ရှာဖွေတွေ့ရှိခြင်း
Vol. 146 Ch. 2041
ရှီမာယူယူသည် အလွန်အံ့ဩသွားသည်။ တစ္ဆေကြင်ယာတော်က ဘယ်လိုလုပ် အဲလိုကိစ္စမျိုးလုပ်ရတာလဲ။ တစ္ဆေကြင်ယာတော်၏ ဘေးမှလူ သည် သူမချစ်သူဟုထင်ထားခဲ့သည်။ သို့သော် မည်သည့်သက်သေမှရှိမနေပေ။
သူမ တော်ဝင်မြို့တော်သို့ သွားနေပြီဖြစ်သဖြင့် ဤကိစ္စကို ဒိကျဲ့ကို မေး လိုက်သည်က ကောင်းမည်။
“ဟိုင်ရှင်း မင်းကြားတယ်နောန်.. ဒီကိစ္စကိုတော့ ငါတကယ် ဘာမှမလုပ် နိုင်ဘူး” လန်ယွဲ့သည် သူမဘက်သို့လှည့်ကာ ပြောလေသည် “အခုကစပြီး တော့ ငါ့ကို နားပူနားဆာမလုပ်နဲ့တော့”
“ဟုတ်ကဲ့ပါ ကျွန်မ ထပ်မလုပ်တော့ပါဘူး” ရှီမာယူယူသည် ကျိုးနွံစွာ ပြောလေသည်။
“သူမကို ခေါ်သွားမလို့လား” ကြီးကြပ်ရေးမှူး မေးလေသည်။
“အင်း စဉ်းစားလိုက်ဦးမယ်” လန်ယွဲ့ ပြောလိုက်သည်။
“လေလံပွဲရောက်ဖို့ နှစ်ရက်လိုသေးတယ်.. အဲတော့ ဒီနှစ်ရက်အတွင်း စဉ်းစားမှရမယ်”
“အင်းပါ” လန်ယွဲ့သည်လည်း ဤကိစ္စကို နှစ်ရက်အတွင်း ဖြေရှင်းချင် သည်။ သူသည် မတ်တတ်ရပ်လိုက်ကာ ကြီးကြပ်ရေးမှူးကို ပြောလိုက်သည် “ငါသိသင့်တာကို သိပါတယ် ပြီးတော့ ခင်ဗျားကို အနှောင့်အယှက်မပေးတော့ ဘူး.. ဟိုင်ရှင်း သွားမယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
ဟိုင်ရှင်းသည် လန်ယွဲ့နောက်မှလိုက်သွားသည်။ သူတို့ထွက်သွားသော အခါ ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ မည်းနက်သွားကာ ချက်ချင်းပင် ပြောလေ သည် “သွား အကုန်လုံးစုလိုက်”
“ကြီးကြပ်ရေးမှူး ဘာကိစ္စလဲ”
“သခင်လေး တစ်ခုခုဖြစ်နေပြီ”
“သခင်လေးက အဆင်ပြေနေတာပဲမဟုတ်ဘူးလား”
“သခင်လေးက ဟိုင်ရှင်းနဲ့မရင်းနှီးဘူး.. ဒါပေမဲ့ သူက သူမထိန်းချုုပ်တာ ခံ နေရတယ်” ကြီးကြပ်ရေးမှူး ပြောလိုက်သည်။ တစ်ခုခုဖြစ်လျှင် သူ တခြားအရာကို မစဉ်းစားမိပေ။
“သခင်ပြောတာက သူ…”
“သူမရဲ့ ခန္ဓာကိုယ်မှာ ပျော်ရွှင်တဲ့အရိပ်အယောင်မရှိဘူး.. ဒါပေမဲ့ သခင် လေးရဲ့ အရှိန်အဝါက အရမ်းထူးဆန်းနေတယ်.. သူ ချင့်ချိန်နေသလိုပဲ”
“ဟိုင်ရှင်းက အဲလောက်အားကောင်းတာလား”
“သခင်လေးက ငါတို့မျက်စိအောက်မှာပဲ ထောင်ချောက်မိသွားတာ တကယ် အံ့ဩစရာကောင်းတယ် သွား လူသွားစုချည်”
ကြီးကြပ်ရေးမှူးသည် လန်ယွဲ့ကို အနည်းငယ်စိတ်ပူသည်။ ဟိုင်ရှင်း အကြပ်ကိုင်သည်ကို ခံရခြင်းမဟုတ်လျှင် တစ်ခုခုလွဲမှားနေမည်မဟုတ်ပေ။ အခု ထိုအရာများသည် မတော်တဆဖြစ်မလာရန်ကိုသာ မျှော်လင့်ရတော့မည်။
လန်ယွဲ့သည် ရှီမာယူယူကို အခန်းဆီသို့ ပြန်ခေါ်လာသည်။ မက်မွန်သီး သည် အရင်ပုံစံအတိုင်း အိပ်ပျော်နေတုန်းပင်။
“အခု မင်းကြားတယ်နော်.. ငါ မင်းကိုမကူညီတာမဟုတ်ဘူး ကူလည်း မကူညီနိုင်ဘူး” လန်ယွဲ့ ပြောလိုက်သည် “ငါလုပ်နိုင်တာ လုပ်ပေးပြီးပြီ ငါ့ကို အဆိပ်ဖြေဆေးပေးလို့ရမလား”
ရှီမာယူယူသည် အစောကဖြစ်သွားသည့်အရာအတွင် ပူပန်နေခြင်းမရှိ ပေ။ သူမသည် လက်ဝေ့ယမ်းပြီး အိပ်ရာပေါ်မှလူကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် ဘေးရှိခုံတွင်ထိုင်ကာ သူ့ကို အေးအေးဆေးဆေးပင် ကြည့်လေ သည် “အခု ရှင့်ကိုအဆိပ်ဖြေဆေးပေးလိုက်ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်မှာပေါ့”
“ဘာအဓိပ္ပာယ်လဲ”
“ခုနက မေးခွန်းမေးရင်းနဲ့ ရှင် အကြပ်ကိုင်ခံနေရကြောင်း ကြီးကြပ်ရေး မှူးကို သတင်းပေးခဲ့တယ်မလား.. အခုလောက်ဆို ဒီအိမ်ကိုဝိုင်းထားလောက် ကြပြီ ဟုတ်တယ်မလား” ရှီမာယူယူသည် သူ့ကို တည်ငြိမ်စွာပင် ကြည့်လေ သည်။
“ဘယ်တုန်းက ပေးလို့လဲ.. မင်းလည်း အစအဆုံး ငါ့နောက်လိုက်ခဲ့တာပဲ ငါပြောတာတွေကို မင်းလည်း ကောင်းကောင်းကြီးကြားတယ်မလား.. ငါ ပုံမှန် မဟုတ်တာမှမလုပ်တာ မင်းငါ့ကို အဲလိုမျိုး စွပ်စွဲလို့မရဘူး”
“ကျွန်မက ရှင့်ကိုစွပ်စွဲတယ်ဟုတ်လား စွပ်စွဲတာ ဟုတ်မဟုတ်ကို ခဏ နေရင်သိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီအခွင့်အရေးမှာ အချိန်ရ တုန်းလေး ဘာလို့လောင်းမကြည့်ရမှာလဲ.. ရှင့်ရဲ့လေလံပွဲကို ကျွန်မ အရင်ဖျက်ဆီးနိုင်မလား ရှင့် ကျွန်မကိုအရင်သတ်နိုင်မလားကြည့်ကြမယ်လေ”
“ငါ့ရဲ့အလှလေးရယ်.. ဒီလိုလုပ်လို့မရဘူးလေ မင်းလေလံပွဲကို ဖျက်ဆီဂ လိုက်ရင် ငါ စိတ်တိုမှာပဲ ပြန်သွားလို့လည်းရတော့မှာမဟုတ်ဘူး” လန်ယွဲ့ မျက်စိမှိတ်ကာ မျက်ရည်ကျစေရန် ကြိုးစားလေသည်။
“အရည်ညှစ်ထုတ်မနေနဲ့ ရှင့်ပုံရိပ်ကိုထိလိမ့်မယ်” ရှီမာယူယူ ပြောလေ သည် “ဘယ်ကိုပြန်မှာလဲ မိသားစုမျိုးနွယ်ကိုလား”
“ငါ့လိုလူမျိုးမှာ မိသားစုမျိုးနွယ်ဆိုတာ ဘယ်မှာရှိလို့လဲ” လန်ယွဲ့ သက်ပြင်းချလေသည်။
“ရှင့်မှာ မိသားစုမရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“မရှိဘူး”
“ဒါဆို ဘယ်လိုလုပ် ဒီမှာ သခင်လေးဖြစ်လာတာလဲ”
“ငါလည်းမသိဘူးလေ အကြောင်းအရင်းမရှိဘဲ သူတို့က ငါ့ကိုသခင်လေး လုပ်ခိုင်းတာ”
“ရှင်ကရူးနေတယ် ဒါမှမဟုတ် ကျွန်မကပဲရိုးစင်းတယ်လို့ ထင်နေတာ လား”
“အင်း မင်းကို အရူးလုပ်ဖို့ခက်တာပဲ” လန်ယွဲ့ ပြောလေသည် “ဒါပေမဲ့ ငါသခင်လေးက မင်းထင်တာနဲ့မတူဘူး”
“ဘာလို့မတူတာလဲ.. လေလံပွဲကလူတွေက ရှင့်ကို ကောင်းကောင်း ဆက်ဆံတော့ဆက်ဆံတယ် ဒါပေမဲ့ လုပ်ပိုင်ခွင့်တို့ ပိုက်ဆံတို့မရှိတာလား”
“မင်းက လုပ်ငန်းစဉ်ကို ကောင်းကောင်းနားလည်တာပဲ” လန်ယွဲ့သည် ခံစားချက်ပါပါပြောလိုက်သည် “ဒါပေမဲ့ မင်းပြောတာမှန်တယ် ငါ့မှာ ပိုက်ဆံ ရော အာဏာရောမရှိဘူး.. ငါ့ကို ဓားစာခံအဖြစ်ခေါ်သွားရင်တောင် သူတို့က ဂရုစိုက်မှာမဟုတ်ဘူး.. ငါ့ကို အဆိပ်ဖြေဆေးပေးပြီး အခုပဲထွက်သွားခိုင်းလိုက် တာကောင်းမယ်”
“ဒါက အသုံးဝင်မှာတဲ့လား.. စုံစမ်းကြည့်ရင်တော့ သိမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “လေလံပွဲရဲ့နောက်ကွယ်ကလူကိုပြောရင် ကျွန်မ အဆိပ်ဖြေ ဆေးပေးမယ်”
“ဟိုင်မြန့်ရှိတဲ့နေရာသိတာနဲ့ ငါ့ကိုအဆိပ်ဖြေဆေးပေးမယ်လို့ သဘော တူထားတာမဟုတ်ဘူးလား”
“ဒါပေမဲ့ ရှင်အရင်ချိုးဖောက်တာလေ ရှင် ကျွန်မကိုဖော်ကောင်လုပ်သွား တယ်”
လန်ယွဲ့သည် ရှီမာယူယူ အလောမကြီးသည်ကိုမြင်သောအခါ သူသည် လက်ဖက်ရည်ကို အေးအေးလူလူသောက်ပြီး ပြောလိုက်သည် “အင်း.. ငါ မင်း ကို ခေါ်ထုတ်သွားပေးမယ် ငါ့ကိုအဆိပ်ဖြေဆေးပေး”
“နောက်ကွယ်ကလူကို ပြော… အဆိပ်ဖြေဆေးပေးမယ်.. မဟုတ်ရင် ကျွန်မ တစ်ယောက်တည်းသေမှာမဟုတ်ဘူး ရှင်ပါလိုက်သေရမယ်” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် ကျွန်မလွတ်သွားလည်း ရှင်သေမှာပဲ”
“ငါပြောရင်လည်း သေမှာပဲ ပြီးတော့ မြန်မြန်သေမယ်” လန်ယွဲ့သည် အကူအညီမဲ့နေသည်။
“သူတို့က ရှင့်ကို ကောင်းကောင်းဆက်ဆံတယ်လို့ မပြောခဲ့ဘူးလား”
“မကောင်းရင် မင်းလည်းမပြောနိုင်ဘူးလေ”
“ဒါဆိုလည်း ရပြီ” ရှီမာယူယူ ခေါင်းညိတ်ကာ သူ့ကို ဖိအားမပေးတော့ဘဲ လက်ဖက်ရည်ငှဲ့ကာ ဖြည်းဖြည်းချင်းအရသာခံလိုက်သည်။
အပြင်ဘက်မှ လှုပ်ရှားမှုများရှိလာသည်။ လူအများဤနေရာသို့ လာနေ သည်ကို ခံ့စားမိကြသည်။ အခန်းထဲမှနှစ်ယောက်သည် တစ်ယောက်နှင့် တစ် ယောက်ကြည့်နေဆဲဖြစ်ကာ ညှိနှိုင်းလိုခြင်းမရှိကြပေ။
“အပြင်မှာ လူရောက်နေပြီ.. မင်း အခု ထွက်မသွားရင် ထွက်သွားလို့ရ တော့မှာမဟုတ်ဘူး” လန်ယွဲ့ ပြောလိုက်သည်။
“ကျွန်မ သွားလိုက်ပြီးတော့ ရှင့်ကို အဆိပ်ဖြေဆေးမပေးတော့မှာကို မကြောက်ဘူးလား”
“မင်း ဒီမှာသေရင် ငါ့ကိုကုလို့မရတော့ဘူးမလား” လန်ယွဲ့ သက်ပြင်းချ လိုက်သည် “မင်းအသက်ရှင်ရင် ငါ့မှာ နည်းနည်းတော့မျှော်လင့်ချက်ရှိသေး တယ်လေ”
“ကြည့်ရတာ သခင်လေးက တကယ်ပဲ နေရာမရှိတဲ့ပုံပဲ” ရှီမာယူယူ ပြော လိုက်သည် “မှန်းကြည့်ပါဦးမယ် ရှင်က မိသားစုရဲ့ ဆက်ခံသူမဟုတ်ဘူး ဒါမှ မဟုတ် မိသားစုက တင်ပေးထားတာပဲ”
လန်ယွဲ့သည် ဝန်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းမရှိ ရယ်မောလိုက်သည်။
ရှီမာယူယူသည် သူ့မျက်နှာအနေအထားကိုကြည့်ပြီး ပြောလိုက်သည် “အင်း ကြည့်ရတာ ကျွန်မမှားသွားတဲ့ပုံပဲ.. ရှင်က မိသားစုရဲ့ တိုက်ရိုက်ဆက်ခံ သူဖြစ်ပေမဲ့ အချစ်မခံရဘူး.. ရှင်က မိသားစုမှာ ရာထူးမမြင့်ဘူး.. သူများတွေရဲ့ ဖိနှိပ်တာကိုခံနေရတယ်.. ဒိုင်းကာအဖြစ် ထွက်လာရတယ်”
လန်ယွဲ့၏ မျက်နှာမှာ အနည်းငယ်ပြောင်းသွားသည်။ သို့သော် လျင်မြန် စွာပင် ပုံမှန်အဖြစ်ပြောင်းသွားလေသည်။
“သခင်လေး သခင်လေး” လူတစ်ယောက်သည် အပြင်မှ သူ့ကိုခေါ်လေ သည်။
“ဝင်ခဲ့” လန်ယွဲ့သည် တည်ငြိမ်စွာပင် အိပ်ရာပေါ်သို့တက်ပြီး အိပ်ရာပေါ် မှလူကို ညှာတာခြင်းကမင်းမဲ့စွာ ပစ်ချပြီး အိပ်ရာကိုဖွင့်လိုက်ရာ အပေါက်ပေါ် လာသည်။
ရှီမာယူယူသည် သူ့ကို မှင်တေတေကြည့်ကာ မျက်ခုံးများကို ပင့်လိုက် သည် “မင်းက ဒီလိုလှုပ်ရှားမှုတွေမှာ အရည်အချင်းရှိသားပဲ”
“လာခဲ့ သွားကြမယ်” လန်ယွဲ့သည် သူမကို လက်ယက်ခေါ်လေသည်။
ရှီမာယူယူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် လျှောက်သွားလိုက်ကာ သူ့နောက်မှ လိုဏ်ခေါင်းတစ်လျှောက်လိုက်သွားလိုက်သည်။ လမ်းများကို ကွေ့ပတ်လျှောက်ပြီးနောက် အိမ်မှ ထွက်လာနိုင်ခဲ့သည်။
“ရောက်ပြီ”
လန်ယွဲ့အရင်ထွက်သည်။ နောက်မှ ရှီမာယူယူ လိုက်လာသည်။ နောက် ဆုံးတော့ လမ်းတစ်လျှောက် အောင့်အီးလာခဲ့သည် မေးခွန်းများကို မေးရန် အခွင့်အရေးရလာသည်။
“ရှင်က ဒီလူတွေဆီကနေ ထွက်ပြေးချင်နေတာပဲ” သူမသည် အတပ် ပြောလေသည်။
“မင်းက အရမ်းကို ထက်တာပဲ ငါ မင်းကိုကူညီမယ်” လန်ယွဲ့သည် မငြင်း ဆန်ပေ။
ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး ဘာမှမပြောပေ။
“အင်း မင်းပြောတာ ဟုတ်တယ် ငါ သူတို့ဆီကနေ ပုန်းနေတာပဲ” လန်ယွဲ့ ပြောလိုက်သည် “အဲလူတွေက မင်းကိုရှင်းဖို့လာတာပဲ.. အဲအရှုပ်တွေကြားက ငါ့ကိုရှင်းမယ့်သူ ရှိလာရင် ဘယ်လိုလုပ်မလဲ”
“ရှင်က တကယ်ကို ရှုပ်နေတာပဲ”
***