← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း (၃၅၄)

ယန်နိုင်ငံ၏ နယ်စပ်၊ ယွင်တုံမြို့။

မြို့က အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ယန်စစ်သည်များ၏ အလောင်းများက နေရာတိုင်းတွင် ရှိနေပြီး အဆောက်အဦးများကလည်း ပြိုကျပျက်ဆီးနေသည်။

မြို့ကို အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက စစ်ဆေးနေကြသည်။ ချင်နိုင်ငံနှင့် အနီးဆုံးဖြစ်သော ယွင်တုံမြို့က သူတို့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

" တိုက်ပွဲရလဒ်ကို စာရင်းကောက်ယူလိုက်။ ဒီစစ်ပွဲမှာ ငါတို့စစ်တပ်က လက်နက်ချသူတွေကို လက်မခံဘူး။ ယန်စစ်သည်အားလုံးကို ညှာတာမှုမရှိသတ်ပစ်ရမယ်။ " ကျန်းဟန်က မြို့ထဲသို့ မြင်းစီးဝင်လာပြီး ဘေးမှ တပ်မှူးများကို အမိန့်ပေးလိုက်သည်။

" စိတ်ချပါ စစ်သူကြီး။ စစ်သည်တိုင်းကို အမိန့်ပေးပါပြီ။ မြို့ထဲမှာ ရှင်းလင်းတာအပြင် လက်ထောက်စစ်သူကြီးကျွမ်းက စစ်သည်တွေကို ဦးဆောင်ပြီး လိုက်လံတိုက်ခိုက်နေပါတယ်။ " ဝေချွမ်က ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။

ထိုမြို့ထဲတွင် ယန်စစ်သည်ငါးသောင်းရှိသည်။ မြို့တံခါးကို ထိုးဖောက်ပြီးနောက် ထိုယန်စစ်သည်များကလည်း ကျဆုံးသွားခဲ့သည်။ ထွက်ပြေးသွားသော လူများရှိသော်လည်း ယခုလိုက်လံတိုက်ခိုက်နေပြီဖြစ်သောကြောင့် သူတို့ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တ်ိင် မြင်းစီစစ်သည်တစ်ယောက်က အမြန်ပြေးလာသည်။

" စစ်သူကြီး စစ်သေနာပတိချုပ် ရောက်လာပါပြီ။ " ကိုယ်ရံတော်တစ်ယောက်က ကျန်းဟန်ကို အစီရင်ခံလိုက်သည်။

" သွားကြစို့။ စစ်သေနာပတိချုပ်ကို သွားကြိုရအောင်။ " ကျန်းဟန်က စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။

မြို့အပြင်ဘက်တွင် ကျောက်ဖုန်းက ကိုယ်ရံတော်ငါးရာကို ဦးဆောင်ပြီး ယွင်တုံမြို့ဆီသို့ ဦးတည်လာနေသည်။

" စစ်သေနယပတိချုပ်ကို ဂါရဝပြုပါတယ်။ " ကျန်းဟန်က မြင်းပေါ်မှဆင်းပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။ ဘေးမှ စစ်သည်များကလည်း အလားတူ လုပ်ဆောင်လိုက်ကြသည်။

" အခမ်းအနားတွေ မလိုဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " အားလုံးက ပြန်ပြောလိုက်ကြသည်။

" တိုက်ပွဲက ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက ကျန်းဟန်ကို မေးလိုက်သည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဝူအန်းစခန်းရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့ ယန်စစ်တပ်က စိတ်ဓာတ်ပျက်ပြားသွားပါပြီ။ ဒီမြို့ရဲ့ ခံစစ်က ခိုင်မာပေမယ့် ကျွန်တော်နဲ့ စစ်သူကြီးတုဆွေတို့ ပူးပေါင်းပြီး အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ " ကျန်းဟန်က ရိုသေစွာ ပြောလိုက်သည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ယန်နိုင်ငံက လုပ်ကြံမှုတစ်ခုကို စီစဉ်ခဲ့တယ်။ ဒီတိုက်ပွဲမှာ ငါတို့ ဝူအန်းစခန်းက လက်စားချေတာပဲ။ အရပ်သားတွေကိုတော့ မထိနဲ့။ ဒါပေမယ့် သံချပ်ကာ ဝတ်ဆင်ထားတဲ့ ယန်စစ်သည်မှန်သမျှ တစ်ယောက်မှ မကျန်စေနဲ့။ "

