အခန်း ၃၅၇
Vol. 36 Ch. 357
အခန်း (၃၅၇)
" အဘိုး အဘိုးပြန်လာတာ ဘာလို့နောက်ကျနေတာလဲ။ ကျွန်တော်တို့ အဘိုးကို စောင့်နေတာကြာပြီ။ "
ရင်ကျန့်က ခန်းမဲသို့ ဝင်ရောက်လာသည်နှင့် ကျောက်ချီက အနည်းငယ် မကျေနပ်စွာဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ရင်ကျန့်က ပြုံးလိုက်သည်။ သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် ကျောက်ကောင်းနှင့် အစေခံများက ထွက်ခွာသွားကြသည်။
"လာပါဦး။ အဘိုး မင်းတို့ကို မတွေ့ရတာ အတော်ကြာသွားပြီ။ " ရင်ကျန့်က ထိုင်ပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ည်။
ကျောက်ချီနှင့် ကျောက်လင်းတို့က ရင်ကျန့်ဆီသို့ ခုန်ဝင်လာကြသည်။ ထိုကလေးနှစ်ယောက်က ရှန်းယန်သို့ ယခုမှ ပြန်ရောက်ခြင်းဖြစ်သည်။
" ဘယ်လောက်တောင်ကြာသွားပြီလဲ။ ငါ့မြေးနှစ်ယောက်က ပိုတောင်ကြီးလာပြီပဲ။ " ရင်ကျန့်က ကလေးနှစ်ယောက်ကို ပွေ့ပြီး ပြုံးလိုက်သည်။
" ရှချူးမှာ အသားတွေ အများကြီးစားခဲ့ရတယ်။ ကျွန်တော်တို့ ဝံပုလွေသားတောင် စားခဲ့ရတယ်။ " ကျောက်ချီက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
" မင်းတို့အဖေက မင်းတို့ကို အမဲလိုက်ခေါ်သွားတာလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဟုတ်တယ်။ " ကျောက်ချီနှင့် ကျောက်လင်းတို့က ခေါင်းညိမ့်လိုက်ကြသည်။
" အဖေက တကယ်သန်မာတယ်။ နတ်ဘုရားတစ်ပါးလိုပဲ။ လက်သီးတစ်ချက်နဲ့ ဝံပုလွေအုပ်လိုက် သေသွားတယ်။ " ကျောက်ချီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ဟုတ်တယ်။ သမီးလည်း မြင်လိုက်တယ်။ " ကျောက်လင်းကလည်း ထောက်ခံလိုက်သည်။
" မင်းတို့အဖေက တကယ်စွမ်းတာပဲ။ နောက်တစ်ခါကျရင် အဘိုးကို ပြခိုင်းရမယ်။ " ရင်ကျန့်က သူတို့၏ စကားကို မယုံသည်မှာ ထင်ရှားသည်။
" နောက်တစ်ခါကျရင် အဘိုးကို သေချာပေါက်ပြမယ်။ " ကျောက်ချီက ပြောလိုက်သည်။
" ဟားဟား..." ရင်ကျန့်က ရယ်မောပြီး ထိုင်လိုက်သည်။
" မင်းတို့ အဘိုးကို လွမ်းရဲ့လား။ "
" လွမ်းတာပေါ့။ " ကလေးနှစ်ယောက်က ပြန်ဖြေလိုက်သည်။
" အဘိုးကို လွမ်းတယ်ဆိုတော့ မင်းတို့ကို မြင်းစီးခေါ်သွားရင် ကောင်းမလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ကောင်းတာပေါ့။ အဘိုးက အကောင်းဆုံးပဲ။ " ကလေးနှစ်ယောက်က ပျော်ရွှင်စွာ ပြောလိုက်ကြသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သွမ်လောက ရောက်လာပြီး ပြောလိုက်သည်။
" ပြော " ရင်ကျန့်က ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ စတုတ္ထဇနီးရဲ့ အမေကို ကယ်တင်ပြီးပါပြီ။ " သွမ်လောက အစီရင်ခံလိုက်သည်။
