူ၏ကလေးကို ဤ ကဲ့သို့ လှောင်ပြောင်စရာဖြစ်သည့်အရာကို မခံစားစေချင်ပေ။
အိုးယွိလည်သည် စိတ်မကောင်းစွာပင် စားပွဲပေါ်သို့ ဆေးပုလင်းချကာ ပြောလိုက်သည် “တခြားနည်းလမ်းရှိသေးရင် ဒီနေရာထိရောက်လာပါ့မလား”
“သူ့ကိုခေါ်လာခဲ့တော့ ပြီးရင် နှစ်ပန်းကန်ပြင်…” ချင်းချန်သည် စကား ကိုပင် ဆုံးအောင်မပြောသော်လည်း ဆိုလိုရင်းကိုတော့ အားလုံးသိကြသည်။ ထို့ကြောင့် သူတို့သည် ချက်ချင်းပင် ဆီးကိုပြင်ဆင်ခိုင်းကာ ချင်းချိုင့်ကို ခေါ် ခိုင်းလိုက်သည်။
ထိုအချိန်တွင် ချင်းချိုင့်သည် သူ၏ခြံဝန်းတွင်ရှိနေကာ ကိုယ်လုံးတီး မိန်းကလေး လေးယောက်နှင့် မျက်နှာချင်းဆိုင်ထားသည်။ သို့သော် သူ၏ ညီလေးမှာ မည်သည့်လှုပ်ရှားမှုမှမပြပေ။
သူသည် ဒေါသတကြီးဖြင့် စားပွဲပေါ်မှပစ္စည်းများအားလုံးကို ဖယ်ထုတ် လိုက်သည်။ ထိုမိန်းကလေးများသည် ကြောက်လွန်းသဖြင့် မြေပေါ်သို့ ဒူးထောက်လိုက်ကြသည်။
“သွား သွားစမ်း အသုံးမကျတဲ့ အမှိုက်တွေ” သူသည် သူတို့ကို အော်ထုတ် လေသည်။
ထိုမိန်းကလေးများသည် သူသဘောအကျဆုံး ကချေသည်များဖြစ်သည်။ သူတို့ မည်သို့ပင် ပြုမူစေကာမူ သူ၏ညီလေးသည် တုံ့ပြန်ခြင်းမရှိပေ။ သူသည် ရှီမာယူယူကို သွားရှာပြီး ပြန်ပေးဆပ်ခိုင်းချင်သော်လည်း စဉ်းစားလိုက်တိုင်း တွင် သူ့စိတ်မှာ ထိုကြောက်မက်ဖွယ်မြင်ကွင်းဖြင့် ပြည့်နှက်နေပြီး ချက်ချင်း ပင် အားနည်းသွားသည်။
သို့သော် သူသည် အတိတ်မှနေ့ရက်များကို အမှန်တကယ်လွမ်းဆွတ်မိ သည်။
ကချေသည်လေးဦးသည် သူ စိတ်ပြောင်းပြီး သတ်လိုက်မည် ကြောက် သဖြင့် အမြန်ပင်ထွက်သွားကြသည်။
“သခင်လေး ဂိုဏ်းဒုသခင်နဲ့ အကြီးအကဲ ၅ တို့ပြန်လာကြာပါပြီ.. သူတို့ ကအဆိပ်ဖြေဆေးရခဲ့လို့ ခေါ်ခိုင်းလိုက်ပါတယ်” အစေခံသည် ဝင်ပေါက်မှ လာ ခေါ်လေသည်။
“သူတို့ရခဲ့ပြီလား” ချင်းချိုင့်၏ မျက်လုံးများသည် တောက်ပါလာကာ ချက်ချင်းပင် ခုံမှထခုန်လေသည်။ သူသည် ခန်းမကြီးဆီသို့ အမြန်ပြေးသွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ တံခါးသို့ဝင်လေသည် “အဖေ အဘိုး တကယ်ပဲ အဆိပ်ဖြေဆေးရလာပြီလား”
ချင်းချန်သည် မြေးဖြစ်သူကိုမြင်သောအခါ မျက်လုံးများမှာ နူးညံ့လာ သည်။ အဖြစ်အပျက်ကို တွေးမိချိန်တွင် သူသည် ရှီမာယူယူကို မုန်းတီးမိပြန် သည်။
“ချိုင့်အာ ဒါကအဆိပ်ဖြေဆေးပဲ.. ဒါက ဆေးအထောက်အကူပစ္စည်း ဆေးသောက်ပြီးရင် ဒါသောက်လိုက်.. အဆိပ်တွေရှင်းသွားလိမ့်မယ်” ချင်းချန် ပြောလေသည်။
ချင်းချိုင့်သည် လျှောက်လာပြီး ထိုင်လေသည်။ သူသည် သူ့အတွက် ပြင်ထားပေးသည့် ဆေးနှစ်လုံးနှင့် အဝါရောင်အရည်နှစ်ပန်းကန်ကိုတွေ့လေ သည်။ သူသည် အနံ့ခံပြီးနောက် မျက်မှောင်ကြုတ်လေသည် “ဒါကို အရင်က သောက်ပြီးပြီမလား ဘာလို့ ထပ်လာယူတာလဲ.. ပြီးတော့ ဒီပန်းကန်လုံးက.. ဆီးတွေလား”
“ဒါက ဆေးအထောက်အကူပစ္စည်းပဲ.. မျက်လုံးမှိတ်ပြီး အကုန်သောက် လိုက်” ချင်းရှီ ပြောလေသည်။
“အဘိုး အဖေ တကယ်ပဲ ဒါသောက်ခိုင်းတာလား။ မဖြစ်နိုင်တာ ကျွန်တော် မသောက်ဘူး ဒါသောက်မယ့်အစား သေပဲသေလိုက်မယ်”
***