← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း (၃၅၁)

ချင်-ယန်နယ်စပ်။

ချင်နိုင်ငံဘက်ခြမ်းတွင် ချင်တပ်ဖွဲ့များက ကင်းလှည့်ခြင်းမရှိပေ။ ၎င်းက နိုင်ငံတစ်ခု၏ ယုံကြည်မှုမှ လာခြင်းဖြစ်သည်။ ချင်နိုင်ငံက ယန်နိုင်ငံ ကျူးကျော်တိုက်ခိုက်လာမည်ကို ကြောက်ရွံ့ခြင်းမရှိပေ။

ယန်နိုင်ငံဘက်ခြမ်းတွင် နေ့စဉ်ကင်းလှည့်မှုများက ဆက်လက်ရှိနေသည်။ ကင်လှည့်ချိန်တိုင်းတွင် ယန်မြင်းစစ်သည် တစ်ထောင်ကျော်ပါဝင်သည်။ ချင်စစ်တပ်က တိုက်ခိုက်လာလျှင် သူတို့က မခုခံနိုင်လျှင်တောင် သတိပေးနိုင်လေသည်။

" တပ်မှူး ကျွန်တော်တို့ ဘယ်တော့ပြောင်းရွှေ့ရမှာလဲ။ ဒီနယ်စပ်မှာ ကျွန်တော်တို့ ကင်းစောင့်နေတာ လေးလနီးပါးရှိပြီ။ ချင်စစ်တပ်သာ တကယ်လှုပ်ရှားလာရင်ကျွန်တော်တို့တော့ သွားပြီပဲ။ " စစ်သည်တစ်ယောက်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

အခြားသော ယန်စစ်သည်များကလည်း စိုးရိမ်နေကြသည်။ နယ်စပ်တွင် ကင်းစောင့်ရခြင်းက ကောင်းသော တာဝန်တစ်ခုမဟုတ်ပေ။ ထို့အပြင် ချင်နိုင်ငံနှင့် နယ်စပ်တွင် စောင့်ကြပ်ရခြင်းက ပို၍ပင် ဆိုးသည်။ ချင်နိုင်ငံက ကျောက်နိုင်ငံနှင့် ဝေနိုင်ငံတို့ကို သိမ်းပိုက်ပြီးနောက် ယန်နိုင်ငံကို အချိန်မရွေး တိုက်ခိုက်လာနိုင်သည်ဟူသော ကောလဟာလများလည်း ရှိနေသည်။

" ဟူး...ဒီတာဝန်ကို အထက်က ချမှတ်ထားတာပဲ။ ငါလည်း နေ့တိုင်းစစ်ဆေးပြီး ဘယ်အချိန်မှာ အလှည့်ပြောင်းမလဲ မေးနေတာပဲ။ ဒါပေမယ့် အထက်က ဘာမှမပြောဘူး။ဒီတာဝန်ကို ဘယ်သူမှမယူချင်ကြဘူး။ " ယန်တပ်မှူးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ကင်းလှည့်နေသော ယန်စစ်သည်များက ဆွေးနွေးနေကြပြီး လူတိုင်းက သူတို့၏ မကျေနပ်ချက်များကို ပြောဆိုနေကြသည်။

သို့သော် ထိုအချိန်တွင်....

ဒုန်း ဒုန်း ဒုန်း....

မြေပြင်က ရုတ်တရက် တုန်ခါလာသည်။

" ရပ်လိုက်။ " ယန်တပ်မှူးက လက်မြှောက်လိုက်သည်။

ကင်းလှည့်နေသော မြင်းစီးစစ်သည်များက ရပ်တန့်လိုက်ကြပြီး သူတို့၏ အကြည့်က မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ မြေပြင်က ပြင်းထန်စွာ တုန်ခါနေပြီး ကျောက်စရစ်ခဲများပင် အနည်းငယ် ခုန်နေသည်။

" ချင် ချင်မြင်းစီစစ်သည်တွေ အများကြီးပဲ။ " ယန်စစ်သည်တစ်ယောက်က အော်ဟစ်လိုက်သည်။

ယန်စစ်သည်များ၏ အကြည့်က ချင်နယ်မြေဘက်သို့ ရောက်သွားကြသည်။ ကြည်လင်နေသော ကောင်းကင်အောက်တွင် သတ်ဖြတ်ခြင်းစွမ်းအားများ စုဝေးနေပုံရသည်။ အနက်ရောင်ချပ်ဝတ်နှင့် မြင်းစီးစစ်သည်များက ယန်နိုင်ငံဘက်သို့ ရူးသွပ်စွာ မောင်းနှင်လာကြသည်။ ချင်အလံများက လေနှင့်အတူ လွင့်မျောနေသည်။

