← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း (၃၅၉)

" မင်းရဲ့ ယောက်ဖ ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ သားတော်ပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

ဝမ်ပင်း၏ အမူအရာက ထူးဆန်းသွားပြီး သူ၏ ဖခင်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

" အဖေ အိပ်မက်မက်နေတာလား။ ဖျားနေတာလား။ သမားတော်ရှလည်း ပြန်ရောက်နေပြီဆိုတော့ အဖေ သွားပြီး စစ်ဆေးလိုက်ပါလား။ " ဝမ်ပင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

" ခွေးကောင်လေး ငါ့ကို ရူးသွားပြီထင်နေတာလား။ " ဝမ်ကျန့်က ဒေါသထွက်သွားသည်။

" အဖေ မရူးပါဘူး။ ဒါပေမယ့် ဘာတွေလျှောက်ပြောနေတာလဲ။ ယောက်ဖရဲ့ မူလဇစ်မြစ်ကို မသိတာလား။ သူက ရှချူးမှာ မွေး​တာ ရှန်းယန်မှာမဟုတ်ဘူးလေ။ အဲ့ဒါကို ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နိုင်မှာလဲ။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်သည်။

ဝမ်ကျန့်က ဘာမှမပြောဘဲ ဝမ်ပင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ဝမ်ကျန့်၏ အကြည့်အောက်တွင် ဝမ်ပင်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

" အဖေ အဖေတကယ်ပြောနေတာလား။ " ဝမ်ပင်း၏ အမူအရာ​က လေးနက်သွားသည်။

" ငါက မင်းကို စနောက်ဖို့ အရှင်မင်းကြီးရဲ့ သားတော်အကြောင်းတွေ လျှောက်ပြောနေရမှာလား။ " ဝမ်ကျန့်က ဆူပူလိုက်သည်။

" ဒါက မဖြစ်နိုင်ဘူးမဟုတ်လား။ ယောက်ဖက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေတာလဲ။ " ဝမ်ပင်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကျောက်နိုင်ငံကနေ အရှင်မင်ကြီးနဲ့ အတူပါလာတဲ့ မိန်းကလေးကို မေ့သွားပြီလား။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ​ဗျာ " ဝမ်ပင်းက အံ့အားသင့်သွားသည်။ " သူမက သေသွားပြီမဟုတ်လား။ အရင်နန်းတွင်းမှာ သွေးချောင်းစီးတုန်းကလေ။ " ဝမ်ပင်းက လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒီမိန်းကလေးက မသေဘူး။ သူမက ကျောက်ဖုန်းတို့မောင်နှမတွေကို မွေးပေးခဲ့တယ်။ သူတို့က အရှင်မင်းကြီးရဲ့ သွေးသားတွေပဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဖေ ကျွန်တော်မယုံတာမဟုတ်ပါဘူး။ ဒါကြီးက အရမ်းတိုက်ဆိုင်လွန်းမနေဘူးလား။ အဖေ ဘယ်လိုလုပ်သိတာလဲ။ " ဝမ်ပင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီးကိုယ်တိုင်ပြောတာလား။ ဒါဆိုအမှန်ပေါ့။ ယောက်ဖက အကြီးဆုံးသားတော်ပေါ့။ ဒါဆို သူက အိမ်ရှေ့စံဖြစ်လာဖို့ အခွင့်အရေးရှိတာပေါ့။ " ဝမ်ပင်းက စိတ်လှုပ်ရှားသွားသည်။

" အခွင့်အရေးရှိရုံတင်မဟုတ်ဘူး။ အရှင်မင်းကြီးက သူ့ကို အိမ်ရှေ့စံခန့်အပ်ဖို့ ရည်ရွယ်ထားတယ်။ အရှင်မင်းကြီးက ဒီအကြောင်းကို ပထမဆုံး ပြောတုန်းက ငါ အတော်လေး အံ့ဩသွားခဲ့တယ်။ " ဝမ်ကျန့်က ကျန်းထိုင်နန်းဆောင်မှ ထွက်လာသော သူ၏ ပုံစံကို တွေးပြီး ပြောလိုက်သည်။

