← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀)

" ယုယန်မြို့မှာ စစ်သည်သုံးသိန်ရှိတယ်။ ချင်စစ်တပ်ကလည်း သုံးသိန်းလောက်ရှိတယ်။ ကျိ​မြို့က စစ်ကူတွေ ရောက်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ။ " ချင်ချင်းက မေးလိုက်သည်။

" အနည်းဆုံး လဝက်လောက်တော့ကြာလိမ့်မယ်။ " ယွဲ့ချန်က ပြန်ဖြေလိုက်သည်။

" လဝက် ယုယန်က တောင့်ခံနိုင်ပါ့မလား။ " ချင်ချင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" စစ်သေနာပတိချုပ် ချင်စစ်တပ်က မြားတွေနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်နေပါတယ်။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ထုံးစံအတိုင်းပဲ ချင်စစ်တပ်က မြို့သိမ်းတိုက်ပွဲမှာ မြားတွေနဲ့ အရင်ဆုံးပစ်ခတ်မှာပဲ။ မြားတွေကို ခုခံဖို့ အမိန့်ပေးလိုက်။ " ချင်ချင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ချင်စစ်တပ်က ပစ်လာသော မြားများကို ခုခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ မြားမိုးများက မြို့တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားမည်ဖြစ်သည်။

" သတ်ကြ။ " ကျောက်ဖုန်းက ဓားနှင့် ယုယန်မြို့ကို ညွှန်ပြပြီး ဟိန်းဟောက်လိုက်သည်။

" သတ် သတ် သတ် " စစ်သည်သုံးသိန်းက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

လေးသည်တော်များက လေးများကို မြောက်ပြီး မြို့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။ ယခင်တိုက်ပွဲများကဲ့သို့ပင် မြို့ထဲမှ ယန်စစ်သည်များက မြားမိုးများကို ကြောက်ရွံ့စွာ ရင်ဆိုင်နေကြသည်။ ထို့အပြင် မြားမိုးများက သေစေနိုင်ရုံသာမက မြားများတွင် အဝတ်စများကိုလည်း ချည်နှောင်ထားကြသည်။

" ချင်မြားတွေပေါ်မှာ အဝတ်စတွေ ချည်ထတယ်။ "

" မြန်မြန် ဘာရေးထားတာလဲ ကြည့်စမ်း။ "

"ယန်ဘုရင်က လုပ်ကြံသူတွေကို စေလွှတ်ခဲ့လို့ ချင်က ယန်ကို တိုက်ခိုက်တာတဲ့ ချင်မှာ တရားမျှတတဲ့ အကြောင်းပြချက်ရှိတယ်။ "

" ဒါဆို ကောလဟာလတွေက အမှန်ပဲပေါ့။ ငါတို့ ဘုရင်က ချင်ဘုရင်ကို လုပ်ကြံဖို့ လူတွေစေလွှတ်ခဲ့တာပေါ့။ "

" ချင်ရဲ့ အကြောင်းပြချက်က တရားတယ်။ ချီနဲ့ချူက စစ်ကူမပို့တော့ဘူး။ ငါတို့ယန်က ချင်ကို မယှဉ်နိုင်ဘူး။ "

အဝတ်စပေါ်မှ စာသား​များက စစ်သည်များကြား ပျံ့နှံ့သွားခဲ့သည်။

မြို့ရိုးပေါ်တွင်။

" စစ်သေနာပတိချုပ် ချင်စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေပါတယ်။ " တပ်မှူးတစ်ယောက် သွေးစွန်းနေသော အဝတ်စတစ်ခုကို ကိုင်ပြီး ချင်ချင်းဆီသို့ လျှောက်လာသည်။

ချင်ချင်းက အဝတ်စကို ယူလိုက်သည်။ အဝတ်စပေါ်တွင် ယန်ဘာသာစကားဖြင့် စာများ ရေးသားထားသည်။ "ယန်နိုင်ငံက သစ္စာဖောက်ပြီး ငါတို့ဘုရင်ကို လုပ်ကြံခဲ့တယ်။ ချင်စစ်တပ်က လက်စားချေဖို့ ရောက်လာပြီ။ အညံ့ခံရင် အသက်ချမ်းသာပေးမယ်။ ခုခံရင် အသတ်ခံရမယ်။ "

" ကျောက်ဖုန်း တော်တော်ကောင်းတဲ့ ​ဗျူဟာပဲ။ ဒီနည်းလမ်းနဲ့ ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်ကို နှောက်ယှက်နေတာပဲ။ " ချင်ချင်းက သက်ပြင်းချလိုက်သည်။

" စစ်သေနာပတိချုပ် ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ ချင်စစ်တပ်ရဲ့ ဒီ​ဗျူဟာကြောင့် ကျွန်တော်တို့ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ ကျဆင်းနေပြီ။ ချင်စစ်တပ်က တိုက်ခိုက်လာရင် ကျွန်တော်တို့ ခုခံဖို့ ခက်ခဲပါလိမ့်မယ်။ " တပ်မှူးတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ချင်မြားပေါ်က အဝတစတွေကို တွေ့ရင် ဘယ်သူမှ မဖတ်ရဘူး။ တွေ့တာနဲ့ ချက်ချင်း မီးရှို့ပစ်ရမယ်။ ဘယ်သူမဆို ပျံ့နှံ့အောင်လုပ်ရင် စစ်ဥပဒေအရ အရေးယူရမယ်။ " ချင်ချင်းက အေးစက်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " တပ်မှူးအားလုံးက ပြန်ပြာလိုက်သည်။

" သတင်းက ပျံ့သွားပြီ။ ဒါက ယာယီဖြေရှင်းချက်သက်သက်ပဲ။ " ယွဲ့ချန်က ပြောလိုက်သည်။

" ဆက်ပြီး ပျံ့နှံ့သွားရင် သက်ရောက်မှု ပိုကြီးလိမ့်မယ်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရမှာပေါ့။ စစ်ကူတွေ ရောက်လာရင်တော့ အခွင့်အရေး ရှိနိုင်ပါသေးတယ်။ " ချင်ချင်းက ပြောလိုက်ပြီးနောက် ယွဲ့ချန်ကို စိုက်ကြည့်လိုက်သည်။

" ယွဲ့ချန် မင်း ငါတို့ယန်နိုင်ငံအတွက် သေတဲ့အထိ အမှုထမ်းမလား။ "

" စစ်သေနာပတိချုပ်ချင် ဘာကိုဆိုလိုတာလဲ။ " ယွဲ့ချန်က ထိတ်လန့်သွားပြီး ပြန်မေးလိုက်သည်။

" အရင်တုန်က ကျောက်နိုင်ငံ ကျူးကျော်တုန်းက မင်းကျောက်ကို လက်နက်ချခဲ့တယ်။ ငါ ယုယန်ကို မလာခင်ကတည်ယက အရှင်မင်းကြီးက စိုးရိမ်မှုတွေ ရှိနေတယ်။ " ချင်ချင်းက အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ချင် စိတ်ချပါ။ ကျုပ်ယွဲ့ချန်က ယန်အတွက် သေတဲ့အထိ အမှုထမ်းမှာပါ။ " ယွဲ့ချန်က သူ၏ သဘောထားကို ထုတ်ပြောလိုက်သည်။

" ငါမင်းကို ယုံတာပေါ့။ " ချင်ချင်းက ပြုံးလိုက်သည်။ " ဒါပေမယ့် ယန်နိုင်ငံရဲ့ ရှင်သန်ရေးအတွက် မင်းဦးဆောင်တဲ့ စစ်သည်တစ်သိန်းကို ငါ့ကို လွှဲပြောင်းပေးရမယ်။ "

သူ၏ စကားဆုံးသည်နှင့် သူတို့နှစ်ယောက်လုံး၏ ကိုယ်ရံတော်များက အချင်းချင်း စောင့်ကြည့်လိုက်ကြသည်။ ယန်နိုင်ငံ၏ စစ်သေနာပတိချုပ်နှစ်ယောက်က အချိန်မရွေး တိုက်ခိုက်မည့်အခြေအနေသို့ ရောက်နေသည်။

" အရှင်မင်းကြီးက စစ်သေနာပတိချုပ်ချင်ကို စစ်တပ်တစ်ခုလုံး အမိန့်ပေးထားတဲ့အတွက် ကျုပ်က လိုက်နာရမှာပေါ့။ " ယွဲ့ချန်က ပြောလိုက်သည်။

" ဒါဆိုရင် ချင်စစ်တပ်ကို မောင်းထုတ်ပြီးတဲ့အခါ မင်းကို သေချာပေါက် ချီးကျူးမှာပါ။ " ချင်ချင်းက ပြောလိုက်သည်။

" ယန်ဘုရင် မင်းက ငါ့ကို မယုံသေးဘူးပေါ့။ အရင်တုန်းက ငါကျောက်ကို လက်နက်ချတယ်ဆိုတာ မင်းရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မလုံလောက်လို့ စစ်ကူတွေ လုံးဝရောက်မလာလို့ပဲ။ ငါသာ လက်နက်မချရင် စစ်သည်တစ်သိန်းလုံးကို ကျောက်စစ်တပ်က သတ်ပစ်မှာ။ ပြီးတော့ အခုမှ မင်းက ငါ့ကို အပြစ်တင်နေတာပဲ။ " ယွဲချန်က စိတ်ထဲမှ တွေးလိုက်သည်။

" ယွဲ့ချန် မင်းရဲ့ စံအိမ်ကို ပြန်ပါ။ ယုယန်ရဲ့ ကာကွယ်ရေးအတွက် မင်းစိုးရိမ်ဖို့ မလိုဘူး။ " ချင်ချင်းက အောက်မှ မြို့ဆီသို့ ညွှန်ပြပြီး ပြောလိုက်သည်။

ကောင်းကင်မှ မြားမိုးများက အဆက်မပြတ် ကျဆင်းနေပြီး မြို့တစ်ခုလုံးက အော်ဟစ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ညအချိန်သို့ ရောက်လာသည်။ ချင်စခန်းထဲတွင် ကျောက်ဖုန်းက အဓိကထိုင်ခုံတွင် ထိုင်နေပြီး စစ်သူကြီး သုံးယောက်လည်း ရှိနေကြသည်။

" မနက်ဖြန် ငါတို့ ဝူအန်းစခန်းက ပုံမှန်​​ဗျူဟာအတိုင်းပဲ တိုက်ခိုက်မယ်။ ကျောက်လုံးပစ်စက်တွေနဲ့ လေးသည်တော်တွေက ကာပစ်ပေးရမယ်။ ရှေ့တန်းက စစ်သည်ငါးသောင်းနဲ့ ယုယန်မြို့ကို ထိုးဖောက်ပြီးရင် မြင်းတပ်က ဝင်စီးမယ်။ ငါက ရှေ့ပြေးတပ်ကို ဦးဆောင်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " အားလုံးက ပြန်ပြောလိုက်ကြသည်။

" ဒါပေမယ့် ဒီည ရွေးချယ်စရာတစ်ခုတော့ရှိတယ်။ ယွဲ့ချန် သူ့အကြောင်း မင်းတို့သိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ယွဲ့ချန်အကြောင်း ကျွန်တော် နည်းနည်းသိတယ်။ " လီယောင်က ပြောလိုက်သည်။

" ပြောပါ။ "

" သူက အရင်က ယန်ရဲ့ စစ်သေနာပတိချုပ်ပဲ။ ချင်ချင်းထက်တောင် ပိုမြင့်သေးတယ်။ ဒါပေမယ့် အရင် ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်တုန်းက လျန်ပိုက ယွဲ့ချန်ရဲ့ စစ်သည်တစ်သိန်းကို စစ်သည်မှစ်သိန်းနဲ့ နယ်စပ်မှာ ဝိုင်းထားခဲ့တယ်။ ရိက္ခါလမ်းကြောင်းက ပြတ်တောက်သွားပြီး စစ်ကူကလည်း ရောက်မလာဘူး။ ယွဲ့ချန်က ဆက်တိုက်ရင် အသက်ဆုံးရှုံးရုံပဲ ရှိမှာကို နားလည်တယ်။ ဒါကြောင့် သူက လက်နက်ချဖို့ အမိန့်ပေးခဲ့တာ။ အဲ့ဒါကြောင့်ပဲ ယွဲ့ချန်ကို အားလုံး သစ္စာဖောက်ဆိုပြီး သတ်မှတ်သွားကြတယ်။ " လီယောင်က ပြောလိုက်သည်။

" မှန်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ကျန်းမင်က အပြင်မှ ဝင်ရောက်လာခဲ့သည်။

" စစ်သေနာပတိချုပ် ယုယန်မြို့က သတင်းရောက်လာပါတယ်။ " ကျန်းမင်က အစီရင်ခံစာကို ပေးလိုက်သည်။

ကျောက်ဖုန်းက အစီရင်ခံစာကို ဖွင့်ကြည့်ပြီး ပြုံးလိုက်သည်။ " ငါထင်တဲ့အတိုင်းပဲ။ ချင်ချင်းက ယွဲ့ချန်ရဲ့ စစ်အာဏာကို သိမ်းလိုက်ပြီ။ ယွဲ့ချန်ကို စည်းရုံးပြီး ငါတို့ ယုယန်မြို့ကို ဖောက်ဝင်ဖို့ ကူညီခိုင်းလို့ရတယ်။ "

" စစ်သေနာပတိချုပ် ယွဲ့ချန် စစ်အာဏာသိမ်းခံရတာနဲ့ ကျွန်တော်တို့ မြို့ကို ထိုးဖောက်ဖို့ ဘယ်လိုကူညီနိုင်မှာလဲ။ " ကျန်းမင်က အံ့ဩစွာ မေးလိုက်သည်။

" ယွဲ့ချန်မှာ အစီအစဉ်တွေ မရှဘူးလို့ ငါမယုံဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ​" မြို့ထဲက ညီအကိုတွေကို ယွဲ့ချန်ကို စည်းရုံးခိုင်းလိုက်။ ရာထူးကြီးကြီးနဲ့ ဆုလာဘ်တွေပေးမယ်လို့ ကမ်းလှမ်းလိုက်။ သူ လိုချင်တဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သဘောတူလိုက်။ "

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ထွက်ခွာသွားသည်။

" စစ်သေနာပတိချုပ် ယွဲ့ချန်က ယုံကြည်ရမယ့်သူမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ " လီယောင်က ​တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။

" သူ့ကို ငါယုံမယ်လို့ ဘယ်သူပြောလဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ဒါဆို စစ်သေနာပတိချုပ်က ဘာလို့သူ့ကို စည်းရုံးခိုင်းတာလဲ။ " လီယောင်က စိတ်ရှုပ်ထွေးသွားသည်။

သူ၏ စကားဆုံးသည်နှင့် ကျန်းဟန်နှင့် တုဆွေတို့က ချက်ချင်း နားလည်သွားသည်။

" စစ်သေနာပတိချုပ်က အမြော်အမြင်ရှိပါတယ်။ " သူတို့က လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

ခဏကြာသောအခါ လီယောင်ကလည်း နားလည်သွားသည်။

ယုယန်မြို့၊ ယွဲ့ချန်၏ စံအိမ် အပြင်ဘက်တွင် ယန်စစ်သည်များက စောင့်ကြပ်နေကြသည်။ ချင်ချင်းက ယွဲ့ချန်သစ္စာဖောက်မည်ကို စိုးရမ်နေပုံရသည်။

​စံအိမ်ထဲတွင် ယွဲ့ချန်က ကိုယ်ရံတော်ငါးရာနှင့်အတူ ရှိနေသည်။ သူ၏ ရာထူးက စစ်သေနာပတိချုပ်ဖြစ်သော်လည်း သူရရှိထားသော အခွင့်အရေးက ချင်စစ်သူကြီးတစ်ယောက်ထက်ပင် ပိုနည်းလေသည်။

ယွဲ့ချန်က ခန်းမထဲတွင် ဝိုင်သောက်နေခဲ့သည်။

" ဘယ်သူလဲ။ " ခန်းမအပြင်ဘက်မှ ကိုယ်ရံတော်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာပြီး နောက်ခဏတွင် ရုန်းရင်းဆန်ခတ်သံများ ကြားလိုက်ရသည်။

ဝုန်း...

ခန်းမတံခါးက ပွင့်သွားပြီး အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ခန်းမထဲသို့ ဝင်ရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက ယွဲ့ချန်ရှေ့သို့ ရောက်သွားသည်။

" မင်းဘယ်သူလဲ။ " ယွဲ့ချန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ဘေးမှ ဓားကို လှမ်းဆွဲလိုက်သည်။

" ချင် " အနက်ရောင်ဝတ်လူက စကားတစ်ခွန်းတည်း ပြောလိုက်သည်။

" ချင်သူလျိုလား။ မင်းက ငါ့ရဲ့ စံအိမ်ထဲကို ဝင်ရောက်ရဲတယ်ပေါ့။ မင်းတစ်ယောက်တည်းလာတာ သေမှာမကြောက်ဘူးလား။ " ယွဲ့ချန်က ဓားကို ဆုပ်ကိုင်ပြီး အေးစက်စွာ ပြောလိုက်သည်။

All Chapters