← Chapters

အဆိပ်မိခြင်း

Vol. 146 Ch. 2039

အဆိပ်မိခြင်း

Vol. 146 Ch. 2039

သူမကို ကောက်ယူပြီး လူတစ်ယောက်၏ ပခုံးပေါ်ထမ်းသွားခံရကာ အိမ် တစ်အိမ်ဆီသို့ ခေါ်သွားခံရသည်ကို ရှီမာယူယူ ခံစားမိသည်။

အခန်းမှာ ကောင်းမွန်စွာ အလှဆင်ထားသည်။ သို့သော် အမွှေးရနံ့မှာ ပြင်းထန်လွန်းပြီး မနှစ်မြို့စရာပင်။

သူမကို ကြမ်းပြင်ပေါ်သို့ ပစ်လိုက်သည်။ သူမတစ်ကိုယ်လုံးကို ထူထဲ‌ သော ကော်ဇောြဖင့် ပတ်ထားသော်လည်း ပလုံးပထွေးပြောမိသည်။

“ဟင်း သေစမ်း အိပ်ရာပေါ်မချရင်တောင် ခုံလေးပေါ်တော့ တင်သင့်ပါ တယ်.. ကြမ်းပြင်ပေါ်ချရင်တောင် ညင်ညင်သာသာလေး မလုပ်နိုင်ဘူးလား” ရှီမာယူယူသည် မျက်လုံးမှိတ်ကာ စောဒကတက်မိသည်။

သူမကို ပစ်လိုက်သောလူသည် အိမ်အပြင်သို့ထွက်လာပြီး အပြင်တွင် စောင့်နေသော အစေခံနှစ်ယောက်ကို ပြောလိုက်သည် “သခင်လေးက မိန်းကလေးတစ်ယောက် ထပ်ရှာတွေ့ပြန်လာပြီ.. မင်းတို့တွေ သူမကို မြန်မြန် ဆေးကြောသန့်စင်ပေးထားလိုက် သခင်လေးက ခဏနေပြန်လာလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

အစေခံများသည် တရိုတသေတုံ့ပြန်လေသည်။ ထိလူထွက်သွားပြီး နောက် အစေခံများသည် တစ်ခါတည်း ပြောင်းလဲသွားသည်။ သူတို့သည် ရှီမာ ယူယူဆီသို့လာပြီး ပြောကြလေသည် “ဟဲ့ သူမက ကြည့်လို့လည်းမကောင်းဘူး သခင်လေး စိတ်ဝင်စားအောင် ဘယ်လိုများလုပ်လိုက်လဲမသိဘူး”

“ဟိုင်မျိုးနွယ်က ဟိုင်ရှင်းနဲ့ ဟိုင်ရှီးတို့ကို မိလာတယ်ကြားတယ်.. ဒီမိန်းမ က ဟိုင်ရှင်းများလား”

“ဟိုင်ရှင်းဟုတ်လား အဲဒီကျင့်စဉ်ဖိုလား” မောက်မာသော အသံမှာ အထင်သေးမှုအပြည့်နှင့် “ဒီလိုလူမျိုးက လူတွေနဲ့အိပ်ဖို့ မွေးလာတာပဲ.. သခင် လေးက သူမရဲ့ ပထမဆုံးယောက်ျားလေးဖြစ်လာတာကိုက သူမကံကောင်းနေ ပြီ”

“မက်မွန်သီး နင် မနာလိုနေတာလား အချဉ်နံ့တွေရနေတယ်”

“နင်ရော မနာလိုတာပဲမဟုတ်ဘူးလား”

“ဟဲ့ သခင်လေးက ခဏပဲကစားတာလေ.. ပြီးတော့ သူ့အကြိုက်က ငါတို့ ပဲ.. မဟုတ်ရင် သူ့ဘေးမှာ ငါတို့ကိုထားမှာမဟုတ်ဘူး”

“ငါလည်း အဲဒါသိတယ်လေ.. ဒါပေမဲ့ ဒီလူတွေကိုကြည့်ရာ စိတ်အဆင် မပြေဘူး”

“ငါ နားလည်တယ်.. ဒါပေမဲ့ အခုတော့ သူမကိုခေါ်ပြီး သန့်စင်ပေးရဦး မယ် မဟုတ်ရင် သခင်လေးစိတ်တိုလိမ့်မယ်”

“အိုး သွားကြမယ်”

“ဘုန်း ဘုန်း”

သူတို့ ရှီမာယူယူကို မတွေ့ရခင်မှာပင် လဲကျသွားသည်။

ရှီမာယူယူသည် မျက်လုံးဖွင့်ပြီး စူးရှသောအမွှေးနံ့များပြည့်နေသည့် အခန်းကိုရွံရှာစွာကြည့်လိုက်သည်။ အတွေးတစ်ချက်နှင့် အထဲမှ အမွှေးနံ့ထွန်းထားသည်မှာ ပြတ်တောက်သွားသည်။ သို့သော် စူးရှသောအနံ့သည် အခန်းထဲတွင် စွဲကျန်နေတုန်းပင်။

“ရွံဖို့ကောင်းလိုက်တာ” ရှီမာယူယူသည် ကြမ်းပေါ်မှထပြီး အစေခံနှစ် ယောက်ကို ကြည့်လိုက်သည်။

သူမသည် အခန်းကို ခေတ္တမျှလှည့်ပတ်ကြည့်ပြီးနောက် နတ်ဆိုးအပြုံး ပေါ်လာလေသည်။

“မင်းက ကစားတာကြိုက်မှတော့ အချိန်ကောင်းလေး ပေးရမှာပေါ့”

အပြင်မှ လှုပ်ရှားသံကြားသည်နှင့် သူမ ဝိညာဉ်စေတီအတွင်းသို့ ဝင်လိုက် သည်။

ခဏအကြာတွင် လန်ယွဲ့သည် တံခါးဖွင့်ပြီး ဝင်လာသည်။ သူသည် အိပ်ရာကိုအရင်ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် အဝတ်မပါသည့်မိန်းကလေး သည် ခေါင်းငိုက်စိုက်ကျကာ လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ ဟိုင်ရှင်းဖြစ်သလားကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။

သူသည် သံသယလုံးဝမရှိပေ။ သူ့နယ်မြေအတွင်းတွင် မည်သူမှ ဘာမှ မလုပ်ရဲကြပေ။

သို့သော် ယနေ့ရနံ့မှာ ဖျော့နေပြီး သူ့အကြိုက်နှင့် အနည်းငယ် ကွဲလွဲနေ သည်။ ကိစ္စဝိစ္စပြီးမှပင် သူတို့ကို ပြောရတော့မည်။ သူတို့သည် သူ့အကြိုက်နှင့် လိုက်ပြီး သေချာမလုပ်ပေ။ နောက်တစ်ခါဖြစ်လျှင် သူတို့နှစ်ယောက်ကို လူလဲ ပစ်မည်။

သူသည် အိပ်ရာဆီသို့လာရာ အိပ်ရာပေါ်မှလူကို မြင်လိုက်ရလေသည်။ သူ၏သွေးများ ဆူပွက်လာသည်ကို ခံစားမိပြီး တခြားဘာကိုမှ စိတ်ထဲမတွေးမိ တော့ပေ။

ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် ပုန်းနေပြီး ကလေးတွေ ကြည့် ရန်မသင့်တော်သည့် အပြင်မှမြင်ကွင်းကိုမြင်သောအခါ ဝိညာဉ်လေးကို စောင့် ကြည့်ရန်ပြောပြီး သူမသည် ဝိညာဉ်အသီးယူကာ ရှီမာလျူရွှမ်ကို သွားရှာလေ သည်။

ရှီမာလျူရွှမ်သည် သူသဘောအကျဆုံးဖြစ်သည့် တောင်ကမ်းပါးအစွန်း တွင်ရှိနေသည်။ သူသည် ထိုနေရာတွင်ထိုင်ပြီး အဝေးကိုကြည့်ရသည်ကို နှစ်သက်သည်။ ကစဥ့်ကလျားမြစ်ရေသည် တောင်ကြားအောက်တွင် စီးဆင်း နေခြင်းကြောင့် ရေထဲတွင် ကြာရှည်စွာစိမ်လိုက်ပါက သူ့တွင်ရှေးဟောင်း ရောင်ဝါရလာစေသည်။

ဝိညာဉ်စေတီအတွင်းတွင် ကြာရှည်စွာနေလာခဲ့ပြီး ရှီမာယူယူသည် သူ့ကို တစ်ခါတစ်ခါ အပြင်သို့ခေါ်ထုတ်ပေးခဲ့သည်။ သူသည် ဤနေရာတွင် အချိန် ကြာမြင့်စွာနေလာသဖြင့် တစ်ကိုယ်လုံးသည် ကမ္ဘာ့အပြင်ရောက်နေသလို ခံစားရသည်။

သူ၏ ငွေရောင်သမ်းနေသော ဆံပင်များကို ကြည့်ပြီး ရှီမာယူယူသည် အပြစ်မကင်းသလိုခံစားရသည်။ ထိုစဉ်က သူမသည် သူ့ကိုဝိညာဉ်စေတီမှ ထွက်သွားခွင့်ပြုလိုက်လျှင် တစ္ဆေလောကကို လိုက်လာရမည်မဟုတ်ပေ။ သည် တစ်ခေါက် ကိစ္စဖြေရှင်းပြီးလျှင် သူမသည် တစ္ဆေဘုရင်ဆီသို့သွားကာ လေး မျက်နှာအံ့ဖွယ်ချိပ်စည်းကို အတည်ပြုကာ မိခင်ဖြစ်သူကို မြန်မြန်ရှာပြီး မိသားစု ပြန်ဆုံစည်းအောင်လုပ်မည်။

ရှီမာလျူရွှမ်သည် တစ်စုံတစ်ယောက်လာနေသည်ကို ခံစားမိပြီး မျက်လုံး ဖွင့်လိုက်ရာ သူမကိုမြင်သည်နှင့် ပြုံးပြလေသည်။

“ယူယူ”

“အဖေ” ရှီမာယူယူသည် လျှောက်သွားပြီး သူ့ကို လင်းကော်ပေးလိုက် သည်။ သူမသည် ကော်ဇောထုတ်ကာ သူ့ဘေးတွင်ထိုင်လိုက်သည်။

ရှီမာလျူရွှမ်သည် လင်းကော်ကိုယူပြီး လက်ဖြင့်ကစားရင်းပြောလေသည် “ဘာလို့ဝင်လာတာလဲ”

“ဒီမှာခဏလာပုန်းတာ” ရှီမာယူယူသည် အပြင်မှကိစ္စများအားလုံးကို ပြောရန် စိတ်ကူးမရှိပေ။

“ဝူလင်းယူရော”

“သူက တခြားကိစ္စသွားလုပ်နေတယ်”

ရှီမာလျူရွှမ်သည် ဘာမှထပ်မပြောတော့ပေ။

“အဖေ”

“အင်း”

“ဟိုင်ရှင်းကိစ္စဖြေရှင်းပြီးသွားရင် အဘိုးကိုသွားရှာပြီး လေးမျက်နှာ အံ့ဖွယ်ချိပ်စည်းရှာပြီးရင် အမေ့ကိုကယ်မယ်” ရှီမာယူယူ ပြောလိုက်သည် “အဖေ သမီးကိုစောင့်ပေးပါ”

“ဟုတ်ပါပြီ” ရှီမာလျူရွှမ်သည် သူမ၏ ဆုံးဖြတ်ချက်ကို အပြစ်မတင်ပေ။ သူသည် သူမကို မကာကွယ်နိုင်သလို ဤမျှဒုက္ခခံခိုင်းရသည်ကိုပင် သူ့ကိုယ်သူ အပြစ်တင်မိသည်။ “သမီးလုပ်ချင်တာသာလုပ်ပါ သမီးအမေက ဒုက္ခခံနေရတာ မဟုတ်ကြောင်းသိရင် အဖေလည်း အရမ်းကြီးစိတ်မပူပါဘူး သမီးအမေနဲ့ အဖေ တို့က စောင့်နိုင်ပါတယ်”

တစ္ဆေဘုရင်သည် ချိပ်လဲရန်သွားကြောင်းကို ရှန်းရှန်းပြောပြခဲ့သည်။ ယွိခဲ့လော့သည် လွတ်လပ်ခြင်းမရှိသော်လည်း ဒုက္ခခံမနေရပေ။

“အဖေ သမီးတို့ သေချာပေါက် ပြန်ဆုံနိုင်မှာပါ” ထိုစကားသည် ဖခင်ဖြစ် သူကိုပြောသည်လား သူမကိုယ်သူမ ပြောမိသည်လားကို ရှီမာယူယူ မသိပေ။

ဤလမ်းမှာရှည်လျားလွန်းသည်။ သူမ စိတ်ထဲတွင် ယုံကြည်မှုမရှိလျှင် ယခုထိ တောင့်ခံနိုင်မည်မဟုတ်ပေ။

“အဖေ့ယူယူလေးက အကောင်းဆုံးပဲ သမီးဘာပဲပြောပြော ယုံတယ်” ရှီမာလျူရွှမ်သည် သူမ၏ခေါင်းကို ချစ်စနိုးဖြင့် ကိုင်လိုက်သည် “ဖြည်းဖြည်းပဲ သွား ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့”

“ဟုတ်ကဲ့ပါ” ရှီမာယူယူသည် သူ့လက်ကိုယူပြီး လက်မောင်းပေါ် ခေါင်း တင်ပြီးနောက် ပြုံးလိုက်သည်။

သူမသည် ဝိညာဉ်စေတီအတွင်းတွင် ရှီမာလျူရွှမ်နှင့် ကြာမြင့်စွာ စကား ပြောပြီးနောက် အချိန်ပြန်ည့်လုနီးပါးအရောက်တွင် ထွက်လာလိုက်သည်။

သူမ အပြင်သို့ရောက်သောအခါ လန်ယွဲ့သည် အိပ်မောကျနေကာ ပျော်ရွှင်နေသော မက်မွန်သီးသည် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသည်။ သူမ လျှောက်သွားကာ လန်ယွဲ့၏ ပါးစပ်ထဲသို့ ဆေးထည့်လိုက်သည်။

“အာ”

လန်ယွဲ့သည် ကြီးစွာသော နာကျင်မှုကြောင့် နိုးလာကာ မျက်လုံးဖွင့် လိုက်သည်နှင့် သူ့ရင်ခွင်တွင် ကိုယ်လုံးတီးနှင့်ရှိနေရမည့် ဟိုင်ရှင်းမှာ ရှေ့တွင် ရပ်နေသည်ကိုမြင်လိုက်ရသည်။

“မင်းက ဘာလို့ ဒီရောက်နေတာလဲ” သူသည် ဟိုင်ရှင်းကိုကြည့်ပြီး နောက် အချစ်များဖြင့် ဖုံးလွှမ်းနေသော မက်မွန်သီးကိုကြည့်လိုက်သည်။ အစောက အနံ့ကွဲပြားနေသည်ကို ပြန်တွေးမိပြီး ထောင်ချောက်မိသွားသည်ကို ချက်ချင်းပင် သိလိုက်ရသည်။

“သခင်လေးလန် သူတို့က ရှင့်အိပ်ရာပေါ်ကို နေ့တိုင်းတွားသွားချင်နေ ကြတာ.. အဲဒါကိုရှင်က ကျောက်စမ်းကိုဘယ်လို တန်ဖိုးထားရမှန်းမသိဘူးပဲ” ရှီမာယူယူ သက်ပြင်းချလေသည်။

“ဟိုင်ရှင်း မင်းက ငါ့ကိုအကွက်ဆင်ရဲတယ်” လန်ယွဲ့ အော်လေသည် “မင်းက သတိမမေ့ဘူးပဲ”

“တုံ့ပြန်မှုက အရမ်းမနှေးပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်း.. အာ.. ငါ့ကိုဘာလုပ်လိုက်တာလဲ”

“အဆိပ်ကလေး နည်းနည်းပေးလိုက်တာ” ရှီမာယူယူသည် ခပ်ပေါ့ပေါ့ပင် ပြောလေသည်။

“ငါ့ကိုဘာအဆိပ်ပေးလိုက်တာလဲ အဆိပ်ဖြေဆေးပေး” လန်ယွဲ့သည် လေသံသာထွက်လာသည်။ အသံမှာလည်း အားနည်းလွန်းသည်။

“ဖြေဆေးကို ပေးနိုင်ပါတယ် ဒါပေမဲ့ ငါဘာလိုချင်လဲဆိုတာ မင်းသိပါ တယ်” ရှီမာယူယူသည် ပုလင်းငယ်တစ်လုံးထုတ်ပြီး လက်ထဲတွင် ကစားနေ လေသည်။

လန်ယွဲ့သည် ပုလင်းငယ်ကိုမြင်သောအခါ မျက်လုံးများအရောင်တောက် လာသည်။ သို့သော် လှုပ်မရသောကြောင့် မေးလိုက်သည် “ဟိုင်မြန့်ဘယ်မှာလဲ ဆိုတာ သိချင်တာလား”

***

All Chapters