" ချင်စစ်တပ်။ အဲ့ဒါ ချင်နိုင်ငံရဲ့ ပင်မမြင်းတပ်ပဲ။ သူတို့က ငါတို့ ယန်နိုင်ငံကို စစ်ကြေညာလိုက်ပြီလား။ "

" ယန်နိုင်ငံက ချီ၊ ချူတို့နဲ့ ပူးပေါင်းသွားမှာ သူတို့က မကြောက်ဘူးလား။ "

" ငါတို့ ဘာလုပ်ကြမလဲ။ ချင်စစ်သည်တွေအများကြီးပဲ။ "

" ငါတို့သူတို့ကို မတားဆီးနိုင်ဘူး။ ငါတို့ ဘာလုပ်ကြမလဲ။ "

ယန်စစ်သည်များက အလွန်ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။ သူတို့က ပြန်လည်တိုက်ခိုက်လျှင်လည်း ကိုယ်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

" မြန်မြန် နယ်စပ်စခန်းကို သွားပြီး ချင်စစ်တပ်က တိုက်ခိုက်နေပြီလို့ အကြာင်းကြားလိုက်။ ဒါမှမဟုတ် ချင်စစ်တပ်က ဘာလုပ်ချင်လဲဆိုတာ မေးကြည့်ရမလား။ " ယန်တပ်မှူးက ပြောလိုက်သည်။

ချင်မြင်းတပ်က တဖြည်းဖြည်း နီးကပ်လာပြီး မကြာမီ ယန်နယ်စပ်သို့ ရောက်လာသည်။ ထို့နောက် သူတို့က ကင်းလှည့်နေသော ယန်စစ်သည်များကို တွေ့လိုက်ရသည်။

" သတ် " ကျန်ဟန်က သူ၏ လက်ထဲမှ လှံကို မြှောက်ပြီး ဟိန်းဟောက်လိုက်သည်။

" ဟေ့ ဟေ့ ဟေ့..." ချင်စစ်သည်များ၏ ဟိန်းဟောက်သံက ကောင်းကင်ကို ပဲ့တင်ထပ်သွားသည်။ သူတို့က လေးများကို ထုတ်ပြီး ချက်ချင်း ပစ်ခတ်လိုက်ကြသည်။

" ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ "

ကောင်းကင်ပေါ်ရှိ ကျဆင်းလာသော မြားမိုးများကို မြင်လိုက်ရသဖြင့် ယန်စစ်သည်များက အလွန်ထိတ်လန့်သွားကြသည်။ ထွက်ပြေးရန်ပင် အချိန်မရဘဲ မြားမိုးက ကျဆင်းလာသည်။

မျက်စိတစ်မှိတ်အတွင်း ယန်စစ်သည်တစ်ထောင်က မြားများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အလောင်းများက မြေပြင်တွင် ပျံ့ကြဲသွားကြသည်။

" ယန်နိုင်ငံက ငါတို့ အရှင်မင်းကြီးကို လုပ်ကြံခဲ့တယ်။ ယန်နိုင်ငံကို ဖျက်ဆီးပြီး လက်စားချေကြ။ " ကျန်းဟန်က အော်ဟစ်လိုက်သည်။

" သတ် သတ် သတ်...." ချင်မြင်းစီးစစ်သည်များက ဟိန်းဟောက်လိုက်ကြသည်။ နယ်စပ်စည်းမျဉ်းကို တိုက်ရိုက်ဖြတ်ကျော်ပြီး မြားမိုးကြောင့် သေဆုံးသွားသော ယန်စစ်သည်များ၏ အလောင်းများကို နင်းခြေသွားသည်။ ချင်မြင်းစီးစစ်သည်တစ်သိန်းက ယန်နိုင်ငံအတွင်းသို့ ဒေါသတကြီး ဝင်ရောက်သတ်ဖြတ်သွားခဲ့သည်။

ယန်နယ်စပ်စခန်းတွင် သတင်းပို့ရန် ပြန်ရောက်လာသော မြင်းစီးစစ်သည်အနည်းငယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

" မြန်မြန်ခုခံကြ။ ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ ချင်နိုင်ငံက ယန်နိုင်ငံကို စစ်ကြေညာလိုက်ပြီ။ "

ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်ချိန်တွင် ထိုနယ်စပ်စခန်းက မရှိသေးပေ။ သို့သော် ကျောက်နိုင်ငံရ စစ်တပ်များ ပြန်လည်ရုတ်သိမ်းသွားပြီးနောက် ယန်ဘုရင်က ကျောက်နိုင်ငံ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် စစ်သည်တစ်သိန်းကို တပ်စွဲထားခဲ့သည်။

