← Chapters

လောင်းကစား

Vol. 145 Ch. 2025

လောင်းကစား

Vol. 145 Ch. 2025

ချင်းချိုင့်သည် သောက်ရန်ငြင်းဆန်လေသည်။ ချင်းရှီ မည်သို့ပင် ဖျောင်းဖျစေကာမူ အဆိပ်ကိုကုသရန် နည်းလမ်းရှိရမည်ဟု မလျှော့တမ်းပြော ကာ သောက်ရန်ငြင်းဆန်လေသည်။ ရှီမာယူယူသည် သူ့ကို တမင်လုပ်သည်၊ သောက်လိုက်လျှင်လည်း သက်ရောက်မှုမရှိနိုင်ဟုပင် ပြောလေသည်။

“ဒါသောက်လိုက်လို့ သက်ရောက်မှုမရှိရင် သူမကို သေချာပေါ် သွားရှာ မှာပေါ့” ချင်းချန်သည် အော်လေသည် “အခုမသောက်ဘူးဆိုရင် မင်းကို ဘယ်သူမှ အရေးလုပ်တော့မှာမဟုတ်ဘူး”

ချင်းချိုင့်သည် အဘိုးဖြစ်သူ၏ ဒေါသကြောင့် ငြိမ်ကျသွားလေသည်။ သူ ကြောက်သူရှိမည်ဆိုလျှင် ထိုလူသည် အဘိုးဖြစ်သူပင်။ သူ ဒေါသထွက်သသည် နှင့် ချင်းချိုင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။

ပြီးနောက် သူ ကြောက်သည်။ သူ့ကို မည်သူမှ အရေးမစိုက်ကြတော့မည် ကို ကြောက်သည်။ သည်လိုနှင့် သူသည် အလွန်အမင်းမလိုလားသော်လည်း သဘောတူလိုက်ရသည်။

အဆိပ်ဖြေဆေးသောက်ပြီးသော် ဆေးအထောက်အကူပစ္စည်း သောက် ရန်သာ ကျန်တော့သည်။ သို့သော် ဆေးအထောက်အကူပစ္စည်းသည် အရင်က ထက်ပင် အလွန့်အလွန်အလွန် ရွံရှာဖွယ်ကောင်းနေသည်။ အဆိပ်ဖြေဆေးကို သောက်ပြီးနောက် သူသည် ဆီး ပထမတစ်ပန်းကန်ကို သောက်လိုက်သည်။ သောက်ပြီးနောက် အန်မိတော့မလိုဖြစ်သွားသည်။

“အဘိုး.. အရင်ကနဲ့ ကွာသွားတယ်လို့ မခံစားရဘူး သေချာပေါက် ဘာမှ မထူးခြားသေးဘူး” သူသည် ရွံရှာမှုကို အောင့်အီးထားရင်း အော်လေသည်။

“နောက်တစ်ပန်းကန် ကျန်သေးတယ်” အိုးယွိလင်သည် သူ့ကို သတိပေး လေသည်။

“နောက်တစ်ပန်းကန်လည်း သောက်လိုက်ဦး” ချင်းချန် ပြောလိုက်သည်။

ချင်းချိုင့်သည် ရွံရှာမှုကို အောင့်အီးကာ နောက်တစ်ပန်းကန်သောက် လိုက်သည်။ သူသည် သောက်လိုက်သည်နှင့် အန်ချင်သွားသည်။

“မအန်တာကောင်းမယ်.. အဲဒါက ဆေးရဲ့သက်ရောက်မှုကို ပိုအားကောင်းစေတယ် မင်းပဲနစ်နာရမှာ.. ထပ်အောင့်ထားလိုက်ဦး” အိုးယွိလင် ၏ စကားများကြောင့် ချင်းချိုင့်သည် လည်ချောင်းအထိ တက်လာသမျှကို ပြန် မျိုချရသည်။ သူသည် ရွံရှာဖွယ်ကောင်းသည့် အရာကို သောက်ပြီးဖြစ်သည်။ အကယ်၍ ထပ်သောက်ရလျှင် အလဟဿဖြစ်သွားလိမ့်မည်။

ခဏစောင့်ပြီးနောက် ချင်းချန်သည် စိတ်မရှည်တော့ကာ ရှီမာယူယူကို သွားရှာရန်ဟန်ပြင်သည်။ သို့သော် ချင်းချိုင့် တုံ့ပြန်လာသည်။ နှစ်တစ်ဝက်မျှ သေနေခဲ့သော် သူ၏ညီလေးသည် ကောင်းကင်ပေါ်သို့ ပြန်ထောင်မတ်လာ သည်။

“အဘိုး အဖေ တကယ်ပဲ သက်ရောက်မှုရှိတဲ့ပုံပဲ.. အဲဒီခံစားချက် ပြန်ရ လာပြီ” ချင်းချိုင့် အော်လေသည်။

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ် ပူလာပြီး အောက်ပိုင်းမှ နာကျင်မှုကို ခံစားမိ လေသည်။ သူသည် နာကျင်မှုသက်သာသွားစေရန် တစ်ယောက်ယောက်ကို သွားရှာချင်လာသည်။

“ယွိလင် ချိုင့်အာရဲ့ အဆိပ်ပျောက်သွားပြီလား မပျောက်သွားလားကို ကြည့်ပေးပါဦး” ချင်းရှီ ပြောလိုက်သည်။

သူသည် မယုံနိုင်သေပေ။ ဆီးနှစ်ပန်းကန်သောက်လိုက်တာ ဘယ်လိုလုပ် ကုလို့ရမှာလဲ။

အိုးယွိလင်သည်လည်း ထူးဆန်းနေသည်။ ထို့ကြောင့် ချင်းချိုင့်ကို စမ်းသပ်ကြည့်သည်။ သူမသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည် “သူ တကယ်ပဲ ပျောက်သွားပါပြီ”

“အကြောင်းအရင်းကဘာလဲ.. ဆီးနှစ်ပန်းကန်တည်းနဲ့.. ဘယ်လိုလုပ် ဖြေရှင်းနိုင်ရတာလဲ”

“အဆိပ်ဖြေဆေးထဲမှာ အဲဒီဟာကို မသိမသာလှုံ့ဆော်ပေးတာပါတာဖြစ် မယ်” အိုးယွိလင် ပြောလိုက်သည်။

“ဘယ်လိုအလုပ်ဖြစ်သွားလဲကို ကျွန်တော် ဂရုမစိုက်ဘူး ပျောက်သွားရင် ပြီးတာပဲ” ချင်းချိုင့်သည် နောက်ဆုံးတွင် ပြုံးသွားသည် “အဖေ ကျွန်တော် အရမ်းနာနေပြီ စိတ်သွားဖြေလိုက်ဦးမယ်”

“မရဘူး” အိုးယွိလင် တားလေသည်။

“ဘာလို့လဲ ကျွန်တော် နာလို့သေတော့မယ်”

“ငါတို့ ထွက်မလာခင်က ရှီမာယူယူမှာလိုက်တယ်.. အဲဒါက သုံးရက် လောက် ထောင်နေမယ်တဲ့ ဒါပေမဲ့ ဒီသုံးရက်အတွင်းကို လုပ်လို့မရဘူး.. မဟုတ်ရင် သက်ရောက်မှုပျောက်သွားလိမ့်မယ်.. ပြီးတော့ အဆိပ်ကို ကုပြီးသွားပြီဆိုတော့ နောက်ပိုင်းဖြစ်သမျှက သူမနဲ့မဆိုင်ဘူးတဲ့.. အဲဒါဆို ငါနဲ့ လည်းမဆိုင်တော့ မင်းရဲ့လက်ကျန်ဘဝကို အဲအတိုင်းပဲ နေသွားရလိမ့်မယ်” အိုးယွိလင် ပြောလေသည် “ငါပြောတာမယုံရင် သွားစမ်းကြည့်လေ”

“စမ်းကြည့်ရမယ်ဟုတ်လား သူလုပ်ရဲလား.. သူ့တစ်ဘဝလုံးနဲ့ လောင်းပြီး စမ်းကြည့်ချင်လား”

အရေးကြီးဆုံးမှာ ရှီမာယူယူ၏ အကျင့်အရဆိုလျှင် သူမ ထိုသို့ပြောလိုက် သည်မှာ အမှန်ဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိရှိသည်။

“သခင်လေးဘေးက မိန်းကလေးတွေကို စောင့်ကြည့်ထား.. သုံးရက်လုံး လုံး ဘယ်မိန်းကလေးအနားမှ ကပ်ခွင့်မရှိဘူး” ချင်းချန် အမိန့်ပေးလေသည်။

“လက်နဲ့လည်း သုံးလို့မရဘူး” အိုးယွိလင်သည် ဂရုနာအသံနှင့်ပြောလေ သည်။ အခြေခံအားဖြင့် သူ လွှတ်လိုက်၍မရပေ။ သူသည် အောင့်ထားရမည်။

“သခင်လေးကို ချည်ထားလိုက်ကြ” ချင်းချန် အမိန့်ပေးလေသည် “မင်း ကိုယ့်ဘာသာ မအောင့်နိုင်ရင် ချင်းမျိုးနွယ်ကို ကူညီခိုင်းလိုက်မယ်”

ချင်းချိုင့်သည် စိတ်ဓာတ်ကျသွားသည်။ သူ့ဘဝတွင် ဤကဲ့သို့ ဒုက္ခ မခံစားဖူးပေ။ မိနစ်တိုင်း စက္ကန့်တိုင်းသည် နှိပ်စက်ခံနေရသလိုပင်။ အဲဒီရှီမာယူ ယူက တကယ်ပဲ နတ်ဆိုးအတိုင်းပဲ။ သူသည် စိတ်ထဲမှ ဒေါသကိုပင် ထုတ်ပြ၍ မရလောက်အောင် ညှဉ်းပန်းခံနေရသည်။

ပြီးခဲ့သည့်အချိန်များက လက်စားချေရန်ကိုသာ တွေးနေခဲ့သည်ဟု ပြောရ လျှင် ဤကိစ္စပြီးသည့်နောက် သူမကို တွေးပင်မတွေးရဲတော့ပေ။

သူ ဤသုံးရက်တွင် အသက်ရှင်အောင်လုပ်ရမည်မှာ ခက်ခဲလှသည်။ ပြီးနောက် နောက်ဆုံးမှ လွတ်လပ်မှုရလာကာ ညီလေးလည်း ပြန်ထောင်မတ် လာသည်။ သူသည် သုံးရက်လုံးလုံးညှဉ်းပန်းခံရကာ ပင်ပန်းလွန်း၍ မေ့လဲသွား သည်။ သူ၏ဖခင် အမိန့်ပေးထားသဖြင့် သူသည် အလှလေးများကို တစ်ချက်မှ ပင် မကြည့်ရပေ။ သားရဲထိန်းကျောင်းဂိုဏ်းသည် ထပ်မံအရှုံးကိုခံစားလိုက်ရ ကာ သူ့ကို စောင့်ကြည့်နေရပြန်သည်။