" ယောက်ဖက အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေတာ တကယ် မယုံနိုင်စရာပဲ။ ဘယ်သူမှလည်း ဒီလိုတွေးမိမှာမဟကန်ဘူး။ ဒါကြောင့် ဒီနေ့ အဖေက ဝမ်ဝမ်ကို တိုက်ရိုက်ဆန့်ကျင်ခဲ့တာကိုး။ အားလုံးက ယောက်ဖအတွက်ပဲပေါ့။ " ဝမ်ပင်းက ပြောလိုက်သည်။

" ဟုတ်တယ်။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။ " ဒီနေ့ နန်းတော်မှာ ဝမ်ဝမ်နဲ့ ဆန့်ကျင်လိုက်တာက ဝမ်ဝမ်က အလွန်အကျွံလုပ်နေလို့ပဲ။ ငါတို့သာ ဆက်ပြီး သည်းခံနေရင် ငါတို့ ဝမ်မိသားစုက တကယ် အနိုင်ကျင့်လို့ရတယ်လို့ သူတို့ ထင်ကြလိမ့်မယ်။ ပြီးတော့ ဝန်ကြီးတော်တော်များများလည်း ငါ့ရဲ့ ရပ်တည်ချက်ကို မြင်သွားကြပြီ။ ဒါက ဖုစုအပေါ်လည်း သက်ရာက်မှုရှိလိမ့်မယ်။ "

" ဒီရက်ပိုင်း ငါနားလည်လာတယ်။ အရှင်မင်းကြီးက ငါ့ကို ကျောက်ဖုန်းရဲ့ အ​ထောက်အထား ပြောပြတာက စိတ်ချဖို့တင်မဟုတ်ဘဲ ငါတို့ကို ကျောက်ဖုန်းကို ကူညီခိုင်းတာလည်း ဖြစ်နိုင်တယ်။ ကျောက်ဖုန်းက သူ့ရဲ့ အထောက်အထားကို မသိသေးဘူး။ အရှင်မင်းကြီးက ကျောက်ဖုန်းအတွက် လမ်းခင်းပေးချင်ပေမယ့် ချင်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် ကမ္ဘာကြီးမစည်းလုံးခင် ကျောက်ဖုန်းရဲ့ အထောက်အထားကို ထုတ်ဖော်မှာမဟုတ်ဘူး။ "

" ကျောက်ဖုန်းရဲ့ အထောက်အထားကို ကြေညာပြီးရင် ကျောက်ဖုန်းဘက်မှာ လူတွေရှိနေရမယ်။ စစ်တပ်မှာတင်မဟုတ်ဘဲ ညီလာခံမှာလည်း ရှိရမယ်။ ဒါကြောင့် ငါက ကျောက်ဖုန်းအတွက် လူအချို့ ရွေးချယ်ချင်တယ်။ အဲ့ဒီရာထူးကို ရယူဖို့ ကိုယ်ပိုင်သစ္စာရှိတဲ့လူတွေ လိုအပ်တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အဖေက ယောက်ဖကို အထင်သေးနေတာပဲ။ သူ့ရဲ့ မိတ်ဆွေ ဟန်ဖေးက ဝန်ကြီးကိုးပါးထဲက တစ်ယောက်ပဲ။ ပြီးတော့ လီစီလည်း ရှိသေးတယ်။ သူက မင်းသားဖုစုကို ဆန့်ကျင်နေတာပဲ။ ပြီးတော့ သူ့သား လီယောင်ကလည်း ယောက်ဖရဲ့ လက်အောက်က စစ်သူကြီးပဲ။ ယောက်ဖရဲ့ အထောက်အထားပေါ်လာရင် လီစီကလည်း သူ့ဘက်က သေချာပေါက် ရပ်တည်မှာပဲ။ "

" ပြီးတော့ အရှင်မင်းကြီး အရမ်းယုံကြည်တဲ့ ယွီလျောင်လည်း ရှိပါသေးတယ်။ သူက ကွေ့ကုကျိရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဉာဏ်ပညာက သာမန်လူတွေ မမီနိုင်တဲ့ အဆင့်မှာရှိတယ်။ သူက တစ်ယောက်တည်းနေပြီး ဘယ်အဖွဲ့အစည်းနဲ့မှ မပူးပေါင်းပေမယ့် ယောက်ဖအပေါ် သူ့ရဲ့ အမြင်က ကွဲပြားပြီး ညီလာခံမှာလည်း ဒါကို မြင်နိုင်တယ်။ "ဝမ်ပင်းက ညီလာခံမှ အခြေအနေကို ရှင်းလင်းစွာ ခွဲခြားမြင်နိုင်သည်။

" မင်းက တကယ်ကို ပါးနပ်တာပဲ။ " ဝမ်ကျန့်က ဝမ်ပင်းကို ချီးကျူးလိုက်သည်။

" အဖေ ဝန်ကြီးတွေရဲ့ စကားတွေက အရှင်မင်းကြီးအပေါ် သက်ရောက်မှုရှိပေမယ့် နောက်ဆုံးမှာ အိမ်ရှေ့စံမင်းသားနေရာကို အ​ရှင်မင်ကြီးပဲ ဆုံးဖြတ်မှာပဲ။ ကမ္ဘာကြီး ပေါင်းစည်းပြီးတာနဲ့ သူတို့ဘယ်လောက်ပဲရှုပ်ထွေးအောင်လုပ်လုပ် အရှင်မင်းကြီးက အမိန့်ချလိုက်ရင် အားလုံးကို စစ်တပ်နဲ့ နှိမ်နင်းလို့ရတာပဲ။ ဒါဆိုရင်တော့..." ဝမ်ပင်းက လေးနက်စွာ ပြောလိုက်သည်။

" ဒါဆို အရှင်မင်းကြီးက မင်းရဲ့ ယောက်ဖကို အိမ်ရှေ့စံအဖြစ် တကယ်တင်မြှောင်ဖို့ ရည်ရွယ်ထားတာလားဆိုတာ သိချင်တာပေါ့။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" ဟုတ်ပါတယ်။ " ဝမ်ပင်းက ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီးနဲ့ စကားပြောတဲ့ နေ့က သူက ကျောက်ဖုန်းအပေါ် ထားတဲ့ မျှော်လင့်ချက်တွေက အခြားမင်းသားတွေထက် သာလွန်နေတယ်။ အရှင်မင်းကြီးရဲ့ သားတော်တွေထဲမှာ ဘယ်သူက ကျောက်ဖုန်းကို ကျော်နိုင်မှာလဲ။ " ဝမ်ပင်းက လေးနက်စွာ ပြောလိုက်သည်။

"ဒီကိစ္စကို ညီမလေးကို အသိပေးသင့်လား။ " ဝမ်ပင်းက မေးလိုက်သည်။

" မရဘူး။ " ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ " အရှင်မင်းကြီးပြောတာက ကမ္ဘာကြီးကို ပေါင်းစည်းပြီးတဲ့နေ့မှာ ကျောက်ဖုန်းအတွက် အံ့ဩစရာတစ်ခု ရှိလိမ့်မယ်။ ကျောက်ဖုန်းရဲ့ မိခင်အတွက်ဆိုရင် ပိုတောင်ရှိဦးမယ်။ ယန်အာသာသိသွားရင် သူမက ကျောက်ဖုန်းကို သေချာပေါက် ပြောပြလိမ့်မယ်။ အဲ့ဒါကြောင့် အရှင်မင်းကြီးရဲ့ အစီအစဉ်ပျက်သွားနိုင်တယ်။ ငါမင်းကို ပြောပြတာက ဘယ်မင်းသားကိုမဆို မထောက်ခံဖို့နဲ့ ငါတို့ဝမ်မိသားစုက အထူးအခွင့်အရေးရထားတာ သိစေချင်လို့ပဲ။ မင်းကြောင်းသာ ပျက်စီးသွားရင် ငါသည်းခံနေမှာမဟုတ်ဘူး။ "

" အဖေ ပြောထားတဲ့အတိုင်း ကျွန်တော်က အမြဲလိုက်နာပြီး အဖွဲ့အစည်းတွေကြားမှာ ဝင်မပါပါဘူး။ " ဝမ်ပင်းက ပြောလိုက်သည်။

