အခန်း (၁၀၇၉)
Vol. 104 Ch. 1079
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ယခင်ဘုရင်မ၌ အစီအစဉ်တစ်ခု ရှိပြီးသားဖြစ်၏။ ကံကြမ္မာမိစ္ဆာဘုရင်နှင့် ပူးပေါင်းကာ ကျူးကျော်မှုတစ်ခုကို ဟန်ဆောင်ဖန်တီးလေမည်။ ဘုရင်မမိုဟန်က ထိုတိုက်ပွဲ၌ သူရဲကောင်းပီသစွာ ကျဆုံးသွားမည်ဖြစ်ပြီး ထို့နောက် သူမက ကမ္ဘာကြီးကို ကယ်တင်မည့်သူအဖြစ် ရှေ့ထွက်လာကာ မြင့်မြတ်နယ်မြေ၏ ဘုရင်မအဖြစ် တရားဝင် ပြန်လည်တက်လှမ်းမည် ဖြစ်သည်။
သူမသည် လက်ရှိအချိန်၌ အာဏာအားလုံးကို ချုပ်ကိုင်ထားသည့် အုပ်ချုပ်သူအဖြစ် ရှိနေသော်လည်း အမြင့်ဆုံး ဘွဲ့အမည်နှင့် ဂုဏ်သတင်းကိုပါ လိုချင်တပ်မက်နေဆဲ ဖြစ်၏။
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း မိုဟန်တစ်ယောက် နန်းပလ္လင်ပေါ်၌ ထိုင်နေသည်ကို ကြည့်ရခြင်းက သူမအား အဆိပ်ပြင်းမြွေတစ်ကောင်က ပေါက်သွားသကဲ့သို့ အမြဲတစေ ကိုက်ခဲနာကျင်စေခဲ့သည်။ မိုဟန်၏ အရိုးများကိုပင် အမှုန့်ကြိတ်ပစ်ချင်လောက်အောင် မနာလိုမုန်းတီးမှုများ ပြည့်နှက်နေ၏။ မိုဟန် ဘုရင်မအဖြစ် နေသည့် နေ့ရက်တိုင်းက သူမ၏ ဘဝတန်ဖိုးကို စော်ကားနေသကဲ့သို့ ခံစားရစေသည်။
ယခင်ဘုရင်မက အေးစက်စွာ ပြောသည်။ "ကောင်းပြီ။ မိဖုရား ရန်ယဲ့ရှောင်... မင်း ခရီးထွက်ပြီး ယောက်ျားဖြစ်သူနဲ့ ပြန်ဆုံရမယ့် အချိန်ရောက်ပြီ။ မကြာခင် မင်းသမီး တုရှောင်လည်း လာပူးပေါင်းလိမ့်မယ်။"
ယခင်ဘုရင်မက လက်တစ်ချက် ယမ်းပြလိုက်၏။ အစေခံတစ်ဦးက ဝိုင်ခွက်တစ်ခွက် ကိုင်ဆောင်ကာ လျှောက်လှမ်းလာသည်။
ယခင်ဘုရင်မက လှောင်ပြောင်လိုက်သည်။ "ဒီအဆိပ်ဝိုင်ကို သောက်လိုက်ပါ မိဖုရား ရန်ယဲ့ရှောင်။ ဒီကမ္ဘာကနေ နာကျင်မှုမရှိဘဲ ထွက်သွားရမှာပါ။ ပြီးရင် ငါတို့ မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ဈာပနတစ်ခု ကျင်းပပေးမယ်။ ဒီနယ်မြေက နဂါးသွေးနွယ်ဖွား အားလုံး တက်ရောက်ကြလိမ့်မယ်။ မင်းရဲ့ ကြီးမားတဲ့ သစ္စာစောင့်သိမှုကို ငါတို့ ချီးကျူးဂုဏ်ပြုပြီး ဧကရာဇ်မင်းမြတ် တုပိုင်အပေါ် ထားရှိတဲ့ နက်ရှိုင်းတဲ့ အချစ်ကို ဂုဏ်ပြုပေးကြမှာပါ။"
ရန်ယဲ့ရှောင်က အဆိပ်ဝိုင်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ဒီလောက် လောနေရတာလဲ။ ငါ နောက်ထပ် တစ်ရက်လောက် အသက်ရှင်နေတာကိုတောင် သည်းမခံနိုင်တော့တဲ့ပုံပဲ။ ဘာလို့လဲ။"
ယခင်ဘုရင်မက မျက်မှောင်ကြုတ်လိုက်၏။ "ဒီနေ့ ငါ့စိတ်ထဲမှာ ထူးဆန်းတဲ့ စိုးရိမ်ပူပန်မှုတစ်ခု ခံစားနေရတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ စဉ်းစားလို့ မရဘူး။ တုပိုင်ရဲ့ နန်းတော်ကို ဖြတ်သွားတဲ့ အချိန်ကျမှ အကြောင်းရင်းကို သိလိုက်ရတာ။ ငါ့နှလုံးသားထဲမှာ မနုတ်ရသေးတဲ့ ဆူးတစ်ချောင်း ရှိနေသေးတယ်။ အဲဒီဆူးက မင်းပဲ။ မင်း သေသွားတာနဲ့ အဲဒီဆူးက နောက်ဆုံးတော့ ပျောက်ကွယ်သွားလိမ့်မယ်။"
ရန်ယဲ့ရှောင်က သူမ၏ လှပသည့် မျက်လုံးများကို မှိတ်ချလိုက်၏။ ခဏအကြာ၌ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ရင်ဘတ်ပေါ်ရှိ ဆန်းကြယ်သည့် မှော်အစီအရင် ဆွဲကြိုးလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤသည်က မူလဆွဲကြိုးတော့ မဟုတ်ပေ။ တုပိုင်က သူမအတွက် ပြီးပြည့်စုံသည့် ပုံစံတူတစ်ခု ပြုလုပ်ပေးထားခြင်း ဖြစ်၏။
ယခင်ဘုရင်မက တိုးညှင်းစွာ ခြိမ်းခြောက်လိုက်သည်။ "မိဖုရား ရန်ယဲ့ရှောင်... ဒီဝိုင်ကို မင်းလည်ချောင်းထဲ အတင်းအဓမ္မ မလောင်းထည့်ချင်ဘူးနော်။ ဒါပေမဲ့ ကိုယ်တိုင် သောက်ဖို့ ငြင်းဆန်နေမယ်ဆိုရင်တော့ အတင်းအကျပ် လုပ်ရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးကွယ်။"
ယခင်ဘုရင်မက ရုတ်တရက် လက်တစ်ချက် ယမ်းပြလိုက်သည်။ ထိုအခါ မျက်နှာဖုံးစွပ် နဂါးသွေးနွယ်ဖွား စစ်သည်နှစ်ဦး ချက်ချင်း ရှေ့ထွက်လာပြီး ရန်ယဲ့ရှောင်၏ ပါးစပ်ထဲသို့ အဆိပ်များကို အတင်းအဓမ္မ လောင်းထည့်ရန် အသင့်ပြင်လိုက်ကြ၏။
ရန်ယဲ့ရှောင်က သူတို့ကို လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီလောက် အရိုင်းအစိုင်း မဆန်ပါနဲ့။ ဘုရင်မ... ငါ့အလောင်းကို သေချာ ဂါရဝပြုပြီး ကောင်းမွန်တဲ့ ဈာပနတစ်ခု လုပ်ပေးမယ်ဆိုတာ သေချာရဲ့လား။"
ယခင်ဘုရင်မက ကျေနပ်စွာ ပြောလိုက်သည်။ "သေချာတာပေါ့။ ဧကရာဇ်မင်းမြတ် တုပိုင်အတွက် ငါ လုပ်ပေးခဲ့တဲ့ ခမ်းနားတဲ့ ဈာပနကို ကြည့်။ မင်းကို မိဖုရားတစ်ပါးနဲ့ ထိုက်တန်တဲ့ ဂုဏ်ကျက်သရေရှိတဲ့ သေဆုံးခြင်းမျိုး သေချာပေါက် ပေးမှာပါ။"
ရန်ယဲ့ရှောင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဝိုင်ခွက်ကို ကောက်ကိုင်ကာ အဆိပ်များကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မျက်တောင်တစ်ခတ်အတွင်း၌ ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွား၏။ နှလုံးခုန်သံနှင့် အသက်ရှူသံများလည်း လုံးဝ ရပ်တန့်သွားတော့သည်။
ထိုအခိုက်၌ပင် လူလတ်ပိုင်းအရွယ် နဂါးသွေးနွယ်ဖွားတစ်ဦး ဝင်လာ၏။ ထိုသူမှာ ယဉ်ကျေးသိမ်မွေ့ပုံပေါက်နေသည့် အဓိပတိပင်။ သူက ရန်ယဲ့ရှောင်၏ လှုပ်ရှားမှုမရှိတော့သည့် ခန္ဓာကိုယ်ကို ကြည့်လိုက်၏။ လှပသည့် မျက်နှာနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ သူ၏ အသက်ရှူသံများက ရမ္မက်စိတ်တို့ကြောင့် ပြင်းထန်လာတော့သည်။
