← Chapters

စာမေးပွဲ ၃

Vol. 146 Ch. 2031

စာမေးပွဲ ၃

Vol. 146 Ch. 2031

ဤတစ်ချီမှာ အလွန်ခက်ခဲကာ သူမ ထင်မထားသည့် မေးခွန်းအကြောင်း အရာဖြစ်သည်။ သူမ စာမေးပွဲအကြောင်းအရာများကို လေ့လာစဉ်က ထိုဆရာ သည် သူမကို ခန့်မှန်းမိပြီးသားဖြစ်လောက်မည်။

ဟူဟူသည် စင်မြင့်ဆီသို့လာပြီး ပြောလေသည် “လိုအပ်ချက်က ရိုးရှင်းပါ တယ်.. မင်းရှိနေတဲ့နေရာမှာ ထောင်ချောက်အစီအရင်ရှိတယ်.. အဲဒီကနေ ထွက်ရမယ်.. ဒါပေမဲ့ အဲဒါကို ဖျက်ရင်းနဲ့ လျှို့ဝှက်အစီအရင်ကို အသက်သွင်းမိ သွားရင် လူသတ်အစီအရင်ဖြစ်လာလိမ့်မယ်”

သူမသည် ပေါင်းစပ်ထားသည့်အစီအရင်များအကြောင်းကို နားလည် သည်။ ပုံစံအရင်းအမြစ်ကို ရှာတွေ့သည်နှင့် မခက်ခဲပေ။ သို့သော် အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် သူမ စိတ်ဓာတ်ကျလာသည်။

“ဒါက ရှေးဟောင်းအစီအရင်ကြီး ၁၀ ခုထဲက ထောင်ချောက်အစီအရင်ကို တုပထားတဲ့ဟာပဲ.. ဆရာ ကျွန်မက အဲလောက် အားကောင်းတယ်လို့ တကယ် ပဲထင်နေတာလား” သူမသည် မတတ်သာဘဲ ကျိန်ဆဲရတော့သည်။ အပြင်မှလူ များသည် သူမ စကားကိုမကြားရပေ။ သို့သော် သူမ၏ နှုတ်ခမ်းကိုဖတ်ပြီး မျက်နှာထားကို အကဲခတ်ကြည့်ရာ သူမ သုန်မှုန်နေသည်ကို သိလိုက်ကြသည်။

“လောင်ဟူ ဘယ်လိုလုပ် ရှေးဟောင်းအစီအရင်ပုံစံတူကို သုံးနိုင်ရတာလဲ အလွန်အကျွံလုပ်နေတာမဟုတ်ဘူးလား” ဟဲ့လန်သည် ရှီမာယူယူအတွက် မတရားသလိုခံစားရသဖြင့် မျက်မှောင်ကြုတ်လေသည်။

“သူမသာ ဒီရှေးဟောင်းအစီအရင်ကို မဖြတ်နိုင်ရင် နောက်ဆိုရင် ဘယ် လိုလုပ် အဲလိုမျိုးတည်ဆောက်နိုင်တော့မှာလဲ” ဟူဟူ ဆက်ပြောလေသည် “ပြီးတော့ မင်းတို့လည်း သူမရဲ့ပြဿနာကိုသိတာပဲ.. သူမ နောက်ဆိုရင် အဲဒီ နေရာကိုသွားတဲ့အချိန်ကျ ဒီလိုအရည်အချင်းတွေရှိမထားရင် သူမကိုယ်သူမ ဘယ်လိုလုပ် ကာကွယ်နိုင်မလဲ.. သူမ မအောင်ရင် ဒီမှာပဲနေပြီး ဆက်လေ့လာ ရမယ်”

သူ ထိုသို့ပြောလိုက်ချိန်တွင် အားလုံးသည် အကျိုးအကြောင်းသင့်သည် ဟု ခံစားမိပြန်သည်။

“ဒါပေမဲ့ သူမက မြန်မြန်ထွက်သွားရမှာလေ…”

သူမသည် အလောမကြီးသလို ဤနေရာတွင် အခြေချနေနေသော်လည်း သူမ၏ မိခင်ဖြစ်သူကို အမြန်ကယ်တင်ရန်လိုနေသည်။ ထိုအရာသည် လျှို့ဝှက် ဂိုဏ်းအတွင်းတွင် လျှို့ဝှက်ချက်မဟုတ်ပေ။ မဟုတ်လျှင် သူတို့သည် ဤကဲ့သို့ အချိန်တိုအတွင်းတွင် သူမကို စာမေးပွဲဖြေခွင့်ပေးမည်မဟုတ်ပေ။

ထိုစဉ်က သူတို့သည် ရှီမာယူယူ၏ အခြေအနေ၊ နောက်ခံ၊ ကြီးထွားလာ မှုနှင့် လူသားလောကနှင့်တစ္ဆေလောကတွင် လုပ်ခဲ့သည့်ကိစ္စများကို ‌ဆွေးနွေး ခဲ့ပြီးဖြစ်သည်။ သူမသည် ကောင်းကင်ကိုဆန့်ကျင်မည့် သူဖြစ်သည်ဟု သူတို့ နိဂုံးချုပ်မိကြသည်။

အထက်မှလူကြီးများသည် သူမ၏ အင်အားကြီးလာမှုကို ပျိုးထောင်ရ မည်ဖြစ်သဖြင့် ဂိုဏ်းအတွင်းမှ ကဏ္ဍာမျိုးစုံကို လေ့လာခွင့်ပြုခဲ့သည်။ သူမတွင် အချိန်နှေးစေသည့် ရတနာရှိသည်ကိုလည်း သိထားသဖြင့် ဤကဲ့သို့ အချိန်တို အတွင်းတွင် သူမကို နယ်ပယ်များစွာကို လေ့လာခွင့်ပြုခဲ့ခြင်းပင်။

အနှစ် ၂၀ သည် ဝိညာဉ်စေတီအတွင်းတွင် အနှစ် ၂၀၀ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အရည်အချင်းနှင့် အုတ်မြစ်ပါ ထည့်ပေါင်းလိုက်လျှင် သင်ယူ ရန်မှာ လွယ်ကူနေခြင်းဖြစ်သည်။

ထို့ကြောင့် သူမ ထွက်သွားသည်နှင့် ကိစ္စပေါင်းများစွာသည် သူမကို စောင့်ကြိုနေလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။

သူမကို ပျိုးထောင်ရသည့် အချိန်ကိုစဉ်းစားမိလျှင် သူတို့ကို ဂုဏ်ယူစေ သည်။

သို့သော် ထိုမတိုင်ခင်တွင် သူမသည် အစီအရင်ဂိုဏ်း၏စာမေးပွဲကို အောင်ရမည်ဖြစ်သည်။

ရှီမာယူယူသည် အစီအရင်အထဲတွင် လျှောက်ပတ်ကြည့်ရာ သူမသည် ဦးတည်ချက်တစ်ဖက်တည်းကိုသာ သွားနေသလိုခံစားရသည်။ သို့သော် အပြင် လူများအမြင်တွင်တော့ သူမသည် နယ်ပယ်ကျဉ်းလေးတစ်ခုတွင် လျှောက်နေ သည်ကိုမြင်ရလေသည်။

ရှေးဟောင်းအစီအရင်ပုံစံတူသည် အလွန်ပင် လက်ဝင်ကာ ရှေးဟောင်း အစီအရင်များမှ ပြောင်းလဲလာသလိုပင် ခံစားရလေသည်။ ထိုပုံစံတူတွင် ရှေးဟောင်းအစီအရင်၏ စွမ်းအားများရှိသည်။ သို့သော် ထပ်မံပြုပြင်လိုက်ပါက အမှန်တကယ်ပင် ပို၍အားကောင်းလာမည်ပင်။

ဤပေါင်းစပ်အစီအရင်ကို ဟူဟူဖန်တီးထားခြင်းဖြစ်သည်။ သူမသည် လူသတ်အစီအရင်ကို အသက်သွင်းမိလိုက်သည်နှင့် ပြဿနာတက်မည်ဖြစ် သည်။

သူမသည် ပိတ်မိနေကာ အသတ်ခံရမည့် အန္တရာယ်ပါရှိနေသည်။ ထို့အပြင် လူသတ်အစီအရင်သည် ထောင်ချောက်အစီအရင်ထက် အားမလျော့ သည်ကို သူမ ခံစားမိသည်။

ထိုအကြောင်းတွေးမိလိုက်သည်နှင့် သွေးအန်ချင်လာသည်။ ဒါက စာမေး ပွဲဖြေရုံတင်ကို သူမရဲ့ဆရာက သူမကိုသတ်ချင်နေတာပဲ။

“ဝီး…”

လေတိုက်သံမှာ ဖြတ်သွားသည်။ သူမ ရှောင်တိမ်းလိုက်ရာ ဝိညာဉ် စွမ်းအားတစ်ခုသည် သူမနားရွက်နားသို့ ဖြတ်သွားကာ နားရွက်ထိပ်လေး ထိ သွားသည်။ အနည်းငယ်သာ ကပ်သွားပါက သူမ နားရွက်ပင်ပြတ်သွားနိုင်၏။

သူမ တကယ်ပဲ လူသတ်အစီအရင်ကို အသက်သွင်းလိုက်မိပြီ။

ရှီမာယူယူသည် သွေးအန်ချင်လာသည်။ သူမသည် ထောင်ချောက် အစီအရင်ကို ဖျက်ရန်ကြိုးစားရင်းက လူသတ်အစီအရင်ကို အသက်သွင်းမိသွား လေပြီ။ ထို့ကြောင့် သူမသည် အစီအရင်ကို ဖျက်ရင်းနှင့် တိုက်ခိုက်မှုကို ရင်ဆိုင် ရတော့မည်။ အရေးအကြီးဆုံးမှာ တိုက်ခိုက်မှုသည် ရုတ်တရက်ဖြစ်သဖြင့် အချိန်ပင်မရလိုက်ဘဲ အစီအရင်ကိုဖျက်ရတော့မည်။

လူသတ်အစီအရင်၏ တိုက်ခိုက်မှုကို မြင်လိုက်သောအခါ လူအများ အော် မိကြသည်။ ထိုတိုက်ခိုက်မှုသည် အလွန်ပင်ရက်စက်သည်။ ရှီမာယူယူ၏ အဆင့်လောက်နှင့် တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။

“လောင်ဟူ ခင်ဗျား အလွန်အကျွံလုပ်နေတာမဟုတ်ူဘးလား” ပင်မ စင်မြင့်ပေါ်မှလူများသည် ထိုတိုက်ခိုက်မှု ရက်စက်သဖြင့် စတင်စိုးရိမ်လာ သည်။

ဟူဟူသည် ရယ်မောလိုက်သည်။ သူ၏ စိုးရိမ်မှုများမှာ ပျောက်ကွယ်သွား ပြီဖြစ်သည်။

“ယူယူ ဒဏ်ရာရနေတာကို ဘယ်လိုလုပ်ရယ်နိုင်ရတာလဲ” ဟဲ့လန်သည် စူပုပ်သော မျက်နှာထားဖြင့် ပြောလေသည်။

“စောင့်ကြည့်လိုက်ပါဦး” ဟူဟူသည် ရှင်းမပြချင်ပေ။ သို့သော် သူ့ မျက်နှာမှာ ပြုံးနေလေသည်။

“လှည့်ကွက်တွေများရှိလို့လား”

သူတို့သည် ရှီမာယူယူဘက်သို့ အာရုံပြန်လှည့်ကာ သူမ တိုက်ခိုက်ခံနေရ ကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်ရာဒဏ်ရာများနှင့် ထွက်ပြေးရန်ကြိုးစားနေ သည်ကို မြင်လိုက်ရသည်။

ပွဲကြည့်စင်မှလူများသည် သူမအတွက် စိတ်မကောင်းဖြစ်ကြသည်။ သူတို့ ၏ နတ်ဘုရားမသည် ထွက်ပြေးရန်ကြိုးစားရင်း ဒဏ်ရာများရနေသည်။ သူမ ၏ ဂုဏ်သတင်းများအားလုံး ရေစုန်မျောလေပြီ။

“စွက်”

သူမ အချိန်မှီမရှောင်လိုက်နိုင်သဖြင့် ဓားရှည်တစ်ချောင်းသည် သူမ နှလုံး ၏လက်နှစ်လုံးအကွာ ပခုံးအတွင်းသို့ ထိုးစိုက်ဝင်သွားသည်။ နည်းနည်းသာ နိမ့် သွားရင်…

“လောင်ဟူ” နီလဲ့သည် စိုးရိမ်လာသည် “ဒီလိုဆက်သွားရင် သူမ သေ သွားလိမ့်မယ်”

“အစီအရင်ကို မြန်မြန်ပိတ်လိုက်”

အမှန်တကယ်သာ ထိုသို့လုပ်လိုက်ပါက သူမ စာမေးပွဲကျမည်ဖြစ်သည်။

“စိတ်မလှုပ်ရှားကြနဲ့ဦး” ဟူဟူ၏ အပြုံးမှာပြောင်းမသွားပေ “ခဏနေရင် အဆင်ပြေသွားလိမ့်မယ်”

အဆင်ပြေမယ်ဟုတ်လား။ ဘာအဆင်ပြေမှာလဲ။ သူမ အစီအရင်ကို ဖျက်နိုင်တဲ့ ရာခိုင်နှုန်းကိုမမြင်ဘူးလား။

“ကြည့်လေ ပုံစံက မကြာခင်ပျက်တော့မယ်” ဟူဟူ ပြောလေသည်။

သူတို့သည် ရှီမာယူယူ၏ အသက်နှင့် မကစားနိုင်ပေ။ သူထိုသို့ ပြောလာရာ သူတို့သည် စောင့်ရုံသာရှိတော့သည်။

သူတို့သည် ရင်တမမဖြင့် စိုးရိမ်တကြီးစောင့်ကြသည်။ ကံကောင်းစွာပင် ကြာကြာမစောင့်လိုက်ရပေ။ မဟုတ်လျှင် သူတို့အသက်များပင် တိုသွားနိုင် သည်။

ရှီမာယူယူသည် အစောက ထိခိုက်ထားသည့်တစ်နေရာတည်း နောက် ပခုံးတစ်ဖက်ကိုထပ်ထိလေသည်။ သူမ၏ ပခုံးတစ်ဖက်တစ်ချက်တွင် ဓားရှည် တစ်ချောင်းစီစိုက်နေကာ မြားများသည်လည်း ခြေထောက်တွင် ထိုးဖောက်နေ ပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများမှာ နေရာတိုင်းရှိနေသည်။

သို့သော် သူမသည် ပခုံးအား ဖြတ်သွားသောအခါ ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် ယုံကြည်ချက်ရှိနေပြီး မည်သည့်အရာမှ သူမကိုမတားနိုင်သလိုပင်။

သူမသည် မည်သူမှမရောက်နိုင်သည့် အဆင့်သို့ ဆက်သွားနေသည်။

“အစီအရင် အပေါ်တက်လိုက်တော့”

သူမ စကားဆုံးသည်နှင့် အစီအရင်သည် သူမအား ဝန်းရံလိုက်သည်။ အစီအရင်သည် မကြီးမားသော်လည်း သူမကိုကာကွယ်နိုင်ပြီး ထောင်ချောက် အစီအရင်အား များစွာ အားလျော့သွားစေသည်။

“သူမက ထွက်ပြေးရင်းနဲ့ အစီအရင် တည်ဆောက်နေတာပဲ”

အားလုံးသည် တအံ့တဩ အော်ကြလေသည်။ သူမ၏ ရှုပ်ထွေးနေသော ခြေလှမ်းများသည် အစီအရင်ပြုလုပ်နေခြင်းဖြစ်သည်ကို မည်သူမှ မပြောနိုင် ကြပေ။

“လောင်ဟူ ဒီအကြောင်းကို သိထားပြီးသားလား” နီလဲ့ ပြောလေသည်။

ဟူဟူသည် တိတ်ဆိတ်စွာ ပြုံးလေသည်။

“ဒီအစီအရင်က ခင်ဗျားရဲ့ ထောင်ချောက်အစီအရင်ကို ခုခံနိုင်လား.. တိုက်ခိုက်မှုကတော့ အများကြီးလျော့သွားသလိုပဲ” လုယန် မေးလေသည်။

“ကျွန်မလည်း အဲလိုထင်တာပဲ အားနည်းသွားသလိုပဲ” ဟဲ့လန် ပြောလေ သည်။

“အဲဒါက ထောင်ချောက်အစီအရင်ကို ခုခံတာမဟုတ်ဘူး.. သူမက ထောင် ချောက်အစီအရင် ပုံစံအတိုင်း လုပ်ပြီး ထောင်ချောက်အစီအရင်ရဲ့ အားကို သူမ အဆင့်တက်အောင် လုပ်နေတာပဲ.. အဲလိုဆိုရင် တိုက်ခိုက်မှုက အားလျော့သွား တဲ့အပြင် သူမကိုယ်သူမလည်း ကာကွယ်နိုင်မယ်.. သူမ နည်းနည်းလောက် လုပ်လိုက်တာနဲ့ ဒီအစီအရင်က သူမအတွက် ဘာမှမဟုတ်တော့ဘူး..” ဟူဟူ သည် အားလုံးကိုရှင်းပြလေသည်။

***

All Chapters