← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅)

" နောက်ထပ်စစ်သည်ဘယ်လောက်စုဆောင်းနိုင်သေးလဲ။ " ယန်ဘုရင်က အေးစက်စွာ မေးလိုက်သည်။

" အရှင်မင်းကြီး ယုယန်မြို့ကို အပြည့်အဝ ကာကွယ်မယ်ဆိုရင် ကျိမြို့ ပတ်ဝန်းကျင်က တပ်ဖွဲ့အားလုံးကို စုဆောင်းရပါလိမ့်မယ်။ အခု ယုယန်မြို့မှာ စစ်သည်သုံးသိန်းရှိပြီး ဒါက ကျွန်တော်မျိုးတို့ ယန်နိုင်ငံရဲ့ စစ်အင်အား ရှစ်ဆယ်ရာခိုင်နှုန်း ဖြစ်နေပါပြီ။ နောက်ထပ်စုဆောင်းဖို့က စစ်သည်သစ်တွေနဲ့ နန်းတွင်းကိုယ်ရံတော်တွေပဲ ကျန်တော့မှာပါ။ " ဝန်ကြီးတစ်ယောက်က ပြန်ပြောလိုက်သည်။

" နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကလွဲရင် အခြားတပ်ဖွဲ့တွေအားလုံးကို ယုယန်မြို့ဆီ စေလွှတ်လိုက်ပါ။ တတ်နိုင်သမျှ မြန်မြန်လုပ်။ ယုယန်မြို့ ထိုးဖောက်ခံလို့မရဘူး။ ယုယန်မြို့သာ ကျသွားရင် ငါတို့ ယန်နိုင်ငံက အန္တရာယ်ထဲ ကျ‌ရောက်သွားလိမ့်မယ်။ " ယန်ဘုရင်က အမိန့်ပေးလိုက်သည်။

" ကျွန်တော်မျိုးတို့ စစ်သည်တွေအားလုံးကို ယုယန်မြို့ဆီ စေလွှတ်လိုက်ပါမယ်။ " စစ်ဘက်အရာရှိတစ်ယောက်က ပြောလိုက်သည်။

" ချီနဲ့ချူတို့က ဘယ်လိုရှိလဲ။ " ယန်ဘုရင်က ထပ်မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ သံတမန်တွေက ချီနဲ့ ချူ နိုင်ငံနှစ်ခုလုံးကို စေလွှတ်ခဲ့ပေမယ့် နိုင်ငံနှစ်ခုလုံးက လုပ်ကြံမှုမှာ ယန်နိုင်ငံက မှားယွင်းခဲ့တယ်လို့ ပြောကြတယ်။ ချင်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုမှာ တရားဝင်အကြောင်းပြချက် ရှိနေတာမလို့ သူတို့က စစ်တပ်စေလွှတ်ရမယ့် အကြောင်းရင်းမရှိဘူးလို့ ပြောပါတယ်။ အခု ချင်သံတမန်ကလည်း အဲ့ဒီနိုင်ငံနှစ်ခုမှာ ရှိနေပြီး ယန်နိုင်ငံရဲ့ လုပ်ရပ်ကို ရှုံ့ချနေပါတယ်။ " ဝန်ကြီးတစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

" ချင်နိုင်ငံရဲ့ သဘောထားက ဘယ်လိုလဲ။ သူတို့သာ တိုက်ခိုက်မှုရပ်ရင် ယန်နိုင်ငံက ဘယ်လိုအရာမဆို ပေးဆပ်ဖို့ အဆင်သင့်ပဲ။ " ယန်ဘုရင်က ပြောလိုက်သည်။

" အရှင်မင်းကြီး ချင်နိုင်ငံက ကျွန်တော်မျိုးတို့ ယန်သံတမန်ကို တွေ့ဖို့တောင် အစီအစဉ်မရှိပါဘူး။ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်မျိုးတို့ ယန်နိုင်ငံကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာ သေချာပါတယ်။ " ဝန်ကြီးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ချီနဲ့ ချူနိုင်ငံနှစ်ခုလုံးကို သံတမန်တွေ စေလွှတ်လိုက်ပါ။ နှစ်နိုင်ငံလုံးကို စစ်တပ်စေလွှတ်အောင် စည်းရုံးရမယ်။ သူတို့သာ ချင်နိုင်ငံကို ဆန့်ကျင်ပြီး စစ်တပ်စေလွှတ်ပေးရင် ငါတို့ ယန်နိုင်ငံက ဘယ်လိုတန်ဖိုးကိုမဆို ပေးဆပ်ဖို့ အဆင်သင့်ပဲ။ နိုင်ငံနှစ်ခုလုံးကို အခြေအနေရဲ့ အ‌ရေးကြီးပုံကို ရှင်းပြပါ။ ငါတို့ ယန်နိုင်ငံသာ ကျဆုံးသွားရင် နောက်တစ်ယောက်က သူတို့အလှည့်ပဲ။ " ယန်ဘုရင်က လေးနက်စွာဖြင့် ပြောလိုက်သည်။ ချီနိုင်ငံနှင့် ချူနိုင်ငံတို့ကို အကူအညီတောင်းခြင်းမှလွဲ၍ သူမှာ အခြား‌ရွေးချယ်စရာမရှိပေ။

" အရှင်မင်းကြီး ကျိမြို့ရဲ့ ပတ်ဝန်းကျင်က တပ်တွေအပြင် အခြားစုဆောင်းနိုင်တဲ့ နေရာတစ်ခု ရှိပါသေးတယ်။ " ယန်ဝန်ကြီးတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

" ဘယ်နေရာလဲ။ " ယန်ဘုရင်က ချက်ချင်း မေးလိုက်သည်။

" အရှေ့ဘက်နယ်စပ်မှာ နယ်ခြားစောင့်စစ်သည် ခုနှစ်သောင်းရှိပါသေးတယ်။ " ဝန်ကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။

" ဘာလဲ။ နယ်ခြားတပ်လား။ အဲ့ဒါက တုန်ဟုကို ကာကွယ်နေတာလေ။ ငါတို့ ယန်နိုင်ငံက ဘယ်လောက်အကျပ်အတည်းဖြစ်ဖြစ် ကျောက်နိုင်ငံ ကျူးကျော်တုန်းကတောင် အဲ့ဒီနယ်ခြားတပ်ကို ဘယ်တုန်းကမှ မသုံးခဲ့ဘူး။ ငါတို့သာ အဲ့ဒါကို သုံးလိုက်ရင် တုန်ဟုက တောင်ဘက်ကို တက်လာလိမ့်မယ်။ အဲ့ဒါက တကယ်ကပ်ဘေးဖြစ်လိမ့်မယ်။ " ယန်ဘုရင်က အံကျိတ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး အခု ကျွန်တော်မျိုးတို့ ယန်နိုင်ငံရဲ့ ရှင်သန်ရေးနဲ့ သက်ဆိုင်နေတာပါ။ ယုယန်ကို ကာကွယ်ဖို့ တပ်ဖွဲ့မစုဆောင်းဘဲ ယုယန်မြို့သာ ကျဆုံးသွားရင် ကျွန်တော်မျိုးတို့ ယန်နိုင်ငံက အဆုံးသတ်သွားပါလိမ့်မယ်။ တုန်ဟုရဲ့ ခြိမ်းခြောက်မှုနဲ့ ယန်နိုင်ငံရဲ့ ရှင်သန်ရေးနဲ့ ယှဉ်ရင် ဘယ်အရာက ပိုအရေးကြီးလဲ သိနိုင်ပါတယ်။ "

" ပြီးတော့ ကျွန်တော်မျိုးမှာ အခြားအကြံပြုချက်တစ်ခု ရှိပါသေးတယ်။ ဒါက ကျွန်တော်မျိုးတို့ ယန်နိုင်ငံ ရှင်သန်ဖို့ ကူညီပေးနိုင်လိမ့်မယ်။ " စစ်ဘက်အရာရှိတစ်ယောက်က ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ရှိနေသည်။

" ပြောပါ။ " ယန်ဘုရင်က လေးနက်စွာ ​ပြောလိုက်သည်။

" တုန်ဟုဆီ သံတမန်စေလွှတ်ပြီး ကျွန်တော်မျိုးတို့ ယန်နိုင်ငံကို စစ်ကူစေလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါ။ " စစ်ဘက်အရာရှိတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မဖြစ်ဘူး။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ မျက်နှာအမူအရာများက အကြီးအကျယ် ပြောင်းလဲသွားကြသည်။

" စစ်မာလင်း မင်းရဲ့ စကားတွေက ငါတို့ ယန်နိုင်ငံကို ဖျက်ဆီးနေတာပဲ။ တုန်ဟုလူမျိုးတွေက အရင်ကတည်းက ငါတို့ ဟွာရှလူမျိုးနဲ့ ရန်ငြိုးရှိခဲ့တာပဲ။ နိုင်ငံအားလုံး တည်ရှိနေတုန်းကတောင် နိုင်ငံခြားမျိုးနွယ်စုတွေ ကျူးကျော်လာရင် အတူရင်ဆိုင်ဖို့ မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ "

"ငါတို့ ယန်နိုင်ငံက ချင်နိုင်ငံကို ခုခံဖို့အတွက် နိုင်ငံခြားလူမျိုးစုတွေကို ငါတို့နယ်မြေထဲ ခေါ်သွင်းမယ်ဆိုရင် ချင်စစ်တပ်ကို ပြန်မောင်းထုတ်နိုင်ရင်တောင် ကမ္ဘာကြီးက ငါတို့ ယန်နိုင်ငံကို အထင်သေးကြလိမ့်မယ်။ "