နဂါးသွေးနွယ်ဖွား အမျိုးသမီးများသည် လှပကြသော်လည်း မျက်နှာသွင်ပြင်များမှာ များသောအားဖြင့် စူးရှထက်မြက်လွန်းနေတတ်ပြီး တင်းမာကာ ရက်စက်သည့်ပုံ ပေါက်နေတတ်၏။ ရန်ယဲ့ရှောင်ကမူ ကွဲပြားသည်။
သူမ၌ နဂါးသွေးနွယ်ဖွားတို့၏ ဆွဲဆောင်မှုရှိသည့် မျက်နှာသွင်ပြင်နှင့် လူသားတို့၏ နူးညံ့ပြီး ညှို့ယူဖမ်းစားနိုင်သော အလှတရားတို့ ပေါင်းစပ်ပါဝင်နေ၏။ ဤပေါင်းစပ်မှုက လုံးဝကို ပြီးပြည့်စုံလွန်းလှသည်။ အတိတ်ကာလက မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသား သူမကို တပ်မက်ခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
အဓိပတိမှာ စိတ်လှုပ်ရှားမှုများကြောင့် တစ်ကိုယ်လုံးပင် တုန်ယင်နေရသည်။
အဓိပတိက မချင့်မရဲ မေးလိုက်သည်။ "ဘုရင်မ... သူ့ကို ကျွန်တော် တကယ် ရနိုင်ပြီလား။"
ယခင်ဘုရင်မက အထင်အမြင်သေးစွာ လှောင်ပြုံးလိုက်သည်။ "သေချာတာပေါ့။ ဒါပေမဲ့ သူ နွေးနေတုန်း မြန်မြန်လုပ်တာ ကောင်းမယ်။ မဟုတ်ရင် အေးစက်ပြီး တောင့်တင်းသွားလိမ့်မယ်။"
အသက်ရှူသံများ ပြင်းထန်နေလျက် အဓိပတိမှာ အဝတ်အစားများကို ချွတ်ရန်ပင် မစောင့်နိုင်တော့ပေ။ သို့သော် ယခင်ဘုရင်မနှင့် အစောင့်နှစ်ဦးက ထွက်သွားမည့် အရိပ်အယောင်မပြဘဲ ထိုနေရာ၌ ရပ်နေဆဲဖြစ်သဖြင့် သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
ယခင်ဘုရင်မက လှောင်ပြုံးလိုက်သည်။ "ငါ လှည့်ပေးထားပါ့မယ်။"
သူမက ကျောခိုင်းလိုက်ပြီး ဆက်ပြောသည်။ "လုပ်စရာရှိတာ ဆက်လုပ်။ သူ့အလောင်းကို ငါ နောက်မှ သန့်ရှင်းရေးလုပ် ၊ အဝတ်အစား ပြင်ဆင်ပေးပြီး ကြီးကျယ်ခမ်းနားတဲ့ ဈာပနအတွက် ပြင်ဆင်ပေးမယ်။ မိဖုရား ရန်ယဲ့ရှောင်... ဂုဏ်ကျက်သရေရှိတဲ့ အဆုံးသတ်တစ်ခု ငါ ကတိပေးတယ်။ ငါ့အဓိပတိကို မင်းခန္ဓာကိုယ် ပေးအပ်ပြီး ပြည်သူတွေကို နောက်ဆုံးအကြိမ် အလုပ်အကျွေး ပြုတာထက် ပိုကောင်းတဲ့ နည်းလမ်း ဘာရှိဦးမှာလဲ။ သူက ဒီနယ်မြေအတွက် နှစ်ပေါင်းရာနဲ့ချီ ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့တာ။ မင်းအလောင်းနဲ့ သူ့ကို ဆုချတာက တရားမျှတပါတယ်။"
စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်လျက် အဓိပတိမှာ အလောတကြီး ရှေ့သို့ တိုးသွားလိုက်၏။
သို့သော် နောက်တစ်စက္ကန့်၌ပင်... ရန်ယဲ့ရှောင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး မတ်မတ် ထထိုင်လာသည်။
"အာ..." အဓိပတိမှာ လွန်စွာ အံ့အားသင့်သွားပြီး နေရာ၌ပင် အေးခဲသွားတော့၏။
ယခင်ဘုရင်မသည်လည်း လန့်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ထိုအဆိပ်ဝိုင်ကို သူမကိုယ်တိုင် ဖျော်စပ်ထားခြင်း ဖြစ်ပြီး သောက်လိုက်သူတိုင်း ချက်ချင်း သေဆုံးရမည် ဖြစ်၏။ ရန်ယဲ့ရှောင် အဘယ်ကြောင့် အသက်ရှင်နေသေးသည်နည်း။ တစ်နည်းနည်းဖြင့် ဟန်ဆောင်နေတာလား။ လုံးဝ မဖြစ်နိုင်ချေ။
ယခင်ဘုရင်မက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "ဒါဆို အဆိပ်က မင်းကို မသတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒါက မင်းအတွက် ပိုပြီး ဆိုးရွားသွားစေတာပဲ။ သေသွားရင် မင်း ဘာကိုမှ ခံစားရမှာ မဟုတ်ဘူး။ ဒါပေမဲ့ နိုးနေပြီဆိုတော့ အစော်ကားခံရတာကို ထိုင်ကြည့်နေရတော့မှာပေါ့။"
သူမက ရက်စက်စွာ အမိန့်ပေးလိုက်သည်။ "အစောင့်တို့... အဓိပတိ ပျော်ပါးနိုင်အောင် မိဖုရား ရန်ယဲ့ရှောင်ကို ကြမ်းပြင်ပေါ်မှာ ဖိချုပ်ထားစမ်း။"
အစောင့်နှစ်ဦးက ရိုသေစွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ ဘုရင်မ။"
စွမ်းအားကြီးမားသည့် နဂါးသွေးနွယ်ဖွား အစောင့်နှစ်ဦးက ရှေ့သို့ တိုးလာပြီး ရန်ယဲ့ရှောင်အား ဖိချုပ်ရန် လက်လှမ်းလိုက်ကြ၏။
သို့သော် သူတို့၏ လက်များက ရန်ယဲ့ရှောင်၏ အဝတ်အစားများကို မထိတွေ့မီမှာပင် ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထို့နောက်... နန်းတော်အတွင်းရှိ ဟင်းလင်းပြင်ကြီးက ဆုတ်ဖြဲခံလိုက်ရပြီးနောက် တုပိုင်က ထိုဟင်းလင်းပြင်ထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာ၏။
ခင်ပွန်းဖြစ်သူကို မြင်လိုက်ရသည့်အခါ ရန်ယဲ့ရှောင်၏ လှပသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာသည်။ ထို့နောက် တုန်ယင်နေသည့် အသံဖြင့် ရွှတ်နောက်နောက် မေးလိုက်၏။ "ယောက်ျား... ကြမ်းပြင်ပေါ်မှာ လုပ်ရတာ ပိုကြိုက်လား ၊ ကုတင်ပေါ်မှာ ပိုကြိုက်လား။"
တုပိုင်က တည်ငြိမ်စွာပင် ဖြေသည်။ "ကြမ်းပြင်ပေါ်မှာ။"
ရန်ယဲ့ရှောင်က ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး ဆွဲဆောင်မှုရှိစွာ မြူဆွယ်လိုက်သည်။ "ဒါဆို မြန်မြန်လုပ်။ ကျွန်မ ကြမ်းပြင်ပေါ်မှာ ရှင့်ကို စောင့်နေမယ်။"
ဤအရှက်မရှိသည့် ဇနီးမောင်နှံမှာ အခန်းထဲရှိ အခြားသူများအားလုံးကို လျစ်လျူရှုကြ၏။
တုပိုင်က ယခင်ဘုရင်မကို ကြည့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ လှောင်ပြောင်သည့်အနေဖြင့် အနည်းငယ် အရိုအသေပေးလိုက်၏။
တုပိုင်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ဘုရင်မ... ကျွန်တော်တို့ မတွေ့ရတာ ကြာပြီနော်။"
ယခင်ဘုရင်မကမူ လုံးဝ မယုံကြည်နိုင်စွာဖြင့် တုပိုင်ကို စိုက်ကြည့်နေမိသည်။
သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်း... မသေသေးဘူးလား။"
တုပိုင်ကမူ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ "မှန်လှပါ။ ကျွန်တော် မသေသေးပါဘူး။ ဘုရင်မရဲ့ နောက်ဆုံးစကားလေးကို နည်းနည်းလောက် ဖန်တီးမှုလေး ပါအောင် ကြိုးစားပေးပါလား။ ကျေးဇူးပဲ။"
ထို့နောက် တုပိုင်က ဇနီးဖြစ်သူဘက်သို့ လှည့်လိုက်၏။
ထို့နောက် အပြုံးဖြင့် ရွှတ်နောက်နောက် ပြောလိုက်သည်။ "မိန်းမရေ... ခဏစောင့်ဦးနော်။ ကိုယ် အရင်ဆုံး ဒီအရှက်မရှိတဲ့ စုန်းမအိုကြီးကို ရှင်းလိုက်ဦးမယ်။"
ရန်ယဲ့ရှောင်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီရှင့်။"
ထိုအခိုက်မှာပင် ယခင်ဘုရင်မက မောက်မာစွာ ရယ်မောလိုက်၏။ "တုပိုင်... မင်း အသက်ရှင်နေသေးတာကို ငါ အံ့ဩမိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ အဲဒီ တုံးအတဲ့ ကောင်မလေး မိုဟန်က အရှေ့တိုင်းနဂါးရဲ့ စွမ်းအားတွေကို စွန့်လွှတ်လိုက်ပြီ ဆိုတာကိုရော မင်း သိလား။ အရှေ့တိုင်းနဂါးကို အပြည့်အဝ အသက်သွင်းပြီး လွှဲပြောင်းပေးလိုက်ရင် ဘာဖြစ်သွားမလဲ သိရဲ့လား။"
တုပိုင်က အရေးမစိုက်ဟန်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်သွားမှာမလို့လဲ။"
ယခင်ဘုရင်မက အောင်ပွဲခံသည့်လေသံဖြင့် ကြွားလုံးထုတ်လိုက်၏။ "မိုဟန်က အဲဒါကို စွန့်လွှတ်လိုက်တော့ အမြင့်ဆုံး အစေခံတစ်ယောက်အနေနဲ့ ငါက ဒုတိယ အမွေဆက်ခံခွင့် ရသွားတာပေါ့။ တခြားနည်းနဲ့ ပြောရရင် အခု ငါက အရှေ့တိုင်းနဂါးရဲ့ အပြည့်အဝ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီ။ ငါက မသေနိုင်တော့ဘူး။ မင်း ဘယ်လို ပြန်ရှင်လာလဲဆိုတာ မသိပေမဲ့ ဘယ်လို သေရမလဲဆိုတာကိုတော့ အတိအကျ သိတယ်။ ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာမယ်၊ အကြောတွေ ဆွဲထုတ်မယ်၊ ပြီးရင် ဓားချက်တစ်ထောင်နဲ့ ခုတ်ထစ်ပစ်မယ်။"
တုပိုင်က အေးဆေးစွာ ပြုံးလိုက်သည်။ "ဟုတ်လား။"
ရုတ်တရက် သူ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။
တုပိုင်၏ အသံက ပဲ့တင်ထပ်လာသည်။ "မင်းကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ သေချာ မသိသေးပေမဲ့ မင်းစကားက ငါ့ကို အကြံကောင်းတစ်ခု ပေးလိုက်သလိုပဲ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာစေရမယ်။ ငါ့ကို အရေခွံခွာချင်နေတာလား။"
ယခင်ဘုရင်မ၏ အရှေ့တည့်တည့်၌ တုပိုင် ပေါ်လာ၏။ သူက ထိုဖာသည်မလေး၏ ဆံပင်များကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်စွာဖြင့် အလယ်မှနေ၍ ဆွဲဖြဲပစ်လိုက်သည်။
"ဗြီးးး"
အဝတ်အစား တစ်ထည်ကို ချွတ်ပစ်လိုက်သကဲ့သို့ပင် အရှင်လတ်လတ် ရှိနေစဉ်မှာပင် ဘုရင်မ၏ အရေခွံ တစ်ဝက်တိတိတို့က ဆွဲခွာခံလိုက်ရသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။