ရင်ဆိုင်ရခြင်း ၁
Vol. 146 Ch. 2035
ရှီမာယူယူသည် သူတို့ကို နင်းထျန်ရာဆီသို့ ခေါ်သွားသည်။
ဂိုဏ်းသခင်နှင့် ဂိုဏ်းအကြီးအကဲကြီးတို့အားလုံးသည် အတူရှိနေကြ တုန်းပင်။ ရှီမာယူယူ လာတွေ့သည်ဟု ကြားသည်နှင့် သူတို့သည် အံ့ဩကြ သည်။
“ဒီကောင်မလေးက ဘာလို့ ဒီကိုထပ်လာနေတာလဲ.. သူမက အခုပဲ ထွက်သွားတော့မလို့မဟုတ်ဘူးလား” နင်းထျန်ရာ ရယ်မောလေသည် “သူမကို ဝင်ခိုင်းလိုက်”
ရှီမာယူယူသည် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ကိုခေါ်ပြီး ထိုလူများကို ဆွဲခေါ်လာ ရာ အားလုံးသည် လန့်သွားကြပြန်သည်။
“ဒီလူတွေက ဘယ်သူတွေလဲ” လုယန် မေးခွန်းထုတ်လေသည်။
“ဟိုင်ရှင်း ပြောပြပါလိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲမတိုင် ခင် ဂိုဏ်းဒုသခင်ကို အတူနားထောင်ခိုင်းတာပေါ့”
“မိုဝေ့လား သူမကို ဘာလို့ ဒီနေရာခေါ်မှာလဲ”
“သူမ ဒီကိုရောက်လာရင် အကုန်သိသွားကြမှာပါ” ရှီမာယူယူ ပြောလိုက် သည်။
နင်းထျန်ရာသည် မိုဝေ့ကို သွားခေါ်ခိုင်းလိုက်သည်။ သူမသည် ဂိုဏ်းသခင်မှ ဖိတ်ကြားခြင်းဖြစ်သဖြင့် လျင်မြန်စွာပင် ရောက်လာသည်။ ကြမ်းပြင်တွင် ဒူးထောက်နေသည့် ထိုလူများကို မြင်သောအခါ သူမ၏ မျက်လုံး များ တွန့်သွားသော်လည်း ဘာမှမတုံ့ပြန်ပေ။
“ဟုတ်ပြီ မိုဝေ့ရောက်ပြီ ဘာလဲ အခုပြောလို့ရပြီလား” နင်းထျန်ရာ ပြော လိုက်သည်။
ရှီမာယူယူသည် ထပ်မံတုံ့ဆိုင်းမနေလိုတော့သဖြင့် နင်းထျန်ရာကို ဦးညွှတ်နှုတ်ဆက်ပြီး ပြောလိုက်သည် “ဂိုဏ်းသခင် ကျေးဇူးပြုပြီး အကဲဖြတ် ပေးပါ”
သူမကို ယခုလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးသဖြင့် အားလုံး ထူးဆန်းနေကြ သည်။
“ဘာလဲ ပြောလေ.. တစ်ခုခုနစ်နာသွားတာရှိရင် မင်းအတွက် သေချာ ပေါက် တရားမျှတမှုယူပေးမယ်” နင်းထျန်ရာ ပြောလေသည်။
ရှီမာယူယူသည် ဟိုင်ရှင်းကို ကြည့်လိုက်သည်။ ဟိုင်ရှင်းသည် သူမ မည်သို့ အရောင်းခံရသည် မည်သို့ မေးမြန်းစစ်ဆေးခဲ့သည်များကို ပြောပြလိုက် သည်။ ထိုလူများသည် လျှို့ဝှက်ဂိုဏ်းသို့လာပြီး သူတို့ကို ပြန်ပေးဆွဲသည့်အပြင် ရှီမာယူယူကိုပါ သတ်ရန်စီစဉ်ထားကြောင်းကို အကြီးအကဲများသိသောအခါ ဒေါသထွက်ကြသည်။
သူတို့က စဉ်းတောင်စဉ်းစားရဲကြတယ်။ ရှီမာယူယူ ဒီနေ့လိုဖြစ်လာ အောင် သူတို့က ပျိုးထောင်ခဲ့ကြတာလေ။
“နိုးနိုးကြားကြားရှိတဲ့ ဖူရှီက သူတို့ကိုကယ်ခဲ့လို့ပေါ့.. မဟုတ်ရင် ကျွန်မ စာမေးပွဲပြီးတာနဲ့ သူတို့ကိုသွားကယ်ရလိမ့်မယ်.. အဲအခါကျ ကျွန်မ စာမေးပွဲ အောင်ရင်တောင် လျှို့ဝှက်ဂိုဏ်းကနေ အသက်ရှင်လျက်ထွက်မသွားနိုင်မှာကို စိုးရတယ်” ရှီမာယူယူသည် ဟိုင်ရှင်း ပြောပြီးသည်နှင့် ဆက်ပြောသည် “ဂိုဏ်း သခင်.. ကျွန်မ ဂိုဏ်းထဲကို အခြေချတဲ့အချိန်ကစပြီး ဂိုဏ်းဒုသခင်က အမြဲတမ်း ကျွန်မကို သဘောမကျတဲ့အပြင် ဆရာ့ရဲ့နောက်ကွယ်မှာလည်း ကျွန်မကို ခက်ခဲအောင်လုပ်ခဲ့တယ်.. သူမက အကြီးအကဲတစ်ယောက်ဖြစ်နေလို့ သည်းခံ ပြီးတော့ ဆရာ့ကို ဘာမှမပြောခဲ့ဘူး.. ဒါပေမဲ့ သူမက အမှောင်ဈေးကွက်ကလူ တွေကို ခိုင်းပြီး ကျွန်မလူတွေကိုဖမ်းတဲ့အပြင် ကျွန်မကိုပါ သတ်ဖို့လုပ်ခဲ့တယ်.. ကျွန်မ သည်းမခံနိုင်တော့ပါဘူး ဂိုဏ်းသခင် ကျေးဇူးပြုပြီး ကျွန်မအတွက် တရားမျှတမှုရှာပေးပါ”
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။ အားလုံး၏ အကြည့်မှာ မိုဝေ့ဆီသို့ ရောက်သွားသည်။ အထူးသဖြင့် လုယန်ပင်ဖြစ်သည်။ သူ၏ မျက်လုံးများမှာ အေးစက်နေသဖြင့် သူမ၏ နှလုံးသားကို တောင့်တင်းသွားစေ သည်။
သို့သော် သူမသည် ဖြေရှင်းရန်လွယ်ကူသည့် လူစားမျိုးမဟုတ်ပေ။ သူမ သည် မျက်နှာတစ်ချက်မပျက်ဘဲ ပြောလေသည် “ယူယူ မင်းက ဂိုဏ်းမှာ နေ လာတာ အနှစ် ၂၀ ကျော်ပြီ.. ငါတို့တွေ မရင်းနှီးတိုင်း ငါ့ကိုနစ်နာအောင် မပြော သင့်ဘူး.. ငါက ဒီလူတွေနဲ့ ဘာမှမဆိုင်ဘူး.. သူတို့က ငါခိုင်းလို့လာတာပါဆိုတဲ့ သက်သေ မင်းမှာရှိလား”
“ဒီလူတွေက ဒီရောက်နေပါပြီ ဂိုဏ်းဒုသခင်က ဘာသက်သေများလိုချင် သေးလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီလူတွေက ဘာမှအရေးမပါပါဘူး.. ဘယ်သူမဆို သူတို့ကို ဒီလိုကိစ္စ တွေ ခိုင်းလို့ရတယ်.. သူတို့တွေ ငါ့ကိုစွပ်စွဲလို့ရတယ်.. ဒါပေမဲ့ အဲဒါကို ငါက စွပ်စွဲခံရပါတယ်လို့ ပြောလို့ရတယ်” မိုဝေ့ ပြောလေသည်။
“ကြည့်ရတာ ဂိုဏ်းဒုသခင်က ထွက်ပေါက်ရှာထားပြီးပြီနဲ့တူတယ်” ရှီမာယူယူသည် နှာမှုတ်လေသည်။
“ငါက အမှန်တရားကိုပြောတပါ.. ဒီနှစ်တွေမှာ မင်းကို သဘောမကျဘူး ဆိုတာရယ် အပြစ်တင်တယ်ဆိုတာတွေအတွက် မင်းမှာ သက်သေမရှိဘူးလေ.. ဒါက အရမ်းကိုပေါ့ပျက်ပျက်ဖြစ်လွန်းပါတယ်.. မင်း အဲလိုပြောလိုက်တာနဲ့ပဲ နောက်ကွယ်မှာ ငါရှိပါတယ်လို့ ဂိုဏ်းသခင်တွေ မတွေးဘူး” မိုဝေ့၏ အပြုံး သည် ယိမ်းယိုင်သွားခြင်းမရှိပေ။
“အမှန်ပါပဲ ဒီလူတွေပြောတဲ့စကားက အရေးမပါနိုင်ပါဘူး.. ဒါပေမဲ့ ဒုသခင်ရဲ့ အစေခံလျှိုရွှီကရော.. သူမက ဘာလို့ဒီမှာအတူရှိမနေတာလဲ” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“လျှိုရွှီက ဂိုဏ်းကိစ္စတွေမှာ ငါ့ကိုကူညီဖို့ပဲလေ. သေခါပေါက် ကိစ္စတွေ သွားဖြေရှင်းနေတာပေါ့” မိုဝေ့ ပြောလေသည်။
“အဲဒါအမှန်ပဲလား” ရှီမာယူယူသည် ခပ်ဖျော့ဖျော့ ပြောလိုက်သည် “သူမက ဒီလူတွေကို ရှာဖို့ထွက်သွားတာမဟုတ်တာ သေချာရဲ့လား”
မိုဝေ့သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ငြင်းဆန်လေ သည် “သေချာပေါက် မဟုတ်ဘူး”
“ဒါဆိုရင် သူမက ဂိုဏ်းကိစ္စတွေကို မဖြေရှင်းဘူးဆိုရင် အဲဒါက သက်သေ ဖြစ်သွားပြီမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“သူမက ဂိုဏ်းရဲ့တာဝန်တွေပြီးသွားရင် တခြားကိစ္စတွေရှိသေးတယ်.. အဲဒါက သက်သေဖြစ်မယ်လို့ထင်နေလား” မိုဝေ့သည် နောက်ဆုတ်ကာ ဒေါသ တကြီးပြောလေသည် “မင်း ငါ့ကို ဘာစွပ်စွဲချင်နေတာလဲ ဂိုဏ်းသခင် ဂိုဏ်းရဲ့ စည်းမျဉ်းတွေက တပည့်တွေက ဂိုဏ်းသခင်တွေကို လက်လွတ်စပယ် စွပ်စွဲလို့ ရလား”
“ကျွန်မ ဒုဂိုဏ်းသခင်ကို စွပ်စွဲတယ်ဆိုရင် ကျွန်မကိုဂိုဏ်းကနေ ထုတ်ပစ် ဖို့ ဂိုဏ်းသခင်ကို ပြောလို့ရပါတယ်.. မဟုတ်ရင် သတ်လိုက်လို့လည်းရတယ် အဲဒါက ဂိုဏ်းဒုသခင်ပေါ်မှာမူတည်ပါတယ်” ရှီမာယူယူ နှာမှုတ်လေသည် “ဒါပေမဲ့ တကယ်လို့ ဒါကစွပ်စွဲတာမဟုတ်ရင် ကျွန်မလူကိုပြန်ပေးဆွဲပြီး ကျွန်မ ကိုသတ်ဖို့ အပြင်ကလူတွေနဲ့ ပူးပေါင်းတယ်လို့ဆိုလိုတာပဲ.. ဒုသခင်လည်း အတူတူပဲမဟုတ်ဘူးလား.. ဂိုဏ်းသခင် ဒါသာအမှန်ဆိုရင် ကျွန်အတွက် တရား မျှတမှုကို ဘယ်လိုရှာပေးမလဲလို့ မေးပါရစေ”
“ဒါက…” နင်းထျန်ရာသည် တွေဝေသွားသည် “မင်းဘာလုပ်ချင်လို့လဲ”
“ကျွန်မက ကျွန်မကိုသတ်ဖို့ကြိုးစားတဲ့သူတွေကို အမြဲတမ်းသတ်လေ့ရှိ တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီကိစ္စရဲ့နောက်ကွယ်မှာ ဂိုဏ်းဒုသခင် ရှိပါတယ်ဆိုတာကို ကျွန်မသက်သေပြနိုင်ရင် ဒီကိစ္စကို ကျွန်မကိုင်တွယ်ပါရစေ”
နင်းထျန်ရာသည် မိုဝေ့အားကြည့်ပြီး ပြောလေသည် “ဂိုဏ်းဒုသခင်မို သူမရဲ့ တောင်းဆိုချက်ကိုလက်ခံလား”
“ဟုတ်ပြီလေ” သူမသည် လူအများကြည့်နေခြင်းကြောင့်နှင့် တုံ့ဆိုင်း ခြင်းမရှိပေ။ ထို့အပြင် သူမသည် အဆင့်တိုင်းတွင် စေ့စပ်သေချာစွာ လုပ်လာခဲ့ သဖြင့် မည်သည့်သက်သေမှမကျန်နိုင်ဟု သေချာနေသည်။ ပြီးနောက် ရှီမာယူ ယူ တစ်စုံတစ်ရာကိုရှာနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
“ယူယူ မင်းမှာ ဘာသက်သေရှိလဲ ထုတ်ခဲ့လိုက်” ဟဲ့လန် ပြောလေသည်။
“ဆရာတွေအားလုံးနဲ့ ဂိုဏ်းသခင်တို့ ခဏလောက်စောင့်ပေးပါ.. သက်သေရဖို့ အချိန်နည်းနည်းလိုပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ရဖို့အချိန်လိုတာလား မဟုတ်ရင် လုပ်ကြံဖန်တီးဖို့ အချိန်လိုတာလား” မိုဝေ့သည် လှောင်လေသည် “မင်းအတွက် အချိန်ဖြုန်းဖို့ အချိန်တွေအဲလောက် ပေါမနေဘူး”
“ဂိုဏ်းဒုသခင်ဝေ့ မလောပါနဲ့ နှစ်ယောက်လုံးတွေ့ရမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
သူမ၏စကားကိုကြားသောအခါ မိုဝေ့၏ စိတ်မှာတင်းကြပ်သွားတော့ သည်။ သို့သော် မဖြစ်နိုင်ဟု သူမ ထင်မိသည်။ ဤနေရာမှလူများအားလုံးနှင့် လျိုရွှီသည် ဉာဏ်ကောင်းသည်။ သူတို့ဆီမှ ရှာမတွေ့လျှင် ဘာမှတွေ့မည် မဟုတ်ပေ။
ခဏအကြာတွင် ရှီမာယူယူသည် သတင်းတချို့ရပြီး အားလုံးကို ပြော လိုက်သည် “ဂိုဏ်းသခင်၊ ဆရာများအားလုံးနဲ့ ဂိုဏ်းဒုသခင်မို.. ကျွန်မရဲ့ သက်သေပေးဖို့ အချိန်ရောက်ပါပြီ.. ဂိုဏ်းဒုသခင်မို့ ကျွန်မက ဒီသက်သေကို တမင်လုပ်ကြံထားတာလားဆိုတာ သေချာကြည့်ပေးပါဦး”
သူမ ပြောပြီးသည်နှင့် ဝိညာဉ်စွမ်းအင်စုစည်းပြီး လေထဲသို့ပစ်လိုက်ရာ မြင်ကွင်းတစ်ခုပေါ်လာလေသည်။ ပတ်ဝန်းကျင်အနေအထားကို အကဲခတ် ကြည့်ရာ တောင်တချို့ရှိနေကာ အဓိကဇာတ်လိုက်ဖြစ်သည့်လျိုရွှီသည် ကိစ္စ တချို့ကိုကိုင်တွယ်နေသည်။
လျိုရွှီသည် တောင်များတွင် ရှာဖွေနေကာ ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးနေသော အနက်ရောင်ဝတ်ထားသည့် အလောင်းများသည် နေရာအနှံ့ ကျဲပြန့်နေသည်။
လျိုရွှီသည် ထိုလူကို သေချာပေါက်သိသည်။ သူမသည် မျက်မှောင်ကြုတ် လိုက် ကြည့်လိုက်နှင့် ပြောလေသည် “ဒါက ဘယ်လိုဖြစ်တာလဲ.. သူမ စာမေး ပွဲဖြေနေတုန်း သူတို့ကို ပြန်ပေးဆွဲဖို့ ဆွေးနွေးပြီးသားမလား ဒီမှာဘာလို့ ဒီလို ဖြစ်နေတာလဲ”
“ပြန်ပေးဆွဲတယ်ဟုတ်လား.. မင်းနဲ့ မိုဝေ့က လူလိမ်တွေပဲ” ကြမ်းပြင် တွင် ထိုင်နေသောလူသည် ပြောလေသည် “မင်းတို့က ငါတို့ကိုခေါ်ပြီးတော့ ရှီမာယူယူရှိနေရင် တခြားသူတွေက ကိုင်တွယ်ဖို့မလွယ်ဘူးလို့ပြောခဲ့တယ်.. ဒါပေမဲ့ မင်းတို့ပြောသလိုမဟုတ်ခဲ့ဘူး.. ငါတို့ခေါ်လာတဲ့လူတွေ သေသွားပြီး တော့ နှစ်ယောက်လုံး လွတ်သွားခဲ့တယ်.. အမှန်အတိုင်းသာ ငါတို့ကိုပြောခဲ့ရင် ပိုပြီးပြင်ဆင်ခဲ့မှာပေါ့”
“မင်းတို့လူတွေက သူတို့သတ်တာခံလိုက်ရတာလား.. မင်းတို့က ဒီလောက်လူများတာကို ဒီကလေးနှစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး အသုံးမကျလိုက်တာ” လျိုရွှီသည် သူတို့ကို ကြိမ်းမောင်းပြီးမှ တစ်စုံတစ်ရာကို သတိရသွားသည် “ဒီကိစ္စရဲ့နောက်ကွယ်က ငါတို့ဆိုတာကို သူတို့ သိကြလား”
***