" ဘာ " ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားပြီး သွမ်လောကို မော့ကြည့်လိုက်သည်။
" ကျွန်တော်မျိုး ယန်နန်းတော်ကို လူလွှတ်လိုက်တဲ့အချိန်မှာ စတုတ္ထဇနီးရဲ့ အမေက သူမရဲ့ လူတွေနဲ့အတူ နန်းတော်က ကယ်ထုတ်ခံလိုက်ရပြီးပါပြီ။ " သွမ့လောက ရှင်းပြလိုက်သည်။ " သူတို့မရှိတဲ့နောက်မှာ ယန်ဘုရင်က ဒေါသထွက်ပြီး အဲ့ဒီနန်းဆောင်က အစေခံအားလုံးကို သတ်ပစ်လိုက်ပါတယ်။ "
" ယန်နန်းတော်ကနေ လူအချို့ ကယ်ထုတ်ဖို့ဆိုတာ ဟေးပင်းထိုင်တောင် အောင်မြင်ဖို့ သေချာစီစဉ်ရလိမ့်မယ်။ ကျောက်ဖုန်းက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က လျို့ဝှက်အဖွဲ့တစ်ဖွဲ့ကို လေ့ကျင့်ထားတယ်လို့ ကျွန်တော်မျိုး သံသယရှိပါတယ်။ ပြီးတော့ အဲ့ဒါက အင်မော်တယ်ဝိုင်ခန်းမ..." သွမ်လောက စိုးရိမ်စွာဖြင့် ဆက်မပြောတော့ပေ။
" မင်းဆိုလိုတာက အင်မော်တယ်ဝိုင်ခန်းမရဲ့ နောက်ကွယ်ကလူက ကျောက်ဖုန်းလား။ " ရင်ကျန့်က သွမ်လော၏ စကားအဓိပ္ပါယ်ကို နားလည်လိုက်သည်။
" ဟေးပင်းထိုင်က လူတွေ ကျိမြို့မှာ ရှိပေမယ့် စတုတ္ထဇနီးရဲ့ အမေကို ကယ်တင်တဲ့အချိန်မှာ ကျွန်တော်မျိုးတို့ ဟေးပင်းထိုင်က လူတွေတောင် မသိလိုက်ရပါဘူး။ ချင်နိုင်ငံမှာ ဟေးပင်းထိုင်နဲ့ ယှဉ်နိုင်တဲ့ အဖွဲ့ပစည်း မရှိသလောက်ပါပဲ။ ဒါပေမယ့် ဟေးပင်းထိုင်ကို အသားစီးရနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့က အင်မော်တယ်ဝိုင်ခန်းမပါ။ ဒါကြောင့် ကျွန်တော်မျိုးက အဲ့ဒီလို သံသယဝင်မိတာပါ။ " သွမ်လောက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျောက်ဖုန်းက အင်မော်တယ်ဝိုင်ခန်းမရဲ့ နောက်ကွယ်မှာ တကယ်ရှိနေတာလား။ " ရင်ကျန့်က အံ့အားသင့်သွားသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက အင်မော်တယ်ဝိုင်ခန်းမကို သေချာစစ်ဆေးကြည့်ခဲ့ပါတယ်။ အင်မော်တယ်ဝိုင်းခန်းမက ဝေမြို့မှာ စတင်ထွက်ပေါ်လာတာပါ။ အဲ့ဒီအချိန်တုန်းက သူတို့ပိုင်ရှင်ကလည်း ဝေမြို့မှာ ရှိနေမှာပဲ။ " သွမ်လောက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သူက ရင်ကျန့်ကို စိုးရိမ်စွာ ကြည့်နေဆဲ ဖြစ်သည်။
ဟေးပင်းထိုင်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက ချင်ဘုရင်၏ တိုက်ရိုက်ခန့်အပ်ခြင်း ခံထားရသူဖြစ်ပြီး သူ၏ အာဏာအားလုံးက ချင်ဘုရင်ထံမှ လာခြင်းဖြစ်သည်။ ချင်ဘုရင်က နန်းတော်ထဲတွင် နေပြီး ဟေးပင်းထိုင်က သူ၏ မျက်စိနှင့်နားများ ဖြစ်ကြသည်။
သွမ်လောက ကျောက်ဖုန်း၏ အထောက်အထားကို သိရှိထားသော်လည်း အင်မော်တယ်ဝိုင်ခန်းမနှင့် ပက်သက်လျှင် ရင်ကျန့်ကို အစီရင်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
