← Chapters

စာမေးပွဲ ၁

Vol. 145 Ch. 2029

စာမေးပွဲ ၁

Vol. 145 Ch. 2029

သို့သော် ဂိုဏ်း၏အထွေထွေအကြီးအကဲများသည် ဂိုဏ်းသခင်များနှင့် နယ်ပယ်အသီးသီးမှ ဂိုဏ်းဒုသခင်များနှင့်အတူ လာနေကြပြီဖြစ်သဖြင့် သူတို့ ကို ရှာရန် အချိန်မရှိပေ။ ဤပွဲသည် သူတို့၏ဂိုဏ်းအတွင် အကြီးဆုံးဖြစ်သည်။

အကြီးအကဲများပေါ်လာချိန်တွင် အစက သူတို့ကိုဆက်သွယ်ရန် ဟန် ပြင်လိုက်သည်။ သို့သော် ရပ်လိုက်သည်။ သူမ ခေါင်းမော့ကြည့်ရာ အစီအရင် ဂိုဏ်းဧရိယာတွင် ထိုင်နေသော ဝူလင်းယူကို တွေ့လိုက်ရသည်။ ဂီတဂိုဏ်း ဘက်တွင် နေရာသုံးခုလွတ်နေသည်ကို ဝူလင်းယူမြင်သောအခါ သူမ ပြောချင် သည့်အရာကို သိသွားပြီး သူမကိုခေါင်းညိတ်ပြလေသည်။

နင်းထျန်ရာသည် အဖွဲ့ကိုစင်ပေါ်ထိရောက်အောင် ဦးဆောင်လာပြီး ထိုင် လိုက်သည်။ ရှီမာယူယူသည် သူတို့ရှေ့သို့လျှောက်လာသည်။

“ယူယူ ဒီနေ့ထွက်ခွာခြင်းစာမေးပွဲဖြေချင်တာ သေချာလား” နင်းထျန်ရာ သည် သူမကို မေးလေသည်။

“ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေသည်။

“ဟုတ်ပြီ.. မင်းရဲ့ဆရာတွေက စာမေးပွဲစစ်မယ့် အကြောင်းအရာကို ပြော လိမ့်မယ်.. အဲဒါတွေအကုန်ပြီးအောင်ဖြေပြီး လျှို့ဝှက်ဂိုဏ်းကနေ ထွက်သွားလို့ ရပြီ” နင်းထျန်ရာ ပြောလိုက်သည်။

ရှီမာယူယူ လျှို့ဝှက်ဂိုဏ်းမှ ထွက်သွားတော့မည်ဟု ကြားသည်နှင့် ဂိုဏ်း အဖွဲ့ဝင်များသည် မအံ့ဩတော့ပေ။ ဂိုဏ်းမှထွက်သွားလိုသူများသည် စာမေးပွဲ ဖြေရသည်။ သို့သော် နင်းထျန်ရာ ထိုသို့ပြောလာသဖြင့် သူတို့ အနည်းငယ် ဝမ်းနည်းသွားရုံသာဖြစ်သည်။

နောက်ဆိုလျှင် လျှို့ဝှက်ဂိုဏ်းတွင် စိတ်ဝင်စားစရာမရှိတော့ပေ။

“ဘယ်သူအရင်လုပ်ချင်လဲ” နင်းထျန်ရာသည် ဂိုဏ်းသခင်များဘက်သို့ လှည့်ပြီး မေးလိုက်သည်။

“ကျုပ်အရင်လုပ်မယ်.. ဒီဂိုဏ်းအဖွဲ့ဝင်က နေမကောင်းတဲ့လူတစ် ယောက်ကို ခေါ်လာတယ်.. ရောဂါကထူးဆန်းပြီးတော့ အခုထိ ကုသနည်းကို ရှာမတွေ့သေးဘူး” သမားဂိုဏ်းသခင် ပြောလိုက်ရာ ကွင်းပြင်တစ်ခုလုံး ငြိမ်ကျ သွားလေသည်။

သမားဂိုဏ်းသခင်က သူမကို စမ်းသပ်ချင်နေတာလား။ သူမက ဆေးပညာတတ်တယ်လို့ သူတို့ တစ်ခါမှမကြားဖူးပါဘူး။

“လောင်လီ ရှင့်စာမေးပွဲက မမျှတဘူးမလား” ဟဲ့လန် ဆန့်ကျင်လေ သည် “ရှင်တို့တောင် အဖြေရှာမရတာ.. သူမကို ဒါလုပ်ခိုင်းရင် သူမလည်း မဖြေ ရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ.. အဲလိုဆို ဘာဖြစ်မလဲ”

“အဲဒီအဖြေကို ငါတို့လည်း စဉ်းစားပြီးပြီ” ဆေးဂိုဏ်း၏ ဂိုဏ်းသခင်သည် သူ၏ မုတ်ဆိတ်ရှည်ကြီးကိုပွတ်သပ်နေသည် “သူမ လက်လျော့ရင် နောက်ထပ် မေးခွန်းရှိသေးတယ်.. အဲဒါကိုအောင်ရင် စာမေးပွဲအောင်မှာပဲ”

“ဆရာ အဲလိုဆိုမှတော့ ကျွန်မစမ်းကြည့်ပါမယ်” ရှီမာယူယူ ပြောလိုက် သည်။

လောင်လီသည် လက်ခုပ်တီးလိုက်ရာ လူတစ်ယောက်သည် ချက်ချင်းပင် နေမကောင်းသည့်လူကို ခေါ်လာသည်။

“ဒါက လွန်ခဲ့တဲ့နှစ်ရက်က အကူအညီလာတောင်းတဲ့ လူနာပဲ.. သူ့ အသက်က အားနည်းနေပြီ ဒါပေမဲ့ ဘာဒဏ်ရာမှလည်းမရှိဘူး.. တခြား အကြောင်းအရင်းတွေလည်းမရှိဘူး.. စမ်းကြည့်လိုက်ပါဦး အကြောင်းအရင်းကို များရှာတွေ့မလားလို့”

ရှီမာယူယူသည် လူနာဆီသို့လျှောက်သွားလိုက်သည်။ သူသည် အားနည်း နေပြီဖြစ်ကာ မျက်လုံးများမှာ အသက်မဲ့နေသည်။ သူ၏ အတွင်းအင်္ဂါများမှာ လှုပ်ရှားခြင်းမရှိတော့ဘဲ အသားအရေမှာဝါနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် နုနယ်နေပြီး အလွန်အာဟာရချို့တဲ့နေပုံပေါက်သည်။

“သွေးခုန်နှုန်းစမ်းကြည့်ဦးမယ်” သူမသည် သူ့လက်ကို ခုံ၏လက်ရန်းပေါ် တင်ပြီး သွေးခုန်နှုန်းစမ်းကြည့်လေသည်။

သူမ သွေးခုန်နှုန်းစမ်းသပ်ချိန်တွင် ဂိုဏ်းသခင်လီသည် သူမဘေးသို့ လျှောက်လာကာ ရောဂါအကြောင်းအရင်းကို ရှာနိုင်မလားဆိုသည်ကို ကြည့် လေသည်။

“သူ့သွေးခုန်နှုန်းက အားနည်းနေတယ် စွမ်းအားကလည်း လျော့နေပြီ.. တခြားလက္ခဏာတွေက သူ့ရဲ့အသက်ရှုနှုန်းနည်းနေလို့ပါ ရောဂါကြောင့် မဟုတ်ဘူး.. ဘယ်လောက်ပဲကြည့်ကြည့် လက္ခဏာတွေကပုံမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒါသာ သာမန်အခြေအနေဆိုရင် သူ့ရဲ့ သွေးခုန်နှုန်း လျော့ကျနေတာမှာ အကြောင်းအရင်းရှိမှမဟုတ်ဘူး”

“အမှန်ပဲ” ဂိုဏ်းသခင်လီ ပြောလေသည် “အဲဒါကြောင့် ထူးဆန်းနေတာ လေ”

“သခင် သူ့ခန္ဓာကိုယ်ထဲမှာ သူ့အသက်သွေးကြောကို လှိုက်စားနေတဲ့ ကပ်ပါးကောင်ရှိမရှိကို စမ်းသပ်ကြည့်ပြီးပြီလား” ရှီမာယူယူ မေးလိုက်သည်။

“စမ်းကြည့်ပြီးပြီ မရှိဘူး” ဂိုဏ်းသခင်လီ ပြောလိုက်သည်။

သူ၏အသက်စွမ်းအားသည် ဆက်တိုက်ကျဆင်းနေသဖြင့် ပထမဆုံး ခန့်မှန်းချက်သည် ကပ်ပါးကောင်ပင်ဖြစ်သည်။ သို့သော် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက် ပုံမှန်မဟုတ်သည်ကို ရှာမတွေ့ပေ။

“ဒဏ်ရာမရှိ ကပ်ပါးကောင်မရှိပေမဲ့.. သူ့အသက်စွမ်းအားက ဆက်တိုက် ကျဆင်းနေတယ်” ရှီမာယူယူသည် ဤကဲ့သို့အခြေအနေမျိုးတွင် ဖြစ်တတ် သည့် အကြောင်းအရင်းကို စဉ်းစားကြည့်ရန်ကြိုးစားသည့်အနေနှင့် မေးစေ့ကို ထိလိုက်သည်။

သူမ လက်လျော့ပြီး စာမေးပွဲကို ရုတ်သိမ်းမလားဟု ဂိုဏ်းသခင်လီ မေး တော့မည့်ဆဲဆဲတွင် သူမ သူ့နောက်သို့လျှောက်သွားပြီး အပ်တစ်ချောင်းထုတ် ကာ သူလည်ဂုတ်ကို ထိုးစိုက်လိုက်သည်။

“အာ…”

ရက်ပေါင်းများစွာ စကားမပြောသော လူနာသည် နာကျင်မှုကို ရင်ဆိုင် နေရသည့်အလား ရုတ်တရက်အော်လေသည်။

“ဘယ်လိုဖြစ်တာလဲ.. အဲနေရာက တုံ့ပြန်မှုမရှိတတ်ဘူးမလား” သမား တော်များသည် ရှီမာယူယူ၏ အပြုအမူကိုမြင်သောအခါ သူမလုပ်လိုက်သည့် အရာကိုသိသည်။

“ဟင်” ဂိုဏ်းသခင်လီသည် လူနာ၏ ဆံပင်ကိုဖယ်ပြီး သူ့လည်ပင်းကို ကြည့်လိုက်သည်။ အပ်ပတ်ပတ်လည်မှ နေရာသည် စတင်မို့ဖောင်းလာပြီး ချက်ချင်းပင် နားလည်လိုက်သည် “သိပြီ.. ငါ အဲဒါကိုမစဉ်းစားနိုင်တာ ယုံတောင်မယုံနိုင်ဘူး”

“ဂိုဏ်းသခင် ဘာဖြစ်တာလဲ”

“တချို့လူတွေ ကျင့်ကြံနေတဲ့အချိန်မှာ သူတို့ကိုယ်ပိုင်လမ်းကို ခန္ဓာကိုယ် နဲ့တည်ဆောက်တဲ့လူတွေရှိတယ်… ပုံမှန်အခြေအနေအောက်မှာဆို ခန္ဓာကိုယ် ကို သက်ရောက်မှုမရှီဘူး.. ဒါပေမဲ့ ကျင့်ကြံနေတုန်းမှာ ဖြစ်ရိုးဖြစ်စဉ်နဲ့ သွေဖယ် သွားရင် လမ်းကြောင်းက အဲဒီလူကိုဝါးမျိုသွားတယ်” ဂိုဏ်းသခင်လီရှင်းပြလေ သည် “ဒီလိုအခြေအနေမျိုးက အရမ်း.. အရမ်းကိုရှားတယ်.. အဲဒါကြောင့် သိတဲ့ လူနည်းတယ်.. ငါတောင် မစဉ်းစားမိဘူး”

“အခု ဂိုဏ်းသခင်ပြောမှပဲ သတိရသွားပြီ.. အဲဒီအကြောင်းကို ဆေးကျမ်း တွေမှာ ဖော်ပြထားသလို ဆန်းလည်းဆန်းသစ်တယ်.. ယူယူက အဲအကြောင်း ကို သိမယ်လို့ထင်မထားဘူး.. သူမက လေးစားဖို့ထိုက်တန်ပါတယ်” တခြား သမားတော်များ သဘောတူလေသည်။

“သူမက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အများကြီးသိတာပဲ ကျုပ် တောင်ရှက်လာပြီ”

“ဒါဆို ဒါကိုဘယ်လိုကုလို့ရမလဲ” လူတစ်ယောက်မေးလေသည် “သူမ ကုသပြီးမှ အောင်တယ်လို့ သတ်မှတ်မှာမလား”

“ဒီရောဂါကို ဘယ်သူမှ ကုသနည်းရှာမတွေ့ခဲ့ဘူး.. သူမက အကြောင်း အရင်းကို ရှာတွေ့ပြီဆိုတော့ အောင်ပြီလို့ ပြောလို့ရတာပေါ့”

“ဒါက အရမ်းကိုဆန်းသစ်တော့ သူမက ဒီအတိုင်းအောင်သွားမှာပဲ”

ခုံပေါ်တွင်ထိုင်နေသူသည် အသက်စါမ်းအားများ လုံးလုံးလျားလျား လျော့ကျသွားသည်ကို ရှီမာယူယူ မြင်နေရသည်။ ကုသ၍မရနိုင်ကြောင်းကို သမားတော်များက သူ၏မိသားစုဝင်များကို ပြောနေရာ မိသားစုဝင်များ၏ မျက်လုံးများမှ နာကျင်မှုကို သူမ မြင်လိုက်ရသည်။ သူမ တိုးညင်းစွာ ပြောလိုက် သည် “ကျွန်မ ဘာလို့မစမ်းကြည့်ရမှာလဲ ကျွန်မလုပ်နိုင်မလားလို့ ကြည့်..”

သူမ၏ အသံမှာအလွန်နူးညံ့နေပြီး ပွဲကြည့်လာပရိသတ်များ သူတို့ အချင်းချင်းဆွေးနွေးပြီး သူမကို ချီးကျူးသံများဖြင့်သာ ဖုံးလွှမ်းနေသည်။ သို့သော် သူ၏ဇနီးဖြစ်သူသည် သူမစကားကို ကြားသွားသည်။

“သခင်ကြီး သခင်ကြီး သူ့ကိုကယ်လို့ရမလား တောင်းဆိုပါတယ် သူ့ကို ကယ်ပေးပါ” သူမသည် ရှီမာယူယူရှေ့သို့လာပြီး ဒူးထောက်ကာ သူ၏ အဝတ် အစွန်းကိုဆုပ်ကိုင်လေသည်။

သူမ ငိုသံကို ကြားသောအခါ တခြားသူများသည် ထိတ်လန့်စွာ ကြည့် ကြလေသည်။

“သခင်ကြီး.. သူ့ကိုကယ်နိုင်တယ်လို့ ခုနက ပြောခဲ့တယ်” အမျိုးသမီး သည် ခေါင်းမော့ပြီး ငိုလေသည်။

ရှီမာယူယူသည် သူမကိုဆွဲပြီး ပြောလေသည် “ရှင်အရင်ထပါဦး”

သူမသည် တခြားသူများ သူမရှေ့တွင် ဒူးထောက်သည်ကို အသားမကျ ပေ။ အထူးသဖြင့် များပြားလှသော လူများရှေ့တွင်ဖြစ်သည်။

“ယူယူ ဒါကိုကုဖို့ နည်းလမ်းရှိလား” ဂိုဏ်းသခင်လီမေးလိုက်သည်။

“အာမတော့မခံနိုင်ပါဘူး ဒါပေမဲ့ သူက စောင့်နေရတာဆိုတော့ စမ်း ကြည့်ချင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး ကျေးဇူးတင်ပါတယ် သခင်ကြီး” ဒူးထောက်နေသော အမျိုးသမီးသည် မရပ်မနားအရိုအသေပြုလေသည်။

“ကျေးဇူးတင် မစောပါသေးနဲ့ဦး သူ့ကိုကယ်နိုင်မလားဆိုတာ အာမမခံ နိုင်ဘူး” သူမသည် မျှော်လင့်ချက်ကြီးကြီး မထားစေချင်ပေ။

“ကျွန်မသိပါတယ် မျှော်လင့်ချက်မရှိတော့ဘူးလို့ ဂိုဏ်းသခင်လီပြောပြီး ပါပြီ.. ကြိုးစားကြည့်ချင်တယ်ဆိုတာကိုပဲ ကျေးဇူးတင်နေပါပြီ” အမျိုးသမီး သည် စိတ်ငြိမ်သွားပြီး ရှီမာယူယူကို စိတ်လှုပ်ရှားအောင်မလုပ်တော့ပေ။

“စမ်းကြည့်ချင်တယ်ဆိုမှတော့ လုပ်ကြည့်လေ ဘယ်သူသိမလဲ.. အသက် တစ်ချောင်းကို ကယ်ချင်ကယ်နိုင်မှာပဲ” ဂိုဏ်းသခင်လီ ပြောလိုက်သည်။ ထို့နောက် သူသည် ယာယီကုသခန်းဆောက်ခိုင်းပြီး တခြားသူများ လုပ်ငန်းစဉ် ကို မကြည့်စေရန် နေရာကိုချိပ်စည်းပိတ်လိုက်သည်။

“လောင်လီ သူမကို အရမ်းယုံကြည်မှုရှိတာလား”

“မင်းတို့လည်း ဒီကလေးနဲ့ ရင်းနှီးနေမှာပဲ.. သူမက ကြွားဝါတာမျိုးမရှီ ဘူး.. သူမက အရင်ဒီလိုပြောလာမှတော့ ယုံကြည်မှုရှိလို့ပဲလေ.. အဆုံးထိ မအောင်မြင်ရင်တောင် ဒါပြဿနာကြီးတော့မဟုတ်ဘူးလေ”

***

All Chapters