← Chapters

စာမေးပွဲ ၄

Vol. 146 Ch. 2032

စာမေးပွဲ ၄

Vol. 146 Ch. 2032

ရှီမာယူယူသည် အသက်ရှုချောင်သွားသည်နှင့် အသက်ရှင်နိုင်တော့မည် ဟု ခံစားမိလေသည်။ သူမသည် ကြမ်းပြင်ပေါ်သို့ အားပါးတရာလှဲလိုက်ကာ ဆေးသောက်ပြီး နလန်ထူနိုင်ရန်စောင့်လေသည်။

အားလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရှီမာယူယူသည် တန်ခိုးကြီးနေပြီး အားလုံး၏စိတ်ထဲတွင် အထက်တွင် ရပ်တည်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူမကဲ့သို့လူမျိုးသည် အရည်အချင်းကောင်းကောင်းရှိပြီး ပတ်ဝန်းကျင်ကောင်းသည်ဟု တွေးခဲ့ကြ သည်။ သို့သော် သူမ မည်မျှကြိုးစားကြောင်းကို ယခု သူတို့သိသွားကြလေပြီ။ အရည်အချင်းရှိသည့်အပြင် သူမသည် ကြိုးစားသည်။

မဟုတ်ဘူး ကြိုးစားတယ်ဆိုတာက လျော့ပြောလိုက်တာပဲ။ သူမက အသက်နဲ့ရင်းပြီး ကြိုးစားတယ်လို့တောင် ပြောရမယ်။ သူတို့သာ သူမနေရာမှာ ဆိုရင် အသက်ရှုချိန်တောင်မရဘဲ ရှိတဲ့စွမ်းအင်ကို အစီအရင်ဆောက်ဖို့ကို တွေ့ဖို့မပြောနဲ့ အဆုံးထိမသွားနိုင်ဘဲ အရှုံးပေးလိုက်လောက်ပြီ။

သူမက… အရည်အချင်းရှိပြီး ကြိုးစားတာပဲ။

အဲအကြောင်းကပဲ သူမကို ဒီအဆင့်ထိရောက်လာစေခဲ့တာ။

ထိုအချိန်တွင် သူမသည် အကျည်းတန်သည်ဟု မည်သူမှ မတွေးကြတော့ ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ စိတ်ထဲတွင် သူမသည် ခါတိုင်းထက်ပင် ကြည့်ကောင်းနေသေးသည်။ အများစုသည် နောက်တစ်ချိန်တွင် ပိုကြိုးစားသင့် သည်ဟု သူတို့ကိုယ်သူတို့ ပြောမိကြသည်။

ဆေးများကြောင့် သွေးထွက်ရပ်သွားကာ သူမ၏ဝိညာဉ်စွမ်းအင်မှာ ပြန် ပြည့်ဝသွားလေသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် အားလျော့စွာလဲလျောင်း ပြီး မိုးပြာရောင်ကောင်းကင်ကို ကြည့်ကာ အစီအရင်ကို မည်သို့ဖျက်ရမည်ကို တွေးနေခဲ့သည်။ တခြားသူများ သူမကို မည်သို့မြင်သည် မည်သို့တွေးသည်ကို တော့ သူမ ဂရုမစိုက်နိုင်ပေ။

အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားသည်။ သူမ နာရီဝက်မျှ နားပြီး နောက်ဆုံးတွင် ထထိုင်လိုက်သည်။

တိုက်ခိုက်မှုများ ရှိနေသေးသည်။ အားနည်းသွားသော်လည်း ဒဏ်ရာ အပြင်းအထန်ရထားသော သူမ၏ ခန္ဓာကိုယ်အတွက် ခက်ခဲနေတုန်းပင်။

သူမသည် သူမ၏အစီအရင်ထဲတွင်ထိုင်ကာ အစီအရင်ကျောက်တုံးတချို့ ထုတ်ကာ တဖြည်းဖြည်းစတင် စီစဉ်တော့သည်။ သွေးများနှင့် ပြင်းထန်သော ဒဏ်ရာများနှင့်ပြည့်နေသော ပုံရိပ်လေးသည် အားလုံး၏စိတ်တွင်လွှမ်းမိုးသွား လေသည်။ ထိုအချိန်မှစပြီး မည်သူမှ သူမထက် မလှပနိုင်တော့ပေ။

ခဏအကာတွင် သူမသည် နှုတ်ခမ်းတွန့်ကာ ထလိုက်သည်။ လူအများ သည် သူမနှင့်အတူ လိုက်ပြုံးမိသည်။

ရှီမာယူယူသည် အစီအရင်ကျောက်တုံးယူကာ အစီအရင်အစွန်းသို့ သွား လေသည်။ အစီအရင်ကို သိမ်းယူလိုက်သည်နှင့် သူမ ပျောက်ကွယ်သွားလေ သည်။

သူမ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်၊ ပျောက်သွားလိုက် ပေါ်လာ လိုက်ဖြစ်နေသည်။ တိုက်ခိုက်မှုများသည် လျော့ကျမသွားသော်လည်း သူမ သည် ဒဏ်ရာမရဘဲ ပိုလွယ်ကူသွားသည်။

ဟူဟူ ရယ်မောလေသည် “သူမက လူသတ်အစီအရင်ပုံစံကို တွေ့သွားပြီ ပဲ”

“မဆိုးဘူး မဆိုးဘူး” နင်းထျန်ရာသည် သူမ၏ အစွမ်းအစနှင့် မယိမ်းယိုင် သောပြတ်သားမှုကို ချီးကျူးလေသည်။

ရှီမာယူယူ အစီအရင်ကို ခဏကြာပတ်လျှောက်ပြီးနောက် အစီအရင် ကျောက်တုံးကို ရိုက်လိုက်ရာ တိုက်ခိုက်မှုများသည် ရုတ်တရက်ပျောက်ကွယ် သွားလေသည်။ ထို့နောက် သူမသည် ထောင်ချောက်အစီအရင်မှ လျှောက် ထွက်လာသည်။

နောက်ဆုံးတွင် သူမ ဤတစ်ချီကိုအောင်သွားလေပြီ။

ရှီမာယူယူသည် ခေါင်းမော့ပြီး ပွဲကြည့်စင်တွင်ထိုင်နေသည့် ဝူလင်းယူကို ကြည့်ပြီး ပြုံးလိုက်သည်။ ဝူလင်းယူသည် သူမကို အပြုံးဖြင့် ပြန်ကြည့်ပြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်သီးဆုပ်မှာလည်း နောက်ဆုံးတွင် ပြေ လျော့သွားခဲ့သည်။

အားကျလိုက်တာ..

လူအများ၏ စိတ်မှာ ချဉ်သွားလေပြီ။ သူမ၏ အပြုံးသည် ဝူလင်းယူ တစ် ယောက်တည်းအတွက်သာဖြစ်သည်။ သူတို့သည် သူ့ကို အလွန်အားကျသည်။ သို့သော် ဘာလုပ်နိုင်ဦးမည်နည်း။ ဝူလင်းယူကို အနိုင်ရနိုင်တယ်လို့ ခံစားရရင် တောင် မည်သို့လုပ်နိုင်ဦးမည်နည်း။

ရှီမာယူယူသည် စင်မြင့်ကိုသွားကာ ပြောလိုက်သည် “ဆရာ ကျွန်မ ထွက် လာပြီ”

ဟူဟူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လေသည် “မဆိုးဘူး မင်း ငါ့ စမ်းသပ်မှုကို အောင်တယ်”

“နှစ်ရက်တောင်ရှိသွားပြီ မင်းသက်သာလာပြီးမှ စာမေးပွဲဆက်ကြတာ ပေါ့” နင်းထျန်ရာ ပြောလိုက်သည်။

“ကျွန်မအဆင်ပြေပါတယ် ဂိုဏ်းသခင်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါတွေက အပြင်ပန်းဒဏ်ရာတွေပါ အနားယူဖို့မလိုပါဘူး”

သူမ ထိုသို့ပြောသော်လည်း အားလုံးသည် သူမကို နေ့တစ်တက်အနားယူ ခိုင်းသည်။ ပြီးနောက် အားလုံးသည် သူမကို ဤနေရာတွင် စောင့်ကြသည်။

ရှီမာယူယူသည် ကုသဆေးတချို့သောက်လိုက်သည်။ စိတ်စွမ်းအင် အတွက် ဆေးများလည်း ပါဝင်သည်။ သူမသည် အချိန်ရရန် ဝိညာဉ်စေတီသို့ ဝင်ကာ အနားယူသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ သူမသည် အားအပြည့်ဖြင့် အားလုံးရှေ့ တွင် ပေါ်လာသည်။

“ဂိုဏ်းသခင် စကြတာပေါ့”

“ဟုတ်ပြီ နောက်တစ်ခုကဘာလဲ” နင်းထျန်ရာ မေးလိုက်သည်။

“ကျုပ်လုပ်တာပေါ့” လုယန် ဆက်ပြောလေသည် “မင်းလို အခြေအနေ မျိုးမှာဆို ငါတို့ဂိုဏ်းရဲ့ စာမေးပွဲက ရိုးရှင်းပါတယ်.. မင်း သီချင်းတစ်ပုဒ် တင်ဆက်ရုံပဲ.. တိုက်ခိုက်ဖို့မလိုဘူး.. အကုန်လုံးကို မင်းရဲ့ တံလှပ်ထဲဆွဲခေါ်နိုင် ရင်ရပြီ”

အားလုံးသည် သွေးအန်ချင်သွားသည်။

သူ့ဂိုဏ်း စာမေးပွဲသည် ရိုးရှင်းသည်ဟု ကြားလိုက်ရစဉ်က သူမကို အရှိန် လျော့ပေးပြီး လွယ်ကူသည့်မေးခွန်းလာမည်ဟု ထင်လိုက်ကြသည်။ ဤတစ်ခု မှာလည်း ယခင်တစ်ခုနှင့် ဆင်တူလိမ့်မည်ဟုထင်မထားပေ။

သူမ ဒီလောက်ပင်ပန်းနေပြီကို ဒီမှာရှိနေတဲ့အကုန်လုံးကို ညှို့စေချင် တာလား။ သူတို့စိတ်တွေက ကောင်းကောင်း အသိစိတ်ကပ်နေတာကို ဘယ်လို အားကောင်းတဲ့အသံတိုက်ခိုက်မှုက အကုန်လုံးကို စွဲလန်းအောင် လုပ်နိုင်မှာ လဲ။

သူတို့သာ ညှို့ယူခံရပါက မည်သို့ပြုမူနိုင်သည်ကို အားလုံးသည် သိချင် နေကြသည်။ သူတို့သည် ညှို့ယူမခံရလည်း သရုပ်ဆောင်ရမည်။

ရှီမာယူယူသည် ငြင်းဆန်ခြင်းမရှိဘဲ အမည်းရောင်တူရိယာကို ထုတ် လိုက်သည်။ သူမသည် သံစဉ်မှန်မမှန်ကို အသံစမ်းသည်။

“အဲဒါက ဘာတူရိယာလဲ ဘာလို့အရင်က မမြင်ဖူးရတာလဲ”

“ဒီအသံက ပုလွေသံလိုပဲ ဒါပေမဲ့ ပိုက်လုံးလိုအသံထွက်နေတယ် နားထောင်လို့ကောင်းတယ်”

“သူမ ဘယ်လိုသံစဉ်တီးမှုတ်နိုင်မလဲက ကြည့်တာပေါ့”

“သူမ ဘယ်လိုသံစဉ်ပဲ တီးမှုတ်ပါစေ ငါတော့ ညှို့ယူခံရတော့မှာပဲ”

“အင်း ငါလည်း သေချာပေါက်ညှို့ယူခံရတော့မယ်”

သူတို့ပြောသည့် အဓိပ္ပာယ်ကို အားလုံးသိကြသည်။

အင်း သူတို့တွေ သေချာပေါက် ညှို့ယူခံရတော့မှာပဲ။

သူတို့၏ အပြုအမူများသည် စင်မြင့်ပေါ်မှ လူအိုကြီးများကို လှည့်စားနိုင် မည်မဟုတ်ပေ။

“အဲကောင်တွေတော့.. သူတို့ သက်ရောက်တယ်လို့ ဟန်ဆောင်လို့မရဘူး ဆိုတာ မသိဘူးလားမသိဘူး” နီလဲ့သည် အံ့ဩမိလေသည်။

“ဂိုဏ်းအဖွဲ့သားတွေ ဒီလောက်စည်းလုံးနေတာကို မတွေ့ဖူးသေးဘူး” ဟူဟူ ဆက်ပြောလေသည် “သူတို့တွေသာ စည်းလုံးနေရင် ဘာပြဿနာမှဖြစ် မှာမဟုတ်ဘူး”

“အဲဒါလည်း ကောင်းတာပဲ” ဟဲ့လန် ရယ်မောလေသည်။

ရှီမာယူယူသည် သူတို့ ငိုနေရယ်နေကြသည်ကို မသိပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့၏ ကြင်နာမှုကို ကျေးဇူးတင်မိသည်။

“စကြတာပေါ့” လုယန် ညွှန်ကြားလေသည်။

ရှီမာယူယူသည် ပုလွေကို နှုတ်ခမ်းပေါ်တင်လိုက်ရာ သာယာသောသံစဉ် သည် မြောက်ပိုင်းကွင်းပြင်တစ်ခုလုံးကို လွှင့်ပျံသွားသည်။

“သူမရဲ့ တူရိယာက တေးသွားကို နည်းနည်းညှိထားတယ် ဒါကအလုပ် ဖြစ်ပါ့မလား” ဟဲ့လန်သည် လုယန်ကို မေးလေသည်။

“မသိဘူးလေ.. သူမ ဘယ်လောက်တိုးတက်လာလဲကို ကြည့်ရမှာပေါ့” လုယန် ဆက်ပြောလေသည် “ပြီးတော့ သူမ ဒီတေးသွားကို တီးမှုတ်တာ ငါလည်း ပထမဆုံးကြားဖူးတာပဲ”

“သူမက စွန့်စားနေတာပဲ” ဟဲ့လန် ပြောလေသည်။

“သူမကို ကောင်းကောင်းမသိသေးဘူးလား.. သူမက စွန့်စားရတာကို မကြောက်ဘူး.. ကြောက်နေရင်လည်း အစောက အစီအရင်စာမေးပွဲကို အောင် မှာမဟုတ်ဘူး”

“အမှန်ပဲ”

ရှီမာယူယူ တီးမှုတ်သည့် တေးသွားသည် အရင်က အမြဲတမ်း တီးမှုတ်ခဲ့ သည့်တေးသွားပင်ဖြစ်သည်။ သူမ တာဝန်အတွက် ခရီးရည်မစတင်ခင်က သူမ ၏ မွေးရပ်မြေရှုခင်းကို ပြန်မြင်ယောင်စေခဲ့သည့် တေးသွားဖြစ်သည်။ ထို တေးသွားသည် သူမ၏ စိတ်ကို တည်ငြိမ်စေသည်။

တေးသွားသည် မရှည်လျားပေ။ ပထမအပိုဒ်တီးမှုတ်ပြီးနောက် ဘာမှ ထူးခြားမှုမရှိပေ။ သံစဉ်မှာ ကောင်းမွန်ပြီး ရိုးရှင်းသောတေးသွားကြောင့် သူတို့ သည်အိမ်လွမ်းသည့် ခံစားမှုမျိုးရလေသည်။

ဒုတိယအပိုဒ်တွင် သူတို့၏စိတ်များသည် တခြားအကြောင်းကိစ္စများကို အလိုလိုပင် မတွေးမိတော့ပေ။

တတိယအပိုဒ်နှင့် စတုတ္ထအပိုဒ်အရောက်တွင် အိမ်လွမ်းမှုများ ပျောက် သွားပြီး ကျယ်ပြန့်သောကမ္ဘာမြင်ကွင်းနှင့်အတူ မြူခိုးများသည် မျက်စိထဲတွင် ပေါ်လာပြီး ရှည်လျားသောမြစ်တွင် တစ်ကိုယ်တည်းရှိနေလေသည်။ တဖြည်းဖြည်းနှင့် သက်ရှိသတ္တဝါများသည် ရေထဲမှထွက်လာသည်။  အမျိုးမျိုး သောမျိုးစိတ်သက်ရှိသတ္တဝါများသည် ရေထဲမှ ထွက်လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားကာ အထီးကျန်စွာ စီးဆင်းနေသော မြစ်ကို တစ်ဖန်မြင်တွေ့ ရလေသည်။

***

All Chapters