" ဘာ ချင်နိုင်ငံက တိုက်ခိုက်နေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချင်နိုင်ငံကို သွားတဲ့ ငါတို့ သံတမန်တွေတောင် ပြန်မရောက်သေးဘူး။ ချင်နိုင်ငံက ဘယ်လိုလုပ် ရုတ်တရက် စေလွှတ်တာလဲ။ " မြို့ကို စောင့်ကြပ်နေသော စစ်သူကြီးက ထိတ်လန့်စွာဖြင့် မေးလိုက်သည်။

" ကျွန်တော် မသိဘူး။ ဒါပေမယ့် နယ်စပ်က ကင်းလှည့်စစ်သည်တွေကို ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ ပြီးတော့ အဲ့ဒါက ချင်စစ်တပ်ရဲ့ ပင်မမြင်းတပ်ပဲ။ " ယန်စစ်သည်က ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

" မြန်မြန် ခုခံဖို့ပြင်ဆင်ကြ။ နယ်စပ်စခန်းရဲ့ တံခါးအားလုံးကို ပိတ်လိုက်။ လေးသမားတွေအားလုံး အသင့်ပြင်။ ဆူးချွန်အတားအဆီးအားလုံး တပ်ဆင်ကြ။ ပြီးတော့ မြန်မြန်စစ်ကူတောင်း။ " ယန်တပ်မှူးက ထိတ်လန့်စွာဖြင့် အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " လက်ထောက်စစ်သူကြီးက ထိတ်လန့်စွာဖြင့် ပြေးဆင်းသွားသည်။

နယ်စပ်စခန်း၏ စစ်သူကြီးက ထိတ်လန့်နေပြီး စိတ်တည်ငြိမ်မှုမရသေးပေ။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချင်နိုင်ငံက အကြောင်းမဲ့ တိုက်ခိုက်မှာမဟုတ်ဘူးလို့ အရှင်မင်းကြီးက ပြောခဲ့တာပဲ။ အခု ချင်နိုင်ငံက ဝေနိုင်ငံကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး။ သူတို့က ဘယ်လိုလုပ် စစ်တပ်စေလွှတ်နိုင်မှာလဲ။ ပြီးတော့ ငါတို့ ယန်နိုင်ငံက ချစ်ကြည်ရေးအတွက် သံတမန်အဖွဲ့တောင် စေလွှတ်ထားတာ။ သံတမန်အဖွဲ့က တစ်ခုခုဖြစ်သွားတာလား။ " ယန်စစ်သူကြီးက စိတ်ထဲမှ ပို၍ ထိတ်လန့်လာသည်။

ဒုန်း ဒုန်း ဒုန်း....

မြင်းစီးစစ်သည်တစ်သိန်းက ယန်နိုင်ငံထဲသို့ ဝင်ရောက်လာရာ နယ်စပ်စခန်းက ရူးသွပ်စွာ တုန်ခါနေပြီး ကြောက်စရာကောင်းသော ဖိအားတစ်ခုက နယ်စပ်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

" တ တကယ် ချင်မြင်းတပ်ပဲ။ သူတို့က တကယ် ငါတို့ ယန်နိုင်ငံကို တိုက်ခိုက်တာပဲ။ "

ယန်စစ်သည်များက ရှေ့မှ အရှိန်အဟုန်ဖြင့် ချီတက်လာသော ချင်မြင်းတပ်ကို ကြည့်ပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။

" ယန်လူမျိုးတွေက ငါတို့ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ခွင့်လွှတ်လို့မရနိုင်တဲ့ ရာဇဝတ်မှုပဲ။ ယန်နိုင်ငံကို ဖျက်ဆီးပြီး လက်စားချေကြ။ ယန်စစ်သည် တစ်ယောက်မှ အသက်ရှင်မချန်နဲ့။ ဒီနေ့စစ်ပွဲမှာ လက်နက်ချသူမလိုချင်ဘူး။ "

ကျန်းဟန်က ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်သည်။ ကျောက်ဖုန်း၏ လူယုံတစ်ယောက်ဖြစ်ပြီး ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ကျန်းဟန်က စစ်မြေပြင်တွင် ကြောက်ရွံ့ခြင်းမရှိပေ။

" ဟေ့ ဟေ့ ဟေ့..." ချင်မြင်းစီးစစ်သည်တစ်သိန်းက ယန်နယ်စပ်စခန်းကို ဝန်းရံပြီး ချက်ချင်း မတိုက်ခိုက်သေးပေ။ ထိုအစား ယန်နယ်စပ်တစ်ခုလုံးကို မြားမိုးများ ပစ်လွှတ်လိုက်သည်။

မြားများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး စခန်းအတွင်းရှိ ယန်စစ်သည်များက သတ်ဖြတ်ခံရမည့် သိုးကလေးများသဖွယ် ဖြစ်နေသည်။

" အား... ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ "

" စစ်သူကြီး... အား..."