" နားလည်ပါပြီ။ " ကျန်းဟန်က ခေင်းညိမ့်လိုက်သည်။

" တုဆွေနဲ့ လီယောင်တို့က ဘယ်မှာလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။

" စစ်သူကြီးနှစ်ယောက်က စစ်သေနာပတိချုပ်ရဲ့ အမိန့်အတိုင်း လူစုခွဲပြီး တိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့ ဝူအန်းစခန်းက ယန်နိုင်ငံကို လမ်းကြောင်းသုံးခုကနေ တိုက်ခိုက်နေတာပါ။ ဒီတစ်ခါ ယန်နိုင်ငံကို ဖျက်ဆီးတာက ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုဖြစ်လာမှာပါ။ " ကျန်းဟန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ယန်နိုင်ငံရဲ့ စစ်ရေးအင်အားက အားနည်းတယ်။ ငါတို့ ဝူအန်းစခန်းကို ခုခံနိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ငါတို့ရဲ့ အလစ်ငိုက်တိုက်ခိုက်မှုကြောင့် ယန်နိုင်ငံက တပ်ဖြန့်ဖို့ အချိန်မရတော့ဘူး။ ယန်နိုင်ငံကို ဖျက်ဆီးဖို့က ခြောက်လဆို လုံလောက်ပါတယ်။ "

" လက်ရှိမှာ ဟန်ဖေးက ရိက္ခါထောက်ပံ့ရေးကို တာဝန်ယူထားတယ်။ ငါ့စာကို ယူပြီး လူတစ်ယောက်လွှတ်လိုက်။ ရိက္ခါတွေ နှစ်လအတွင်း ပို့ပေးရမယ်။ "

မြို့ထဲတွင် ကျောက်ဖုန်းက တရားရုံး၏ ခန်းမထဲ၌ ထိုင်ပြီး စာတစ်စောင်ရေးကာဘေးမှ ဟန်ချန်းယန်ကို ပေးလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ချန်းယန်က စာကို ယူပြီး ထွက်ခွာသွားသည်။

သူထွက်သွားပြီးနောက် ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။ ချီစွမ်းအားများ ထွက်ပေါ်လာပြီး ခန်းမတံခါးများ ချက်ချင်း ပိတ်သွားသည်။

" ထွက်လာခဲ့။ " ကျောက်ဖုန်းက ခေါ်လိုက်သည်။

နဂါးနက်တစ်ကောင်က ထွက်ပေါ်လာပြီး ကျောက်ဖုန်းကို လှည့်ပတ်နေသည်။

" တကယ်နတ်ဆိုးသားရဲပဲ။ သတ်ဖြတ်ခြင်းစွမ်းအားတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေထက်တောင် ပိုသာသေးတယ်။ အခုဆို သုံးမီတာလောက်တောင် ရှိနေပြီ။ " ကျောက်ဖုန်းက နဂါးနက်ကို ကြည့်ပြီး ပြုံးလိုက်သည်။

မွေးဖွားချိန်တွင် နဂါးနက်က တစ်မီတာသာရှိပြီး ယခု သုံးမီတာအထိ ကြီးထွားလာသည်။ စစ်ပွဲများ ပိုများလာပြီး သတ်ဖြတ်ခြင်းစွမ်းအားများ ပိုများလာသရွေ့ နဂါးနက်က ဆက်လက်ကြီးထွားလာ​မည်ဖြစ်သည်။

" ကောင်းပြီ။ ပြန်သွားပြီး ချေဖျက်လိုက်ဦး။ နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်လာရင် ငါမင်းကိုအပြင်ထွက်ခိုင်းမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" သုံးမီတာ၊ စွမ်းရည်အားလုံးက ငါးထောင်ထိ ရောက်သွားပြီ။ ဒီသားရဲက တကယ်ကို ထူးခြားတာပဲ။ ဒါသာ အပြည့်အဝ ကြီးထွားလာရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။ " ကျောက်ဖုန်းက နဂါးနက်၏ စွမ်းရည်များကို ကြည့်ပြီး အံ့အားသင့်သွားမိသည်။

" ရန်သူကို သတ်ဖြတ်တဲ့ စွမ်းရည်အမှတ်တွေ တွက်ချက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ပိုင်ရှင်ရဲ့ စစ်တပ်က ရန်သူ ၃၅၆၇၄ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၄၂၆၉ မှတ်ကို ရရှိခဲ့ပါတယ်။ "

အစစ်အမှန်ချီ - ၁၅၀၀ မှတ်

ခွန်အား - ၂၄၂၅ မှတ်

အမြန်နှုန်း - ၁၆၈၅ မှတ်

ရုပ်ခန္ဓာ - ၁၂၃၅ မှတ်

စိတ်ဝိညာဉ် - ၁၁၂၄ မှတ်

သက်တမ်း - ၆၃၀၀ ရက်

" သက်တမ်းက ၁၅၀ နှစ်မှာ ဘာလို့ ကန့်သတ်ချက်ဖြစ်နေတာလဲဆိုတာ မသိခင် သက်တမ်းတွေအများကြီး စုဆောင်းထားတာ ပိုကောင်းတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၂၁ နှစ်

အစစ်အမှန်ချီ - ၁၄၅၇၈ မှတ်

ခွန်အား - ၁၇၁၇၁ မှတ်

အမြန်နှုန်း - ၁၆၂၃၂ မှတ်

ရုပ်ခန္ဓာ - ၁၄၈၆၃ မှတ်

စိတ်ဝိညာဉ် - ၁၃၈၅၄ မှတ်

သက်တမ်း - ၂၂၃ နှစ် ( နယ်ပယ်သက်တမ်း ၅၀၀နှစ်၊ အမည်မသိစည်းမျဉ်းတစ်ခုကြောင့် ဖိနှိပ်ခံထားရ )

စွမ်းဆောင်မှုရမှတ် - ၁၁၂၅ မှတ်

သိုလှောင်နေရာ - ၁၀၉၉ ကု​ဗမီတာ

" ဆရာသခင်အဆင့် အထွတ်အထိပ်ကို ကျော်လွန်ပြီး နောက်တစ်ဆင့် တက်သွားပြီပေါ့။ ပြီးတော့ သက်တမ်းနဲ့ ပက်သက်ပြီး ငါထင်တာ မှန်နေတာပဲ။ မဟာဆရာသခင်အဆင့် ရောက်ပြီးတဲ့နောက်မှာ နယ်ပယ်သက်တမ်းက နှစ် ၅၀၀ ထိ တိုးလာပေမယ့် ဆရာသခင်အဆင့်တုန်းကလိုပဲ သက်တမ်းက ဖိနှိပ်ခံထားရတာပဲ။ အဲ့ဒီစည်းမျဉ်းက ဘာလဲ။ ဒါမှမဟုတ် ရှန်ကျိုးနယ်မြေမှာ ကျင့်ကြံလို့မရတာလား။ " ကျောက်ဖုန်းက သူ၏ အချက်အလက်များကို ကြည့်ပြီး စိုးရိမ်မှုကို ခံစားလိုက်ရသည်။

သူက စွမ်းရည်များကို ကောက်ယူပြီး သက်တမ်းတိုးလာနိုင်သည်။ ရှန်းကျိုးနယ်မြေတွင် စစ်ပွဲများ မရှိတော့လျှင်တောင် ရှန်းကျိုးအပြင်ဘက်တွင် အခြားလူမျိုးများ ရှိနေသောကြောင့် သူ့အတွက် သက်တမ်းတိုးရန် မခက်ခဲပေ။ သို့သော် ကျောက်ဖုန်းက တစ်ယောက်တည်း ကျန်ရစ်မနေချင်ပေ။

သူက သူ၏ မိခင်နှင့် ညီမလေးတို့ကိုလည်း ထာဝရအသက်ရှင်စေချင်သည်။ ထို့အပြင် သူ၏ ဇနီးများနှင့် နောက်လိုက်များလည်း ရှိနေသည်။ ကျင့်ကြံခြင်းက သက်တမ်းကို ချိုးဖျက်ရန် အဓိကသော့ချက်ဖြစ်သည်။ သူက ထိုအမည်မသိ စည်းမျဉ်းက ဘာလဲဆိုတာ မသိရလျှင် ၎င်းကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။

" အားနည်းသေးတယ်။ ဒီလျို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သေးပေမယ့် အခွင့်အရေးတော့ ရှိလာမှာပါ။ " ကျောက်ဖုန်းက ခေါင်းခါပြီး သိုင်းဧကရာဇ်နဂါးကျမ်းကို လှည့်ပတ်လိုက်သည်။