ထိုအဖြစ်အပျက်များကို မည်သူမှမသိကြပေ။ သို့သော် ချင်းချိုင့်သည် အဆိပ်ပျောက်ရန်အတွက် ဆီးသောက်သည်ဆိုသည့် သတင်းမှာပြန့်သွား သည်။ နောက်ပိုင်းတွင် ချင်းချိုင့်ကိုမြင်သည်နှင့် ဆီးအိုးကိုတွေ့သည့်အတိုင်း လူတိုင်းသည် ရှောင်သွားကြသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ် မိသည်။ သူသည် သူ့ကိုယ်သူ ကြာရှည်စွာပိတ်လှောင်ထားပြီး လုံးဝထွက်မလာ ပေ။

ရှီမာယူယူသည် သားရဲထိန်းကျောင်းဂိုဏ်းမှ အဖြစ်အပျက်ကို သိနေ သဖြင့် ကလေးလိုရယ်မိသည်။

ဖူရှီသည် ဖူရှင်းနှင့် ဟိုင်ရှီးတို့ကို ပြောလေသည် “မြင်လား နောက်ဆိုရင် မင်းတို့ကို ရန်စတဲ့လူရှိရင် အဲလူကိုသတ်စရာမလိုဘူး.. နည်းလမ်းရှာပြီး အပြစ် ပေးလိုက် အဲဒါကအကောင်းဆုံးပဲ”

သူ ပြောသည်မှာ မှန်သော်လည်း ထိုမိန်းကလေးသည်ရက်စက်လှသည် ဟု မကျိန်ဆဲဘဲမနေနိုင်ကြပေ။ သူမ၏ အပြုအမူကြောင့် သို့မဟုတ် ဆေး အထောက်အကူကြောင့်ဖြစ်စေ သူမ၏ နှလုံးသားမှာ မည်းနက်လှသည်မှာ သေချာသည်။

ရှီမာယူယူသည် ကျန်နေ့ရက်များတွင် အေးချမ်းစွာနေရတော့မည်ဟုထင် ထားခဲ့သည်။ သို့သော် ချင်းချိုင့် ဆီးသောက်လိုက်သည့်သတင်းမှာ သူမကို ဟဲ့လန်မှ တပည့်အဖြစ်လက်ခံလိုက်သည်ဆိုသည့် သတင်းအောက်တွင် ဖုံး သွားလေသည်။ ဂိုဏ်းတစ်ခုလုံးမှာ ထပ်မံဆူညံသွားသည်။

ဟဲ့လန်က ဘယ်သူလဲ။ သူမူက ဂိုဏ်းရဲ့အကြီးအကဲကြီးပဲ။ သူမရဲ့ တပည့် တစ်ယောက်ချင်းစီက အရည်အချင်းရှိတဲ့အပြင် အကုန်လုံးက အားကောင်း တယ်လို့ ပြောလို့ရတယ်။ အခု သူမက ရှီမာယူယူကို တပည့်အဖြစ်လက်ခံမယ် ဆိုတော့ ရှီမာယူယူရဲ့ အဂ္ဂိရတ်ပညာက အဂ္ဂိရတ်ဂိုဏ်းကလူတွေထက် သာလွန် တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။

“ဒီရှီမာယူယူက တကယ်ပဲ နတ်ဆိုးပဲ” လူအများအော်ကြလေသည် “အချိန်တန်ရင် သူမရဲ့ အစွမ်းအစတွေကို သေချာပေါက် ကြည့်ရမှာပေါ့”

“သူမက လူရောဟုတ်ရဲ့လား ဒီလောက်ရူးတဲ့လူရှိသေးလား”

“သူမက လှလည်းလှတယ်လို့ ကြားတယ်.. အဲလိုမိန်းကလေးမျိုးကို ဘယ်သူကများ ထိန်းကျောင်းမှာပါလိမ့်”

“မင်းတို့ အဲအတွက်တော့ စိတ်ပူမနေကြနဲ့.. သူမ နှလုံးသားထဲမှာ တစ်စုံ တစ်ယောက်တော့ ရှိနှင့်နေပြီ.. ပြီးတော့ အဲလူကလည်း သူမအတွက် လျှို့ဝှက် ဂိုဏ်းကိုဝင်လိုက်ပြီ.. သူက အစီအရင်ဂိုဏ်းသခင်ရဲ့ တပည့်ပဲ”

“တကယ်ကြီးလား ဒီသတင်းက ယုံရရဲ့လား”

“သေချာပေါက် ယုံရတာပေါ့.. အစီအရင်ဂိုဏ်းနဲ့ ဂီတဂိုဏ်းမှာ ဒီသတင်း က ပြန့်နေပြီ”

“နှမြောစရာပဲ ငါတော့ ချိန်လို့ရတော့မယ်လို့ထင်နေတာ”

“သွားလေ သူမကို သွားဆွဲဆောင်လိုက် ငါ မင်းကိုယုံတယ်”

“ဟေး အပြောမစောနဲ့ဦး.. လှုပ်မရတဲ့သစ်ပင်ဆိုတာမရှိဘူး.. ပစ္စည်းကိရိ ယာတွေ မလောက်တာပဲရှိတယ်.. ဘယ်သူသိမလဲ ငါ သူမကိုရရင်ရနိုင်တာပဲ”

“အဲလိုလုပ်ဖို့ အသက်ရှင်မှဖြစ်ဦးမှာ”

“ဟား ဟား ဟား”

လက်ရှိအချိန်တွင် အားလုံးသည် ရှီမာယူယူ အကြောင်းပြောနေကြသည်။ သူတို့သည် သူတို့၏ သက်ဆိုင်ရာဂိုဏ်းပညာကို သူမ သိမသိကိုပင် အလောင်း အစားလုပ်နေကြသည်။ သားရဲထိန်းကျောင်းဂိုဏ်းတစ်ခုသာ တိတ်ဆိတ်နေ သည်။ သူမသည် သားရဲထိန်းကျောင်းနိုင်သည်ဟု ပြောခဲ့သော်လည်း သူတို့ မျက်လုံးနှင့် မမြင်ရသေးသဖြင့် လောင်းကြသည်။

ရှီမာယူယူသည် ထိုအကြောင်းများကို ဖူရှီဆီမှကြားရသောအခါ နှုတ်ခမ်း မတွန့်ဘဲမနေနိုင်ပေ “အဲလူတွေက ပျင်းနေကြတဲ့ပုံပဲ”

“အဂ္ဂိရတ်ဂိုဏ်းကလူတွေက မကျေမနပ်ဖြစ်ပြီး မင်းကို သခင်ကြီးရဲ့ တပည့်မဖြစ်ခင် ပြဿနာလာရှာချင်နေကြတယ်လို့တောင် ကြားခဲ့တယ်”

“ငါ့မှာ သူတို့နဲ့ ကစားပေးဖို့အချိန်မရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် သားရဲထိန်းကျောင်းဂိုဏ်းနှင့် ပြန်ညှိနှိုင်း၍မရတော့သည်ကို သိသည်။ ထို့ကြောင့် ထိုအခြေအနေထိရောက်ရန် စိတ်ထဲမရှိပေ။ သို့သော် အဂ္ဂိရတ်ဂိုဏ်းမှလူများသည် သူမကို ဂိုဏ်းအဖွဲ့ဝင်အဖြစ် တွေးရမည်ဖြစ်သည်။ သူမသာ ဤကိစ္စတွင် ဝင်ပါလျှင် အချိန်ဖြုန်းခြင်းသာဖြစ်သည်။

“သခင်မလေး အဆိပ်ဂိုဏ်းက အိုးယွိလင် လာရှာပါတယ်” လူငယ် မျိုးဆက်မှ တစ်ယောက်သည် တံခါးမှလာပြောလေသည်။

ရှီမာယူယူသည် တအံ့တဩ မျက်ခုံးများကို ပင့်မိသည်။ ဒီမိန်းကလေးက ဘာလို့ ဒီကိုလာရတာလဲ။

***

All Chapters