← Chapters

စာမေးပွဲ ၂

Vol. 145 Ch. 2030

စာမေးပွဲ ၂

Vol. 145 Ch. 2030

ကုသနည်းလမ်းသည် လျှို့ဝှက်ထားရသည်။ ထို့ကြောင့် ဂိုဏ်းသခင်လီ တစ်ယောက်သာ သူမနှင့်အတူ လိုက်ဝင်သည်။ အပြင်မှလူများသည် သူတို့ အထဲတွင်ဘာလုပ်နေကြသည်ကို မသိကြပေ။ သူတို့သည် အရိပ်များလှုပ်နေ သည်ကိုသာ တွေ့ရပြီး ဂိုဏ်းသခင်လီ၏ ချီးကျူးသံ ရံဖန်ရံခါထွက်လာသည်ကို သာ ကြားရလေသည်။

“သူမမှာ အဲလောက်အားကောင်းတဲ့ ဆေးပညာရှိနေလိမ့်မယ်လို့ ထင် မထားမိဘူး.. သူမက ဂိုဏ်းထဲမှာနေတာ အနှစ် ၂၀ ကျော်ပဲရှိသေးတာကို ဘယ် လိုလုပ် အဲလောက်အများကြီးသင်နိုင်ရတာလဲ”

“သူမက ဂိုဏ်းထဲမဝင်ခင်ကတည်းက ဒါတွေကို သိပြီးသား.. အခု သူမ သိထားတာတွေကို တစ်ဆင့်မြှင့်လိုက်တာပဲ”

“ဟူး.. သူမက တကယ်ပဲ အားကောင်းတာပဲ.. သူမက သူများတွေကို အနိုင်ယူဖို့ တည်ရှိနေတာပဲ”

“အခု.. ဂိုဏ်းထဲကပညာတွေအကုန် သူမသိနေတယ်လို့ပြောရင်တောင် ငါ မအံ့ဩတော့ဘူး”

“ငါရောပဲ”

သူတို့သည် ရှီမာယူယူ ကုသသည့်လုပ်ငန်းစဉ်ကို မကြည့်ရသဖြင့် နှေးကွေးလွန်းသည်ဟု ခံစားရသည်။ နာရီအနည်းငယ်ကုန်ဆုံးပြီးနောက် ယာယီတဲသည် အထဲမှဖွင့်လာသည်။

“မင်းရဲ့အပ်စိုက်နည်းလမ်းက တကယ်ကိုအံ့လောက်စရာပဲ” ဂိုဏ်းသခင် လီသည် ထွက်လာရင်း ချီးကျူးလေသည်။ အပြင်တွင်စောင့်နေသော ဇနီးဖြစ် သူသည် အမြန်ပင်ပြေးလာပြီး သူတို့နှစ်ယောက်ကို မျှော်လင့်တကြီးကြည့်လေ သည်။

“ဟားဟား မင်းတော့ ကံကောင်းသွားပြီ.. သူမနဲ့တွေ့တော့ သူမက သူ့ ခန္ဓာကိုယ်ထဲက လမ်းကြောင်းကိုတည်ငြိမ်သွားဖို့ ဒီလိုနည်းကိုသုံးနိုင်သွား တယ်.. သူ့အသက်သွေးကြောမခမ်းတော့ဘူး အသက်ကယ်နိုင်သွားပြီ” ဂိုဏ်း သခင်လီသည် ပြုံးပြီးပြောလေသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်လီ ကျေးဇူးတင်ပါတယ် သခင်ကြီး” အမျိုးသမီးသည် သူတို့ကို ခံစားချက်ပါပါကျေးဇူးတင်လေသည်။

“ငါ့ကို ကျေးဇဓးတင်ဖို့မလိုဘူး.. အကြောင်းအရင်းကို ရှာတွေ့တာ ငါ မဟုတ်သလို ကုပေးတာလည်း ငါမဟုတ်ဘူး” ဂိုဏ်းသခင်လီသည် ဂုဏ်သရေ အတွက် လောဘမရှိပေ “ပြန်ရောက်ရင်တော့ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေး လိုက်.. သူက ဒီအချိန်အတွင်း အများကြီးခံစားထားရတာဆိုတော့ ပြန်ကောင်း ဖို့အချိန်လိုသေးတယ်.. ပြီးတော့ သူ့ကိုယ်သူ အလောတကြီးတွန်းအားမပေးနဲ့ ကျင့်စဉ်တွေက ဖြည်းဖြည်းချင်း ပြန်ရလာလိမ့်မယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီအကြောင်းတွေကို ကျွန်မ သူ့ကိုပြောလိုက်ပါမယ် သူ ဒီလိုအမှားမျိုးထပ်လုပ်မှာမဟုတ်ပါဘူး”

“ဟုတ်ပြီ သူ ဒီမှာနှစ်ရက်လောက် နားပြီးတော့သွားလို့ရပြီ.. မင်း သူတို့နဲ့ လိုက်သွားလိုက်”

သမားဂိုဏ်းမှလူများသည် ကုသစင်နှင့် လူနာကိုသယ်သွားရာ ကွင်းပြင် မှာ ထပ်မံဗလာကျင်းသွားသည်။ ဂိုဏ်းသခင်လီသည် ဂုဏ်ယူစွာဖြင့် ကြေညာ လေသည် “မင်း သမားပညာ စာမေးပွဲအောင်မြင်သွားပြီ”

“ကျေးဇူးတင်ပါတယ် ဆရာ”

“မဆိုးဘူး” နင်းထျန်ရာသည် သူမကိုကြည့်ပြီး ပြောလေသည် “နောက် တစ်ယောက်က ဘယ်သူလဲ”

“ကျုပ်လုပ်မယ်” ဝိညာဉ်ရှာဖွေဂိုဏ်းသခင်သည် ရှေ့တိုးကာ ပြောလေ သည် “ကျုပ်ရဲ့ မေးခွန်းကတော့ရှင်းတယ်.. ဒီကျောက်တုံးရာချီထဲက သတ္တုရိုင်း အလုံး ၅၀ ကိုရွေးပေး.. တစ်ခုမှ ပျက်လို့မရဘူး.. ပြီးတော့ ဖွင့်ပြီးရင်လည်း ရွေးထားတဲ့ ကျောက်တုံးတွေရဲ့ တန်ဖိုးက ကျန်တဲ့ကျောက်တုံးတွေနဲ့ ယှဉ်နိုင်ရ မယ်.. ဒီ ၅ လုံးထက်တန်ဖိုးနိမ့်လို့မရဘူး”

“မိုးနတ်မင်းရေ ဒါက ရိုးရှင်းတယ်လို့ ခေါ်တာလား”

“သူမမှာ ဖြစ်နိုင်ချေ ၉၅ ရာခိုင်နှုန်းလိုတယ်”

“အရေအတွက်မြင့်လေလေ စွန့်စားရာကျလေလေပဲ ဒါက ဘယ်လိုလုပ် ရိုးရှင်းတာဖြစ်ရမှာလဲ”

“ဝိညာဉ်ရှာဖွေသခင်ရဲ့ စာမေးပွဲက ဘယ်တုန်းက ဒီလောက်ခက်သွား တာလဲ”

“ဒါက စာစစ်ခံရတဲ့ လူအပေါ်မှာမူတည်တယ်ထင်တယ်”

“အဲလိုဆိုရင်တောင် ခက်‌သေးတယ်”

တခြားသူများသည် ထိုကိစ္စကို ဆွေးနွေးကြသည်။ ဝိညာဉ်ရှာဖွေဂိုဏ်းမှ လူများသည် သည်တစ်ကြိမ် မကြုံစဖူး စာမေးပွဲခက်ကြောင်းကို ညည်းညူကြ သည်။

သို့သော် သူတို့ မည်မျှပင် အခိုင်အမာပြောနေသော်လည်း စာမေးပွဲသည် ဆုံးဖြတ်ပြီးသားဖြစ်သဖြင့် မည်သူမှ ပြောင်းလဲ၍မရပေ။

ဝိညာဉ်ရှာဖွေသခင်များသည် သတ္တုရိုင်းအလုံး ၁၀၀ ကို ကွင်းပြင်သို့ ယူ လာပြီး ၁၀ တန်းဖြစ်အောင် သပ်သပ်ရပ်ရပ်စီလေသည်။

“ဟုတ်ပြီ အချိန်အကန့်အသတ်ပြောဖို့ မေ့သွားတယ်.. အဲဒါတွေအကုန် ၄ နာရီအတွင်းပြီးရမယ်”

“ဖူး..”

သူ၏ နောက်ဆုံးညွှန်ကြားချက်သည် သူတို့ကို သီးသွားစေသည်။ သူမ သည် ၄ နာရီအတွင်း သတ္တုရိုင်းအလုံး ၅၀ ကိုရွေးရမည်ဖြစ်ကာ မှန်ကန်ရန် ရာနှုန်းပြည့်ပင်မရှိပေ။

၄ နာရီတွင် မိနစ်ပေါင်း ၂၄၀ ရှိသည်။ အလုံး ၁၀၀ ထဲမှရွေးရမည်မှာ သတ္တုရိုင်း တစ်လုံးလျှင် ၂ မိနစ်ဝန်းကျင်သာ အချိန်ရသည်။ သူမသည် လမ်းဘေးမှ ဂေါ်ဖီထုတ်ရွေးနေခြင်းမဟုတ်ဘဲ သတ္တု ရိုင်းရွေးနေခြင်းဖြစ်သည်။

ဒီစာမေးပွဲက ဘယ်လိုကြီးလဲ။ ဒါက သူမကိုအခက်တွေ့အောင် လုပ်နေ တာပဲ။

ရှီမာယူယူသည် တည်ငြိမ်သည်။ အချိန်စသည်နှင့် သူမသည် သတ္တုရိုင်း များကို ပတ်လျှောက်သည်။ သူမသည် သတ္တုရိုင်းများကို တစ်ခါနှစ်ခါပင် ကြည့် နေသည်ကို သူတို့မြင်နေရသည်။ ၁၀ စက္ကန့်အတွင်းမှာပင် သူမ၏ ရွေးချယ်မှု ကို ဆုံးဖြတ်ပြီးလေသည်။

“မြန်လိုက်တာ.. သူမက ကျောက်တုံးရွေးနေတာလား မဲနှိုက်နေတာလား”

“ဒီလောက်အရှိန်နဲ့ သူမက ကျောက်တုံးရွေးနေတာဟုတ်ရဲ့လား.. သတ္တု ရိုင်းကို ဒီလောက်မြန်မြန်ရွေးနိုင်တဲ့လူကို မြင်ဖူးရဲ့လား.. သူမက ကျပန်းလုပ် နေတာပဲ”

“ဒါပေမဲ့ သူမသာ တကယ်ပဲတွေ့ကရာရွေးနေတယ်လို့ ပြောရအောင် လည်း သူမရဲ့ အမူအရာက တည်ငြိမ်လွန်းတယ်”

“ဒါက သေခြင်းတရားနဲ့တွေ့ရင်တောင် တည်ငြိမ်တယ်လို့ ခေါ်တယ်.. သူမက မသေချာရင်တောင် သူများတွေကို ယိမ်းယိုင်အောင်လုပ်တာပဲ”

“မင်းကပဲ သိသလိုလာပြောနေသေးတယ်” လူတစ်ယောက်သည် သူ၏ ရှင်းပြချက်ကို လှောင်လေသည် “သူမက ကျောက်တုံးကို အတည်ရွေးနေတယ် လို့ ငါယုံတယ်”

“ဒီအချိန်မှာမှ သူမရဲ့အစွမ်းအစကို ယုံနေတယ်ဆိုတော့ မင်းက သူမကို မျက်စိမှိတ်ပြီး ကိုးကွယ်နေတာပဲ”

“ဟုတ်တယ် ငါ သူမကို ကိုးကွယ်တယ်.. သူမရဲ့အစွမ်းအစကိုယုံတယ် မဟုတ်ရင် သူတို့တွေက ဒီလိုမေးခွန်းမျိုးထုတ်မှာမဟုတ်ဘူး”

“အမှန်ပဲ.. ဒါကစာမေးပွဲဆိုပေမဲ့ ဒီလောက်ခက်တာဆိုရင် သူမ အောင်နိုင် တယ်ဆိုတာကို ပြနေတာပဲ ငါတို့စောင့်ကြည့်ကြတာပေါ့”

နှစ်နာရီကုန်သွားပြီးနောက် သူမသည် သတ္တုရိုင်းများကို သုံးပုံခွဲထား သည်။ တစ်ပုံမှာ သူမရွေးထားသော သတ္တုများဖြစ်ပြီး တစ်ပုံမှာ ပယ်ထားသည့် အရာများဖြစ်ကာ ကျန်အပုံမှာ မသေချာသေးသည့်သတ္တုများဖြစ်သည်။

သူမသည် ၄၃ လုံးရွေးပြီးပြီဖြစ်သည်။ ထို့ကြောင့် ကျန်အပုံထဲမှ ၇ လုံးသာ ရွေးရတော့မည်ဖြစ်သည်။ သူမသည် တစ်လုံးချင်းစီကို အနီးကပ်စစ်ဆေးပြီး နောက် ပြန်ချကာ စစ်ဆေးပြီးရင်း စစ်ဆေးသည်။ နောက်ဆုံးတွင် သူမသည် ကျန် ၇ လုံးကိုရွေးပြီးလေသည်။

“ဆရာ ကျွန်မရွေးပြီးပါပြီ” သူမသည် ပွဲကြည့်စင်တွင် ရပ်နေသည့် ဝိညာဉ်ရှာသခင်ကို ပြောလိုက်သည်။

“ဟုတ်ပြီ ဖွင့်လိုက်”

ဝိညာဉ်ရှာသခင်ဂိုဏ်းမှ သခင်များ စတင်တော့သည်။ တချို့မှာ သူမ ရွေး သည့်သတ္တုရိုင်းကိုဖွင့်ပြီး တချို့မှာ ကျန်သတ္တုများကိုဖွင့်ကြသည်။

သူမရွေးလိုက်သည့် ကျောက်တုံးဖွင့်သော ဝိညာဉ်ရှာသခင်များသည် စိတ် လှုပ်ရှားကြသည်။ သူတို့သာ ကျောက်အပျက်ကိုဖွင့်မိပါက သူမသည် ယနေ့ စာမေးပွဲအောင်တော့မည်မဟုတ်ပေ။

တစ်နေကုန်မှ ကျောက်အပျက်ကို မဖွင့်မိသည်မှာ ကံကောင်းသွားသည်။ အနည်းဆုံးတော့ သူမသည် ဤအပိုင်းကို ကျော်လွှားနိုင်ပြီဖြစ်သည်။

သူမ၏ အပယ်ကျောက်တုံးများကို ဖွင့်သောအဖွဲ့မှာ ကျောက်အပျက် ၁၀ လုံးကို ဖွင့်မိလေသည်။ ကျောက်အပျက်မှာ ၁၀ ရာခိုင်နှုန်းရှိပြီး သူမသည် တစ်ခု မှ မရွေးခဲ့ပေ။

“သတ္တုရိုင်း ၅၀ မှာအပျက်တစ်ခုမှမရှိဘူး လုံးဝတိကျတယ်” စစ်ဆေးရန် တာဝန်ယူထားသူမှာ သူမနှင့် အရင်ယှဉ်ပြိုင်ဖူးသည့် လျန်ချန်းဖြစ်သည်။ သူမ၏ ရလဒ်ကို သူကိုယ်တိုင်ကြေညာရသည်မှာ ခံစားချက်ကိုရှုပ်ထွေးစေ သည်။

သူမသည် သူ့ထက်ပင် များစွာသန်မာနေသည်။

“သူမက တကယ်ပဲ အကုန်လုံးရသွားတာပဲ အာကောင်းလိုက်တာ”

“သူမက တွေ့ကရာမှန်းတဲ့ပုံမဟုတ်ဘူးပဲ.. မဟုတ်ရင် အပျက်တုံးကို ဘယ်လိုလုပ် တစ်ခုမှမရွေးမိတာလဲ”

“အဲတော့ ဒါက သူမရဲ့တကယ့် အစွမ်းအစပဲပေါ့ မိုးနတ်မင်းရေ”

နီလဲ့သည် ခုံတွင်ထိုင်နေပြီး ရယ်လေသည် “အဲဒီကျောက်တွေကို ခွဲခြားဖို့  ဒီကောင်တွေ ၇ ရက် ၈ ရက်လောက် သုံးထားရတာ.. ငါသာဆိုလည်း ဒါတွေကို စစ်ဆေးဖို့ တစ်ရက်လောက် အချိန်ယူရမယ်”

“အဲတော့ ကျောင်းသားက ဆရာ့ထက်သာသွားတယ်လို့ ပြောတာလား”

“တပည့်က ကိုယ့်ထက်သာနေတော့ ဘယ်လိုခံစားရလဲ”

“အရမ်းဂုဏ်ယူတာပေါ့ ဟား ဟား ဟား” နီလဲ့ ရယ်မော်လေသည်။

“ယှဉ်ကြည့်ပါတော့မယ်” လျန်ချန်း ကြေညာလေသည်။ ဝိညာဉ်ရှာဂိုဏ်း မှ အဘိုးကြီးများသည် ချက်ချင်းပင် ကျောက်များကို အကဲဖြတ်တော့သည်။ သူတို့သည် တန်ဖိုးကိုစာရွက်ပေါ်တွင်ရေးပြီးနောက် အစဉ်လိုက်စီသည်။

နောက်ဆုံးတွင် သူမရွေးထားသည့် ကျောက်သုံးတုံးသည် ၅ လုံးပေါင်း တန်ဖိုးထက်မြင့်နေသည်။ သို့သော် သူမသည် စာမေးပွဲကို အခက်အခဲမရှိ အောင်မြင်လေသည်။

ကွင်းပြင်တစ်ခုလုံးမှာ စိတ်အားထက်သန်မှုများဖြင့် လောင်မြိုက်သွား သည်။ အားလုံးသည် သူမကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကြသည်။

“နောက်တစ်ယောက်က ဘယ်သူလဲ” နင်းထျန်ရာ မေးလိုက်သည်။

“ကျုပ်လုပ်မယ်” အစီအရင်ဂိုဏ်းသခင်ဟူဟူ ပြောလေသည်။

သူတို့သည် ဟူဟူရှေ့ထွက်လာသည်ကို မြင်သောအခါ မည်သူမှ မအံ့ဩ ကြပေ။ သူမသည် အစီအရင်များနှင့်ပတ်သက်ပြီး ထူးချွန်သည်မှာ လုယန် အဆင့်တက်သည့်အချိန်က သိပြီးကြပြီဖြစ်သည်။ သူမကို စာမေးပွဲစစ်ရာတွင် လည်း မည်သည့်အခက်အခဲမရှိနိုင်သည်ကို သိကြသည်။

နောက်ဆုံးတွင် ရှီမာယူယူသည် ဤနေရာတွင် တွန့်ဆုတ်မိတော့မလို ဖြစ်သွားသည်။

***

All Chapters