ကျင့်စဉ်ကို လှည့်ပတ်နေချိန်တွင် ကျောက်ဖုန်း၏ နောက်၌ သွေးနီရောင်နဂါးပုံရိပ်နှစ်ခုက လှည့်ပတ်လာပြီး ကျောက်ဖုန်းကို စိတ်ဝိညာဉ်စွမ်းအားများ စုပ်ယူရန် ကူညီပေးနေသည်။ သိုင်းဧကရာဇ်နဂါးကျမ်း ထိုသိုင်းပညာကို လေ့ကျင့်ခြင်းက နဂါးပုံရိပ်ကို စုစည်းပြီး စိတ်ဝိညာဉ်စွမ်းအများကို စုပ်ယခြင်းနှင့် ရန်သူများကို တိုက်ခိုက်နိုင်သည်။

သို့သော် ယခု ကျောက်ဖုန်းလေ့ကျင့်နေသည်မှာ သိုင်းပညာပိုင်းသာဖြစ်သည်။ ထိုကျင့်စဉ်၏ စွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်ရန်မှာ ချီကံကြမ္မာအပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ သူက နိုင်ငံတော်ကံကြမ္မာကို အမှန်တကယ် ရရှိနိုင်လျှင် ထိုသိုင်းပညာ၏ စွမ်းအားမှာ အပြည့်အဝ ထွက်ပေါ်လာမည်ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဝူအန်းစခန်း၏ စစ်သည်သုံးသိန်းက လမ်းကြောင်းသုံးခု ခွဲထွက်သွားသည်။ ကျောက်ဖုန်းက သူ၏ ကွပ်ကဲမှုအောက်ရှိ စစ်သူကြီးသုံးယောက်ကို အမိန့်တစ်ခုတည်းသာ ပေးလိုက်သည်။ ယန်နိုင်ငံ၏ မြို့များကို ဆက်တိုက်သိမ်းပိုက်ပြီး ယန်တပ်ဖွဲ့များတွေ့လျှင် သတ်ဖြတ်ရန် ဖြစ်သည်။ ယန်နိုင်ငံ၏ အနောက်ဘက် မြို့ပေါင်း ၃၅ မြို့ ဆက်တိုက်ဆုံးရှုံးသွားခဲ့သည်။

ကျိမြို့။

" အရှင်မင်းကြီး ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုက ပြင်းထန်လွန်းပါတယ်။ စစ်သေနာပတိချုပ်ချင်ချင်းက ယုယန်မြို့အတွက် စစ်ကူတွေ စေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မဟုတ်ရင် ချင်စစ်တပ်ရဲ့ အင်အားနဲ့ဆိုရင် ယုယန်မြို့က တစ်လတောင် ခံမှာမဟုတ်ပါဘူး။ " အရာရှိတစ်ယောက်က ထိတ်လန့်စွာဖြင့် အစီရင်ခံလိုက်သည်။

" အတိတ်တုန်းက ကျောက်နိုင်ငံ ကျူးကျော်တုန်းကတောင် ငါတို့ ယန်စစ်သည်တွေက ယုယန်မြို့ကို မရောက်ခင်အထိ ကျောက်စစ်တပ်ကို လေးလနီးပါး ခုခံခဲ့တာပါ။ ချင်စစ်တပ်က တစ်လမပြည့်ခင်မှာ ဘယ်လိုလုပ် ယုယန်မြို့ကို ရောက်လာနိုင်တာလဲ။ " ယန်ဘုရင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ချင်စစ်သည်က အရင်က ကျောက်စစ်တပ်ထက် အဆပေါင်းများစွာ ပိုသန်မာပါတယ်။ ပြီးတော့ ချင်စစ်တပ်က နောက်ဆက်တွဲ စိုးရိမ်စရာမရှိပါဘူး။ ရိက္ခါတွေပေါများပြီး အခြားနိုင်ငံတွေဆီက ခြိမ်းခြောက်မှုလည်း မရှိပါဘူး။ ပြီးတော့ စစ်သေနာပတိချုပ်ကျောက်ဖုန်းကိုယ်တိုင် ဦးဆောင်နေတာမလို့ ကျွန်တော်မျိုးတို့ စစ်တပ်က ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ " ဝန်ကြီးတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည်။

" ကျောက်ဖုန်း ကျောက်ဖုန်း သူ ဘာလို့မသေသေးတာလဲ။ " ယန်ဘုရင်၏ မျက်နှာက ခက်ထန်သွားပြီး ကျောက်ဖုန်းအပေါ် မုန်းတီးမှုများဖြင့် ​ပြည့်နှက်နေသေည်။ တစ်ချိန်တည်းတွင် ကျောက်ဖုန်း၏ ဘေးသို့ စေလွှတ်ထားသော မင်းသမီးဝူယန်က ဘာကြောင်းမလှုပ်ရှားသလဲဟုလည်း တွေးမိလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters