← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း (၃၅၈)

ကြင်ယာတော်ဟူ၏ နန်းဆောင်ထဲတွင်။

" အမေ ဒီနေ့နန်းတော်ထဲမှာ ဝမ်းသာစရာတစ်ခု ကြုံခဲ့ရတယ်။ ဝမ်ကျန့်နဲ့ ဝမ်ဝမ်တို့က လုံးဝ ဆန့်ကျင်ဘက်ဖြစ်သွားပြီ။ အခုအခြေအနေအရတော့ ဝမ်ကျန့်က ဖုစုကို အိမ်ရှေ့စံမင်းသားဖြစ်လာဖို့ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ ဝမ်ဝမ်က ကျောက်ဖုန်းကို ပစ်မှတ်ထားနေလို့ အနာဂတ်မှာ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က ဖုစုကို အိမ်ရှေ့စံတင်မြှောက်ဖို့ ခွင့်ပြုတော့မှာမဟုတ်ဘူး။ ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်နှစ်ယောက်က ဖုစုကို ဆန့်ကျင်နေပြီ။ ကောင်းကင်ဘုံးက သားတော်ကို ကူညီနေတာပဲ။ " ဟူဟိုက်က ပျော်ရွှင်စွာ ပြောလိုက်သည်။

" အနာဂတ်မှာ အိမ်ရှေ့စံမင်းသားနေရာက ငါ့သားအတွက်ပဲ ဖြစ်တော့မယ်ထင်တယ်။ " ကြင်ယာတော်ဟူကလည်း ပြုံး၍ ပြောလိုက်သည်။ "ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က စစ်အင်အားတစ်ဝက်ကျော်ကို ထိန်းချုပ်ထားကြတယ်။ သူတို့က သားတော်ကို မထောက်ခံရင်တောင် ဖုစုနဲ့ ဆန့်ကျင်နေသရွေ့တော့ အဓိပ္ပါယ်က အတူတူပဲ။ "

" တော်ဝင်ရထားလုံးမှူး ရောက်လာပါတယ်။ " ခန်းမအပြင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ကျောက်ကောင်းက လျင်မြန်စွာ လျှောက်ဝင်လာသည်။ ကျောက်ကောင်းရောက်လာသည်ကို မြင်သောအခါ ကြင်ယာတော်ဟူက ဟူဟိုက်ကို တစ်ချက်ကြည့်လိုက်သည်။

" ဆရာကို နှုတ်ဆက်ပါတယ်။ " ဟူဟိုက်က ချက်ချင်း နားလည်ပြီး ကျောက်ကောင်းကို ဦးညွှတ်လိုက်သည်။

" မင်းသား ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး။ " ကျောက်ကောင်းက ဟူဟိုက်ကို ထူပေးလိုက်သည်။

" ဆရာက ကျွန်တော်ရဲ့ ဆရာပါ။ ကျွန်တော်က လေးလေးစားစား ဆက်ဆံရမှာပါ။ " ဟူဟိုက်က ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျန်းထိုင်နန်းဆောင်ကို ပြန်သွားပြီ။ ဆရာကျောက်က ဘာလို့ဒီကိုရောက်လာတာလဲ။ " ကြင်ယာတော်ဟူက နားမလည်ဘဲ ပြောလိုက်သည်။

" ကျောက်ဖုန်းရဲ့ သားနဲ့သမီးတို့ ပြန်ရောက်လာပြီလေ။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါကြောင့်ကိုး။ " ကြင်ယာတော်ဟူက နားလည်သွားသည်။

ကျောက်ဖုန်း၏ သားနှင့်သမီးက ရင်ကျန့်၏ ဂရုစိုက်ခြင်းခံနေရသည်ကို နန်းတော်တစ်ခုလုံး သိထားကြသည်။ ကျောက်ကောင်းမှစ၍ နန်းတွင်းအစေခံများအထိ ထိုကလေးနှစ်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မရသည်ကို လူတိုင်းသိကြသည်။

" အရှင်မင်းကြီးက သူ့ရဲ့ သားသမီးတွေကိုတောင် ဒီလောက်မကြင်နာခဲ့ဘူး။ ဒါပေမယ့် ဝန်ကြီးတစ်ယောက်ရဲ့ကလေးတွေကိုတော့ ဒီလောက်အထိ အလေးပေးနေတာပဲ။ " ကြင်ယာတော်ဟူက နားမလ်နိုင်စွာဖြင့် ပြောလိုက်သည်။

" သခင်မက ဓားစာခံဆိုတဲ့ သဘောတရားကို နားမလည်ဘူးလား။ " ကျောက်ကောင်းက ပြုံး၍ပြောလိုက်သည်။

" မင်းဆိုလိုတာက ကျောက်ဖုန်းနဲ့ ဝမ်ကျန့်ကို ထိန်းချုပ်ဖို့ပေါ့။ " ကြင်ယာတော်ဟူက ချက်ချင်း နားလည်သွားသည်။

" မှန်တယ်။ " ကျောက်ကောင်းက ခေါင်းညိမ့်လိုက်သည်။ " အရှင်မင်းကြီးက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်သိပါတယ်။ သူက စိတ်ခံစားချက်ကို ထုတ်မပြဘူး။ ဒီကလေးနှစ်ယောက်က အရှင်မင်းကြီးရဲ့ အလေးပေးခြင်းခံနေရတာ မျှခြေတစ်ခုအတွက်ပဲ။ ကလေးနှစ်ယောက်က လက်ထဲမှာဆိုတော့ ကျောက်ဖုန်းက အပြင်မှာ ဘာပဲလုပ်လုပ် သတိထားနေရမှာပဲ။ "

" အင်း ဘုရင်အာဏာစက်က တကယ်ကျန်ပြန့်တာပဲ။ " ကြင်ယာတော်ဟူက ခေါင်းညိမ့်လိုက်သည်။

" မယ်တော် မျှခြေတစ်ခုကို ထိန်းဖို့ဆိုပေမယ့် ကျောက်ဖုန်းကတော့ ခမည်းတော်ရဲ့ မျက်နှာသာပေးမှုကို တကယ်ခံရသူပါ။ အခု ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က ဖုစုနဲ့ ဆန့်ကျင်နေပြီမလို့ ဒါက သတင်းကောင်းပဲ။ " ဟူဟိုက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" မင်းသားလေး အခွင့်အရေးက ရောက်လာပါပြီ။ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းကို ပုံမှန်အတိုင်း စည်းရုံးလို့မရပေမယ့် သူတို့ရဲ့ မိသားစုနှစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုကို အာမခံမယ့် ကတိကို ပေးလို့ရပါတယ်။ " ကျောက်ကောင်းက လေးနက်စွာ ပြောလိုက်သည်။

" ကတိတစ်ခုက ဘယ်လိုလုပ်လုံလောက်မှာလဲ။ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းက ပါးနပ်တဲ့သူတွေဖြစ်လို့ ကတိတစ်ခုကို ယုံကြည်မှာိဟုတ်ဘူး။ " ကြင်ယာတော်ဟူက ပြောလိုက်သည်။

" ဒါကြောင့် သူတို့ယုံကြည်အောင် နည်းလမ်းရှာရမှာပေါ့။ ဒီနည်းနဲ့ပဲ သူတို့က မင်းသားဘက်ကို အပြည့်အဝ ရပ်တည်ကြလိမ့်မယ်။ " ကျောက်ကောင်းက ပြောလိုက်သည်။

" ဆရာကျောက်က ဟိုက်အာရဲ့ ဆရာပဲ။ အရာအားလုံးကို ဆရာကျောက်ရဲ့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့။ " ကြင်ယာတော်ဟူက ပြောလိုက်သည်။

ဖုစု၏ စံအိမ်တွင်။

" ဝန်ကြီးချုပ်ဝမ် ဒီနေ့ ဝမ်ကျန့်က ဘာပြောလိုက်လို့ ခင်ဗျား မျက်နှာပျက်သွားတာလဲ။ " ဟွိုက်ကျွမ်းက မေးလိုက်သည်။

" အနာဂတ်မှာ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့ အမှားတစ်ခုခုလုပ်တာနဲ့ သူတို့ကို ချက်ချင်း အပြစ်တင်စွပ်စွဲရမယ်။ အခုကစပြီး ငါတို့ ရှင်သန်ဖို့အတွက် ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့ကို တိုက်ခိုက်ရလိမ့်မယ်။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်းက တုန်လှုပ်သွားကြသည်။

" ဝန်ကြီးချုပ်ဝမ် ဒီလောက်ထိ ဖြစ်သွားပြီလား။ ဝမ်ကျန့်က ဝန်ကြီးချုပ်ဝမ်ကို စစ်ကြေညာလိုက်ပြီလား။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။

" မဖြစ်မနေမလို့ ငါက ဒီလိုပြောတာပေါ့။ ကျောက်ဖုန်း ငါတို့ကို ဆန့်ကျင်တာက အရှင်သားကို ဆန့်ကျင်တာပဲ။ သူသာ စစ်ဦးစီးချုပ်ဖြစ်လာရင် ငါတို့အတွက် လုံးဝ မကောင်းနိုင်ဘူး။ ငါက အဲ့ဒါကို တားဆီးခဲ့တယ်။ အဲ့ဒါကြောင့် ဝမ်ကျန့် ဒေါသထွက်တာ မဆန်းပါဘူး။ " ဝမ်ဝမ်က ပြောလိုက်သည်။

" သူက တကယ်ပဲ ဘာပြောခဲ့တာလဲ။ " ဖုစုက သိလိုစိတ်ဖြင့် ပြောလိုက်သည်။

" ဝမ်ကျန့်က အရှင်သားနန်းတက်တာကို ခွင့်မပြုဘူးလို့ ပြောတယ်။ တကယ်လို့ အဲ့ဒီလိုသာဖြစ်လာခဲ့ရင် သူက ကျောက်ဖုန်းနဲ့အတူ စစ်ရေးရှုပ်ထွေးမှုဖြစ်အောင်လုပ်ဖို့ ဝန်မလေးဘူးတဲ့။ " ဝမ်ဝမ်က စိုးရိမ်တကြီး ပြောလိုက်သည်။

ဖုစုကို ထောက်ခံသူအားလုံးက မျက်နှာပျက်သွားကြသည်။

" မယုံနိုင်စရာပဲ။ ဝမ်ကျန့်က အဲ့လိုတောင် ပြောရဲတာလား။ စစ်ရေးရှုပ်ထွေးမှုဖြစ်အောင်လုပ်မယ်ဆိုတော့ သူက ပုန်ကန်ဖို့ ရည်ရွယ်ထားတာလား။ ဒီကိစ္စကို အရှင်မင်းကြီးဆီ အစီရင်ခံရမယ်။ " ချွန်းယွီယွဲ့က ဒေါသတကြီး ပြောလိုက်သည်။

" အစီရင်ခံမယ်ဟုတ်လား။ အဲ့ဒီစကတွေကို အရှင်မင်းကြီးက ယုံမယ်ထင်နေတာလား။ " ဝမ်ဝမ်က လှောင်ပြုံးပြုံးလိုက်သည်။

" ဝမ်ကျန့်ရဲ့ စကားတွေက ဝန်ကြီးချုပ်ဝမ်ကို ခြိမ်းခြောက်တာဆိုပေမယ့် အဲ့ဒီနေ့သာ တကယ်ရောက်လာရင် ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က ပုန်ကန်ကောင်း ပုန်ကန်လိမ့်မယ်။ ဒိဖြစ်နိုင်ခြေကို ငါတို့ လျစ်လျူရှုလို့မရဘူး။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ဘယ်လိုတားဆီးမှာလဲ။ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က အရှင်မင်းကြီး အလေးပေးခံထားရတဲ့သူတွေပဲ။ သူတို့ မပုန်ကန်သရွေ့ အရှင်မင်းကြီးက သူတို့ကို တစ်ခုခု လုပ်ပါ့မလား။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

" ဒါဆို ငါတို့ဘာလုပ်သင့်လဲ။ " ဟွိုက်ကျွမ်းက မေးလိုက်သည်။

" ဝမ်ကျန့်နဲ့ ကျောက်ဖုန်း ဥပဒေချိုးဖောက်တဲ့ အထောက်အထားတွေကို စုံစမ်းရမယ်။ တွေ့တာနဲ့ သူတို့ကို တစ်ခါတည်း ဖြုတ်ချရမယ်။ ပြီးတော့ ရှန်းယန်မြို့တဲ့ ဒေသအလိုက်ရှိတဲ့ စစ်အင်အားတွေကိုလည်း ထိန်းချုပ်ထားရမယ်။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

" ဝန်ကြီးချုပ်ဝမ် ကျုပ်တို့လူတွေက နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့နဲ့ ခရိုင်စစ်တပ်တွေမှာ ရှိပါတယ်။ အခြားအဓိကစစ်စခန်းတွေထဲကို ထည့်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ဘာပဲဖြစ်ဖြစ် စခန်းတွေးမှာက ရာထူးတိုးဖို့ဆိုရင် စစ်ရေးစွမ်းဆောင်မှုလိုအပ်တယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" အနာဂတ်မှာ စစ်အင်အားကို ရှန်းယန်ပတ်ဝန်းကျင်က ခရိုင်တပ်တွေမှာ ထားရမယ်။ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က ရှန်းယန်မှာ ရှိနေသရွေ့ သူတို့ကို ကြောက်စရာမလိုဘူး။ အဲ့ဒီနေ့သာ ရောက်လာခဲ့ရင် စစ်အင်အားကို ထိန်းချုပ်ပြီး ဝမ်ကျန့်နဲ့ ကျောက်ဖုန်းကိုကိုင်တွယ်ရမယ်။ " ဝမ်ဝမ်က အေးစက်စွာ ပြုံးလိုက်သည်။

" မင်းတို့လည်း မင်းသားကို ရွေးချယ်ပြီးပြီဆိုတော့ တုန့်ဆိုင်းမနေကြနဲ့။ မဟုတ်ရင် ငါက သည်းခံနေမှာမဟုတ်ဘူး။ " ဝမ်ဝမ်က ထိုနေရာတွင် ရှိသူများကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

ဝမ်စံအိမ်။

ဝမ်ကျန့်က အဓိကထိုင်ခုံတွင် ထိုင်နေပြီး အင်မော်တယ်ဝိုင်ခန်းမမှ ဝိုင်အကောင်းစားကို သောက်နေသည်။

" အဖေ " ဝမ်ပင်းက စိုးရိမ်သာ အမူအရာနှင့် ရောက်လာပြီး ဦးညွှတ်လိုက်သည်။

" ဘာဖြစ်တာလဲ။ ဘာလို့မျက်နှာက မသာမယာဖြစ်နေတာလဲ။ ဘယ်သူက မင်းကို စိတ်ညစ်အောင် လုပ်လိုက်တာလဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အဖေက ဘာမှမစိုးရိမ်ဘူးလား။ ဒီနေ့ နန်းတော်မှာ အဖေက ဝမ်ဝမ်နဲ့ လုံးဝဆန့်ကျင်သွားပြီလေ။ သူနဲ့ ဆန့်ကျင်တာက မင်းသားဖုစုကို ဆန့်ကျင်တာပဲ။ တကယ်လို့ တစ်နေ့မှာ မင်းသားဖုစုသာ နန်းတက်ခဲ့ရင် ကျွန်တော်တို့ ဝမ်မိသားစုက ပျက်စီးသွားလိမ့်မယ်။ " ဝမ်ပင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

ယနေ့ ညီလာခံမှ ဝမ်ကျန့်က ယခင်နှင့် လုံးဝမတူတော့ပေ။ ၎င်းက သူသင်ပြခဲ့သော သင်ခန်းစာများနှင့်လည်း ကွဲပြားနေသည်။ သူ၏ ဖခင်က တစ်စုံတစ်ခုမှားယွင်းနေသည်ဟုပင် ဝမ်ပင်းက ခံစားနေရသည်။

" ဒီနေ့တကယ်အားရတယ်။ အဲ့ဒီလူအိုကြီးဝမ်က ငါနဲ့ကျောက်ဖုန်းကို ရွှံ့နဲ့ လုပ်ထားတယ်ထင်နေတာလား။ သူက ဒီလောက်ရန်လိုနေမှတော့ ငါက သူကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ " ဝမ်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။

" အဖေက မစိုးရိမ်ဘူးလား။ ဒါက အဖေ တစ်ချိန်က ကျွန်တော်ကို သင်ပေးခဲ့တာနဲ့ လုံးဝ ဆန့်ကျင်နေတာပဲ။ " ဝမ်ပင်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

" ပင်းအာ အခုက အရင်ကနဲ့ မတူတော့ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလ်ုက်သည်။

" ဘာလို့လဲ။ " ဝမ်ပင်းက နားမလည်ပေ။

" အဲ့ဒါ ကျောက်..." ဝမ်ကျန့်က ရုတ်တရက် ပြောမိမလိုဖြစ်သွားသည်။

" အဖေက ကျွန်တော်ကိုတောင် လျို့ဝှက်ချက်တွေထားနေတာလား။ ကျွန်တော်က အဖေ့သားပါ။ အပြင်လူမဟုတ်ပါဘူး။ " ဝမ်ပင်းက သူ၏ ဖခင်တွင် လျို့ဝှက်ချက်ရှိနေသည်ကို နားလည်လိုက်သည်။

" မင်း ဘယ်သူမှပြန်မပြောဖို့ ငါ့ကို ကတိပေးရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလုက်သည်။

" စိတ်ချပါ အဖေ။ " ဝမ်ပင်းက ဝမ်ကျန့်၏ လေးနက်သော အမူအရာကို ကြည့်ပြီး ပြန်ပြောလိုက်သည်။

" မင်းနဲ့ငါက သားအဖတွေပဲ။ သာမန်လူဆိုရင်တော့ ဒါကို တကယ်ပဲ ပြောပြလို့မရဘူး။ ဒါပေမယ့် နန်းတော်ထဲက အခြေအနေကို ကြည့်ရင် ငါတို့က မင်းရဲ့ ယောက်ဖအတွက် ငါတို့ ဝမ်မိသားစုအနေနဲ့ တစ်ခုခုလုပ်ပေးဖို့ လိုတယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" မင်းရဲ့ ယောက်ဖ ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ သားတော်ပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters