← Chapters

သတင်းများ

Vol. 146 Ch. 2034

သတင်းများ

Vol. 146 Ch. 2034

သူမကို စာမေးပွဲစစ်ရန် ချင်းချန်အလှည့်ကျလာသည်။

သူမက ဘယ်တုန်းက သူ့ကို ဆရာအဖြစ်သတ်မှတ်ခဲ့လို့လဲ။ အရင်တုန်း က ဆိုးဆိုးဝါးဝါးရန်ငြိုးရန်စရှိခဲ့တာမလား။ အခုကျ ဘယ်လိုလုပ် ဆရာတပည့် ဖြစ်သွားရတာလဲ။

အားလုံးသည် ချင်းချိုင့်အား မသိမသာကြည့်ကြသည်။ ချင်းချိုင့်သည် ပျော်ရွှင်ခြင်းမရှိသလို ဒေါသထွက်နေခြင်းမရှိပေ။ ထိုအစား သူသည် ဂုဏ်ယူ နေပုံပင်။

ဘာတွေဖြစ်ခဲ့တာလဲ။ သူ ဆေးအထောက်အကူပစ္စည်း သောက်ခဲ့ရတဲ့ ကိစ္စအတွက် ရှီမာယူယူကို ခွင့်လွှတ်လိုက်ပြီလား။ ထိုကိစ္စအပြီးတွင် သူ ရှီမာယူ ယူနှင့် စာရင်းရှင်းလိမ့်မည်ဟု အားလုံးထင်ထားခဲ့ကြသည်။ သို့သော် ဘာမှ ဖြစ် မလာခဲ့ပေ။ သူတို့သည် ဆရာတပည့်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြ သဖြင့် လူတိုင်းမှာ အံ့ဩနေကြသည်။

သူမက တကယ်ပဲ သားရဲထိန်းကျောင်းသူသခင်ဖြစ်တဲ့ပုံပဲ။

“မင်းတို့ ဘယ်လိုထင်ကြလဲ.. သူမ ဒါကိုသာ ပြိုင်လိုက်ရင် တခြားစာမေး ပွဲဘာရှိသေးလို့လဲ”

“ဘယ်သူသိမှာလဲ.. ဒီနေ့ သူမ စာမေးပွဲအကုန်ဖြေမယ်လို့ ပြောရင်တောင် ငါ မအံ့ဩတော့ဘူး”

“အတူတူပဲ အခု ငါ ဘာကိုမှမအံ့ဩတော့ဘူး”

ရှီမာယူယူ၏ စိတ်စွမ်းအားမှာ အလွန်အားကောင်းသည်။ ထိုအရာမှာ သားရဲထိန်းကျောင်းသခင်များ အလိုအပ်ဆုံးအရာဖြစ်သည်။ စာမေးပွဲမှာ အခက်အခဲမရှိ ချောချောမွေ့မွေ့ပြီးသွားသည်။

နောက်စာမေးပွဲရှိလိမ့်ဦးမည်ဟု အားလုံးထင်ထားချိန်တွင် စာမေးပွဲပြီး သွားကြောင်းနှင့် သူမ အားလုံးကိုအောင်မြင်ကြောင်း နင်ထျန်ရာ ကြေညာလေ သည်။

“အာ.. အဆိပ်သခင်အတွက် စာမေးပွဲမရှိဘူးလား”

“ဟုတ်တယ် သူမက အဆိပ်ဂိုဏ်းကိုမဝင်ရသေးဘူးမလား”

အားလုံးသည် ပွဲကြည့်စင်တွင် ဆွေးနွေးနေကြသဖြင့် နင်ထျန်ရာသည် လျစ်လျူမရှုနိုင်တော့ပေ “သူမက အဆိပ်ဂိုဏ်းဝင်တွေနဲ့ အပတ်သက်ရှိပါတယ် ဒါပေမဲ့ တရားဝင်တပည့်တော့မဖြစ်သေးဘူး.. အဲဒါကြောင့် စာမေးပွဲဖြေဖို့မလို ဘူး.. ဟုတ်ပြီ အားလုံးပဲ သွားလိုက်ကြတော့”

ရှီမာယူယူသည် သူမ၏ ဆရာများနှင့်အတူထွက်သွားလေသည်။ တချို့ မှာ သူမကို ကြည့်ချင်ကြသည်။ သို့သော် ဂိုဏ်းသခင်နှင့် မျက်နှာချင်းမဆိုင်ရဲ သဖြင့် သူမထွက်သွားသည်ကိုသာ ကြည့်နေရတော့သည်။

စာမေးပွဲသည် အားလုံးကို ထိတ်လန့်စေသည်မှာတော့ ပြောရန်မလိုပေ။ သူတို့သည် သူတို့ရောက်နေသည့်နေရာကို ပြန်စမ်းစစ်ကြည့်မိကြသည်။

သူတို့သည် အရည်အချင်းရှိလှပြီဟု မိမိကိုယ်ကိုထင်ကြသည်။ သို့သော် သူမနှင့် ယှဉ်လျှင် သူတို့သည် အသုံးမကျပေ။ သွား သွား သွား ထပ်ပြီးကျင့်ကြံ လိုက်ကြဦး။

ရှီမာယူယူနှင့် သခင်များသည် စကားပြောပြီးနောက် သူမထွက်လာချိန် တွင် ဝူလင်းယူ၊ ဖူရှီနှင့် တခြားသူများကိုမြင်လိုက်ရလေသည်။

“ဘယ်တွေသွားနေကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ကိစ္စတစ်ခုပေါ်လာလို့လေ.. ငါတို့တွေ အမြန်ပြန်လာတော့ မင်းရဲ့ စာမေးပွဲကိုတောင် လွတ်သွားပြီ” ဖူရှီ ပြောလေသည်။

သူနှင့် နှစ်ပေါင်းများစွာ သိလာပြီးနောက် သူမသည် ဖူရှီ၏ အကျင့်စရိုက် ကိုသိထားသည်။ ကိစ္စတစ်ခုပေါ်လာသည်ဟု သူ ပြောလာသဖြင့် စိတ်ရှုပ်ခံပြီး ပြောမည့် ကိစ္စလေးတစ်ခုမဟုတ်သည်ကို သိသည်။ အရေးကြီးကိစ္စဖြစ်၍သာ ယခုလိုပြောခြင်းဖြစ်သည်။

“မင်း ပင်ပန်းနေလောက်ပြီ သွားပြန်ပြီးနားရအောင်” ဝူလင်းယူ ပြောလေ သည်။

“ဟုတ်ကဲ့ပါ”

သူမ တောင်ထိပ်ငယ်ရှိ ခြံဝန်းသို့ပြန်ရောက်သောအခါ တစ်ခုခုလွဲမှားနေ သည်ကို တွေ့လိုက်ရသည်။ သူမခြံဝန်း၏ စွမ်းအားမှာ လူအများအပြား၏ ရောင်ဝါဖြင့် ပြည့်နှက်နေသည်။

သူမ ဘဝကိုစိတ်ဝင်စားသူ များလာသည်နှင့်အမျှ သူမ၏ ခြံဝန်းကိုအမြဲ တစေ အတားအဆီးဖြင့် ကာကွယ်ထားခဲ့သည်။ မည်သူမှ ဝင်နိုင်မည်မဟုတ် ပေ။ တူညီစွာပင် သူတို့ မဝင်တတ်လျှင်လည်း အထဲမှလူသည် ဝင်ခွင့်ပြု၍မရ ပေ။

ခြံဝန်းသို့ရောက်သည်နှင့် သူမသည် ဖူရှီနှင့် ဟိုင်ရှင်းကိုမေးလေသည် “အဲ လူတွေက ဘယ်သူတွေလဲ ဘာတွေဖြစ်ခဲ့တာလဲ”

ဖူရှီသည် အဖြစ်အပျက်ကို ပြောပြပြီး ဂုဏ်ဖော်လေသည် “ငါ့ကြောင့်သာ မဟုတ်ရင် ဒီနှစ်ယောက်တော့ အန္တရာယ်များတော့မှာ”

“ဒါဆို မင်းကို ကျေးဇူးတင်ရမှာပေါ့” ရှီမာယူယူသည် ပြက်ရယ်ပြုပြီး သူတို့ဆီသို့ လျှောက်သွားလေသည်။ သူမသည် သူတို့ထဲမှ တစ်ယောက်ကို ကန် လိုက်သည် “ဒီလူတွေက ဘယ်သူလဲ ဘာသတင်းမှမရသေးဘူးလား”

“မရသေးဘူး”

“ဒီလောက် ရက်တွေအများကြီးကို သူတို့ကို ဘာမှမရှင်းရသေးဘူးလား” ရှီမာယူယူသည် အံ့ဩနေသည် “ဒါက မင်းလုပ်တဲ့ပုံစံမဟုတ်ပါဘူး”

“သူတို့ကို စစ်မေးနေဖို့အချိန်မရှိဘူး” ဖူရှီ ဆက်ပြောလေသည် “သူတို့ကို ပြန်ခေါ်လာပြီးတော့ ဒီမှာပစ်ထားပြီး မင်းရဲ့စာမေးပွဲကြည့်ဖို့သွားခဲ့တာလေ”

ရှီမာယူယူ “….”

ဒီကိစ္စထက် သူတို့ကိုစစ်မေးတာက ပိုအရေးကြီးတာမဟုတ်ဘူးလား။

သူမသည် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ဘက်ကြည့်လိုက်ရာ သူတို့ ပြုံးလေသည် “သခင့်ရဲ့စာမေးပွဲကြည့်ဖို့က အရေးအကြီးဆုံးလေ”

အရေးအကြီးဆုံးမှာ သူတို့ကို စစ်မေးရန် သူမကို စောင့်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ စာမေးပွဲကိုအရင်ကြည့်ရမည်ဖြစ်သည်။

ရှီမာယူယူသည် သူတို့၏ အတွေးကိုသိသဖြင့် မတတ်သာစွာဖြင့် ခေါင်းခါ ကာ လှည့်ထွက်ပြီး ပြောလိုက်သည် “အခုစကြတာပေါ့ ငါ နည်းနည်းလောက် သွားဆေးကြောလိုက်ဦးမယ်.. ငါပြန်လာရင် တစ်ခုခုရမယ်လို့ မျှော်လင့်ထား မယ်”

သူမသည် ရက်အနည်းငယ်မျှ ပင်ပန်းလာသဖြင့် ရေချိုးပြီး ကောင်းကောင်းအနားယူရန် လိုအပ်သည်။ သူမ ရေချိုးနေစဉ်တွင် ထိုလူများ သည် ညှဉ်းပန်းခံရတော့သည်။

ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် သူမနောက်သို့ အမြဲတစေလိုက်ခဲ့သော် လည်း သူတို့ကို လေ့ကျင့်ပေးသူမှာ ဝူလင်းယူဖြစ်သည်။ သူတို့သည် ရှီမာယူယူ နှင့် ဝူလင်းယူနောက်လိုက်ရင်း အကြောင်းအရာများစွာကို သင်ယူခဲ့သည်။ ထို့ကြောင့် ထိုလူများကို မည်သို့ကိုင်တွယ်ရမည်ကို သိကြသည်။

အမှန်တကယ်မှာ ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ထိုနှစ်များ၌ ဝိညာဉ်စေတီ အတွင်းတွင် ကျင့်ကြံခဲ့ရာ သူတို့၏စွမ်းအင်သည် တခြားသူများ သူတို့ကိုမြင် သည့်အမြင်နှင့် ကွဲပြားလေသည်။

သူမတွင် သူတို့နှစ်ယောက်လုံး ကျင့်ကြံနိုင်သည့် နေရာတစ်ခုရှိသည်ကို ဖူရှီသိခဲ့သည်။ ထိုအရာကို ဘုံအသေးဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး တစ်ခါတရံပျောက်လိုက် ပေါ်လိုက်ဖြစ်နေသည်ကို မအံ့ဩတော့ပေ။ သူသည် သူတို့ ရန်သူကိုအနိုင်ယူရန် ကူညီပေးခြင်းမဟုတ်ဘဲ ရှီမာယူယူ မရှိလျှင် သူတို့နှစ်ယောက်ကို ကာကွယ်မည်ဟု ကတိပေးထားခြင်း ကြောင့်ဖြစ်သည်။ သူတို့ အဖမ်းခံရလျှင် သူမကို ဖြေရှင်းချက်ပေးနိုင်မည် မဟုတ်ပေ။

ရှီမာယူယူ ရေချိုးပြီးသည်နှင့် ဝူလင်းယူနှင့်အတူပြန်လာချိန်တွင် သူတို့ သည် စစ်မေးပြီးသွားလေသည်။

“ဘာရလာလဲ”

“အင်း သူတို့ကို ဂိုဏ်းဒုသခင် ခန့်အပ်ထားတယ်လို့ပြောတယ် အဲဒါ ကြောင့် ကျွန်မနဲ့မောင်လေးတို့ ဒီမှာရှိတာကိုသိနေတာ.. သူတို့က ကျွန်မတို့ကို အရင်ဖမ်းပြီး ကျွန်မတို့ကို သခင်မလေးလာရှာတဲ့အချိန်ကျရင် လုပ်ကြံဖို့စီစဉ် ထားတယ်လို့ပြောတယ်” ဟိုင်ရှင်းသည် ဒေါသတကြီးပြောလေသည်။

“သူတို့တွေက အဲလောက်တောင် သတ္တိရှိနေတာပေါ့” ရှီမာယူယူသည် တိုးညင်းစွာ ဆက်ပြောလေသည် “သူတို့က ဘယ်အင်အားစုကလဲ”

သူတို့က ဟိုင်ရှင်းနဲ့ ဟိုင်ရှီးတို့ကို ဖမ်းပြီး သူမကိုသတ်ဖို့တောင် တွေးရဲ ကြတယ်။ သူတို့ရဲ့အတင့်ရဲမှုကို ပြန်ပေးဆပ်ခိုင်းရမှာပဲ။

“ဒီလူတွေက အမှောင်ဈေးကွက်ကပါ” ဟိုင်ရှီးသည် ထိုနာမည်ကို တွေး မိသည်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိသည်။

“မင်းတို့နှစ်ယောက်လုံးကို လေလဆွဲတဲ့ တရားမဝင်ဈေးကွက်ကလား”

“ဟုတ်တယ်”

“ငါလည်း မှန်းမိပါတယ်.. သူတို့လိုလူတွေကသာ ဘာမှမကြောက်တတ် ကြတာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီကျောက်စိမ်းတံဆိပ်ပြားကရော ဘာလဲ”

“အဲဒီကျောက်စိမ်းတံဆိပ်ပြားက တခြားသူဟာဖြစ်ပြီး သူတို့လေလံဆွဲဖို့ တဲ့.. သူတို့က ရှေ့ပြေးတွေပဲ.. အဲဒါကြောင့် သူမကိုတစ်ခါမှမမြင်ဖူးဘူး.. သူတို့ အထက်ကလူက ဒီကိုလာခိုင်းလို့လာရတာတဲ့” ဟိုင်ရှီး ပြောလေသည်။

“သခင် ဒီကျောက်စိမ်းပြားက ဒေါ်လေးဟာပါ.. ဒီတစ်ခါ သူတို့ကို လေလံ ဆွဲတာဖြစ်မယ်” ဟိုင်ရှင်း ပြောလေသည်။

သူမသည် စကားရပ်သွားပြီး ဆက်ပြောချင်နေသည်ကို ရှီမာယူယူ မြင်နေ ရသည် “မင်း သွားချင်လို့လား”

“ဟုတ်ပါတယ်” ဟိုင်ရှင်း ဝန်ခံလေသည်။ သူမသည် ခေါင်းမော့ပြီး ရှီမာ ယူယူကို ကြည့်လေသည်။ သူမ ဒေါသမထွက်သသည်ကိုမြင်သောအခါ ဆက် ပြောလေသည် “ဟိုင်မျိုးနွယ်က ဒုက္ခကြီးတွေ့ခဲ့ရပါတယ်.. သွေးသားဆက်ခံမှု မရှိတဲ့လူတွေက အသတ်ခံလိုက်ရပြီး သွေးသားဆက်ခံတဲ့လူတွေက အဖမ်ခံခဲ့ရ တယ်.. ဒေါ်လေးကလည်း ကျွန်မတို့နဲ့အတူတူပဲ. ကျွန်မတို့က အတူလေလံဆွဲ ခံခဲ့ရတာ.. ဒါပေမဲ့ တြိဂံဒေသရောက်တော့ သူမက ပျောက်သွားခဲ့တယ်.. သူမ ဆီက သတင်းမရတာကြာပြီဆိုတော့ ဒီဟာကို မျက်နှာမလွှဲနိုင်ပါဘူး”

“ဟုတ်ပြီလေ ငါတို့သွားကြည့်တာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ မင်းတို့ မှတ်ထားရမယ်.. မင်းတို့ရဲ့မျိုးနွယ်ဝင်တွေ အများကြီး အသက် ရှင်နေနိုင်တယ်.. ဒါပေမဲ့ အကုန်လုံးကိုလိုက်ရှာလို့မရဘူး.. သွားရင်းလာရင်းနဲ့ တွေ့တဲ့သူကိုပဲ ကယ်နိုင်မယ်.. အဲဒါကြောင့်နဲ့ ဘယ်အစီအစဉ်မှ လုပ်မထားကြ နဲ့ ဟုတ်ပြီလား”

“ကျေးဇူးတင်ပါတယ် သခင်” သူမ ဤမျှ အလွယ်တကူသဘောတူလိမ့် မည်ဟု ထင်မထားကြပေ။

“မသွားခင် သူတို့ကို လက်ဆောင်ကြီးပြန်ပေးကြတာပေါ့” ရှီမာဘူယူ သည် ပြုံးလိုက်ရာ သူမ၏မျက်လုံးမှာလည်း ပြုံးသွားလေသည်။

***

All Chapters