← Chapters

ဟိုင်မြန့်၏တည်နေရာ

Vol. 146 Ch. 2040

ဟိုင်မြန့်၏တည်နေရာ

Vol. 146 Ch. 2040

“ဉာဏ်ကောင်းတယ်” ရှီမာယူယူ ပြုံးလိုက်သည် “ဉာဏ်ကောင်းတဲ့လူ တွေနဲ့ စကားပြောရတာလွယ်တယ်”

“ဟန်မြန့်က ဒီမှာမရှိဘူး” လန်ယွဲ့သည် နာကျင်လွန်းသဖြင့် ချွေးအေး များပြန်လာသည် “ငါ့ကို အဆိပ်ဖြေဆေးအရင်ပေး.. သူမရဲ့ ရှိတဲ့နေရာကို ရှာပေးမယ်”

“ရှင့်ကို အရင်ပေးရမယ်ဟုတ်လား.. အဲဒါပြီးတာနဲ့ ကျွန်မကို သဘောတွေ ကောင်းပြီး လွှတ်ပေးမှာတဲ့လား.. ရှင်ပထမဆုံးလုပ်မှာက ကျွန်မကိုဖမ်းမှာပဲ မဟုတ်ဘူးလား” ရှီမာယူယူသည် လှောင်ပြောင်လေသည် “ဟိုင်မြန့်ဘယ်မှာ လဲ”

လန်ယွဲ့သည် လက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားကာ နာကျင်မှု သက်သာစေရန် ကြိုးစားလေသည်။ သို့သော် အသုံးမဝင်ပေ။

“မင်းက ဟိုင်ရှင်းမဟုတ်ဘူး” သူသည် ရှီမာယူယူကို စိုက်ကြည့်လေ သည်။

“မဟုတ်ဘူးလို့ ဘယ်သူပြောလဲ ရှင် ကျွန်မကိုအရင်ကမြင်ဖူးတာလည်း မဟုတ်ဘူး”

“ဟိုင်ရှင်းက ဟိုင်မြန့်ကို ‘ဒေါ်လေး’ လို့ခေါ်တာ” လန်ယွဲ့ပြောလေသည် “မင်းက ရှီမာယူယူပဲ”

“ဟားဟား ရှင်က တကယ်ထက်တာပဲ” ဤကဲ့သို့ ဉာဏ်ထက်သူသည် လမ်းမှန်အတိုင်းမသွားဘဲ အလှတရားပေါ်တွင် အချိန်ကုန်နေသည်မှာတော့ နှမြောဖွယ်ကောင်းသည်။

“တော်လောက်ပြီ” လန်ယွဲ့ ပြောလိုက်သည် “မင်းရုပ်ကို ဘယ်လိုပြောင်း လိုက်တာလဲ.. မင်းက တော်တော်လေးလှတယ်လို့ ပြောတယ် ငါတော့ အဲလို မထင်ဘူး”

ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည် “ရှင့်အခြေအနေက အဆင်ပြေနေတဲ့ပုံပဲ”

“ဘယ်ပြေမလဲ ငါ နာလွန်းလို့သေတော့မလိုဖြစ်နေတာ မမြင်ဘူးလား” လန်ယွဲ့ပြောလိုက်သည် “ကြည့်လေ ငါတို့မှာ ဘာပဋိပက္ခမှမရှိထားဘူး.. မင်းက ငါ့ကိုဟိုင်မြန့်ကိုထုတ်ပေးစေချင်တယ်.. ငါက မင်းကို အဆိပ်ဖြေဆေး ပေးစေချင်တယ်.. ငါ ဟိုင်မြန့်ကိုရှာပေးမယ် ပြီးတော့ မလိမ်ဘူးလို့လည်း ကတိ ပေးတယ်.. ငါ ပြန်ကောင်းသွားရင် စကားကောင်းကောင်းပြောတာပေါ့”

“ဒါဆိုလည်း ကောင်းပြီလေ ရှင့်ကို ပေးလိုက်ရင် အဆင်ပြေရင်ပြေသွား မှာပေါ့” ရှီမာယူယူသည် ပုလင်းကို လှုပ်ခါလေသည် “ရှင် ဒီလိုဖြစ်နေတော့ ဆွေးနွေးရတာလည်း ခက်တယ်”

သူမသည် လန်ယွဲ့ကို ပုလင်းပစ်ပေးလိုက်ရာ လန်ယွဲ့သည် ဆေးထုတ်ပြီး အနံ့ရှုကြည့်သည်။ အဆိပ်မဟုတ်သည်ကို သေချာသည်နှင့် စားလိုက်သည်။

ဆေး၏ သက်ရောက်မှုမှာ အလွန်မြန်ဆန်သည်။ အသက်အနည်းငယ် ရှိုက်လိုက်သည်နှင့်ပင် ဗိုက်မနာတော့ပေ။

