← Chapters

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း ၃၅၆

Vol. 36 Ch. 356

အခန်း (၃၅၆)

ချင်နိုင်ငံ။

" အရှင်မင်းကြီး ယန်နိုင်ငံက သတင်းကောင်းရောက်လာပါပြီ။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ဝူအန်းစခန်းကို ဦးဆောင်ပြီး လမ်းကြောင်းသုံးခုခွဲပြီး တိုက်ခိုက်ခဲ့တာ တစ်လအတွင်း ယန်မြို့ပေါင်း သုံးဆယ်ကျော်ကို သိမ်းပိုက်ခဲ့ပါတယ်။ အခု ယန်နိုင်ငံရဲ့ ယုယန်မြို့ကို ဝန်းရံထားပါတယ်။ ယန်နိုင်ငံ ပျက်စီးဖို့ လအနည်းငယ်ပဲ လိုပါတော့တယ်။ " ယွီလျောင်က ဝမ်းမြောက်စွာ အစီရင်ခံလိုက်သည်။

" ကျောက်ဖုန်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီး ပြောတာမှန်ပါတယ်။ အတိတ်တုန်းက ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်တုန်းက ယုယန်ကို ရောက်ဖို့ လေးလလောက် အချိန်ယူခဲ့ရပါတယ်။ ဝူအန်းစခန်းက တစ်လတည်းနဲ့ လုပ်ဆောင်နိုင်ခဲ့တာ တကယ်ကို အံ့ဩစရာပါပဲ။ " လီစီက ကျယ်လောင်စွာ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ သားကလည်း ဝူအန်းစခန်းတွင် ရှိနေသောကြောင့် အောင်မြင်မှုများကို မျှဝေခံစားနိုင်မည်ဖြစ်သည်။

" ဝန်ကြီးဟန် ရိက္ခာ‌ထောက်ပံ့ရေးက ဘယ်လိုရှိလဲ။ " ရင်ကျန့်က ဟန်ဖေးကို မေးလိုက်သည်။

" စိတ်ချပါ အရှင်မင်းကြီး။ ရိက္ခာပထမအသုတ်က ယွင်ကျုံးမြို့ကို နီးကပ်နေပါပြီ။ တစ်လအတွင်း အဲ့ဒါတွေကို ဝူအန်းစခန်းဆီ ပို့ဆောင်နိုင်မှာပါ။ " ဟန်ဖေးက ချက်ချင်း ပြန်ပြောလိုက်သည်။

" ကောင်းတယ်။ ဝူအန်းစခန်းက ယန်နိုင်ငံကို အလစ်ငိုက်တိုက်ခိုက်ဖို့အတွက် စခန်းက ရိက္ခာတွေကိုပဲ မှီခိုခဲ့ရတာ ဖြစ်လို့ ရိက္ခာကိစ္စကို ပေါ့လျော့လို့မရဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" စိတ်ချပါ အရှင်မင်းကြီး။ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ တစ်စုံတစ်ခု အမှားအယွင်းဖြစ်ခဲ့ရင် ကျွန်တော်မျိုး ပြစ်ဒဏ်ခံယူပါမယ်။ " ဟန်ဖေးက ချက်ချင်း အာမခံလိုက်သည်။

" အရှင်မင်းကြီး ယန်နိုင်ငံက မသန်မာပေမယ့် ဝူအန်းစခန်းတစ်ခုတည်းကို မှီခိုနေတာ လုံလောက်ပါ့မလား။ ကျွန်တော်မျိုးတို့ နောက်ထပ်တပ်ဖွဲ့တွေ စေလွှတ်သင့်ပါသလား။ " ဝမ်ဝမ်က ထရပ်ပြီး အကြံပြုလိုက်သည်။

" ကျောက်ဖုန်းက စစ်ကူတောင်းဆိုထားတာရှိလား။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး စစ်ကူတောင်းဆိုထားတာ မရှိခဲ့ပါဘူး။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။

" စစ်ကူတောင်းဆိုထားတာ မရှိတဲ့အတွက် ကျောက်ဖုန်းက ယန်နိုင်ငံကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ရမယ်။ ဒါကြောင့် မင်းတို့ စိတ်ပူစရာမလိုဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အမိန့်တော်ရေးဆွဲပြီး ဝူအန်းစခန်းကို ပို့လိုက်။ ဝူအန်းစခန်းက ယန်နိုင်ငံကို ဖျက်ဆီးနိုင်ခဲ့ရင် ငါ ကျောက်ဖုန်းကို ဘွဲ့ထူးတစ်ဆင့်တိုးမြှင့်ပေးမယ်။ စစ်သူကြီး သုံးယောက်ကိုလည်း ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အရှင်မင်းကြီး အရှင်ဝူအန်းလက်ထပ်ကတည်းက ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ်ရာထူးက လစ်လပ်နေတာပါ။ စစ်သေနာပတိချုပ်ကျောက်ဖုန်းသာ ယန်နိုင်ငံကို ဖျက်ဆီးနိုင်ခဲ့ရင် သူက စစ်တပ်ကို ဦးဆောင်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ သူက စစ်ဦးစီးချုပ်ရာထူးကို ထမ်းဆောင်နိုင်လောက်ပါတယ်။ " လီစီက ထရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" တရားရေးဝန်ကြီးရဲ့ စကားတွေက မဖြစ်နိုင်ပါဘူး။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ သူက ငါတို့နိုင်ငံရဲ့ စစ်သေနာပတိချုပ်ရာထူးကို ရထားပြီးသားပါ။ စစ်ဦးစီးချုပ်ရာထူးက စစ်မြေပြင်က အောင်မြင်မှုတွေအပြင် အတွေ့အကြုံသက်တမ်းလည်း လိုအပ်ပါတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ လက်ရှိရာထူးက မြင့်မားနေပါပြီ။ သူ ယန်နိုင်ငံကို ဖျက်ဆီးလိုက်ရင်တောင် သူကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ဖို့ မလုံလောက်ပါဘူး။ မဟုတ်ရင် နန်းတော်တစ်ခုလုံး စိတ်ပျက်သွားပါလိမ့်မယ်။ " ဝမ်ဝမ်က ချက်ချင်း ထရပ်ပြီး ကန့်ကွက်လိုက်သည်။

" ကျွန်တော်မျိုးလည်း‌ ထောက်ခံပါတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ချင်စစ်တပ်တစ်ခုလုံကို ကွပ်ကဲဖို့ ငယ်လွန်းပါသေးတယ်။ "

ညီလာခံမှ လူအများအပြားက ထရပ်ပြီး ကန့်ကွက်လိုက်ကြသည်။ စစ်ဦးစီးချုပ်ရာထူးက စစ်ဘက်အရာရှိအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။ ကျောက်ဖုန်းကို မုန်းတီးခြင်းမရှိသူများပင် ယခုအချိန်တွင် ကန့်ကွက်ကြလေသည်။ ထိုကဲ့သို့ အင်အားကြီးမားသူတစ်ယောက် ထွက်ပေါ်လာခြင်းက ညီလာခံတစ်ခုလုံးအတွက် မကောင်းနိုင်ပေ။

" ဒီကိစ္စကို နောက်မှပဲ ဆွေးနွေးကြတာပေါ့။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

လီစီ၏ စကားများက စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်။ ညီလာခံတွင် လူထက်ဝက်ကျော် ကန့်ကွက်နေသောကြောင့် ယခုအချိန်တွင် ကျောက်ဖုန်းကို ရာထူးတိုးပေးရန် မဖြစ်နိုင်သေး‌ပေ။ ယခုမှသာ ဝမ်ဝမ်နှင့် အခြားသူများက သက်ပြင်းချနိုင်တော့သည်။

" ဒါပေမယ့်..." ရင်ကျန့်၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ " ငါတို့ ချင်စစ်တပ်မှာ စစ်ရေးစွမ်းဆောင်မှုကိုပဲ ထည့်သွင်းစဉ်းစားတယ်။ ဝါစဉ်တွေကို မဟုတ်ဘူး။ စစ်ဦးစီးချုပ်ရာထူးက လစ်လပ်နေတာကြာပြီ။ တကယ်ပဲ စဉ်းစားစရာ ဖြစ်နေပြီ။ "

ထိုစကားများကို ကြားသောအခါ ဝမ်ဝမ်က မျက်နှာပျက်သွားသည်။ အတွေ့အကြုံရင့်ကျက်သူတစ်ယောက်အနေဖြင့် ရင်ကျန့် စကားများ၏ အဓိပ္ပါယ်ကို သူ ကောင်းကောင်း နားလည်ပေသည်။

ဤတစ်ကြိမ်တွင် သူတို့တားဆီးနိုင်ပြီး ယန်နိုင်ငံကို ဖျက်ဆီးပြီးနောက် ကျောက်ဖုန်းကို စစ်ဦးစီးချုပ်အဖြစ် မခန့်အပ်နိုင်သော်လည်း ကျောက်ဖုန်းက နောက်တစ်ကြိမ် အောင်မြင်မှုရသောအခါ သူက သေချာပေါက် ခန့်အပ်ခံရပေလိမ့်မည်။

" အရှင်မင်းကြီး အုအချိန်မှာ ကျွန်တော်မျိုးတို့ ချင်နိုင်ငံက အင်အားကြီးမားနေပါပြီ။ ယန်နိုင်ငံကလည်း ပျက်စီးတော့မှာပါ။ ဒါပေမယ့် ချင်နိုင်ငံရဲ့ မိဖုရားခေါင်ကြီးရာထူးက လစ်လပ်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အရှင်မင်းကြီးအနေနဲ့ ချင်နိုင်ငံကို တည်ငြိမ်စေဖို့ မိဖုရားခေါင်ကြီးတစ်ယောက်ကို ခန့်အပ်ဖို့ အကြံပြပါတယ်။ " ချွန်းယွီယွဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို တည်ငြိမ်စေဖို့ မိဖုရားခေါင်ရာထူးကို ခန့်အပ်ပေးပါ။ " ဝန်ကြီးအချို့က ထောက်ခံလိုက်ကြသည်။

ရင်ကျန့်က တည်ငြိမ်စွာ ရှိနေပြီး သူ၏ စိတ်ထဲတွင်တော့ လှောင်ပြောင်နေခဲ့သည်။ " ပေါင်းစည်းမှုက နီးကပ်လာပြီ။ သူတို့ကလည်း တကယ်အလောတကြီး လုပ်နေကြတာပဲ။ မိဖုရား..."

ရင်ကျန့်က ခန်းမတစ်ခုလုံးကို ကြည့်ပြီး ထိုလူများကို မှတ်သားထားလိုက်သည်။ သူ၏ စိတ်ထဲတွင် မိဖုရားခေါင်ကြီးရာထူးက ထိုက်တန်သူတစ်ယောက်တည်းသာရှိပြီး သူမမှလွဲ၍ အခြားဘယ်သူမှမထိုက်တန်ပေ။

" ယွီချင်း ဝေလက်နက်ချစစ်သည်တွေကို စီစဉ်ပြီးပြီလား။ " ရင်ကျန့်က ချွန်းယွီယွဲ့နှင့် ထောက်ခံကြသော ဝန်ကြီးများကို လုံးဝ လျစ်လျူရှုလိုက်သည်။

" အရှင်မင်းကြီး သူတို့ကို အသုတ်လိုက်ခွဲပြီး ကွမ်ကျုံး၊ ​မြောက်ဘက်နယ်စပ်နဲ့ ရှုဒေသတွေဆီ ပို့ဆောင်ပြီးပါပြီ။ ချင်နိုင်ငံအတွက် ငါးနှစ်တာ အလုပ်လုပ်ပေးသူတွေကို ကျွန်အဆင့်အတန်းက ပယ်ဖျက်ပေးပြီး ဇာတိကို ပြန်ခွင့်ပြုပါမယ်။ ချင်နိုင်ငံအတွက် ထူးချွန်တဲ့ စွမ်းဆောင်မှုရတဲ့သူတွေက အထူးလွတ်ငြိမ်းချမ်းသာခွင့်ရပြီး ဇာတိကို ပြန်ခွင့်ပြုပါမယ်။ အမိန့်မလိုက်နာတဲ့သူတွေကိုတော့ ကျွန်သက်တမ်း တိုးမြှင့်ပါမယ်။ " ယွီလျောင်က အစီရင်ခံလိုက်သည်။

" ကောင်းပြီ။ ဒါက အလုပ်ဖြစ်တယ်။ " ရင်ကျန့်က စိတ်ကျေနပ်စွာဖြင့် ပြောလိုက်သည်။ " ဒီနည်းလမ်းကို ကျောက်ဖုန်းက အကြံပြုထားတာပဲ။ တကယ်လို့ ဒါက ထိရောက်တယ်ဆိုရင် အပြစ်သားတပ်ဖွဲ့ဖွဲ့စည်းတာအပြင် လက်နက်ချစစ်သည်တွေကို ကိုင်တွယ်နိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိလာပြီပေါ့။ "

" အစီရင်ခံစရာမရှိတော့ရင် ညီလာခံသိမ်းမယ်။ " ရင်ကျန့်က ဝန်ကြီးများ တုန့်ပြန်သည်ကိုပင် မစောင့်တော့ဘဲ ခန်းမအနောက်ဘက်သို့ လျှောက်သွားခဲ့သည်။

ဝမ်ကျန့်က အေးစက်သော အမူအရာနှင့် ဝမ်ဝမ်ဆီသို့ လျှောက်သွားလိုက်သည်။

" ဝန်ကြီးချုပ်ဝမ်က အမြဲတမ်းပစ်မှတ်ထားနေတာ တကယ် ချီးကျူးစရာပဲ။ တကယ်လို့ ကျောက်ဖုန်းနဲ့ ကျုပ်သာ ဘာမှမတုန့်ပြန်ရင် ခင်​​ဗျားက ကျုပ်တို့ကို အားနည်းတဲ့သူတွေလို့ ထင်တော့မှာပဲ။ " ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ဘာကိုဆိုလိုတာလဲ။ ကျုပ်နားမလည်ဘူး။ " ဝမ်ဝမ်က ခေါင်းမော့ပြီး ဝမ်ကျန့်ကို ကြောက်ရွံ့ခြင်းမရှိဘဲ တုန့်ပြန်လိုက်သည်။

" ဝန်ကြီးချုပ်ဝမ်က ပါးနပ်သူတစ်ယောက်ပါ။ မသိချင်ယောင်ဆောင်နေဖို့ မလိုဘူး။ ဝန်ကြီးချုပ်ဝမ်က ကျောက်ဖုန်းကို ထပ်ခါတလဲလဲ ပစ်မှတ်ထားနေတာ အနာဂတ်မှာ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့။ " ကျောက်ဖုန်းက ပတ်ဝန်း​ကျင်မှ အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ဝမ်ကျန့်က ရှေ့တိုးလာပြီး ဝမ်ဝမ်တစ်ယောက်တည်းသာ ကြားနိုင်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ " ဝန်ကြီးချုပ်ဝမ် ခင်​​ဗျား အလိုရှိတဲ့အတိုင်း ကျုပ်က ဖြစ်လာခွင့်မပေးဘူး။ ဖုစု ထီးနန်းတက်ဖို့က မဖြစ်နိုင်ဘူး။ သူသာ အိမ်ရှေ့စံဖြစ်လာရင် ကျုပ်မှာ ရှိတဲ့ စစ်အင်အားကို သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ကျောက်ဖုန်းနဲ့ ကျုပ်မှာရှိတဲ့ စစ်အင်အား အရမ်းများတယ်လို့ ခင်​ဗျား ပြောခဲ့တယ်မဟုတ်လား။ ခင်​ဗျားမကြာခင် သိလာပါလိမ့်မယ်။ "

ဝမ်ကျန့်က ဝမ်ဝမ်ကို ဂရုမစိုက်ဘဲ အေးစက်စွာ ရယ်မောပြီး ထွက်ခွာသွားသည်။ ထိုစကားများက ဝမ်ကျန့်က ဝမ်ဝမ်ကို တမင်ဆွပေးနေသည်မှာ ထင်ရှားသည်။ သို့သော် ထိုစကားများကို ကြားပြီးနောက် ဝမ်ဝမ်က ကောင်းကောင်းအိပ်ပျော်တော့မည်မဟုတ်ပေ။ ဝမ်ကျန့်နှင့် ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်အင်အား တစ်ဝက်ကျော်ကို ထိန်းချုပ်ထားပြီး သူတို့သာ အမှန်တကယ် ပုန်ကန်လျှင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်လေသည်။

" ဝမ်ကျန့် သူ ပြောင်းလဲသွားပြီ။ " ဝမ်ဝမ်၏ မျက်နှာက ဖြူဖျော့သွားသည်။ အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီကို သူသိလိုက်သည်။

" ဝမ်ကျန့်က ဘာပြောလိုက်တာလဲ။ " ဟွိုက်ကျွမ်းက ဝမ်ဝမ်ဆီသို့ ချဉ်းကပ်ပြီး မေးလိုက်သည်။

ဝမ်ဝမ်က မျက်နှာမကောင်းပေ။ သူက ဟွိုက်ကျွမ်းကို အချက်ပြပြီး ခန်းမအပြင်ဘက်သို့ ဦးတည်သွားသည်။ ဟွိုက်ကျွမ်း၏ အမူအရာက ပြောင်းလဲသွားပြီး အရေးကြီးသောကိစ္စ ဖြစ်ပျက်ခဲ့သည်ကို သူနားလည်လိုက်သည်။

" စစ်ဘက်နဲ့ အရပ်ဘက်အရာရှိတွေကြား ပဋိပက္ခက ဘယ်လိုမှ ကောင်းတဲ့အရာမဟုတ်ဘူး။ ဝန်ကြီးချုပ်ဝမ်က အိမ်ရှေ့စံကို ကိုယ်စားပြုတယ်။ အခု စစ်သေနာပတိချုပ်ဝမ်က ဝန်ကြီးချုပ်ဝမ်ကို ဆန့်ကျင်နေတာဆိုတော့ အိမ်ရှေ့စံနဲ့ ဆန့်ကျင်တာပဲ မဟုတ်လား။ အနာဂတ်ညီလာခံအတွင်းမှာ အင်အားစုတွေက အကြီးအကျယ် ပြောင်းလဲသွားတော့မှာလဲ။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters