ကျားနန်ရှင်းနှင့် မုယဲ့ချီတို့၏ သရုပ်မှန်
Vol. 146 Ch. 2037
ရှီမာယူယူသည် စိတ်ရှုပ်စရာကောင်းလှသော မိုဝေ့ကို ရှင်းထုတ်ပြီး နောက် နေလို့ကောင်းသွားသည်။ အနှစ် ၂၀ ကျော်ကြာအောင် မိုဝေ့နှင့် လျိုရွှီ သည် ရရင်ရသလို ဒုက္ခပေးခဲ့သည်။ ဂိုဏ်းမှ သူမအတွက် ဘာမှလုပ်မပေးရန် အတွက် သူတို့သည် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်။
ယူယူသည် သူမ လှုပ်ရှားမည်ကို စောင့်လာသည်မှာ ကြာပြီဖြစ်သည်။ ပြီးနောက် သည်တစ်ခေါက်တွင် အညှာတာမဲ့သော တစ်စုံတစ်ရာကို သူမ လုပ် ထွက်လိုက်ပြီဖြစ်သည်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သူမက ဘာလို့ လက်လွတ်ခံရမှာလဲ။
သူတို့သည် ခြံဝန်းဆီသို့ ပြန်ရောက်ပြီးနောက် လျိုရွှီကို ဟိုင်ရှင်းလက်ထဲ သို့ထည့်လိုက်သည်။ သူတို့သည် သူမကို ရှင်းထုတ်ရန်နှင့် မည်သို့ကိုင်တွယ်ရ မည်ကို သိကြသည်။ တရားမဝင်လေလံပွဲမှလူများကိုတော့ နင်းထျန်ရာတို့ ကိုင် တွယ်ရန် ထားခဲ့သည်။
သူမသည် ဝူလင်းယူနှင့်အတူ အိမ်ပြန်လာရင်းနှင့် သူ မေးလာသည် “ဘယ်တော့ ထွက်သွားမယ်လို့ စီစဉ်ထားလဲ”
“နောက်နှစ်ရက်အတွင်းပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဟိုင်ရှင်းက သူမရဲ့ဒေါ်လေးကို စိတ်ပူနေတယ် အဲဒါကြောင့် စောစောသွားကြည့်လိုက်တာ ကောင်းမယ်”
“ဒီကပြဿနာတွေ အခြေကျသွားရင် ကိုယ်လည်း သွားဖို့လိုတယ်” ဝူလင်းယူ ပြောလေသည်။
“နတ်ဆိုးလောကမှာ တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည်။
ဝူလင်းယူသည် ပြုံးပြီး သူမ၏ဆံနွယ်များကို သပ်ပေးလိုက်သည်။ တကယ်ပဲ သူမကို ဘာမှဖုံးထားလို့မရဘူးပဲ။
“ဘာမှတော့မဟုတ်ပါဘူး သူတို့ကိုင်တွယ်ပါလိမ့်မယ်” သူသည် သူမ စိတ်ပူမည်ကို စိုးရိမ်သဖြင့် အရာအားလုံးကို ပြောရန်မရည်ရွယ်ထားပေ။
“ဒါဆိုလည်း ဆရာတွေကို အသိပေးပြီးတော့ မနက်ဖြန်သွားကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မသာသိရင် စောစောပြန်ပါတယ်”
ဂိုဏ်သခင်များ ပြန်သွားကြသဖြင့် သူမသည် တစ်ယောက်ချင်းစီ လိုက် နှုတ်ဆက်ရတော့သည်။ သူတို့ ဆုံးမဩဝါဒများခြွေပြီးသည့်အချိန်တွင် ဒုတိယ မြောက်နေ့ရောက်နေပြီဖြစ်သည်။
လျှို့ဝှက်ဂိုဏ်းအဖွဲ့ဝင်များသည် သူမ ထွက်သွားမည်ကို ဝမ်းနည်းကြ သဖြင့် သူမကို လိုက်ပို့ချင်ကြသည်။ သို့သော် သူတို့ သူမ၏ ခြံဝန်းဆီသို့ သွား သောအခါ သူမသည် ထွက်သွားနှင့်ပြီဖြစ်ကာ အိမ်တွင် ဘာမှမရှိတော့ပေ။
“သူမက ငါတို့ကိုနှုတ်ဆက်စကားပြောပြီးမှ ထွက်သွားမယ်လို့ မပြောခဲ့ ဘူးလား” မုယဲ့ချီသည် မပျော်ရွှင်ပေ “ငါတို့တွေ ဒီလောက်အစောကြီးပြန်လာ တာလေ.. အဲတော့ သူမကို ထပ်ပြီးမတွေ့ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး လား”
“နောက်ကို သူမကို တွေ့ဖို့အခွင့်အရေးရှိပါသေးတယ်” ကျားနန်ရှင်း ပြော လေသည်။
“ငါတို့မျိုးနွယ်က ငါတို့ကိုဆင့်ခေါ်နေပြီ.. အဲတော့ ဘယ်လိုလုပ် အခွင့်အရေးရှိဦးမှာလဲ” မုယဲ့ချီသည် နှုတ်ခမ်းတွန့်လိုက်သည်။
“သူမဘေးက လူကိုမေ့နေပြီလား” ကျားနန်ရှင်း မေးခွန်းထုတ်လေသည်။
“ဖူရှီကို ပြောနေတာလား”
“ဟုတ်တယ်” ကျားနန်ရှင်း ပြောလေသည်။
သူတို့နှစ်ယောက်လုံးသည် ဖူရှီကို ပထမဆုံးအကြိမ် မြင်ခဲ့စဉ်က အံ့ဩခဲ့ ကြသည်။ သူ့ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ သူသည် နှစ် အနည်းငယ်သာ နေရတော့မည်ဟု အထက်မှသိထားခဲ့ကြသည်။ သို့သော် သူ တဖြည်းဖြည်းအရွယ်ရောက်လာသည်ကို မြင်ရသည်မှာ သူ၏ပြဿနာကို ဖြေ ရှင်းပြီးပြီဆို ဆိုလိုခြင်းဖြစ်သည်။ ပြောရန်ပင်မလိုပေ… သူ့အတွက် ဖြေရှင်း ပေးသူမှာ ရှီမာယူယူပင် ဖြစ်လိမ့်မည်။
“သူက အခုထိမပြန်သေးဘူးဆိုတော့ သူမကို အထက်ကို ပြန်ပေးဆွဲသွား မလို့ထင်တယ်” ကျားနန်ရှင်း ဆက်ပြောလေသည် “သူက ခေါင်းမာပြီးတော့ သူ လိုချင်တဲ့ပန်းတိုင်ကို မရောက်ရင် မနားဘူးလို့ ကြားဖူးတယ်.. မင်းကြည့်နေ သူ သူမကို မကြာခင်ခေါ်လာလိမ့်မယ်”
“ဒါပေမဲ့ ယူယူ့မှာ လုပ်စရာအများကြီးရှိနေသေးတယ် သူမ ငါတို့ကို အဲဒါ ပြောတယ်လေ” မုယဲ့ချီ ဆက်ပြောလေသည် “သူမ ကိစ္စတွေပြီးဖို့ အချိန်တွေ အများကြီးလိုသေးတယ်.. ဖူရှီက သူမကို အဲလောက်ကြာအောင် စောင့်ပါ့မလား”
“အဲလောက်လည်း မကြာတော့ပါဘူး.. ဒီမှာနဲ့ အထက်က အချိန်ကုန်ဆုံး ပုံမတူဘူးလေ.. တက်သွားလိုက်ရင် ကြာတယ်လို့ မထင်ရတော့ဘူး” ကျားနန် ရှင်းပြောလေသည်။
“ဒါပေမဲ့ ငါ နေလို့မကောင်းသေးဘူး.. သူမက ဘာလို့နှုတ်မဆက်ဘဲ ထွက်သွားတာလဲ” မုယဲ့ချီသည် စိတ်ထိခိုက်မိသည်။ သူသည် သူတို့ကို သူငယ် ချင်းအဖြစ် မြင်ခဲ့သည်။ သို့သော် သူတို့သည် သူ့ကိုနှုတ်ပင်မဆက်ဘဲ ထွက်သွား ခဲ့သည်။
“မုယဲ့ချီ ကျားနန်ရှင်း” လုယန်၏ အစေခံသည် တောင်ထိပ်ဘေးမှ သူတို့ နှစ်ယောက်ကို ခေါ်လေသည်။
“ငါတို့ ဘာကူညီပေးစရာရှိလို့လဲ”
“ယူယူက ခင်ဗျားတို့အတွက် ဒါချန်သွားပါတယ်” သူသည် သူတို့ကို သေတ္တာနှစ်လုံးပေးပြီး ပြောလိုက်သည် “အဲဒီမှာ တွေ့မယ်လို့ ယူယူပြောခဲ့ပါ တယ်”
“သူမ..”
မုယဲ့ချီ ပြောခဲ့သည့်စကားကို ပြန်တွေးမိသောအခါ ကျားနန်ရှင်း မှင်တက် မိသွားသည်။ သူသည် သေတ္တာကိုသိမ်းကာ နှစ်ယောက်သား ထွက်လာခဲ့လိုက် ကြသည်။ ဂီတဂိုဏ်းမှထွက်လာချိန်တွင် မုယဲ့ချီသည် မနေနိုင်တော့ဘဲ ပြော လေသည် “ငါတို့နှစ်ယောက်လုံးက အဲဒီကနေလာတယ်ဆိုတာကို သူမက ဘယ်လိုသိတာလဲ”
ကျားနန်ရှင်းသည်လည်း ထိုအကြောင်းကို ထူးဆန်းနေသည် “ဖူရှီများ သူမကို ပြောလိုက်တာလား”
“သူ ဘယ်သူလဲဆိုတာ ငါတို့သိတယ်လေ.. ဒါပေမဲ့ ငါတို့ကို သူမှမသိတာ သူက ဘယ်လိုလုပ် ငါတို့သရုပ်မှန်ကိုသိမှာလဲ” မုယဲ့ချီ ပြောလိုက်သည်။
“ဒါဆို သူမက ဘယ်လိုသိတာလဲ”
“ငါတို့မသိတဲ့ကိစ္စတချို့ရှိလို့နေမှာပေါ့” ကျားနန်ရှင်းသည် သူမ ပေးခဲ့ သည့် သေတ္တာဖွင့်လိုက်ရာ အထဲတွင် သေးငယ်သောအစီအရင်တစ်ခုရှိနေသည် ကို တွေ့လိုက်ရသည်။ သူတို့သည် ထိုအရာကိုသုံးရန်မလိုအပ်ပေ။ ထို့ကြောင့် အသုံးပြုရန်အတွက်မဟုတ်ဘဲ အမှတ်တရသိမ်းဆည်းရန်ဖြစ်သည်။
“သူမက ငါတို့ကို အဲဒီမှာတွေ့မယ်လို့ ပြောထားမှတော့ သူမက အဲဒီကို သွားဖို့အစီအစဉ်ရှိနေတာပဲ.. အဲဒါဆို ငါတို့လည်း ပြန်ကြတာပေါ့”
“အင်း ထွက်ခွာခြင်းစာမေးပွဲအတွက် ပြင်ကြတာပေါ့”
ထိုအချိန်တွင် ရှီမာယူယူသည် လျှို့ဝှက်ဂိုဏ်းနှင့် ဝေးကွာသော နေရာသို့ ရောက်နေပြီဖြစ်သည်။ သူတို့သည် သားရဲပျံပေါ်ထိုင်နေပြီး မရဏာလေလံပွဲဆီ သို့ပျံသွားနေကြသည်။
“မုယဲ့ချီနဲ့ ကျားနန်ရှင်းတို့က တကယ်ပဲ ငါတို့ဘက်ကလား” ဖူရှီသည် ရှီမာယူယူ ပြောပြသည်ကို နားထောင်ပြီး တအံ့တတဩအော်လိုက်မိသည်။
“မင်းမသိဘူးလား” ဖူရှီ သိသော်လည်း ထုတ်ဖော်မပြောခြင်းဖြစ်လိမ့် မည်ဟု ရှီမာယူယူ ထင်ထားခဲ့သည်။
“ငါတို့ဆီမှာ မုယဲ့မျိုးနွယ်နဲ့ ကျားနန်မျိုးနွယ်တော့ရှိတယ်.. ဒါပေမဲ့ သူတို့ ကိုမြင်တာကို ဘယ်လိုလုပ် မမှတ်မိရတာလဲ” ဖူရှီသည် မာနကြီးသည်ဟု ပြော မရသော်လည်း ခပ်တန်းတန်းနေသူဖြစ်သည်။ တခြားလူတွေကို သူ ဘာလို့ အရေးစိုက်နေရမှာလဲ။
“မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ပေးထားတယ်လို့ တောင် ငါကထင်နေတာ” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့က ငါ့ကိုသိတယ်လို့ ပြောလိုက်တာလား” ဖူရှီ မေးလိုက်သည်။
“မင်း ဘယ်လိုထင်လို့လဲ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းလိုမျိုး နာမည်ကြီးကို ဘယ်သူကမသိဘဲနေမလဲ”
“အမှန်ပဲ နာမည်ကြီးရတာလည်း ပင်ပန်းလိုက်တာ” ဖူရီသည် ဘဝင်မြင့် သောအသံဖြင့် သက်ပြင်းချလေသည် “ငါတောင် မသိတာ မင်းဘယ်လိုလုပ်သိ တာလဲ”
“ချန်ကျိုးပြောတာလေ” ရှီမာယူယူ ဆက်ပြောလေသည် “အရင်တုန်းက သူ အဲဒီမှာနေလာခဲ့တော့ သူတို့ကိုမြင်ဖူးတယ် အဲဒါကြောင့် သူငါ့ကိုပြောတာပဲ”
“ဪ သိပြီ မင်း အဲဒီကိုသွားမယ်ဆိုတာ မုယဲ့ချီသိရင် နှုတ်မဆက်ဘဲ ထွက်လာတာကို ညည်းညူနေတော့မှာမဟုတ်ဘူးမလား”
“အဲဒါတော့ ငါလည်းမတတ်နိုင်ဘူး.. သူတို့ကို စောင့်နေရင် နှောင့်နှေး သွားမှာလေ.. ငါတို့တွေ တိုးတိုးတိတ်တိတ် ထွက်သွားရဦးမယ်လေ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ နားလည်မှာပါ”
“ငါတို့ မရဏာာလေလံပွဲကိုရောက်ရင် ဝင်လေလံပြိုင်မှာလား မဟုတ်ရင် သူမကို ပြန်ပေးဆွဲမှာလား” ဖူရှီသည် စိတ်လှုပ်ရှားစွာ မေးလေသည်။
သူမ မည်သို့ပင် ရွေးချယ်စေကာမူ သူ သဘောကျသည်။
“သူမကို ပြန်ပေးဆွဲတာက လက်တွေ့မကျဘူး” ဝူလင်းယူ ပြောလိုက် သည်။
“အမှန်ပဲ အစီအစဉ်ကောင်းကောင်းလေးနဲ့ သွားရမယ်” ရှီမာယူယူ ပြော သည်။
သည်တစ်ကြိမ်တွင် မရဏာလေလံပွဲသည် အလွန်သတိထားသည်။ လေလံပွဲတိုင်းသည် မတူညီသောနေရာတွင် ပြုလုပ်လေ့ရှိသည်။ သူတို့သည် ပုံမှန်ဖောက်သည်များကို ဖိတ်စာပေးပို့ပြီး ဖိတ်စာရရှိသူများသည် ပါဝင်နိုင်၏။ ဟုတ်ပါသည်.. ဤဖိတ်စာများကို ဖောက်သည်အသစ်ရလာရန်အတွက် လက်ဆောင်အဖြစ်လည်း ပေးသည်။ ထိုသို့ဆိုလျှင်တောင် လေလံပွဲတည်နေ ရာကို မသိနိုင်ဘဲ ပွဲလုပ်မည့်နေမှသာ သိကြခြင်းဖြစ်သည်။
ပြီးနောက် နေရာများမှာလည်း တောင်ပေါ်များ၊ မြစ်အောက်ခြေ၊ ကတုတ်ကျင်းများအစရှိသဖြင့် မတူညီတတ်ပေ။ ထိုနေရာများသည် အတိအကျမရှိသော်လည်း သူတို့နောက်မှ နောက်ယောင်ခံလိုက်လျှင်တောင် သူတို့၏ လေလံပွဲနေနရာနှင့်မပတ်သက်သည့် နေရာကိုရောက်သွားမည်ဖြစ် သည်။
သူတို့ကို တွင်းသုံးပေါက်တွင်နေထိုင်သည့် ယုန်တစ်ကောင်အဖြစ် ဖော်ပြ ရန်ပင်မလုံလောက်သည်ဟု ရှီမာယူယူ ခံစားမိသည်။ ပစ်ချက်တိုင်းတွင် သေနတ်ပြောင်းသည်နှင့်တူသည်။
“ကံကောင်းလို့ အဲလူတွေက နောက်လေလံပွဲလုပ်မယ့် နေရာကိုသိနေကြ လို့.. မဟုတ်ရင် ငါတို့တွေ ဘယ်သွားရှာရမှန်းသိမှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့တွေ အဲဒီကိုရောက်ရင် အလောတကြီးမလှုပ်ရှားရ ဘူးနော်”
***