" အရှင်မင်းကြီး နိုင်ငံပျက်စီးသွားရင်တောင် ကျွန်တော်မျိုးတို့ ယန်နိုင်ငံက ချင်နိုင်ငံကို အဆုံးထိ တိုက်ခိုက်သွားပါမယ်။ ဒါပေမယ့် နိုင်ငံခြားလူမျိုးစုတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အရှက်ကွဲမှုကို ဘယ့တော့မှ မခံယူပါနဲ့။ "

" ကျွန်တော်မျိုးတို့လည်း သဘောတူပါတယ်။ အရှင်မင်းကြီး တုန်ဟုလူမျိုးတွေနဲ့ ဘယ်တော့မှ မပူးပေါင်းပါနဲ့။ မဟုတ်ရင် ကျွန်တော်မျိုးတို့ ယန်နိုင်ငံတစ်ခုလုံးက ဟွာရှလူမျိုးတစ်ခုလုံးရဲ့ အပြစ်သားတွေ ဖြစ်လာပါလိမ့်မယ်။ "

" အခြားလူမျိုးစုနဲ့ ပူးပေါင်းတာက ဘိုးဘေးတွေကို ဆန့်ကျင်တဲ့အလုပ်ပဲ။ ငါ ဒီလိုအလုပ်မျိုး မလုပ်ဘူး။ စစ်သေနာပတိချုပ်စစ်မာ ဒီကိစ္စကို ​ဆွေးနွေးစရာမလိုတော့ဘူး။ " ယန်ဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " စစ်မာလင်းက စိတ်ပျက်စွာ ပြောလိုက်သည်။

" ဝန်ကြီးတို့ ချင်နိုင်ငံက ငါတို့ယန်နိုင်ငံကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာပဲ။ ချင်နိုင်ငံကို ခုခံဖို့ မင်းတို့အားလုံး စည်းလုံးဖို့ မျှော်လင့်ပါတယ်။ ဒီနည်းလမ်းနဲ့သာ ဝန်ကြီးတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ထိန်းသိမ်းထားနိုင်မှာပါ။ မဟုတ်ရင် ချင်နိုင်ငံက မြို့ကို ထိုးဖောက်တဲ့နေ့မှာ မင်းတို့အားလုံး အကျဉ်းသား ဖြစ်သွားလိမ့်မယ်။ " ယန်ဘုရင်က သတိပေးလိုက်သည်။ " ညီလာခံသိမ်းမယ်။ "

ယန်ဘုရင်၏ နန်းဆောင်ထဲတွင်။

" ဝူယန်နောက်ဆုံး သတင်းပို့ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ " ယန်ဘုရင်က သူ၏ ရှေ့မှ လျို့ဝှက်အဖွဲ့ခေါင်းဆောင်ကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ချင်နိုင်ငံက ဝေနိုင်ငံကို ဖျက်ဆီးလိုက်ကတည်းက မင်းသမီးဝူယန်ဆီက ဘာသတင်းမှမရတော့ပါဘူး။ " လျို့ဝှက်အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။

" ဘာလို့ဒီအ​ကြောင်းကို အစောကတည်းက မပြောတာလဲ။ " ယန်ဘုရင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး စိတ်လျော့ပါ။ " လျို့ဝှက်အဖွဲ့ခေါင်းဆောင်က ဒူးထောက်ပြီး ပြောလိုက်သည်။ " ချင်နိုငငံက ဝေနိုင်ငံကို ဖျက်ဆီးပြီးတဲ့နောက်မှာ ကျောက်ဖုန်းက ရှန်းယန်မြို့တော်ကို ပြန်သွားပါတယ်။ မင်းသမီးဝူယန်က ကျောက်ဖုန်း အိမ်​ပြန်ရောက်ပြီးတဲ့နောက် စာပို့ဖို့ ခက်ခဲတယ်လို့ တင်ပြခဲ့တာမလို့ ကျွန်တော်မျိုး ဂရုမစိုက်မိခဲ့ပါဘူး။ "

" ဝူယန် သူက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။ " ယန်ဘုရင်၏ အမူအရာက အေးစက်နေသည်။ ဝူယန်က သူ၏ စကားကို နားမထောင်တော့သည်ကို ချက်ချင်း သိလိုက်သည်။

" အရှင်မင်းကြီး ဖြစ်နိုင်ပါ့မလား။ မင်းသမီးက ဘယ်လိုလုပ်သစ္စာဖောက်ရဲမှာလဲ။ ဘာပဲဖြစ်ဖြစ် မင်းသမီးမိခင်က နန်းတော်ထဲမှာ ရှိနေတာပဲ။ " လျို့ဝှက်အဖွဲ့ခေါင်းဆောင်က ပြန်ပြောလိုက်သည်။

