ရင်ဆိုင်ရခြင်း ၂
Vol. 146 Ch. 2036
လျိုရွှီနှင့် ထိုလူတို့တွေ့ဆုံသည်နှင့် မိုဝေ့၏ မျက်နှာမှာအလွန်အမင်း ဖျော့ တော့သွားသည်။
အကြောင်းမှာ ထိုလူသည် ဤနေရာတွင် ဒူးထောက်နေသည့်လူနှင့် တစ် ယောက်တည်းဖြစ်သည်။ အဲလူက ဒီနေရာရောက်နေတယ်ဆိုတော့ လျိုရွှီနဲ့ စကားပြောနေတာက ဘယ်သူလဲ။
သူတို့၏ စကားအသွားအလာရ သူမ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။
ထိုအချက်ကို နားထောင်လိုက်သည်နှင့် ဤကိစ္စများအားလုံး၏ နောက် ကွယ်တွင် မိုဝေ့ရှိနေသည်ကို အားလုံးနားလည်လိုက်ကြသည်။
“သေချာပေါက် မသိပါဘူး” ထိုလူ ပြောလေသည် “သူတို့က ကျွန်တော် တို့ကို အတင်းဖိအားပေးပြောစေချင်တာ ဒါပေမဲ့ ဘာမှမပြောခဲ့ဘူး.. ဒါပေမဲ့ သူတို့က ဂိုဏ်းအဖွဲ့ဝင်ထဲက တစ်ယောက်ယောက်ဖြစ်မယ်လို့ မှန်းမိပြီး စစ်ဆေးဖို့ပြန်သွားတယ်.. ကျွန်တော်သာ သေချင်ယောင်ဆောင်မနေရင် အသက်ရှင်မှာမဟုတ်ဘူး”
“အဲတော့ သူတို့က ငါတို့ကိုသံသယမဝင်ဘူးဆိုတဲ့ သဘောပေါ့” လျိုရွှီ သည် သဲ့သဲ့ပြောရင်းနှင့် ကျောပေးလျှောက်လာရာ သူမ၏ အကြည့်များသည် လူသတ်မည့်အရိပ်အယောင်များဖြင့် ပြည့်နေသည်။
“ဟုတ်ပါတယ်”
“မင်းလုပ်တာ ကောင်းတယ်.. ငါတို့ကို ရောင်းမစားတဲ့အတွက် မင်းတို့ရဲ့ အလောင်းတွေကို ဆုအနေနဲ့ သင်္ဂြိုဟ်ပေးမယ်” လျိုရွှီသည် ပြောရင်းနှင့် ဝိညာဉ်စွမ်းအင်စုကာ ထိုလူ၏ခေါင်းကို အနောက်မှပစ်ရန်ကြိုးစားလေသည်။ သို့သော် သူမ၏ လက်သည်လေထဲတွင်ရပ်သွားကာ မြေပေါ်မှလူသည် သူမ၏ လက်ကိုဆုပ်ကိုင်ထားလေသည်။
“မင်းက ရက်စက်တဲ့မိန်းမပဲ” အေးစက်ပြီး မုန်းတီးသောအသံကို ကြား လိုက်သောအခါ ထိုလူသည် ဒဏ်ရာမရထားသည်ကို လျိုရွှီ နားလည်လိုက် သည်။
“မင်း ဘယ်သူလဲ” လျိုရွှီသည် အေးစက်စွာ မေးလိုက်သည်။ သူမသည် လက်ကောက်ဝတ် အချုပ်ခံထားရသဖြင့် သာမန်ကာလျှံကာ မတိုက်ခိုက်ရဲ တော့ပေ။
“ငါဘယ်သူလဲဆိုတာ ခဏနေရင် သိရလိမ့်မယ် သွား”
မီအာသည် သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ထိုနေရာမှ ပျောက် ကွယ်သွားလေသည်။ အလောင်းပုံကြီး ပျောက်ကွယ်သွားသည်နှင့် တောင်တန်း သည် ယခင်လို တိတ်ဆိတ်သွားလေသည်။
ခန်းမထဲတွင် အပ်ကျသံမျှမကြားရလောက်အောင် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။ ရှီမာယူယူ မရှင်းပြသေးခင်မှာပင် အားလုံးနားလည်သွား လေသည်။ သို့သော် ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ မီအာနှင့် လျိုရွှီတို့ ဖြစ် ကြသည်။
“ယူယူ သူမကို ခေါ်လာပြီ” မီအာသည် ရှီမာယူယူကို ပြောရင်းနှင့် လျိုရွှီ ကို ကြမ်းပေါ်သို့ တွန်းလိုက်သည်။ မြေပေါ်တွင် လဲနေသော လူရှေ့တွင် သူမ၏ မျက်နှာဖြင့် သွားကျလေသည်။
တစ်ထပ်တည်းပဲ….
သူမသည် ထိုလူအား ကြောက်လန့်တကြားကြည့်ပြီး မီအာကို ပြန်လှည့် ကြည့်သည်။ သူတို့သည် အလွန်တူလွန်းသည်။
“အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကို ခေါင်းညိတ်ပြလိုက်သည်နှင့် မီအာသည် ရှီမာယူယူကဲ့သို့ အသွင်ပြောင်းပြီး သူမ ဘေးတွင်သွားရပ်လေသည်။
အရွယ်အစား ကြီးသူတစ်ယောက်နှင့် သေးငယ်သူတစ်ယောက်၊ ယောကျ်ားလေးပုံစံတစ်ယောက်နှင့် နောက်တစ်ယောက်မှာ မိန်းကလေးပုံစံ ဖြစ်နေသည်။ သို့သော် သူတို့သည် ပြီးပြည့်စုံသည့် တွဲဖက်ဖြစ်သည့်ပုံပင်။
“ဒါက…” လျိုရွှီသည် ဖြူဖတ်ဖြူရော်ဖြစ်သွားကာ တခြားသူများလည်း လန့်သွားကြသည်။
“မီအာက ကျွန်မရဲ့စာချုပ်သားရဲပါ” ရှီမာယူယူ ဆက်ပြောလေသည် “မီအာက တခြားဟာတော့မတော်ပေမဲ့ အသွင်ပြောင်းတဲ့နေရာမှာတော့ တော် တယ်.. ဂိုဏ်းဒုသခင် တခြားသက်သေလိုသေးလား”
“ဟားဟား တော်လှပါပေတယ် ရှီမာယူယူ.. မင်း ဒီလောက် စီစဉ်ထား လိမ့်မယ်လို့ထင်မထားဘူး.. စောစောကတည်းက သိထားရင် မင်း ဂိုဏ်းကို ဝင် လာကတည်းက သတ်ပစ်ခဲ့ရမှာ.. မင်းကို တားဖို့ နှစ်တွေအများကြီး မျက်စိ ဆံပင်မွေးစူးခဲ့ရတာ”
“ဒုသခင်က တော်တော်လေးကို နစ်နာခဲ့ရတာပဲ” ရှီမာယူယူသည် နှာမှုတ် လေသည် “ဂိုဏ်းသခင် ကျွန်မတို့ ခုနက ပြောပြီးပါပြီ.. ကျွန်မသာ သက်သေပြ နိုင်ရင် သူမကို ကျွန်မကိုင်တွယ်ပါမယ်.. အခု သူမကို ကျွန်မနဲ့ခေါ်သွားလို့ရပြီ လား”
“ဒါက…” နင်းထျန်ရာသည် လုယန်နှင့် မိုဝေ့တို့အကြောင်းသိသည်။ ထို့ကြောင့် သူ လုယန်ကို ကြည့်လိုက်သည်။
လုယန်သည် နှုတ်ဆိတ်နေသည်။ ဆိုလိုသည်မှာ ရှီမာယူယူ၏ တောင်းဆို ချက်ကို သဘောတူသည်။
လုယန် ဘာမှမပြောသည်နှင့် မိုဝေ့သည် စိတ်ပူလာပြီး အော်လေသည် “လုယန် ရှင် ကျွန်မအဖေကို ဘာကတိပေးထားလဲ.. ဘာလို့ ပါးစပ်ကပိတ်နေ တာလဲ”
“ဒီနှစ်တွေမှာ ငါ လုံလောက်အောင် လုပ်ပေးပြီးပြီမဟုတ်ဘူးလား” လုယန်သည် သူမကို မေးခွန်းထုတ်လေသည် “မင်းအဖေကို ငါ ကတိပေးထား တာကြောင့်သာမဟုတ်ရင် ဒီလောက်နှစ်တွေအများကြီး ဂီတဂိုဏ်းမှာ မင်း စိတ်တိုင်းကျ လုပ်ခွင့်ပေးထားမှာမဟုတ်ဘူး”
“အဲတော့ အခုတော့ ရှင်က တာဝန်တွေကို ပစ်ချတော့မယ်လို့ ပြောနေ တာလား” မိုဝေ့ မေးလိုက်သည် “လုယန် အဖေ့ရဲ့ ကျေးဇူးကြွေးကိုပြန်ဆပ်ဖို့ ကျွန်မအန္တရာယ်တစ်ခုခုဖြစ်ရင် ကျွန်မကိုကယ်မယ်လို့ ရှင်တစ်ခါ ပြောဖူးတာ မမေ့ပါနဲ့.. ရှင် ဒီအသက်ကြွေးကို ပြန်မဆပ်သေးသရွေ့ ဒီအကြွေးမကြေသေး ဘူး”
လုယန်သည် မိုဝေ့ကို လိုက်လျောရသည့် အကြောင်းအရင်းများရှိသည် ကို ရှီမာယူယူသိသည်။ သို့သော် သူမ၏ ဖခင်ကိုပါ ဆွဲထည့်လာလိမ့်မည်ဟု ထင်မထားပေ။ ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို သူမ မသိသော်လည်း ခန့်မှန်း ၍ရသည်။
“အဲတော့ ဒီနေ့ ရှင့်ကိုသတ်လို့မရဘူးလို့ ပြောနေတာလား”
“မင်းရဲ့ဆရာကို ထာဝရအပြစ်ဒဏ်ကျခံစေချင်ရင် စမ်းကြည့်လိုက်လေ”
“စမ်းကြည့်လိုက် ဟုတ်လား” ရှီမာယူယူသည် လုယန်ကို ကြည့်ပြီး ပြော လိုက်သည် “ထားလိုက်ပါတော့ ကျွန်မ ရှင့်ကိုသဘောကျဘူး… အပြင်ပန်းက တော့ ရှင်က ကျွန်မဆရာကို သဘောကျသလိုလိုနဲ့ ဒါပေမဲ့ ရှင်က တစ်ကိုယ် ကောင်းဆန်တာပဲ.. ကျွန်မဆရာက ရှင့်ကိုအသက်ကြွေးတင်တယ်လို့ ပြောခဲ့ တယ်နော်.. အဲလိုဆိုတော့ သူတင်နေတဲ့အကြွေးကို ဒီနေ့ပြန်ဆပ်မယ် ရှင် သွား လိုက်တော့”
“ယူယူ” လုယန်သည် သူမ၏ အပြုအမူကို သဘောမတူကဲ့သို့ မျက်နှာ ပျက်သွားသည်။
“ဆရာ အဆိုတစ်ခုရှိတယ်လေ ‘ဆရာတစ်ရက် ဖခင်တစ်သက်’ တဲ့.. နောက်တစ်ခုရှိသေးတယ် ‘အဖေ့အကြွေးကို သားသမီးက ဆပ်ရမယ်’ တဲ့ အဲဒါကြောင့် ဆရာ့ရဲ့အသက်ကြွေးကို ကျွန်မဆပ်ပေးတာ မှန်ပါတယ်” ရှီမာယူ ယူ ဆက်ပြောလေသည် “ဒါပေမဲ့ မိုဝေ့ ကျွန်မ နောက်တစ်ခါ ရှင့်ကိုတွေ့တာနဲ့ ရှင့်အသက်ကိုယူမယ်”
“ဘယ်သူနိုင်လဲဆိုတာ မသိသေးဘူးလေ” မိုဝေ့သည် သူမ လျှို့ဝှက်ဂိုဏ်း တွင်မနေတော့သည်ကို သိကာ မုန်းတီးစွာ ကြည့်လိုက်သည်။ သူမသည် ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားတော့မည်ဖြစ်သည်။
ဟးဟား.. သူမက ဂီတဂိုဏ်းအတွက် နှစ်ပေါင်းများစွာ အများကြီးလုပ် ပေးလာခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးကျ ဂိုဏ်းကိုဝင်လာတာမှ အနှစ် ၂၀ လောက် ရှိသေးတဲ့လူနဲ့ မယှဉ်နိုင်ဘူးပဲ။ ဤမျှများပြားလှသည့် လူများထဲတွင် သူမ ကိုယ်စားပြောပေးသည့်သူ မရှိသည်ကို မြင်လိုက်ရသည်။ အများစုမှာ ရှီမာယူ ယူ၏ ဘက်မှဖြစ်နိုင်သည်။ ထို့ကြောင့် ဤကဲ့သို့ဂိုဏ်းတွင် နေထိုင်ရန် မထိုက် တန်လှဟု ခံစားရသည်။
“လျိုရွှီသွားရအောင်” သူမသည် လုပ်နေကျအတိုင်း လျိုရွှီကိုခေါ်လိုက် သည်။ သို့သော် မီအာသည် သူကိုတားလေသည်။
“ဆရာက ရှင့်ကိုပဲ အသက်ကြွေးရှိတာ သူမကျတော့ မတူဘူး.. အဲတော့ ကိုယ့်ဘာသာပဲ ထွက်သွားလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း…”
“မဟုတ်ရင် ဆရာတပည့် ဆက်ဆံရေးက အားကောင်းလွန်းလို့ သူမ အတွက် ရှင်က အသက်ပေးချင်တယ်လို့ ပြောမလို့လား”
သူမအတွက် အသက်ပေးရမယ်ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက အစေခံသက်သက်ပဲလေ။ အဲလိုဆိုတော့လည်း သေလိုက်ပေါ့။
မိုဝေ့သည် လျိုရွှီဆီမှ အကြည့်လွှဲကာ ခြေလှမ်းကြီးများဖြင့် ထွက်သွား လေသည်။ သူမ ရှီမာယူယူကို ဖြတ်သွားသ်နှင့် ရပ်ကာ ဓားသွားကဲ့သို့ ထက်ရှ သည့်အကြည့်များဖြင့် စိုက်ကြည့်သွားပြီး သူမကို အစိတ်စိတ်အမွှာမွှာဖြစ် အောင်လုပ်ရန်ကိုပင် မစောင့်နိုင်တော့ပေ။
“စောင့်ကြည့်လိုက်” သူမသည် ထိုစကားများကို အံကြိတ်ပြောသွားပြီး ပြန်လှည့်မကြည့်ဘဲ လျှို့ဝှက်ဂိုဏ်းမှထွက်သွားလေသည်။
“ကျွန်မအတွက် တရားမျှတမှုပြန်ယူပေးတဲ့အတွက် ဂိုဏ်းသခင်ကို ကျေးဇူးတင်ပါတယ်.. ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ကျွန်မပြန်ပါတော့မယ်” ရှီမာယူယူသည် ဦးညွှတ်နှုတ်ဆက်ပြီးနောက် ဟိုင်ရှီးကို အမိန့်ပေးလိုက်သည် “သူတို့ကို ပြန်ခေါ်လာလိုက် သူတို့နဲ့ အကြွေးကိုဖြည်းဖြည်းချင်းရှင်းရမယ်”
ဟိုင်ရှင်းသည် ထွက်လာပြီး မြေပေါ်တွင် အကြောသေနေသော လျိုရွှီကို ဆွဲလိုက်သည်။ သခင်နှင့်အစေခံသည် ထိုအတိုင်းခန်းမမှထွက်သွားလေသည်။
အကြီးအကဲများမှာတော့ စကားပြောရန် အခွင့်အရေးမရှိလိုက်ပေ။ ပြဿနာပြီးသွားသော်လည်း သူတို့မှာ ပါးစပ်ပင်မဟလိုက်ရပေ။
နင်းထန်ရာသည် လုယန်၏ မျက်နှာကြီးမည်းနေသည်ကို မြင်သောအခါ ပြောလိုက်သည် “ငါ ဒီအတိုင်းပြောတာပါ.. သူမရဲ့ အကျင့်နဲ့ဆိုရင် ဒီကအခြေ အနေကို ပြင်းထန်အောင် ဘာလို့လုပ်လဲဆိုတာ နားမလည်ဘူး.. မင်းကြောင့် လုပ်တယ်ဆိုတာကို အခုမှပဲသိတယ်”
သူမ ထွက်မသွားခင်တွင် သူမဖြေရှင်းနိုင်ခဲ့သည့် ပြဿနာကို ဖြေရှင်းပေး ပြီး အေးချမ်းသည့်ဘဝကို ပေးချင်ခဲ့သည်။ ထို့ကြောင့်ပင် သူ့စိတ်ကို လွတ်လပ် အောင်လုပ်ပေးသွားခြင်းဖြစ်သည်။
သူ့စိတ်မှာ အကျဉ်းချခံထားရသည်ကို သူမ အမြဲတစေ သိခဲ့သည်။
လုယန် ရယ်မောလေသည် “ကျွန်တော်က ဆရာဖြစ်နေတာ ဒီလောက် ထင်ရှားနေတာကို…”
မိုဝေ့ လျှို့ဝှက်ဂိုဏ်းမှထွက်သွားသည့် သတင်းသည် လျင်မြန်စွာပင် ပြန့် သွားလေသည်။ ဂိုဏ်းထဲမှလူများ သက်ပြင်းချမိကြသည်။ နောက်ဆုံးတော့ အရည်အချင်းလိုသည်။ မဟုတ်လျှင် သူတို့၏လုပ်ရပ်ကို တခြားသူများ အကွက် မိသွားပါက သူတို့လည်း ရှင်းထုတ်ခံရမည်။ မဟုတ်လျှင် ဂိုဏ်းအဖွဲ့ဝင်များ အချင်းချင်းရန်ငြိုးရန်စရှိပါက ဂရုမစိုက်ဟူသည့် စည်းမျဉ်းမျိုး လျှို့ဝှက်ဂိုဏ်းမှ ချမှတ်ထားမည်မဟုတ်ပေ။
***