“မင်းဆေးက တကယ်မိုက်တာပဲ” လန်ယွဲ့သည် လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားကာ ဘေးတစောင်းလှဲလိုက်သည်။ သူ၏အရေးကြီးသော အစိတ်အပိုင်းကိုသာ စောင်ဖြင့် ဖုံးထားသည်။

“ဟိုင်မြန့်ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မိုးကောင်းကင်ကြီးကပြာလဲ့ပြီး ရာသီဥတုက ချစ်စရာကောင်းနေတာ ကောင်ချောလေးက မိန်းမလှလေးနဲ့ တွဲဖက်ရမှာ.. ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ယောက်တည်း အခန်းထဲမှာရှိနေတာ တခြားလုပ်သင့်တယ်လို့ မထင်ဘူးလား” လန်ယွဲ့သည် သူမအား မျက်စိတစ်ဖက်မှိတ်ပြလေသည်။

“ဒီလိုအခြေအနေမှာတောင်မှ ဒီလိုလုပ်ဖို့အချိန်ရှိသေးတာလား” ရှီမာယူ ယူသည် ပြုံးလိုက်ရာ သူ့ကိုယ်သူစမ်းသပ်ကြည့်လေသည်။ သူ အဆိပ်မိနေသေး သည်ကို သိသည်နှင့် မျက်နှာထားပြောင်းသွားလေသည်။

“မင်း ငါ့ကိုအဆိပ်ဖြေဆေးပေးတာမဟုတ်ဘူးပဲ” သူသည် ဝမ်းနည်းကြီး စွာပြောလေသည်။

“ဟားဟား ရှင်ကပဲ ရိုးလွန်းတာလား ကျွန်မကပဲ တုံးနေလို့လား” ရှီမာယူယူ မေးလိုက်သည်။

“ဒါဆို ခုနက ငါ့ကိုဘာပေးလိုက်တာလဲ ယာယီဆေးလား”

“ဟုတ်တယ် ရှင့်ရဲ့ နာကျင်မှုကို ယာယီပျောက်အောင်လုပ်ပေးနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဟိုင်မြန့်ကိုရှာပေးမယ်ဆို တကယ့်အဆိပ်ဖြေဆေး ပေးမယ်”

“ငါ မင်းစကားနားထောင်မယ်လို့ မင်းကသေချာနေတာလား”

“ဟုတ်တယ်”

“ဘာလို့လဲ… မင်းက ငါ့ကိုမှမသိတာ”

“ဘာလို့လဲဆိုတော့ ရှင်က တဏှာစိတ်ကြီးတဲ့လူမို့လို့ပဲ”

“ငါက တဏှာစိတ်ကြီးလို့ ဟုတ်လား.. မင်းက ငါ့ရဲ့တဏှာစိတ်ကို အသုံး ချပြီးတော့ အလှနဲ့ထောင်ချောက်ဆင်ချင်တာလား”

ရှီမာယူယူသည် သူ့စကားများကို လျစ်လျူရှုလိုက်သည် “ဒီလိုမျိုး တဏှာ စိတ်ကြီးတဲ့ ၁၀ ယောက်မှာ ၈ ယောက် ၉ ယောက်လောက်တော့ သေဖို့ ကြောက်ကြတယ်… ရှင်က လူနည်းစုထဲမှာပါတယ်ဆိုရင်တော့ ကျွန်မ ကံမကောင်း ဘူးလို့ပဲပြောရမှာပေါ့.. ဒါပေမဲ့ ရှင်ကတော့သေမှာပဲ.. အဲဒါက ကျွန်မအတွက် ကိစ္စမရှိပါဘူး တခြားလူကိုမေးလည်း အတူတူပဲ”

“အဲတော့ မင်းက အရှုံးမရှိဘူးပေါ့” လန်ယွဲ့ ဒေါသထွက်လေသည် “ရှီမာယူယူကတော့ တကယ်ပဲ ရှီမာယူယူပဲ.. ဂုဏ်သတင်းတွေက အတုတစ်ခုမှ မပါဘူး”

“အဲတော့ ရှင်ဘာလုပ်မှာလဲ”

“ငါ့အစီအစဉ်က… သေချာပေါက် မင်းနဲ့ပူးပေါင်းမှာပေါ့” လန်ယွဲ့သည် ထိုင်ကာ စောင်လျှောကျသည်ကို ဂရုမစိုက်ဘဲ သူ၏ပြီးပြည့်စုံသော ခန္ဓာကိုယ် ကို ပေါ်လွင်စေသည်။ အရင်ဝတ်ထားသော အင်္ကျီများမှာ ပျက်စီးနေပြီဖြစ်ရာ မှော်ဝင်လက်စွပ်ထဲမှ အင်္ကျီအသစ်ကို ထုတ်ပြီး ဖြည်းဖြည်းချင်းဝတ်လေသည်။

ရှီမာယူယူသည် ရှက်ရွံ့မှုမရှိ တက်မက်ခြင်းမရှိဘဲ ကြည့်ရုံသာကြည့် နေသည်။

“သွားမယ်” သူသည် အင်္ကျီဝတ်ပြီး ထကာ အပြင်သို့ထွက်လာသည်။

“ဘယ်သွားကြမှာလဲ” ရှီမာယူယူသည် အနည်းငယ် ထိတ်လန့်သွားသော် လည်း တုံ့ပြန်မှုမပြပေ။

“ဟိုင်မြန့်ရဲ့ နေရာကိုမေးဖို့ပဲပေါ့” လန်ယွဲ့ ပြောလေသည် “ငါ ဟိုင်မြန့်ရဲ့ နေရာကို ရှာပေးမယ် အပြန်အလှန်အနေနဲ့ မင်းငါ့ကို အဆိပ်ဖြေဆေးပေးရမယ်”

“အရင်မေးပြီးမှ ပြန်ဆွေးနွေးကြတာပေါ့”

လန်ယွဲ့သည် သူမကို ကြီးကြပ်ရေးမှူးဆီသို့ခေါ်သွားသည်။ ဤလေလံပွဲ ကို စီစဉ်သူမှာ ကြီးကြပ်ရေးမှူးဖြစ်သည်။ လန်ယွဲ့သည် ဟိုင်ရှင်းနှင့်အတူလာ သည်ကိုမြင်သောအခါ သူ မေးလိုက်သည် “ဘာလို့ ဒီကိုရောက်လာတာလဲ”

“သူမက အရမ်းစိတ်ပူနေလို့လေ.. အဲဒါကြောင့် ဟိုင်မြန့်ရဲ့နေရာကို ငါ ကူလာမေးပေးတာ” လန်ယွဲ့သည် တစ်နေရာရှာကာ ထိုင်လိုက်သည်။ ရှီမာယူ ယူသည် သူ့ဘေးတွင် ရပ်နေလုက်သည်။

ဟိုင်မြန့်အကြောင်း မေးလာသည်ကို ကြီးကြပ်ရေးမှူးကြားသောအခါ မျက်နှာမှအပြုံးသည် ခေတ္တမျှအေးခဲသွားပြီး ပြောလေသည် “သခင်လေးကို ခုနကတည်းက ပြောပြီးပြီလေ ဟိုင်မြန့်အကြောင်း မမေးပါနဲ့တော့”

“ငါမေးချင်လို့မဟုတ်ဘူးလေ မင်းသိပါတယ်.. ငါက ကျောက်စိမ်းတွေကို တန်ဖိုးထားတတ်တဲ့လူပဲ.. ဟိုင်ရှင်းက ငါ့ရှေ့မှာ ငိုနေတော့လည်း စိတ်တွေ ပျော့သွားတာပေါ့.. အဲဒါက ပြဿနာကြီးမဟုတ်ပါဘူး.. ဟိုင်မြန့်ဘယ်မှာလဲဆို တာ ပြောလို့ရတယ် အဲဒါဆို သူမ လက်လျော့သွားမှာပဲ”

လန်ယွဲ့သည် အချစ်ရေးတွင် ကဗျာဆန်ကြောင်း လူသိများသည်။ ထို့ကြောင့် သူ ထိုသို့ပြောလိုက်ချိန်တွင် ကြီးကြပ်ရေးမှူးသည် သံသယမဝင် ပေ။ ဟိုင်မြန့်၏ တည်နေရာကို သူ မပြောလိုခြင်းသာဖြစ်သည်။

“ဒီအတိုင်း မိန်းမတစ်ယောက်ပဲကို အရင်ကလည်း အများကြီးရှိခဲ့ဖူးတာပဲ ဘယ်လိုလုပ် အကုန်လုပ်ပေးနေတာလဲ” ကြီးကြပ်ရေးမှူးပြောလေသည်။

“ဟိုင်ရှင်းက သူတို့နဲ့မတူဘူး” လန်ယွဲ့ ပြောလိုက်သည် “နောက်ဆိုရင် သူမက ငါနဲ့အတူနေလိမ့်မယ်”

“အဲတော့ ဒီကျင့်စဉ်ဖိုက နည်းနည်းအသုံးဝင်တယ်ပေါ့ ဘာတိုးတက်မှုမှ မတွေ့ပါဘူး”

“ငါ့ခန္ဓာကိုယ်က ပြောင်းလဲမှုကိုငါခံစားမိတယ်.. ဒီလောက် အချိန်တိုတို လေးနဲ့ မင်းမပြောနိုင်ပါဘူး” လန်ယွဲ့ ပြောလိုက်သည် “ဘာများအရေးပါလို့လဲ သူမကို ပြောလိုက်.. ဟန်မြန့်ကို သူမပြစ်မှားလို့မရတဲ့လူခေါ်သွားတယ်လို့ ‌ပြော လိုက် အဲဒါမှလက်လျော့သွားမှာ”

“သူမ သိသွားရင် သခင်လေးက ကယ်ပေးချင်မှာပဲလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လန်ယွဲ့ ငြင်းဆန်လေသည် “သူမကို ကူမေး ပေးတာက ငါ့ရှေ့မှာ ငိုနေတာကိုမမြင်ချင်လို့ပဲ.. ပြီးတော့ အဲဒါက ငါ့ကို မထိခိုက်စေဘူးလေ အဲလူက ငါတို့ပြစ်မှားလို့မရတဲ့သူဆိုတာ သိတယ် ငါကရူး နေလို့လား”

ရှီမာယူယူသည် ခေါင်းငုံ့ထားရာ မည်သူမှ သူမ၏ မျက်နှာထားကိုမမြင်ရ ပေ။ သူမ ထိုစကားကိုကြားသောအခါ ခေါင်းမော့ပြီး ရယ်မောကာ ပြောလေ သည် “ကျွန်မက ဒေါ်လေးရှိတဲ့နေရာကို သိချင်ရုံတင်ပါ.. သခင်လေးကို မစွန့်စားခိုင်းပါဘူး.. ကြီးကြပ်ရေးမှူး ကျွန်မကိုမယုံရင် ကျိန်ဆိုကျိန်ပါ့မယ်”

လန်ယွဲ့သည် ထိုနူးညံ့ပြီး ညင်သာသည့်အသံကိုကြားသောအခါ အခန်း ထဲတွင်ရှိစဉ်က မပြောင်းလဲသောမျက်နှာကို ပြန်မြင်ယောင်ကာ သွေးများပင် အန်ချင်လာသည်။ ဟန်ဆောင်နေတာ.. သူမက ဘယ်လိုဟန်ဆောင်ရမလဲဆို တာ တကယ်သိတာပဲ။

ကြီးကြပ်ရေးမှူးသည် လန်ယွဲ့၏ ‘ငါ့ကိုမပြောရင် မသွားဘူး’ ဆိုသည့် သဘောပြောနေသယောင် ခေါင်းမောသည့် အမူအရာကိုမြင်သောအခါ သက်ပြင်းချပြီး ပြောလေသည် “သခင်လေးကို မပြောချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ လူသိရှင်ကြားဖြစ်သွားရင် တခြားလူတွေရဲ့အသက်ကိုပါ ထိခိုက်လိမ့် မယ်”

“ဘာအရေးလဲ ဘယ်လိုပဲဖြစ်ဖြစ် အခုမဟုတ်ရင် နောက်သိရမှာပဲ” လန်ယွဲ့ ပြောလိုက်သည် “စကားခံမနေနဲ့ ဘယ်သူလဲဆိုတာ ပြော”

“နန်းတော်ကနေ လာဝယ်တဲ့သူပါ.. တစ္ဆေကြင်ယာတော်က ဝယ်ခိုင်းတဲ့ လူတဲ့.. သူမကို တစ္ဆေကြင်ယာတော်ရဲ့ လက်အောက်ကလူကို ပေးချင်နေတာ” ကြီးကြပ်ရေးမှူးသည် နောက်ဆုံးတွင် စကားဟလာသည်။

“တစ္ဆေကြင်ယာတော်လား” လန်ယွဲ့သည် ရှီမာယူယူကို ကြည့်လိုက် သည်။ သူမသည်လည်း ထိုစကားကြားသောအခါ အံ့ဩသွားသည်။ သူမသည် အကြည့်ကိုပြန်ထိန်းကာ မေးလိုက်သည် “ဒါဆို သူမက ဘယ်သူ့ကိုပေးဖို့လဲဆို တာ သိလား”

“အဲဒါကို ငါကဘယ်လိုလုပ်သိမှာလဲ” ကြီးကြပ်ရေးမှူးပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် တစ္ဆေကြင်ယာတော်ကို လှုပ်ရှားစေတာက လူနည်းနည်းပဲ ရှိတာ.. အဲဒါဘယ်သူပဲဖြစ်ဖြစ် သွားထိလို့တော့မရဘူး.. ဒီကိစ္စ ဒီမှာတင်ပြီးပြီ မင်း ထပ်မမေးနဲ့တော့ ဟုတ်ပြီလား”

***

All Chapters