" ကောင်းပြီ။ ဒီကိစ္စကို မင်းရဲ့ စိတ်ထဲမှာ မှတ်ထားပါ။ ဒီနေ့ ငါက ဝမ်ဝမ်ကို ဆန့်ကျင်ခဲ့တော့ သူက ငါတို့ ဝမ်မိသားစုကို ကိုင်တွယ်ဖို့ နည်းလမ်းရှာမှာပဲ။ တစ်ဖက်မှာလည်း စစ်အင်အားကို သတိထားနေလိမ့်မယ်။ လက်ရှိလန်ထျန်းစခန်းမှာ စစ်ပွဲမရှိဘူး။ ဝမ်ဝမ်ရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ပါ။ ရှန်းယန်ပတ်ဝန်းကျင်မှာ သူတို့နဲ့ ဆက်သွယ်နေတဲ့ ခရိုင်စစ်တပ်က ခေါင်းဆောင်တွေကို မှတ်ထားပါ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" စိတ်ချပါ အဖေ။ ကျွန်တော် ဒီကိစ္စကို သေချာပေါက် ကိုင်တွယ်လိုက်ပါမယ်။ ဝမ်ဝမ်ဆိုတဲ့ လူအိုကြီးနဲ့ ချွန်းယွီယွဲ့တို့ကတော့ အကျိုးဆက်တွေကို ခံရမှာပဲ။ " ဝမ်ပင်းက အေးစက်စွာ ပြောလိုက်သည်။

ယန်နိုင်ငံ၊ ယုယန်မြို့ရှေ့တွင် ချင်စစ်သည်နှစ်သိန်းကျော်စီတန်းထားပြီး အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ချင်စစ်တပ်က မလှုပ်ရှားသေးသော်လည်း ကြောက်စရာကောင်းသော ဖိအားတစ်ခုက မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည်။

" စစ်သေနာပတိချုပ် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ " တုဆွေက မြင်းစီးလာပြီး စစ်ရထားပေါ်မှ ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။

" မြားအားလုံးမှာ ရေးထားပြီးပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အတိအကျပဲ။ အားလုံးကို မြားတွေမှာ ချိတ်ဆွဲပြီးပါပြီ။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဒီနေ့တော့ အတောင်ပံပါတဲ့ မြားတွေက မရပ်မနား ပျံသန်းနေလိမ့်မယ်။ မနက်ဖြန်ကျရင်လည်း မြားတွေနဲ့ ထပ်ပြီး ဖိအားပေးတိုက်ခိုက်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " တုဆွေက ပြန်ပြောလိုက်သည်။

စစ်ခရာသံများ ထွက်ပေါ်လာပြီး လေးသည်တော်များက မြို့ရှေ့သို့ ချီတက်လာကြသည်။

ယုယန်မြို့ရိုးပေါ်တွင် ချင်ချင်း၏ အမူအရာက အလွန်လေးနက်နေသည်။

" ချင်စစ်တပ်က တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျောက်ဖုန်း ငါသူ့ကို တကယ်ပဲ ယှဉ်နိုင်ပါ့မလား။ "

ကျောက်ဖုန်း၏ နာမည်က တစ်ကမ္ဘာလုံး ကျော်ကြားနေသည်။ အထူးသဖြင့် နိုင်ငံအသီးသီးအတွက် ကျောက်ဖုန်း စစ်တပ်ကို ဦးဆောင်ခြင်းက အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ သူက စစ်တပ်ကို ဦးဆောင်ကတည်းက ဘယ်တော့မှ မရှုံးနိမ့်ဘူးပေ။ လျန်ပို၊ ဖန်ရွှမ်နှင့် ဝေဝူကျိ စသော စစ်သေနာပတိချုပ်များက ကျောက်ဖုန်း၏ လက်ချက်နှင့် သေဆုံးခဲ့ရသည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် ချင်ချင်းက သူ၏ စွမ်းဆောင်ရည်ကို ကောင်းကောင်းသိသည်။ ထို့ကြောင့် တိုက်ပွဲမစမီ သူက အနည်းငယ် စိုးရိမ်နေမိသည်။

" စစ်သေနာပတိချုပ် သတင်းရောက်လာပါပြီ။ ဒီတစ်ခါ ချင်က ဝူအန်းစခန်းကိုပဲ စေလွှတ်လိုက်တာပါ။ အခြားစခန်းတွေ မပါပါဘူး။ ကျွန်တော်တို့က သေချာပြင်ဆင်ထားတော့ သူတို့ကို ခုခံနိုင်ပါလိမ့်မယ်။ " စစ်သူကြီး ယွဲ့ချန်က ချင်ချင်းကို အစီရင်ခံလိုက်သည်။ ရာထူးအဖြင့် စစ်သေနာပတိချုပ်ဖြစ်သော်လည်း ယွဲ့ချန်က လက်နက်ချဖူးသောကြောင့် တစ်ဆင့်နိမ့်ထားခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters