စာမေးပွဲ ၅
Vol. 146 Ch. 2033
ပုလွေသံ ပဲ့တင်ထွက်လာသည်။ သို့သော် မည်သူမှ သတိမပြုမိကြပေ။ သူတို့၏ အာရုံမှာ ထိုမြင်ကွင်းဆီသို့ရောက်နေသဖြင့် ပုလွေသံကို မကြားကြ သည့်ပုံပင်။
လျှပ်တပြက်အတွင်းမှာပင် ကမ္ဘာကြီးပြောင်းလဲသွားလေသည်။
သံစဉ်ရပ်သွားသည်။ ထိုနေရာတွင် မည်မျှကြာကြာနေလိုက်သည်ကို မည်သူမှ မသိကြပေ။ ထိုမြင်ကွင်းမှာ အလွန်ပင် လက်တွေ့ဆန်လွန်းသည်ဟု ထင်မှတ်ကြသည်။ တကယ့်အဖြစ်အပျက်များလိုပင်။
စင်မြင့်ပေါ်မှ အကြီးအကဲများသည် အရင်ဆုံးသတိပြန်ဝင်လာကာ ရှီမာယူယူကို ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။
“ယူယူ ခုနက ငါတို့ကိုပြလိုက်တာက…” နင်းထျန်ရာသည် မတွေးတတ် တော့လောက်အောင် လေးနက်နေသဖြင့် စကားပင်ဆုံးအောင် မပြောနိုင်ပေ။
“ဟုတ်ပါတယ် အဲဒါက ကစဥ့်ကလျားကမ္ဘာရဲ့ ဇစ်မြစ်နဲ့ ပျက်သုဉ်းသွား ပုံပါ.. အဲဒီအခြေအနေပါပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကျွတ်.. တကယ်ပဲ” အကြီးအကဲများအားလုံးမှာ အတွေ့အကြုံရင့်သန် လှသည်။ သူတို့သည် ကစဥ့်ကလျားကမ္ဘာသို့ မသွားခဲ့သလို ဘာမှလည်း မမြင် ဖူးဘဲနှင့် ထိုမြင်ကွင်းကိုကြည့်ပြီး ခန့်မှန်းနိုင်ကြသည်။
“မင်း ကစဥ့်ကလျားကမ္ဘာကို ရောက်ခဲ့တာလား”
အသံတိုက်ခိုက်မှုတွင် စွမ်းအားတချို့ပါနေသော်လည်း သူတို့မမြင်ဖူး သည့် ထိုမြင်ကွင်းများကို ပြလိမ့်မည်ဟုထင်မထားပေ။
“ဟုတ်ပါတယ် ကျွန်မနှစ်ခါရောက်ဖူးပါတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “အဲဒီမြင်ကွင်းကလည်း အဲဒီမြစ်မှာမြင်ခဲ့တာပါ”
“အဲဒါကြောင့်ကိုး”
“မင်း အဲဒီကိုရောက်ဖူးလိမ့်မယ်လို့ ထင်မထားဘူး မင်းက တကယ်ပဲ…” နီလဲ့သည် စကားဆုံးအောင်မပြောဘဲ သက်ပြင်းချလေသည်။
“ဆရာ ဒီတစ်ဆင့်ကို ကျွန်မအောင်ပြီလား” ရှီမာယူယူ မေးလိုက်သည်။
“အောင်ပြီ” လုယန် ခေါင်းညိတ်လေသည်။ ကျန်လူများသည် သတိပြန် မဝင်သေးကာ သူတို့၏အမြင်အာရုံမှာလည်း ဝေဝါးနေတုန်းပင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ” သူမသည် ပုလွေကိုသိမ်းလိုက်သည်။ ဤ အဆင့်ကိုအောင်ပြီးနောက် မည်သည့်အရာမှ ဤအရာထက်မခက်နိုင်တော့ ပေ။
“နောက်တစ်ခုက ကျွန်မပဲ” ဟဲ့လန်သည် စိတ်ငြိမ်အောင် အရင်လုပ်ပြီး ပြောလေသည် “မင်း အဆင့် ၁၁ နဲ့ညီတဲ့ဆေးကို သန့်စင်ရမယ်”
ကျန်လူများလည်း တဖြည်းဖြည်း စိတ်ကူးယဉ်ကမ္ဘာမှ ထွက်လာကြလေ ပြီ။ သူတို့သည် ပြောနေသည့်စကားများကို ဝေဝေဝါးဝါးကြားလိုက်ရပြီး မြင်ခဲ့ သည့်အရာများကို စတင်ဆွေးနွေးကြလေသည်။
အလွန်ခက်ခဲလှသည်မဟုတ်ပေ။ အဆင့် ၁၁ ဆေးသန့်စင်ရသည်မှာ အနည်းငယ်ခက်တေသာ်လည်း လျှို့ဝှက်ဂိုဏ်းမှလူများသည်အနည်းဆုံးတော့ အဆင့် ၁၀ ဆေးကိုသန့်စင်နိုင်ကြသည်။
သို့သော် သူတို့ သူမအတွက် ပျော်မပေးရခင်မှာပင် ဟဲ့လန်သည် တောင်း ဆိုမှုတစ်ခုပြုလေသည်။ ထိုအရာမှာ အချိန် ၈ နာရီအတွင်း ဆေးသန့်စင်ရမည် ဖြစ်သည်။
“၈ နာရီဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အဆင့် ၁၁ ဆေးသန့်စင် ရင် အနည်းဆုံးတော့ ၁၂ နာရီမကကြာတယ်… ၈ နာရီအတွင်း သန့်စင်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အဲလောက်ကြီး မြန်မြန်စိတ်မပူနဲ့ဦး.. သူမက တောင်းဆိုချက်ကို ပြည့် အောင်လုပ်နိုင်လောက်တယ်.. ပြီးခဲ့တဲ့ စာမေးပွဲတွေက မဖြစ်နိုင်ဘူးလို့ထင်ခဲ့ ပေမဲ့ သူမ အောင်ခဲ့တာပဲမဟုတ်ဘူးလား”
“အဲလိုပုံပဲ”
“မကြာခင်စတော့မယ် စောင့်ကြည့်ကြတာပေါ့”
ရှီမာယူယူသည် ဆေးဖက်ဝင်ပစ္စည်းများကို စားပွဲသုံးလုံးပေါ်သို့ တင် လိုက်သည်။ အချိန်မှာနည်းလှသဖြင့် အထူးတလည်ပြုလုပ်ထားသည့် ဆေး ပစ္စည်းများကိုသုံးမှသာ ဖိအားနည်းမည်ဖြစ်သည်။
သူမသည် ဆေးပစ္စည်းများကို လစ်ဟာမှုမရှိအောင် အသေအချာစစ်ဆေး ပြီး ဆေးများစတင်ဖော်စပ်တော့သည်။
သန့်စင်သည်၊ ပေါင်းစပ်သည်၊ ဆေးလုံးပြုလုပ်သည်။ သူမသည် အဆင့် များအားလုံးကို အရိုးထဲစွဲနေအောင် မှတ်ထားသည်။ အဆင့်မြင့်ဆေးဖြစ်သဖြင့် ဆေးပစ္စည်းများစွာကို သန့်စင်ရန်လိုအပ်သည်။ ပြီးနောက် ထိုအဆင့်မှာ အချိန် အများအပြားလိုအပ်သည်။
သူမသည် ဆေးဖိုထုတ်ကာ မီးထုတ်ပြီး ဆေးပစ္စည်းများကို စတင်သန့်စင် သည်။ သူမသည် ဆေးပစ္စည်းအမျိုးအစား ၁၀ မျိုးကို တစ်ခါတည်းပစ်ထည့် လိုက်ရာ ပွဲကြည့်စင်မှလူများသည် အံ့ဩကုန်ကြသည်။
“သူမက ဆေးပစ္စည်းတွေအများကြီးကို တစ်ခါတည်းသန့်စင်မှာပဲ.. အဂ္ဂိရတ်ဂိုဏ်းက အားကောင်းတဲ့အဂ္ဂိရတ်ပညာရှင် အများစုက တစ်ခါတည်း ၇ မျိုး ၈ မျိုးသန့်စင်နိုင်တာကို တွေ့ဖူးတယ်.. အကြီးအကဲတွေပဲ ၁၀ မျိုးကို တစ် ခါတည်းသန့်စင်နိုင်တာ.. သူမက တစ်ခါတည်း ၁၀ မျိုးကနေ အမျိုး ၂၀ ထိ သန့်စင်နိုင်တာပဲ”
“သူမသာ အဲလိုမျိုးလုပ်မဘ်ဆို သန့်စင်တဲ့အဆင့်မှာ အချိန်အများကြီး သက်သာသွားမှာပဲ”
“အဲဒါကြောင့် အကြီးအကဲ ၆ က သူမအရည်အချင်းကိုသိလို့ပဲ အဲလို တောင်းဆိုတာကိုး”
“အဲလိုဆိုရင်တောင် နည်းနည်းလောရဦးမယ်” အများစုသည် အဂ္ဂိရတ် ဂိုဏ်းဝင်များဖြစ်ကြကာ တချို့မှာ သူမ လိုအပ်သည့်အချိန်ကို တွက်ချက်နေ လေသည်။
“သူမကြည့်ရတာ ပျာမနေဘူး.. အချိန်ကိုစီစဉ်ပြီးသားဖြစ်မယ် စောင့် ကြည့်ကြတာပေါ့”
သူတို့သည် ရှီမာယူယူ၏ အစီအစဉ်ကို လျင်မြန်စွာပင် သိသွားကြသည်။ ဆေးပစ္စည်းများ သန့်စင်နေစဉ်တွင် ရှီမာယူယူသည် နောက်ဆေးတစ်ဖိုထုတ် ကာ အဆီအနှစ်များထည့်ကာ သန့်စင်ပြီး ပေါင်းစပ်တော့သည်။
သန့်စင်ခြင်းနှင့် ပေါင်းစပ်ခြင်းအဆင့်ကို တစ်ချိန်တည်းပြုလုပ်သည်ကို မြင်ဖူးသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
“ဘယ်လို လုပ်လိုက်တာလဲ.. သူမက ပေါင်းစပ်ဖို့အတွက် အချိန်မှီ မသန့် စင်နိုင်ရင် ဘယ်လိုလုပ်မလဲ ဒီဆေးဖိုထဲက ဆေးတွေက အလဟဿဖြစ်သွား မှာမဟုတ်ဘူးလား”
ပွဲကြည့်ပရိသတ်သည်လည်း စိတ်မအေးနိုင်ပေ။ အမှန်တကယ်ပင် စွန့်စားလွန်းသည်။ စင်မြင့်ပေါ်မှ အကြီးအကဲများပင် သဘောမတူစွာဖြင့် မျက်မှောင်ကြုတ်ကြသည်။
“အကြီးအကဲ ၆ အချိန်က အရမ်းမနည်းလွန်းဘူးလား” နီလဲ့ ဆန့်ကျင် လေသည်။
နီလဲ့သည် သူမကို ရန်စသည်။ သို့သော် သူမသည် ယခင်ပေးခဲ့သည့် အချိန်အတိုင်းပေးထားသဖြင့် ဘာမှပြန်မပြောတော့ပေ။
“ယူယူတောင် စိတ်မပူတာကို ခင်ဗျားတို့ကဘာလို့စိတ်ပူနေတာလဲ” လုယန်သည် ရှီမာယူယူကို ယုံကြည်နေသည်။ သူမသာ စာမေးပွဲအောင်သွား ပါက တစ်ခါမှမရှိခဲ့ဖူးသည့် လျှို့ဝှက်ဂိုဏ်း၏ ဒဏ္ဍာရီဖြစ်လာမည်။
“ဟုတ်တယ် ယူယူရဲ့ ဆေးသန့်စင်နိုင်တဲ့ အရမည်အချင်းကို သိတာ ကျွန်မတစ်ယောက်တည်းလေ.. ကျန်တဲ့လူတွေက ပါးစပ်ပိတ်ပြီးပဲကြည့်လိုက် ကြပါ” ဟဲ့လန်သည် စိတ်ခံစားချက်ကောင်းနေသဖြင့် ပြုံးလိုက်သည်။
ရှီမာယူယူသည် ဆေးပစ္စည်း ၁၀ မျိုးမှ ၂၀ မျိုးကို တစ်ခါတည်းသန့်စင်နိုင် သည်ကို သူမသိထာားပြီးဖြစ်ကာ သန့်စင်ခြင်းနှင့် ပေါင်းစပ်ခြင်းကို တစ်ချိန် တည်းလုပ်နိုင်သည်ကိုလည်း သိထားသည်။ ထို့အပြင် သူမ ပေးထားသည့် ၈ နာရီသည် လုံလောက်သည်ကိုလည်း သိသည်။
လိုအပ်သည်မှာ စိတ်စွမ်းအင်အားကောင်းရန် ဖြစ်သည်။ သို့သော် ထိုအရာသည် သူမအတွက် ဘာမှမဟုတ်ပေ။
သူမ ဆေးကိုအကြိမ်ပေါင်းများစွာ သန့်စင်သည်နှင့် သန့်စင်ခြင်းနှင့် ပေါင်းစပ်ခြင်းအတွက် အချိန်ကို မည်သို့ထိန်းချုပ်မည်ကိုသိနိုင်သည်။ လုပ်ငန်း စဉ်မှာ ထင်ထားသည့်အတိုင်း ချောမွေ့နေသည်။
သန့်စင်ခြင်း၊ အစိုင်အခဲဖြစ်ခြင်းနှင့် မိုးကြိုးစုပ်ယူသည့် အဆင့်မှာ ချောမွေ့နေသည်။ ဟဲ့လန်လက်ထဲသို့ ဆေးထည့်လိုက်ချိန်တွင် နာရီဝက်ပင် ကျန်သေးသည်။
ဟဲ့လန်သည် ဆေးကိုစစ်ဆေးသည်။ နောက်ဆုံးရလဒ်နှင့် အရည်အသွေး မှ မဆိုးလှပေ။
“ကောင်းတယ် ငါ့မေးခွန်းကို အောင်သွားပြီ” သူမသည် ရှီမာယူယူကို ဆေးပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ” ရှီမာယူယူသည် ကျေးဇူးတင်စကား ပြော လိုက်သည်။
ပြီးခဲ့သည့်နှစ်များတွင် ဟဲ့လန်သာ သူမကို သင်မပေးခဲ့လျှင် ယခုလို ချောချောမွေ့မွေ့ တိုးတက်လာမည်မဟုတ်ပေ။
ပွဲကြည့်ပရိသတ်များသည် သူမအတွက် ပျော်ရွှင်ကြသည်။ သူမသာ စာမေးပွဲအားလုံးကို အောင်မြင်ပါက လျှို့ဝှက်ဂိုဏ်းမှထွက်သွားနိုင်မည်ဖြစ် သည်။
သို့သော် ပွဲကြည့်စင်မှလူများသည် စကားတစ်ခွန်းမှထွက်မလာပေ။ သူတို့သည် ထွက်သွားရန်အစီအစဉ်မရှိသည့်ပုံပင်။
“မင်းကို စိတ်စွမ်းအား ပြန်အားပြည့်ဖို့အတွက် နေ့တစ်ဝက်ပေးမယ်.. နောက်နေ့တစ်ဝက်နေမှ ပြန်ဆက်မယ်” နင်းထျန်ရာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းသခင်”
ရှီမာယူယူသည် ဆေးသောက်ပြီးနောက် စိတ်စွမ်းအင် ပြန်အားပြည့်ရန် နှင့်ခန္ဓာကိုယ်ကို ပြန်ထိန်းညှိန်ရန် ဘေးဘက်သို့သွားလိုက်သည်။
“နောက်တစ်ခုကဘာလဲ”
“အဆိပ်ဂိုဏ်းက စာမေးပွဲမဟုတ်ဘူးလား”
“ဟုတ်မယ် အဆိပ်ဂိုဏ်းက သူမဝင်လာဖို့ အရင်ကတည်းက ဖိတ်ထား တယ်လို့ကြားတယ်”
“အဲလိုပဲဖြစ်မှာပဲ”
နေ့တစ်ဝက်ကြာပြီးနောက် ရှီမာယူယူ ပြန်ကောင်းလာကာ ကွင်းပြင်သို့ ပြန်သွားပြီး နောက်မေးခွန်းအတွက် ပြင်ဆင်လေသည်။
သို့သော် အားလုံးကို အံ့ဩသွားစေသည်မှာ သူမကို စမ်းသပ်မည့်သူမှာ အဆိပ်ဂိုဏ်းမှ ဂိုဏ်းသခင်မဟုတ်ပေ။ ထိုလူမှာ သူမ ဂိုဏ်းသို့ဝင်လာကတည်း က ပဋိပက္ခဖြစ်ခဲ့သူ ချင်းချန်ပင်။
ချင်းချန်သည် ရှီမာယူယူအား ကြည့်ပြီးမေးလေသည် “ယူယူ အသင့်ဖြစ် ပြီလား”
***