မြားမိုးအောက်တွင် ယန်စစ်သည်များက ကောင်းကင်မှ ကျဆင်းလာသော မြားမိုးကြောင့် သေဆုံးသွားကြသည်။ ယခုအခါ သူတို့က ချင်စစ်တပ်၏ ပြင်းထန်သော ဒေါသကို ရင်ဆိုင်နေရသည်။

ချင်မြင်းစီးစစ်သည်များက မြားများကို ရူးသွပ်စွာ ပစ်ခတ်နေကြသည်။ ထိုချင်မြင်းတပ်တွင် ရှစ်ယောက်လျှင် တစ်ယောက်က တစ်ချိန်က မြင်းစီးမြားပစ်ပညာတွင် ကျွမ်းကျင်သော ကျောက်မြင်းစီးစစ်သည်များဖြစ်ကြသည်။

မြားများ ပစ်ခတ်ပြီးနောက်တွင် မြင်းတပ်က ယန်နယ်စပ်စခန်းသို့ တိုက်ရိုက် ချီတက်တိုက်ခိုက်ကြသည်။ ယန်နယ်စပ်စခန်းတွင် လူသတ်ပွဲက စတင်လာသည်။ ချင်မြင်းစီစစ်သည်များက ဒေါသဖြင့် ဝင်ရောက်လာကြပြီး ကရုဏာမထားဘဲ သတ်ဖြတ်ကြသည်။

အထက်ကောင်းကင်တွင် နှစ်မီတာကျော်ရှည်သော နဂါးနက်တစ်ကောင်က လေထဲတွင် ပျံသန်းနေပြီး သာမန်လူများမမြင်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအားများကို စားသုံးနေသည်။ ထိုသတ်ဖြတ်ခြင်းစွမ်းအားကို အရင်းအမြစ်က အောက်ရှိ သတ်ဖြတ်ခြင်းနယ်မြေမှ ဖြစ်သည်။

အဆုံးမရှိသော သတ်ဖြတ်ခြင်းစွမ်းအားများက နဂါးနက်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်နှင့်အမျှ နဂါးနက်၏ နတ်ဆိုးစွမ်းအားများက တိုးပွားလာပြီး ၎င်း၏ ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း ကြီးထွားလာသည်။ ထိုသတ်ဖြတ်ခြင်းစွမ်းအားက သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိသည်။

ထိုနဂါးနက်က စစ်မြေပြင်တွင် ပေါ်လာသည်ကို ကြည့်ခြင်းဖြင့် သူ၏ သခင်က အဝေးတွင်မဟုတ်သည်မှာ ထင်ရှားသည်။

ယန်နိုင်ငံ၊ ကျိမြို့။

" နယ်စပ်က အရေးပေါ်အစီရင်ခံစာ။ မြန်မြန်လမ်းဖယ်ပေး။ " အမိန့်အလံကို ကိုင်ဆောင်ထားသော ယန်စစ်သည်တစ်ယောက်က မြို့တော်ဆီသို့ စီးနှင်လာသည်။ မည်သည့်နိုင်ငံဖြစ်စေ အရေး​ပေါ်​အစီရင်ခံစာ ကိုင်ဆောင်ထားသူကို တားဆီးခြင်းမပြုကြပေ။

" နယ်စပ်က အရေးပေါ် အစီရင်ခံစာလား။ ချင်နိုင်ငံများလား။ "

" မဖြစ်နိုင်ဘူး။ ချင်နိုင်ငံက ဝေနိုင်ငံကို သိမ်းပိုက်ထားတာ ခြောက်လတောင်​မကြာသေးဘူး။ သူတို့က ရုတ်တရက် တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ "

" အဲ့ဒါအပြင် ချင်နိုင်ငံက ငါတို့ နိုင်ငံကို တိုက်ခိုက်ရင် အ​ကြောင်းပြချက်မရှိ တိုက်ခိုက်တာပဲ။ ချင်နိုင်ငံကသာ မတရားတဲ့ စစ်ပွဲကို စတင်ရင် ချီနဲ့ ချူနိုင်ငံတို့က စစ်ကူစေလွှတ်မှာပဲ။ "

" ချင်နိုင်ငံက အင်အားကြီးပေမယ့် နိုင်ငံသုံးခုပူးပေါင်းတာကို ဘယ်လိုမှမယှဉ်နိုင်ဘူး။ "

သတင်းပို့သူကို ကြည့်ပြီး ပြည်သူများက အဆက်မပြတ် ဆွေးနွေးနေကြသည်။ သူတို့အတွက်မူ ခန့်မှန်းချက် အနည်းငယ်သာ ရှိပြီး အမှန်တရားကို မသိကြပေ။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters