ကိုယ့်ကစားပွဲမှာ ကိုယ်ရှုံးသွားခြင်း
Vol. 145 Ch. 2028
တောင်တန်းများအကြားတွင် မြောက်ပိုင်းကွင်းပြင်သည် မြေပြင်နေရာ အကျယ်ဆုံးဖြစ်သည်။ ကြည့်ရှုသူစင်မြင့်များစွာလည်းရှိသည်။ သာမန်ကိစ္စများ ဆိုလျှင် ထိုကွင်းပြင်ကို ဖွင့်လေ့မရှိပေ။ ယခုအချိန်တွင် သူမကြောင့်သာ အစဉ်အလာမရှိ ဖွင့်လိုက်ခြင်းဖြစ်သည်။
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ရှီမာယူယူကို မြောက်ပိုင်းကွင်းပြင်ဆီသို့ပို့ပြီး ပွဲကြည့်စင်သို့ သွားလိုက်ကြသည်။
စာမေးပွဲမစခင်တွင် ရှီမာယူယူကို အောက်တွင်စောင့်နေမည်ဟု ပြောခဲ့ သည်။ ဟိုင်ရှင်း၊ ဟိုင်ရှီးနှင့် ဖူရှီတို့သည် ပွဲကြည့်စင်တွင် စောင့်ကြည့်ရသည်ကို အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိသည်။
ထိုအချိန်တွင် အမျိုးသားသူစိမ်းတစ်ယောက်သည် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ ဆီသို့ လျှောက်လာကာ ပြောလေသည် “ဟိုင်ရှင်း လူတစ်ယောက်က မင်းကို ဒါ ပေးခိုင်းလိုက်တာ”
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ထိုလူ့လက်ထဲမှ သူတို့၏မျိုးနွယ်ကျောက် စိမ်းတံဆိပ်ပြားကိုမြင်သောအခါ အသက်ရှုပ်ပင်ရပ်သွားသည်။ သူတို့သည် အံ့ဩမှုကို ချုပ်တည်းကာ ကျောက်စိမ်းတံဆိပ်ပြားကိုယူပြီး မေးလိုက်သည် “ဒီလူက ဘယ်ကလဲ”
“မင်းကို အပြင်က မြို့ငယ်လေးမှာစောင့်နေတယ်.. သူမက အကြာကြီး မစောင့်နိုင်လို့ သူမကိုလာတွေ့ပါလို့မှာလိုက်တယ်.. ဒီအကြောင်းကို ဘယ်သူ့ ကိုမှ မပြောပါနဲ့လို့ ပြောလိုက်တယ်.. ဟိုင်ရှီး အဲလူက ဘယ်သူလဲ.. သူမက သံသယဝင်စရာကောင်းတယ်.. လူဆိုးများလား”
သံသယဝင်ဖို့ကောင်းတယ်ဟုတ်လား။
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် အကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည် “မဟုတ်ဘူး ကျွန်တို့မျိုးနွယ်ဝင်တွေက ငါတို့ကိုရှာတွေ့သွားတာဖြစ်မယ်.. ကျွန်တို့ သူမကို သွားတွေ့ကြမယ်.. ဒီသတင်းကို လာပြောပြလို့ ကျေးဇူးတင်ပါ တယ်”
“အဲတော့ ဒီတစ်ယောက်က မင်းတို့မျိုးနွယ်ဝင်ပဲ.. အဲလိုဆိုရင် ငါက သတင်းယူလာပေးမှတော့ မင်းတို့ကို ခေါ်သွားပေးမယ်” ထိုလူသည် ပြောရင်း နှင့်ထွက်သွားလေသည်။
“နေဦး” ဟိုင်ရှင်း သူ့ကိုခေါ်လိုက်သည် “ရှင့်ကို ဂိုဏ်းထဲမှာ အရင်က မမြင်ဖူးပါဘူး.. ရှင်က မြို့ငယ်လေးကလာတာလား”
ထိုအခိုက်တွင် ထိုလူသည် တုံ့ဆိုင်းသွားကာ ပြန်ဖြေလေသည် “ဟုတ်တယ်”
“အဲလိုဆိုရင် ကျွန်မတို့ကိုစောင့်ပါဦး ကျွန်မတို့ရှင်နဲ့အတူလိုက်ခဲ့မယ်” ဟိုင်ရှင်းပြောလိုက်သည် “အဲဒီကိုရောက်ရင် အဲလူကိုညွှန်ပြဖို့ ရှင့်အကူအညီလို သေးတယ်”
“ဟုတ်ပြီ”
“ဒါဆို ကျွန်မတို့ကို ထွက်ပေါက်မှာ စောင့်နေပေးပါ.. ဒီပွဲပြီးတာနဲ့ သွား ကြတာပေါ့”
“ဟုတ်ပြီ”
ထိုလူထွက်သွားကာ သူတို့ကို ဝင်ပေါက်တွင် စောင့်လေသည်။ ဟိုင်ရှင်း သည် သူမအနောက်မှ လူကို တစ်စုံတစ်ရာပြောလိုက်သည်။ သို့သော် သူမ ပြော လိုက်သည့်အရာကိုတော့ မည်သူမှမသိကြပေ။
“သူတို့ စရိုက်အရဆိုရင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောလောက်ပါ ဘူးနော်” သူ ခန့်မှန်းလေသည်။ ထို့အပြင် ဟိုင်မျိုးနွယ်၏ တည်ရှိမှုမှာ လျှို့ဝှက် ချက်ဖြစ်သည်။ ထို့ကြောင့် တခြားတစ်ယောက်ကို ပြောရလောက်သည်အထိ မရူးမိုက်လောက်ကြပေ။
ဟိုင်ရှင်းသည် အဖြစ်အပျက်ကို ဖူရှီကို ပြောပြပြီးနောက် ပြောလေသည် “အဲဒီကျောက်စိမ်းတံဆိပ်ပြားက ကျွန်မဒေါ်လေးရဲ့ဟာပဲ.. ကျွန်မတို့မျိုးနွယ် ချေမှုန်းခံရတုန်းက သူမက ပျောက်သွားတာ.. အခု သူမရဲ့သဲလွန်စရပြီဆိုတော့ သွားကြည့်ချင်တယ်”
“ဒါက ထောင်ချောက်ဖြစ်နိုင်တာကိုလည်း သိထားသင့်တယ်” ဖူရှီ ပြော လိုက်သည်။
“ကျွန်မ သိပါတယ်.. ဒါပေမဲ့ ဒါက ကျွန်မတို့ ပထမဆုံးရတဲ့ ဒေါ်လေးရဲ့ သဲလွန်စလေ” ဟိုင်ရှင်း ပြောလေသည် “ဒါကထောင်ချောက်ဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းရှိပေမဲ့ ဒါကိုလျစ်လျူရှုလို့မရဘူးလေ”
“ဒါဆိုလည်း ကောင်းပြီလေ သွားပါ” ဖူရှီ ခေါင်းညိတ်လိုက်သည်။ ထိုလူ လှမ်းကြည့်သည်ကို သူမြင်သောအခါ ပြောလိုက်သည် “မင်းတို့သွားကြလေ မြန်မြန်ပြန်လာကြ ယူယူ့ကို ဒီအကြောင်း ပြောပြလိုက်မယ်”
