← Chapters

မရဏာစံတင်

Vol. 145 Ch. 2026

မရဏာစံတင်

Vol. 145 Ch. 2026

အိုးယွိလင်သည် ရှီမာယူယူကို တွေ့သောအခါ လာရခြင်းရည်ရွယ်ချက်ကို တိုက်ရိုက်ပင်ပြောလေသည် “ဒီတစ်ခေါက် လာတဲ့ကိစ္စက အဆိပ်ပညာကို ကျွန်မကို ညွှန်ကြားပေးပါ”

ရှီမာယူယူသည် အိုးယွိလင်အား အဆိုးမြင်စိတ်မရှိပေ။ သူမကိုယ်စား အိုးယွိလင်မှ အကြိမ်အနည်းငယ် ပြောပေးခဲ့သည်ကိုလည်း သူမ သိသည်။ သို့သော် ဤမိန်းကလေးကို အကောင်းမြင်စိတ်လည်းမရှိပေ။ သူ့ကို ချင်းရှီရဲ့ ဘက်မှာ ဘယ်သူနေခိုင်းလို့လဲ။

“အဆိပ်ပညာပိုင်းမှာ ကျွန်မက မလုံလောက်သေးပါဘူး.. တစ်ခါတလေ ကစားတာလောက်ပဲရှိတာပါ ဘယ်လိုလုပ်ရှင့်ကို သင်ပေးရမှာလဲ” သူမ ငြင်းဆန် လိုက်သည်။

“အဲတော့ အဆိပ်ပညာကို သိပါတယ်လို့ ဝန်ခံလိုက်တာပဲ” အိုးယွိလင် ပြောလေသည်။

“ဟင်”

ရှီမာယူယူသည် သူမ၏ တုံ့ပြန်ချက်ကြောင့် ပဟေဠိဖြစ်သွားသည်။ သူမက ဒီအဖြေကို ပိုပြီးဂရုစိုက်နေသလိုပဲ။

“အဆိပ်ဂိုဏ်းက လောင်းထားကြတယ်.. ရှင်က အဆိပ်သခင် ဟုတ်မဟုတ်နဲ့ အဲဒီအဆိပ်ကို ကိုယ်တိုင်သန့်စင်ထားတာလားဆိုတာကို ခန့်မှန်းကြတာပါ.. ကျွန်မက အဲအဖြေအတွက် လာတာပါ” အိုးယွိလင် ပြောလေသည်။

ရှီမာယူယူသည် မသိမသာကျိန်ဆဲမိသည်။ သူမ မျက်နှာဘယ်လိုသွားပြ ရတော့မလဲ။ ဖြစ်နိုင်ရင် သူမကိုသာ ကန်ထုတ်လိုက်ချင်တော့တယ်။

“ကောင်မလေး.. မင်းက ဒေါသထွက်ပေမဲ့ သည်းခံနိုင်တာပဲ” အိုးယွိလင် သည် ရှီမာယူယူ မျက်နှာကိုထိန်းမထားနိုင်သည်ကို မှတ်ချက်ပြုပြီး သူမကို ကြည့်လိုက်သည်။

သူမက မြင်ရင်တောင် မမြင်ချင်ယောင်ဆောင်သင့်တာမဟုတ်ဘူးလား။

“ဟုတ်ပြီ နောက်ထပ်မေးခွန်းရှိသေးတယ်” အိုးယွိလင် ပြောလေသည် “အဲဒီသုံးရက်မှာ ချင်းချိုင့်က တကယ်ပွက်လောရိုက်နေခဲ့တာ အဲဒါက တကယ် ကြီးလား.. အဆိပ်တွေထွက်သွားတော့ သူ့ခန္ဓာကိုယ်ကို ကျွန်မစမ်းသပ်ကြည့် သေးတယ်.. ထူးခြားတာဘာမှမတွေ့ဘူး”

“အမှန်အတိုင်း ကြားချင်တာလား”

“အင်း ကျွန်မ ဘယ်သူ့ကိုမှမပြောပါဘူး”

“မဟုတ်ဘူး.. တကယ်တော့ သူက ချက်ချင်းလွှတ်လိုက်လည်း ပြန်ကောင်းမှာပဲ.. ဒါပေမဲ့ သူမလွှတ်ခဲ့ရင် သုံးရက်လောက်တော့ ခံစားနေရမှာ ပဲလေ”

အိုးယွိလင်မှာ “…”

ဆေးအထောက်အကူပစ္စည်းကိစ္စကြောင့် သူမသည် သူ့ကို တမင်ပစ်မှတ် ထားသည်ဟု ထင်ထားကြသဖြင့် သူမကို ယုံရမည်မယုံရမည်ကို မသိခဲ့ကြပေ။ သို့သော် သူတို့သည် အလောင်းအစားမလုပ်ရဲကြသဖြင့် သူမကိုယုံကြည်ရန်ကို သာ ရွေးချယ်ခဲ့ကြသည်။

သို့သော် ထိုစကားများသည် တမင်ပြောလိုက်ခြင်းဖြစ်လိမ့်မည်ဟု ထင် မထားပေ။

“ကျွန်မက လိမ်ပြီး သူတို့ကို အမှန်အတိုင်းသွားပြောမှာကို မကြောက်ဘူး လား” သူမ မေးလိုက်သည်။

“အဲတော့ ဘာဖြစ်လဲ.. ဘယ်လိုပဲဖြစ်ဖြစ် ချင်းချိုင့်နဲ့ ကျွန်မတို့က အဆင် မပြေဘူးဆိုတာကို အကုန်သိနေကြတာပဲ.. ကျွန်မကို ပြဿနာလာရှာမှာက ပုံမှန်ပဲလေ.. ရှင် သူတို့ကိုပြောလိုက်ရင် အများဆုံးတော့ ကျွန်မက ယုတ်မာ တယ်လို့ပဲ ပြောကြမှာပဲ.. ချင်းချိုင့်ကတော့ ကြုံပြီးသွားပြီဆိုပေမဲ့ပေါ့” ရှီမာယူ ယူသည် ထိုအကြောင်းများကို ဂရုမစိုက်ဘဲ အမှန်တရားပေါ်သွားမည်ကိုလည်း စိုးရိမ်ခြင်းမရှိပေ။

“နောက်ပိုင်း ရှင်က နာမည်ကြီးနေတာပဲ.. တစ်ခါတည်း အဆိပ်ဂိုဏ်းကို ဝင်ဖို့ စဉ်းစားဖူးလား” အိုးယွိလင် မေးလိုက်သည်။

“အဆိပ်ဂိုဏ်းကို ဝင်ဖို့လား”

“ဟုတ်တယ် ရှင်က အဂ္ဂိရတ်ဂိုဏ်း၊ အစီအရင်ဂိုဏ်းနဲ့ ဝိညာဉ်ရှာဂိုဏ်းတို့ ကို ဝင်ချင်တယ်လို့ကြားတယ်.. တစ်ခုလောက် ထပ်ဝင်လိုက်လည်း ကိစ္စမရှိ ဘူးမလား”

ရှီမာယူယူသည် သူမကို ချက်ချင်းပင် ငြင်းဆန်လိုက်သည် “ကျွန်မကို အဆိပ်ဂိုဏ်းကို ဝင်ခွင့်ပြုတာကို ချင်းရှီသိရင် သူ ဘယ်လိုထင်သွားမလဲ”

“ကျွန်မနဲ့ သူနဲ့ကြားက ဆက်ဆံရေးက သပ်သပ်.. ရှင်နဲ့ အဆိပ်ဂိုဏ်းက ဆက်ဆံရေးက သပ်သပ်လေ မတူဘူး” အိုးယွိလင် ပြောလေသည် “ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့က အရမ်းလည်းမရင်းနှီးပါဘူး.. တချို့ကိစ္စလေးတွေမှာ နည်းနည်းအချိတ်အဆက်ရှိရုံပဲ”

“တကယ်တော့ ကျွန်မက အစီအရင်ဂိုဏ်းရော ဝိညာဉ်ရှာဖွေဂိုဏ်းရော မဝင်ပါဘူး.. ဒီအတိုင်းအပြင်လူတွေက သတင်းဖြန့်တာပါ” ရှီမာယူယူ ပြော လိုက်သည် “လတ်တလောတော့ ကျွန်မက ဂီတဂိုဏ်းက ဂီတတိုက်ခိုက်မှုကိုပဲ အာရုံစိုက်သင်နေတာပါ.. ကျွန်မ အကြီးအကဲ ၆ ရဲ့တပည့်ဖြစ်လာတာကလည်း ချင်းချိုင့်က သူမရဲ့မြေးမလေးကို သတ်လိုက်လို့ပါ”

အိုးယွိလင်သည် သူမ အဆိပ်ဂိုဏ်းကို ဝင်မည်မဟုတ်ကြောင်း စိတ်ပိုင်းဖြတ်ထားသည်ကို မြင်ရသည်။ ထို့ကြောင့် ဘာမှထပ်မပြောတော့ပေ “ရှင် စိတ်ပြောင်းရင်တော့ ကျွန်မကို အချိန်မရွေးလာရှာပါ”

အိုးယွိလင်ထွက်သွားသည်နှင့် ဖူရှီသည် ရှီမာယူယူအားမေးလလေသည် “ဘာလို့ သဘောမတူလိုက်တာလဲ.. မင်းရဲ့အဆိပ်ပညာ မတိုးတက်ချင်ဘူးလား”

“အမြင့်ဆုံးသစ်ပင်က ရင်ဆုံးလေတိုက်ခံရမှာပဲ.. အခုကို ငါကအရမ်းကို ထင်ပေါ်နေပြီ.. အဆိပ်ဂိုဏ်းကိုဝင်လိုက်ရင် ကောင်းချီမပေးခံရဘဲ အဆဲခံရမှာ စိုးတယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မဝါးခင်မျိုမချချင်ဘူး.. ငါက အကုန်လုံးကို တစ်ခါတည်းသင်လို့မရဘူးလေ.. ငါတို့လိုကျင့်ကြံသူတွေလည်း အချိန်လိုတယ်.. အကုန်လုံး ပြီးသွားမှ ထပ်ပြောကြတာပေါ့”

“ဟုတ်တယ်”

ရက်အနည်းငယ်ကြာပြီးနောက် လုယန်သည် သူမနှင့်အတူ ဂိုဏ်းဌာန ချုပ်ဆီသို့သွားပြီး ဟဲ့လန်ကို ဆရာအဖြစ်သတ်မှတ်စေသည်။ ခန်းမကြီးထဲမှ သူမကို ပြုံးပြနေသည့် အကြီးအကဲကိုမြင်သောအခါ ထိုနေ့က သူမကိုစကား ပြောခဲ့သူမှာ လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်ကြောင်းသိလိုက်ရသည်။

ဆရာအဖြစ် အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်မှာ ရိုးရှင်းသည်။ ရှီမာယူယူ သည် လက်ဖက်ရည်ကြမ်း ဆက်သကာ ‘ဆရာ’ ဟုအမည်တပ်ရုံပင်ဖြစ်သည်။ ဟဲ့လန်သည် သူမကို ဂိုဏ်းစည်းမျဉ်းများကိုပြောပြပြီး ပြီးသည်နှင့် လက်ဆောင် ပေးလေသည်။

နောက်ရက်များတွင် သူမသည် အပြင်သို့ထွက်ခဲသည်။ အသံတိုက်ခိုက်မှု ကို သင်ရုံသည်မှလွဲပြီး ဟဲ့လန်ဆီသို့သွားကာ လေ့လာသည်။ ရံဖန်ရံခါတွင် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ကို သင်ပေးသည်။ မျက်စိတစ်မှိတ်အတွင်းတွင် အနှစ် ၂၀ ကျော်ကုန်သွားလေသည်။

ထိုအချိန်များသည် ရှီမာယူယူ၏ဘဝတွင် အငြိမ်းချမ်းဆုံးဖြစ်သည်။ အရင်ကဆိုလျှင် သူမသည် အေးချမ်းစွာ မလေ့လာနိုင်ခဲ့ပေ။ အရှိန်လျော့လိုက် သောအခါ ပို၍လာသည်ကို သိလိုက်ရသည်။ ထိုအခြေငြိမ်မှုသည် သူမကိုယ် သူမ လွတ်လပ်စေကာ အိပ်မက်နောက်သို့ လိုက်နိုင်ခဲ့သည်။ သူမ၏ ဝိညာဉ် ငြိမ်းချမ်းသွားသောအခါ သူမ၏ ဘုံမှာလည်း မြင့်တက်လာသည်။ မတည်ငြိမ် သောဘုံအန္တရာယ်သည် သူမ၏ တိုးတက်မှုနှင့်အတူ ဖြေရှင်းပြီးဖြစ်သွားသည်။

“ရွှီး”

“ဒုန်း”

လျှို့ဝှက်ဂိုဏ်း၏ အဝေးတစ်နေရာ တောင်တစ်လုံးပေါ်တွင် ရှီမာယူယူ သည် မိုးကြိုးသွားကြောင့် မည်းနက်နေသည်။ သူမသည် မြေပေါ်တွင်လှဲနေပြီး လုံးဝပင် မလှုပ်ချင်ပေ။ တိမ်တိုက်ဝိညာဉ်သည် ကောင်းကောင်းကြီး ဘေးဒုက္ခ ပေးပြီးနောက် ထပ်မပစ်ရဲတော့ပေ။ ထို့ကြောင့် ရှီမာယူယူသည် ခေါင်းအစ ခြေအဆုံး အပစ်ခံခဲ့ရသည်။ ခရမ်းလေးကြောင့်သာမဟုတ်လျှင် သူမသည် ဤ နေရာ၌ပင် သေသွားနိုင်သည်။

လူအများသည် မိုးကြိုးဘေးဒုက္ခစက်ကွင်းအပြင်ဘက်မှ စောင့်ကြည့်နေ ကြသည်။ တချို့မှာ တစ်စုံတစ်ရာဖြစ်သည်ကို သိသည်နှင့် ရောက်လာကြကာ တချို့မှာ သူမနှင့်အတူလာခဲ့ကြခြင်းဖြစ်သည်။ မိုးကောင်းကင်တွင် မိုးကြိုး ဘေးဒုက္ခများနှင့် ပြည့်နှက်နေသည်ကိုမြင်သောအခါ အားလုံးသည် ထိတ်လန့် ကုန်ကြသည်။ အများစုမှာ အားလျော့သွားပြီး ဒူးထောက်မိမလိုပင်ဖြစ်ကြ သည်။ တချို့မှာ တွက်ချက်ပြီးနောက် ထွက်သွားကြသည်။

တစ္ဆေလောက၏ မင်းသမီးလေး.. သူမရဲ့ စွမ်းအားက ကြွားဝါရုံတင် မဟုတ်ဘူးပဲ။

ဝူလင်းယူသည် ရှေ့ထွက်ပြီး သူမကို တွဲပေးသည်။။ ရှီမာယူယူသည် ဒဏ်ရာအပြင်းအထန်ရထားခြင်းမဟုတ်သော်လည်း နာကျင်လွန်းသောကြောင့် စကားပင် မပြောချင်ပေ။ သူမသည် သူ့ရင်ခွင်ထဲသို့ မှီလိုက်သည်။

“ယူယူ ဘယ်လိုနေလဲ” ဖူရှီ ပြေးလာသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ် သည် ထွားလာပြီး လူကြီးတစ်ယောက်အရွယ် ရောက်နေပြီဖြစ်သည်။ သူသည် အသက် ၂၀ အရွယ်လူငယ်ပုံစံဖြစ်နေပြီ။

ရှီမာယူယူ အလွန်အားနည်းနေပုံကို သူ မြင်သောအခါ စိတ်ဒဏ်ရာမှာ ပြန်ပေါ်လာသည်။ သူမနှင့် ယှဉ်လျှင် သူ ကြုံခဲ့ရသည့် လျှပ်စီးရှော့တိုက်မှုမှာ ကလေးကစားသလိုသာဖြစ်သည်။

“ငါ အဆင်ပြေတယ် နည်းနည်းနာရုံပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒီလောက် ကြီးတဲ့မိုးကြိုးကပစ်လိုက်တာလေ.. နည်းနည်းနာတယ်လို့ ပြောတာက တကယ်မသင့်တော်ဘူး” မုယဲ့ချီသည် ဘေးမှ နူးညံ့စွာ ပြောလေ သည်။

ထိုနှစ်များတွင် သူသည်သူမနှင့် အစီအရင်များအကြောင်းပြောခဲ့သော် ကြောင့် ရှီမာယူယူနှင့် ရင်းနှီးလာပြီဖြစ်သည်။ သူမ ဘေးဒုက္ခကိုဖြတ်ကျော်နေ သည်ကိုမြင်သောအခါ အမှန်အတိုင်းဆိုရလျှင် သူ ကြောက်မိသည်။

သူသည် မိုးကြိုးကို တောင့်ခံနိုင်သည့်သူ ရှိလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ ပေ။

ရှီမာယူယူသည် လူအများအပြားရောက်နေသည်ကို မြင်သောအခါ ဝူလင်းယူ၏ အင်္ကျီကို ဆွဲလိုက်သည်။ သူသည် အချက်ပြသည်ကို သိသည်နှင့် သူမနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူတို့ ပြန်ပေါ်လာချိန်တွင် သူမ၏ ခြံဝန်းထဲသို့ ရောက်နေပြီဖြစ်သည်။

“နောက်ဆုံးတော့ မရဏာစံတင်အဆင့်ကို ကျော်နိုင်သွားပြီပဲ.. ကျွန်မတို့ လည်းထွက်သွားပြီး အဘိုးကို ကတိဖြည့်ပေးဖို့သွားပြောရမယ်” သူမသည် အိပ်ရာပေါ်တွင်လှဲနေရင်း ပျော်ရွှင်စွာ ပြောလေသည်။

“မင်းက ဒီ၂ နှစ်အတွင်းမှာ တံခါးပိတ်ကျင့်ကြံနေတော့ အပြင်မှာ ဘယ်လို တွေဖြစ်နေလဲဆိုတာ သိမှာမဟုတ်ဘူး.. တစ္ဆေဘုရင်မရှိတော့ဘူးလို့ အပြင်မှာ သတင်းတွေပြန့်နေတယ်” ဝူလင်းယူ ပြောလေသည်။

“ဘာဖြစ်တာလဲ”

“တစ္ဆေဘုရင်က နှစ်တွေအများကြီး ပေါ်မလာတော့ ဒီလိုကောလာဟလ ပြန့်သွားတာဖြစ်မယ်… မဟုတ်ရင် တစ်ယောက်ယောက်က ဒီသတင်းကို ဖြန့် တာပဲ”

***

All Chapters