" အိမ်ထောင်ပြုပြီးတဲ့ မိန်းမတွေက တကယ်ပြောင်းလဲသွားတာပဲ။ ငါက သူနဲ့ သူ့အမေကို ဒီလောက်တောင် ကြင်နာခဲ့ပေမယ့် သူမက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။ "

" သွား ဝူယန်ရဲ့ အမေနဲ့ သူမနန်းဆောင်ထဲက လူအားလုံးကို သတ်ပစ်လိုက်။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

" အမိန့်အတိုင်းပါ။ " အပြင်မှ နန်းတွင်းကိုယ်ရံတော်တပ်မှူးက ချက်ချင်း ပြန်ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ထပ်ပြီး မစစ်ဆေးတော့ဘူးလား။ တကယ်လို့ မင်းသမီးက ယန်နိုင်ငံကို သစ္စာမဖောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ " လျို့ဝှက်အဖွဲ့ခေါင်းဆောင်က စိုးရိမ်တကြီး မေးလိုက်သည်။

" သူမက သတင်းမပို့တာကြာပြီ။ ကျောက်ဖုန်းက ငါတို့ ယန်နိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာကိုသာ ငါ ကြိုသိခဲ့ရင် အခြေအနေက ဘယ်လိုလုပ် ဒီလောက်ထိဆိုးရွားမှာလဲ။ အဲ့ဒီသစ္စာဖောက်သမီးသာ ကျောက်ဖုန်းကို သတ်ခဲ့ရင် ငါတို့ ယန်နိုင်ငံက ဘယ်လိုလုပ်တိုက်ခိုက်ခံရမှာလဲ။ "

ခဏကြာသောအခါ နန်းတွင်းကိုယ်ရံတော်တပ်မှူးက အမြန်ပြန်ရောက်လာသည်။

" အရှင်မင်းကြီး ကြင်ယာတော်ဝူ ပျောက်ဆုံးနေပါတယ်။ သူမရဲ့ အစေခံအချို့လည်း ပါပါတယ်။ " နန်းတွင်းကိုယ်ရံတော်တပ်မှူးက ပြောလိုက်သည်။

" ဘာ..." ယန်ဘုရင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

ကျိမြို့မှ မိုင်တစ်ရာကွာဝေးသော မြို့ငယ်လေးတစ်ခုတွင်။

" သခင်မ ချင်စစ်တပ်က ကျိမြို့ကို မတိုက်ခိုက်ခင် ဒီမှာ ခဏလောက်နေလိုက်ပါ။ စစ်သေနာပတိချုပ် စစ်တပ်ကို ဦးဆောင်လာတဲ့အခါ သခင်မ လုံးဝ ဘေးကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် စိတ်ချပါ။ ဒီအချိန်တွင်းမှာလည်း ကျုပ်တို့က သခင်မကို ကောင်းကောင်းကာကွယ်ပေးပါမယ်။ "

မြို့ထဲမှ ခြံဝင်လေးတစ်ခုထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူအချို့က သူတို့၏ရှေ့မှ အမျိုးသမီးကို အရိုအသေပေးလိုက်ကြသည်။ ထိုအမျိုးသမီးက ဝူယန်၏ အမေပင်ဖြစ်သည်။

ယန်နန်းတော်က အစောင့်အကြပ် ထူထပ်သော်လည်း သူတို့ရင်ဆိုင်နေရသည်မှာ ကျောက်ဖုန်း၏ ယန်ထင်ပင်ဖြစ်သည်။ ယန်ထင်မှ ဝူချန်အားလုံးက သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့ကို ယင်ပုကိုယ်တိုင် ဦးဆောင်နေခြင်းဖြစ်သည်။

" ကျေးဇူးတင်ပါတယ်။ " အမျိုးသမီးဝူက ကျေးဇူးတင်လိုက်သည်။

" သခင်က ကျွန်တော် စစ်သေနာပတိချုပ်ဆီသွားပြီး အစီရင်ခံလိုက်ပါဦးမယ်။ မင်းတို့အားလုံး သခင်မကို သေချာဂရုစိုက်ထားပါ။ " ယင်ပုက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" နန်းတော်ကနေ ငါ့ကို ထိခိုက်မှုမရှိအောင် ခေါ်ထုတ်လာနိုင်တာ ဒီလိုစွမ်းအားမျိုးက တကယ်ကြောက်စရာကောင်းတယ်။ ဝူယန်က ခင်ပွန်းကောင်းရသွားတာပဲ။ " အမျိုးသမီးဝူက ကျေနပ်စွာ တွေးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters