← Chapters

အဖမ်းခံခြင်း

Vol. 146 Ch. 2038

အဖမ်းခံခြင်း

Vol. 146 Ch. 2038

ရော့ရွှေမြို့ကြီးသည် တစ္ဆေလောကနှင့် ဝိညာဉ်နယ်မြေအကြား ရှည် လျားသော နယ်နိမိတ်တွင် တည်ရှိသည်။ စည်ကားဖြစ်ထွန်းသော မြို့ကြီးသည် တြိဂံဒေသအနီးတွင် ရှိသည်။

အရင်ကဆိုလျှင် မရဏာလေလံပွဲများသည် မြို့ငယ်နှင့် အလယ်အလတ် အဆင့်ရှိသော မြို့များကိုသာ ရွေးလေ့ရှိပြီး ယခုလို အချက်အချာကျသော မြို့ ကို ရွေးချယ်သည်မှာ ရှားပါးသည်။

ရှီမာယူယူနှင့် တခြားသူများ ဤနေရာသို့ ရောက်သောအခါ မည်သူမှ သတိမပြုမိကြပေ။ ထို့အပြင် နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေသော လူများ မှာ များပြားလွန်းသဖြင့် သူတို့သည် ထင်ပေါ်ခြင်းမရှိပေ။

သူတို့တွင် သဲလွန်စမရှိသဖြင့် တည်းခိုရန် တည်းခိုဆောင်သို့ သွားလိုက် ကြသည်။ ကံကောင်းစွာပင် ဤမြို့တွင် တည်းခိုဆောင်များစွာရှိသဖြင့် အခန်း လွတ်သော တည်းခိုဆောင်ကိုရှာ၍ရသည်။

“ဒီမရဏာလေလံပွဲက ရော့ရွှေမြို့မှာလုပ်မယ်ဆိုတာကို တော်တော်များ များ သိကြတဲ့ပုံပဲ” သူတို့ လျှောက်လာသည့်လမ်းတွင် ထိုအကြောင်းများကို ပြောနေကြသည်ကို ကြားခဲ့ကြသည်။

“ဒါဆိုလည်း ရှာရတာ မခက်တော့တာပေါ့” ဝူလင်းယူနှင့် ရှီမာယူယူတို့ သည် ပြတင်းပေါက်ဘေးတွင်ရပ်နေပြီး အောက်မှ ပျားပန်းခတ်နေသော လူ အုပ်ကြီးကို ကြည့်နေကြသည်။

“ဒီနှစ်တွေမှာ မရဏာလေလံပွဲက ပိုပိုပြီးအင်အားကြီးလာတယ်” ဟိုင်ရှင်း ပြောလိုက်သည်။

မဟုတ်လျှင် သူမတို့သည် ရှီမာယူယူကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။

“ဒီနောက်ကွယ်က ကြိုးကိုင်တဲ့သူကို နည်းနည်းသိချင်တာပါ” ရှီမာယူယူ ပြောလိုက်သည် “လင်းယူ ပြောပါဦး ကျွန်မတို့ မိရင် နောက်ကွယ်ကလူကို သိ ရမှာလား”

“ဘာလုပ်ချင်ပြန်ပြီလဲ” သူသည် ခနဲ့သောအပြုံးဖြင့် မေးလေသည်။

ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “မှန်းမိပြီးပြီမဟုတ်ဘူးလား”

“ထပ်ပြီး တဇွတ်ထိုးလုပ်ဦးမလို့လား” ဝူလင်းယူသည် သူမကို မစွန့်စား စေလိုသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ဒေါ်လေးက ဒီလေလံပွဲမှာ ပါမလားဆိုတာ သိချင်တယ် ဒါပေမဲ့ လေလံပွဲရောက်တဲ့အထိ မစောင့်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကို ရန်သူရဲ့ စစ်စခန်းအတွင်းထဲ ဝင်မှသိမှာပဲ”

“မင်းက သွားကစားချင်နေတာနဲ့ ပိုတူတယ်” ဖူရှီသည် ချက်ချင်းပင် သူမ ၏ ဆင်ခြေကို ထုတ်ဖော်တော့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရည်ရွယ်ချက်က အတူတူပဲလေ” ရှီမာယူယူသည် လည်း မငြင်းဆန်ပေ။ တကယ်တော့.. သူမ မကစားချင်ပေ။ သို့‌သော် နောက် ကွယ်မှလူကို ထုတ်ဖော်ခြင်းသာဖြစ်သည်။

“သခင် ကျွန်တော်နဲ့ အစ်မကိုသွားခွင့်ပြုပါ” ဟိုင်ရှီး ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့ကို အရင်ကတည်းက ဖမ်းချင်နေတာ လေ”

“မင်းတို့နှစ်ယောက်သွားရင် လေလံပွဲကို တိုက်ရိုက်ရောက်သွားမယ် ထင် တာပဲ” ဖူရှီ၏ စကားများသည် နားဝင်ဆိုးလှသော်လည်း အမှန်ဖြစ်သည်။

“ဖူရှီ ပြောတာမှန်တယ်.. မင်းတို့တွေ အဖမ်းခံရပြီး ငါတို့မရှာနိုင်ဘူးဆို ရင် ထပ်ပြီးလေလံပစ်ခံနေရမယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ဒါပေမဲ့ မင်းတို့ရဲ့ သရုပ်မှန်ကိုသုံးဖို့တော့ လိုတယ်”

“ဟင်”

ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ဝိညာဉ်စေတီထဲသို့ ထည့်ခြင်းကိုခံလိုက်ရ သည်။ သူမသည် ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်ပြီး ဟိုင်ရှင်း အသွင်ပြောင်းကာ မီအာသည် ဟိုင်ရှီးအသွင်ပြောင်းမည်။

ဝူလင်းယူသည် သူမကို မတားနိုင်သဖြင့် လွှတ်ထားရတော့သည်။

“မင်းသွားပြီး အမိခံချင်ယောင်ဆောင်မယ်.. ပြီးရင် ကိုယ်က ဖိတ်စာရလာ မယ်.. မင်း လေလံပစ်ခံရရင် ကိုယ်မင်းကိုဝယ်မယ်.. အဲလိုဆို မင်းက ကိုယ့် အပိုင်ဖြစ်သွားပြီ” ဝူလင်းယူ ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြုံးလိုက်သည် “ဒါဆို ပိုက်ဆံပေးပိုပြင်ထား လိုက်ဦး”

ဝူလင်းယူသသည် သူမ၏ အပြုံးကြောင့် စိတ်လှုပ်ရှားသွားကာ သူမ၏ အလှကို အမှန်တကယ် မြည်းစမ်းချင်လာသည်။ သူ့ဘေးတွင် မီးလုံးကဲ့သို့ ကြီးမားသော မျက်လုံးနှစ်လုံးကြောင့် သူ့အတွေးများကို ချုပ်တည်းလိုက်ရ သည်။

“ကိုယ် ဖိတ်စာလိုက်ရှာလိုက်ဦးမယ်” သူသည် တည်ငြိမ်သော မျက်နှာ ဖြင့် လှည့်ထွက်သွားလေသည်။ သူ တံခါးဆီသို့လျှောက်သွားချိန်တွင် ဖူရှီလိုက် မလာသည်ကို သိလိုက်ရသည်။ သူ၏မျက်နှာမှာ မည်းနက်သွားပြီး ပြောလိုက် သည် “မင်းကို ငါ ဖိတ်ရဦးမှာလား”

“ကျွန်တော်…” သူ ရှီမာယူယူနှင့် သွားချင်သည်ဟု ဖူရှီ ပြောချင်သည်။ သို့သော် ဝူလင်းယူ၏ မျက်နှာကိုမြင်သောအခါ နှစ်ခါပြန်စဉ်းစားရသည်။ ဒီလူ က အခုစိတ်တိုပြီး သဝန်တိုနေတာ.. အဲတော့သူနဲ့သွားမရှုပ်တာကောင်းမယ်။

ဝူလင်းယူသည် ဖူရှီကို ခေါ်ပြီးထွက်သွားသည်။ ရှီမာယူယူနှင့် ဟိန်းသံ ထောင်ချီတို့ပေါင်းပြီး ဟိုင်ရှင်းအဖြစ်ပြောင်းကာ မီအာသည် ဟိုင်ရှီးအဖြစ် ပြောင်းလိုက်သည်။

“ငါ့ကိုထွက်လာခိုင်းတဲ့အချိန်တိုင်း ဒါမျိုးလုပ်ခိုင်းဖို့ချည်းပဲ.. မင်းက ငါ့ အဆင့်ကို နိမ့်သွားအောင်လုပ်နေတာပဲ” မီအာသည် အလွန်ပင် မကျေမနပ်ဖြစ် နေသည်။ ဘယ်လိုလုပ် ဒီလိုကိစ္စတွေကိုပဲ လုပ်နေရတာလဲ။

“မင်းက တခြားဟာလုပ်ချင်သေးလို့လား အမည်းလေးနဲ့ ကစားချင်တာ လား” ရှီမာယူယူသည် ပြုံးပြီး ပြောလေသည်။

“ဟင်း.. ငါတို့ ဘာလုပ်ရမှာလဲ မြန်မြန် မြန်မြန်”

ရှီမာယူယူမှာ “….”

သူတို့နှစ်ယောက်သည် လမ်းပေါ်ထွက်ပြီး ဘာမှမလုပ်ပေ။ ည့ဉ်နက် သည်အထိ လမ်းပေါ်တွင် လျှောက်သွားပြီးနောက် လမ်းကြားလေးတစ်ခုတွင် အဖမ်းခံလိုက်ရလေသည်။

သူတို့နှစ်ယောက်သည် ကိုယ့်ဇာတ်ရုပ်ကိုယ် ပိုင်နိုင်အောင်လုပ်ပြီး မှောင် မည်းနေသော အိမ်ဆီသို့ ခေါ်သွားခံလိုက်ရလေသည်။ သူတို့နှစ်ယောက်ကို ချည်တုပ်ထားပြီး မကြာမီတွင် တံခါးအပြင်ဘက်မှ လူများစကားပြောနေသည် ကို ကြားလိုက်ရသည်။

“သူတို့က ဟိုင်မျိုးနွယ်က မောင်နှမဆိုတာသေချာလား”

“မိုဝေ့ အရင်ကပို့ထားတဲ့ ပုံနဲ့တိုက်ကြည့်တော့ တကယ်ပဲ သူတို့မှန်တယ်”

“သူတို့က ဘာလို့ ဒီမှာပေါ်လာတာလဲ”

“ငါတို့ ပို့လိုက်တဲ့လူတွေက သေသွားကြပြီ. အဲဒါကြောင့် ဟိုင်မြန့်က ငါတို့ နဲ့ရှိတာကို သိသွားတာြဖစ်မယ်.. သူတို့က ဟိုင်မြန့်ကိုကယ်မ်ဆိုပြီးတော့ ဒီနေ့ လမ်းမှာသတင်းဖြန့်နေတာပဲ”

“သူတို့ လူဘယ်နယောက်လဲ ရှီမာယူယူရော ဒီမှာရောက်နေတာလား”

“မဟုတ်ဘူး သူတို့နှစ်ယောက်တည်းပဲ ဘယ်သူမှမပါဘူး”

“သူတို့နှစ်ယောက်တည်းပဲလား သူတို့က အတုတွေလား.. ရှီမာယူယူ လည်းရောက်နေလားဆိုတာ လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်ဦး”

“တစ္ဆေလောကက မင်းသမီးလေး တစ်ယောက်လောက်ကိုများ အဲလောက်တောင် သတိထားဖို့လိုလို့လား.. သူမ လာရင်တောင် လေလံပွဲကို သက်ရောက်မှုရှိမှာမို့လို့လား”

“မင်းက ဘာသိလို့လဲ.. ဒီရှီမာယူယူက သူမတူဘူး သတိထားတာ ကောင်း တယ်”

“တစ္ဆေဘုရင်က သေသွားပြီလေ.. ပြီးတော့ သူမက မင်းသမီးလေးတစ် ယောက်ပဲ ဘာများလုပ်နိုင်မှာမို့လို့လဲ”

“သတိထား”

“တွက်ချက်ထားတာ ကောင်းတယ် ငါတို့တွေ…”

“ဟုတ်ပါပြီ.. မင်းပြောတာ အကုန်မှန်ပါတယ် ရှီမာယူယူလည်း ရောက် နေလားဆိုတာ သွားစစ်ကြည့်သင့်တယ် မဟုတ်ရင် ငါတို့ကြီးကြပ်ရေးမှူးက စိတ်ချမှာမဟုတ်ဘူး”

“ဟုတ်ကဲ့ပါ”

“ဟုတ်ပြီ ဟိုင်မျိုးနွယ်က နှစ်ယောက်ကို သွားကြည့်ရအောင်”

ထိုလူများသည် သတိကြီးလှသည်ကို တွေးပြီး ရှီမာယူယူ စိတ်ထဲမှ သက်ပြင်းချမိသည်။ ထို့ကြောင့်ပင် သူတို့ကို မည်သူမှ အချိန်ကြာသည့်တိုင် အောင် ရှာမတွေ့ခြင်းပင်။

တံခါးပွင့်လာပြီး အပြင်မှ အလင်းတန်းဝင်လာသည်။ လူသုံးယောက် သည် အပြင်မှအထဲကိုဝင်လာသည်။ အစောက တံခါးရှေ့တွင် စကားပြောသည့် လူသုံးယောက်ဖြစ်လိမ့်မည်။

“ကြီးကြပ်ရေးမှူး ဒါက မိုဝေ့ပို့လိုက်တဲ့ပုံတူပါ” ဘဏ္ဍာစိုးတစ်ဦးသည် သက်လတ်ပိုင်းအရွယ် လူကြီးကို ပန်းချီကားနှစ်ချပ်ပေးလိုက်သည်။

ကြီးကြပ်ရေးမှူးသည် ပုံတူကိုကြည့်ပြီးနောက် ကြိုးတုတ်ထားသည့် နှစ် ယောက်ကို ကြည့်ကာ ပြောလေသည် “တကယ်ပဲ သူတို့ပဲ.. သူတို့ကို သေချာ စောင့်ကြည့်ခိုင်းထားလိုက်.. ဟိုင်မျိုးနွယ်သာ သွေးသားနိုးထလာရင် ဈေးကောင်းရမှာပဲ”

“ကြီးကြပ်ရေးမှူး စိတ်မပူပါနဲ့ သူတို့တွေ အိပ်နေတုန်းပါ လေလံပွဲမတိုင် ခင်ထိ မနိုးပါဘူး” ဘဏ္ဍာစိုး အာမခံလေသည်။

“ဒီလူနှစ်ယောက်နဲ့ ဟိုင်မြန့်ကိုပါ ပေါင်းလိုက်ရင် ဒီတစ်ခါတော့ ပိုက်ဆံ အများကြီးရမှာပဲ” အလယ်မှလူငယ်သည် မျက်လုံးများအရောင်တောက်ကာ ပြောလေသည်။

“သခင်လေး ဟိုင်မြန့်က ဒီလေလံပွဲစာရင်းထဲမပါသေးပါဘူး” ဘဏ္ဍာစိုး ပြောလေသည်။

“မပါဘူးဟုတ်လား သူမ ရောက်နေပြီလို့ မပြောခဲ့ဘူးလား”

“ကြားထဲမှာ ကိစ္စတစ်ခုဖြစ်သွားလို့ပါ.. သူမကို ခေါ်သွားလိုက်ပြီ” ကြီးကြပ်ရေးမှူး ပြောလေသည်။

“သူမကို ဘယ်သူခေါ်သွားတာလဲ.. လေလံမဆွဲဘဲနဲ့ ဘာလို့ရောင်းလိုက် တာလဲ”

“မမေးပါနဲ့တော့ တစ်ဖက်လူက ကမ်းလှမ်းတဲ့ပမာဏက လေလံဆွဲလို့ ရတဲ့ငွေထက်တောင်မြင့်နေသေးတယ်”

“အိုး ဒါဆိုလည်း ဟုတ်ပြီ”

“သတင်းက လွှင့်ပြီးနေပြီ.. ဒါပေမဲ့ ကံကောင်းလို့ သူတို့နှစ်ယောက်က နေရာဖြည့်ပေးလိမ့်မယ်” သခင်လေး ပြောလေသည် “အခု လေလံပွဲရောက်ဖို့ နှစ်ရက်ပဲလိုတော့တယ်.. ငါကစားပြီးတော့ သက်ရောက်မှုကောင်းလားဆိုတာ ကြည့်ရမယ်.. တကယ်ပဲ သက်ရောက်မှုရှိရင် သူမကို ငါ့အတွက်ထားလိုက်.. ဘယ်လိုပဲဖြစ်ဖြစ် ဟိုင်မျိုးနွယ်က တစ်ယောက်ကို ရောင်းမယ်လို့ပဲပြောထား တာလေ”

“သခင်လေး ကစားချင်သလောက်ကစားလို့ရပါတယ် ကျေးဇူးပြုပြီး သူမ ကိုတော့ အသက်ရှိအောင်ထားပေးပါ” ကြီးကြပ်ရေးမှူးပြောလေသည်။

“သွား ဒီမိန်းကလေးကို ငါ့အခန်းထဲထည့်လိုက်…”

***

All Chapters