" အင်မော်တယ်ဝိုင်ခန်းမ ပြီးတော့ အဲ့ဒီလျို့ဝှက်အဖွဲ့က ကျောက်ဖုန်းတည်ထောင်ခဲ့တာလား။ " ရင်ကျန့်က အတွေးနက်နေပြီး ၎င်းကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
" သူ ဒါကို ဘယ်လိုတည်ထောင်ခဲ့တာလဲ ငါတကယ်သိချင်မိတယ်။ အင်မော်တယ်ဝိုင်ခန်းမကို တည်ထောင်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ ဒါပေမယ့် သူက ငါ့ရဲ့ ဟေးပင်းထိုင်ထက် ပိုသန်မာတဲ့ အဖွဲ့တစ်ခုကို လေ့ကျင့်ပေးထားနိုင်တာလား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
သွမ်လောက စိတ်ထဲမှ ထိတ်လန့်သွားသည်။ " အရှင်မင်းကြီးက ဒေါသမထွက်ဘူး။ အကြီးဆုံးသားတော်ရဲ့ အထောက်အထားကို မဖော်ပြရသေးတာတောင် အရှင်မင်းကြီးက အိမ်ရှေ့သံမငသားကို တကယ်မျှော်လင့်ထားတဲ့ပုံပဲ။ "
သူက ရင်ကျန့်၏ ဘေးတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူဖြစ်သဖြင့် ရင်ကျန့်က မည်မျှအာဏာရှင်ဆန်ပြီး ဩဇာကြီးမားသည်ကို သူနားလည်ထားသည်။ အကယ်၍ အခြားသူများဆိုလျှင် အင်မော်တယ်ဝိုင်ခန်းမက ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ အင်မော်တယ်ဝိုင်ခန်းမက ငွေအလွန်ရသောကြောင့်မဟုတ်ဘဲ ဟေးပင်ထိုင်ထက် ပိုသန်မာသော အဖွဲ့အစည်း ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ရင်ကျန့်၏ အပြုံးက သူ စိုးရိမ်မနေသည်မှာ ထင်ရှားနေသည်။
" ဟေးပင်းထိုင်ရှိခဲ့တာ နှစ်ပေါင်းရာချီကြာပြီ။ ဒါပေမယ့် တိုက်ခိုက်ရေးစွမ်းအားက နှစ်အနည်းငယ်အတွင်းမှာ တည်ထောင်ထားတဲ့ အင်မားစုတစ်ခုနဲ့တောင် မယှဉ်နိုင်ဘူး။ သွမ်လော မင်းငါ့ကို ပြောစရာမရှိတော့ဘူးလား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ " သွမ်လောက ဦးညွှတ်လိုက်သည်။ ထိုကိစ္စနှင့် ပက်သက်၍ သူက ပြောစရာမရှိပေ။
" အင်မော်တယ်ဝိုင်ခန်းမကို ဆက်ပြီး စစ်ဆေးနေသေးလား။ " ရင်ကျန့်က မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ အင်မော်တယ်ဝိုင်ခန်းမကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အစက လှုပ်ရှားမှုနည်းနည်းရှိရင် ဟေးပင်းထိုင်က နောက်တစ်ကြိမ် လှုပ်ရှားဖို့ ပြင်ဆင်ထားတာပါ။ " သွမ်လောက ပြန်ဖြေလိုက်သည်။
"မလိုတော့ဘူး။ ဟေးပင်းထိုင်ကလူတွေ အကုန်ရုတ်သိမ်းလိုက်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့က အင်မော်တယ်ဝိုင်ခန်းမဟာ မင်းသားပိုင်တာလို့ပဲ သံသယရှိသေးတာပါ။ မသေချာသေးပါဘူး။ တကယ်လို့ ဟေးပင်းထိုင်က ရုတ်သိမ်းလိုက်လို့ သူတို့က လှုပ်ရှားလာရင် ချင်နိုင်ငံက အလစ်ငိုက်မိပြီး အန္တရာယ်ရှိနိုင်ပါတယ်။ " သွမ်လော၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ပြောလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက တကယ်ပဲ ချင်နိုင်ငံအပေါ် ဆန့်ကျင်ဖို့ ရည်ရွယ်ထားရင် ဟေးပင်းထိုင် လှုပ်ရှားတဲ့အချိန်မှာ သူတို့က ဒီလောက်သည်းခံနေမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့က ဟေးပင်းထိုင် တိုက်ခိုက်တာကို ခံရပြီးတာတောင် ဘာမှမတုန့်ပြန်ဘဲ နေခဲ့တယ်။ အဲ့ဒါကြောင့် သူတို့က ချင်နိုင်ငံအပေါ် ရန်လိုစိတ်မရှိဘူးဆိုတာ ကောက်ချက်ချနိုင်တယ်။ အတိတ်တုန်းက ဒီအချက်ကို သိပ်နားမလည်ပေမယ့် ဒီနေ့တော့ အရာအားလုံး နားလည်သွားပြီ။ " ရင်ကျန့်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " သွမ်လောက ဦးညွှတ်ပြီး ဆက်မပြောတော့ပေ။
" မင်းသွားလို့ရပြီ။ ချီ၊ ချူနဲ့ ယန်တို့ကို အနီးကပ်စောင့်ကြည့်ထားပါ။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ဖုန်းအာ မင်းက လျို့ဝှက်ချက်အများကြီး ဖုံးကွယ်ထားတာပဲ။ အင်မော်တယ်ဝိုင်ခန်းမကို တည်ထောင်ပြီး အဲ့ဒီကရတဲ့ငွေနဲ့ လျို့ဝှက်အဖွဲ့ကို ထောက်ပံ့တာပေါ့။ ဒါက အလွယ်တကူ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ " ရင်ကျန့်က ပြုံးလိုက်သည်။
သူ၏ သားကို သူလုံလုံလောက်လောက် နားမလည်သေးသည်ကို သိလိုက်ရသည်။ ကျောက်ဖုန်းက ချင်နိုင်ငံထဲမှာပင် ထိုမျှကြီးမားသော အင်အားစုတစ်ခုအား တည်ထောင်ခဲ့သည်ကို သူမသိခဲ့ပေ။
" အခုတော့ ရှချူးမှာ မင်းအမေကို တစ်ယောက်တည်းထားခဲ့ဖို့ ဘာလို့ယုံကြည်ချက်ရှိခဲ့လဲဆိုတာ ငါနားလည်သွားပြီ။ အဲ့ဒီနေရာမှာ လျို့ဝှက်အစောင့်တွေ အများကြီး ပုန်းအောင်းနေတာဖြစ်ရမယ်။ ပြီးတော့ ဟေးပင်းထိုင်ရဲ့ အဖွဲ့ဝင်တွေ မင်းရဲ့ ကိုယ်ရံတော်တွေထဲ မဝင်ရောက်နိုင်တာ မင်းမှာ ကိုယ်ပိုင်နည်းလမ်းတွေရှိနေတာပဲ။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
သူက ကျောက်ဖုန်းအပေါ်တွင် အမြဲတမ်း အကြွေးတင်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျောက်ဖုန်းက ထိုအင်အားစုကို တည်ထောင်ရခြင်း၏ အကြောင်းရင်းကိုလည်း ရင်ကျန့်က စဉ်းစားကြည့်နိုင်သည်။ ၎င်းက သူ၏ မိခင်နှင့် ညီမလေးကို ကာကွယ်ရန် ဖြစ်နိုင်သည်။
" ဖုန်းအာမှာ ကိုယ်ပိုင်အခြေခံအုတ်မြစ်ရှိတာ ကောင်းပါတယ်။ အနာဂတ်အတွက်လည်း ဒါက အကူအညီဖြစ်မှာပါ။ သူက ဒီလောက်သန်မာတဲ့ အင်အားစုကို ဘယ်လိုများတည်ထောင်ခဲ့တာလဲ။ " ရင်ကျန့်က သိလိုစိတ်ဖြစ်ပေါ်လာသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့