“ဒါဆို မင်းကိုကျေးဇူးတင်ပါတယ်” သူသည် ထိုလူကို ကြားစေရန် တမင် ပြောသည်ကို ဟိုင်ရှင်းသိသဖြင့် သူ့ကို ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ကာ ဟိုင်ရှီးနှင့်အတူ ထိုလူ့နောက်ကို လိုက်သွားလေသည်။
ထိုလူသည် ဖူရှီ၏နှုတ်ခမ်းကို ဖတ်ပြီးနောက် သူ ပြောလိုက်သည့် စကား ကိုသိသောအခါ သက်ပြင်းချမိသည်။ သူသည် ထိုသို့ပြောလိုက်သော်လည်း ရှီမာယူယူ စာမေးပွဲပြီးသည်အထိ ဤနေရာတွင် စောင့်ရဦးမည်ဖြစ်သည်။ ထိုလူများ ယခုအချိန်မရောက်လာသေးသရွေ့ သူတို့နှစ်ယောက် ပျောက်သွား သည်ကို သိချိန်တွင် စာမေးပွဲပြီးလောက်ပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့ ခြေရာလက်ရာကို ရှာနိုင်ချေ မည်သို့ရှိပါဦးမည်နည်း။
သူသည် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ကို ဦးဆောင်ခေါ်လာပြီး ဆူညံနေသော မြောက်ပိုင်းကွင်းပြင်မှ ထွက်လာလိုက်သည်။ ထိုကွင်းပြင်ဘေးမှ နေရာသည် ပို၍ တိတ်ဆိတ်သည်။
ထိုနေရာသို့ သွားရာလမ်းတွင် မြို့ငယ်တွင် မည်သို့ဖြစ်သည်ကို မေးမြန်း သော်လည်း ထိုလူသည် ဘာမှပြန်မဖြေပေ။ သူသည် ဂိုဏ်းကို လတ်တလောမှ ဝင်လာပြီး မြို့ငယ်ကို စောင့်ကြပ်နေသည်ဟုသာ ရှင်းပြခဲ့သည်။ သူတို့သည် သူ၏ အမူအရာကိုမြင်သောအခါ သေချာပေါက် ထောင်ချောက်ဖြစ်သည်ကို မောင်နှမနှစ်ယောက် သိလိုက်ကြသည်။
မြို့ငယ်သို့ မဝင်ခင်တွင် ထိုလူ ပြောလေသည် “ကျွန်တော် ရုတ်တရက် သတိရပြီ သူမ ပြောတာက နေ့တစ်ဝက်အတွင်း မရောက်နိုင်ရင် သူမက အရှေ့ တောင်တန်းမှာစောင့်မယ်တဲ့”
“အရှေ့တောင်တန်းက နည်းနည်းဝေးတယ်လို့ ကြားတယ်” ဟိုင်ရှီး ပြော လိုက်သည်။
“အဲဒါကြောင့် အဲလူက သံသယဝင်စရာကောင်းတယ်လို့ ပြောတာ.. အဲလို ဆိုမှတော့ သွားချင်သေးလား”
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ခေတ္တမျှ တွေဝေပြီးနောက် ပြောလိုက်သည် “သွားမယ်လေ.. ဒါပေမဲ့ ကျွန်မတို့က အရှေ့တောင်တန်းကို တစ်ခါမှမရောက်ဖူး ဘူး.. အဲဒီကိုခေါ်သွားပေးနိုင်မလား”
“အဲဒါက…”
“ရှင့်ကို ကျောက်စိမ်းပြားပေးလိုက်တဲ့လူက ဘယ်လိုပုံစံရှိလဲဆိုတာ ကျွန်မတို့မသိဘူးလေ.. အဲအချိန်ကျရင် သူမကိုမြင်ရင်တောင် ကျွန်မတို့မှတ်မိ မှာမဟုတ်ဘူး” ဟိုင်ရှင်း ပြောလိုက်သည်။
“ဒါဆိုလည်း ဟုတ်ပြီလေ.. အစကတည်းက ဒီနေရာကိုခေါ်လာမိတာ ငါ့ အမှားပဲ ဒါပေမဲ့ ကျွန်တော့်အထက်လူကြီးကိုအရင်သွားပြောလိုက်ဦးမယ်”
“ဟုတ်ပါပြီ ဒါဆိုရင် ရှင်သွားလေ ဒီမှာပဲရှင့်ကိုစောင့်နေမယ်” ဟိုင်ရှင်း သည် အပြုံးသဲ့သဲ့ဖြင့် ပြောလေသည်။
ထိုလူထွက်သွားပြီးနောက် သူတို့နှစ်ယောက်သည် ရိုးရှင်းပြီး တုံးအလွန်း သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဟုပင် တိတ်တဆိတ်တွေးနေသည်။ သူသည် မြို့ငယ်ကိုပတ်လျှောက်ပြီးနောက် သူတို့ဆီသို့ ပြန်ရောက်လာသည်။
“မင်းတို့ကို အဲဒီကိုခေါ်သွားလို့ရတယ်လို့ ကျွန်တော့်အထက်လူကြီးက ပြောတယ်.. ဒါပေမဲ့ မြန်မြန်ပြန်ပြီး အလုပ်လုပ်ရဦးမယ်.. အဲဒါကြောင့် မြန်မြန် သွားပြီး မြန်မြန်ပြန်ရမယ်”
“ဟုတ်ပါပြီ”
သူတို့သည် အရှေ့တောင်တန်းဆီသို့ အမြန်သွားကြရာ လျင်မြန်စွာပင် ရောက်ကြလေသည်။
“ဒီနေရာပဲ.. အဲလူ ဘယ်မှာပုန်းနေလဲတော့ ကျွန်တော်လည်းမသိဘူး.. သူမကို လူခွဲရှာကြမလား”
“ကျွန်မတို့ အတူနေသင့်တယ်ထင်တယ်.. လူစုခွဲလိုက်ရင် သူမကို မြင်ရင် တောင် သိမှာမဟုတ်ဘူး” ဟိုင်ရှင်း ပြောလိုက်သည် “ကျွန်မတို့ ပြန်ရောက်တာ နဲ့ ရှင့်ရဲ့အထက်လူကြီးကို ရှင့်အတွက် စကားအကောင်းပြောပေးပါမယ် သူ ရှင့်ကို အပြစ်မတင်စေရပါဘူး”
“ဒါဆိုလည်း ကောင်းပြီလေ.. ငါ နေ့တစ်ဝက်လောက်တော့ အချိန်ရတယ် အဲဒီဘက်ကိုသွားကြည့်ကြတာပေါ့”
သူသည် သူတို့နှစ်ယောက်ကို ဦးဆောင်ပြီး တောင်ကို တစ်ပတ်ပတ်၏။ ထို့နောက် ကြိုတင်စီစဉ်ထားသည့်နေရာဆီသို့ လျှောက်သွားလေသည်။ သူတို့ မရောက်ခင်တွင် တစ်စုံတစ်ရာမှားယွင်းနေပြီး လေထဲတွင် သွေးနံ့ခပ်ပြင်းပြင်း ရှိနေသည်ကို သိလိုက်ရသည်။ သူတို့ လျှောက်သွားသောအခါ မရဏာသားရဲ တစ်အုပ်သည် ဒဏ်ရာရနေသောလူတစ်ယောက်ကို ဝိုင်းထားသည်ကို တွေ့ လိုက်ရသည်။ ထို့အပြင် ထိုလူသည် သူတို့လူဖြစ်နေသည်။
သူတို့ပေါ်သွားပြီ။ ထိုအရာမှာ သူ၏ ပထမဆုံးအတွေးဖြစ်သည်။ နောက် စက္ကန့်ပိုင်းအတွင်းတွင် သူသည် ထွက်ပြေးရန် ထွက်ပေါက်ရာမိသည်။ သို့သော် မရဏာသားရဲတစ်အုပ်၏ ပိတ်ပင်ခြင်းကိုခံလိုက်ရသည်။
“မင်းတို့တွေကလည်း ဒီလောက်အဝေးကြီးလာတာပဲ” ဖူရှီသည် မရဏာ ခြင်္သေ့တစ်ကောင်ပေါ်ထိုင်ပြီး လျှောက်လာသည်။ သူသည် လက်နှစ်ဖက်ကို ပိုင်ထားပြီး စောဒကတက်လေသည် “ငါတို့ပြန်ရောက်ရင် ယူယူ့ရဲ့ စာမေးပွဲ ပြီးသွားမလားတောင် မသိဘူး”
“ဒါကလည်း သူ့ အင်္ကျီလက်ထဲမှာ တစ်ခုခုများရှိမလားလို့ ကြည့်ချင်လို့ပဲ မဟုတ်ဘူးလား” ဟိုင်ရှီး ပြောလိုက်သည် “သူက ဒီလိုမျိုးလှည့်ပတ်နေမယ်လို့ ဘယ်သူသိမှာလဲ”
“ဟုတ်ပြီ ဒီလူတွေကိုဖမ်းပြီးရင် အမြန်ပြန်ကြတာပေါ့” ဖူရှီသည် ကြိုး အနည်းငယ်ထုတ်ကာ သူတို့ဆီသို့ ပစ်လိုက်သည်။ ကြိုးသည် သူတို့တစ် ယောက်ချင်းစီကို ချည်တုပ်လိုက်သည်။
ဟိုင်ရှီးသည် ရှေ့သို့ထွက်ပြီး သူတို့ပါးစပ်ထဲသို့ အဆိပ်ထည့်ပေးလိုက် သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ချင်သော်လည်း လုပ်မရတော့ ပေ။
ဖူရှီသည် မရဏာသားရဲများကို အမိန့်ပေးလိုက်သည် “မင်းတို့တွေ ပြန်လို့ ရပြီ ဒီနေ့ပင်ပန်းသွားကြပြီ”
မရဏာသားရဲများသည် သူ့ကို တလေးတစား အရိုအသေပြုပြီးနောက် ပျောက်ကွယ်သွားကြလေသည်။
“မင်းတို့တွေက အစကတည်းက သိတာလား” သူတို့နှင့် အဆက်အဆံ လုပ်လာသောလူသည် ဟိုင်ရှင်းကို ကြည့်လေသည်။ သူ၏မျက်လုံးများသည် အစောပိုင်းက ရှုပ်ထွေးနေမှုများမရှိတော့ဘဲ ဒေါသများဖြင့် ပြည့်နှက်နေလေ သည်။
“ဟုတ်တယ် ရှင်ပေါ်လာကတည်းက သံသယရှိပြီးသား” ဟိုင်ရှင်း ပြော လေသည် “ဒါပေမဲ့ ရှင့်ကိုဖမ်းဖို့ဆို ရှင်ခေါ်တဲ့အတိုင်းလိုက်ဖို့လိုတယ်.. ရှင် မြို့ငယ်ကိုပြန်ပြီး အရှေ့တောင်တန်းမှာ ပုန်းနေတဲ့လူကို သတိပေးကတည်းက ကျွန်မတို့လည်း ဖူရှီကို ဆက်သွယ်ပြီးနေပြီ.. ပြန်ရောက်ရင်တော့ ဒေါ်လေးရဲ့ ကျောက်စိမ်းက ဘာလို့ရှင့်ဆီ မှာရှိနေတာလဲလိုဆိုတာကို ကျွန်မတို့ စကား ကောင်းကောင်းပြောတာပေါ့”
“သွားမယ် သွားမယ်” ဖူရှီသည် တိုက်တွန်းလေသည်။ သူသည် ရှီမာယူယူ စာမေးပွဲဖြေသည်ကို ကြည့်ချင်သည်။ သူ မည်မျှလွတ်သွားပြီကိုလည်း သိချင် နေပြီဖြစ်သည်။
ရှီမာယူယူသည် ကွင်းပြင်တွင်ရှိနေပြီး ဟိုင်ရှင်းတို့ရှိနေသည့် နေရာကို လှမ်းကြည့်လိုက်သည်.. သူတို့ ပျောက်သွားသည်ကို သိလိုက်ချိန်တွင် မျက်မှောင်ကို အနည်းငယ်ကြုတ်မိသည်။
***