ဟန်ဆောင်ခြင်း
Vol. 146 Ch. 2042
လန်ယွဲ့သည် သူမ၏ လှောင်ပြောင်သောစကားများကို လျစ်လျူရှုပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“လန်ယွဲ့.. ရှင် ဒီလိုလုပ်တာ အရမ်းသဘာဝကျနေတယ်.. ဒီလိုမျိုး မကြာ ခဏလုပ်တတ်တာလား” ရှီမာယူယူ ထပ်မေးပြန်သည်။
“ဟုတ်တယ် ငါ ဘယ်သွားသွား အရင်ဆုံး ထွက်ပြေးဖို့လမ်းရှာတာပဲ၊ ဒီ လိုဏ်ခေါင်းက ငါ မတော်တဆတွေ့ထားတာ.. ပြီးတော့ အရင် ပိုင်ရှင်ကလည်း မကြာခဏထွက်ပြေးတဲ့ပုံပဲ” လန်ယွဲ့သည် ရှက်ရွံ့နေပုံမပေါ်ပေ။
အမှန်တကယ်တော့ ရှီမာယူယူ အစောပိုင်းက ပြောသည်မှာမှန်သည်။ သူ သည် အမှန်တကယ်ပင် သေခြင်းတရားကို ကြောက်သူဖြစ်သည်။ အသက်ရှင် ခြင်းသည် သူ့ဘဝအဘိဓာန်တွင် ပထမနေရာတွင်ရှိသည်။
“ရှင်ပြောတာဟုတ်တယ်.. အသက်ရှင်နေရင် တခြားကိစ္စတွေကို စဉ်းစား လို့ရတယ်” ရှီမာယူယူသည် သူ့သဘောကို လက်ခံသည်။ အသက်ရှင်ရန် ကြိုးပမ်းသူများသည် ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အသိအမှတ်ပြု ထိုက်သည်။
သေချာသည်မှာ သူမသည် လူတိုင်း၏ ချဉ်းကပ်မှုကို သဘောတူသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူမသည် မကောင်းမှုများလုပ်သူများကို သည်းမခံနိုင် ပေ။
သူထွက်ပြေးသည်ကို ရှီမာယူယူ နှိမ့်ချလိမ့်မည်ဟု လန်ယွဲ့ထင်ထားခဲ့ သည်။ သို့သော် ထိုအတိုင်းဖြစ်မလာခဲ့ပေ။ သူမ၏ စကားများ ခိုင်မာနေသည့် အရိပ်အယောင်ရှိသဖြင့် တအံ့တဩကြည့်မိသည်။
“ဘာတွေ အဲလောက် အံ့ဩနေတာလဲ” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လေသည် “ကျွန်မပြောတာ အကုန်လုံးကိုပြောတာ ရှင်တစ်ယောက် တည်းကို ပြောတာမဟုတ်ဘူး.. အကုန်လုံးက အသက်ရှင်ချင်ကြတာပဲလေ”
“ဟားဟာ” လန်ယွဲ့ ပြုံးလေသည် “မင်းသမီးလေးက တကယ်ထူးဆန်း တာပဲ တသီးတခြားနေဖို့မလိုပါဘူး.. ပြီးတော့ မင်းက အစေခံအတွက်နဲ့ ကျားဂူ ထဲဝင်တိုးနေတာပဲ” လန်ယွဲ့ ပြောလိုက်သည်။
“ရှင်ပြောတာ တစ်ဝက်ပဲမှန်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ က ဟိုင်ရှင်းအတွက်ဆိုပေမဲ့ အဓိကက မရဏာလေလံပွဲအသေးစိတ်ကို စစ်ဆေးချင်လို့ပဲ.. ဘယ်လိုနောက်ခံမျိုးက ကျွန်မကို သတ်ရဲလဲဆိုတာ ကြည့် ချင်လို့”
“မင်း မမှားပါဘူးနော်.. မင်းရဲ့ဂုဏ်သတင်းက တစ္ဆေလောကမှာ ဒီလောက်ကျော်ကြားနေတာ.. ဘယ်သူက မင်းကိုသတ်ရဲမှာလဲ” လန်ယွဲ့သည် မယုံကြည်ပေ။ သူမ နောက်ပြောင်နေခြင်းမဟုတ်သည်ကို မြင်သောအခါ သူ့ မျက်လုံးမှာ မယုံနိုင်စွာဖြင့် ပြူးကျယ်ကာ အော်လေသည် “မဖြစ်နိုင်လောက်ပါ ဘူး.. သူတို့က တကယ်ပဲ အဲဒါလုပ်ခဲ့တာလား”
“သေချာတာပေါ့ ကျွန်မက အခြေအမြစ်မရှိပြောတယ်ထင်နေလား” ရှီမာယူယူ ပြောလိုက်သည် “ရှင်က သူတို့ရဲ့သခင်လေးဖြစ်ပြီး မသိဘူးလား”
“ငါ ခုနကတည်းကပြောပြီးပြီလေ ငါ့မှာ ပိုက်ဆံရောအာဏာရောမရှိဘူး အဲဒါကို ဘယ်လိုလုပ်သိမှာလဲ” လန်ယွဲ့ ပခုံးတွန့်လိုက်သည်။
“ဟုတ်ပြီ မသိဘူးလို့ပဲထားတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ရှင်နဲ့ အဆိပ်ဖြေဆေးကို ဘယ်လိုခွဲထားရမလဲဆိုတာ မသိ ဘူး.. ရှင်သိထားရမှာက ဒီပန်းပိုးကောင်တစ်ရာဆေးက အဆိပ်ပင်အမျိုးပေါင်း တစ်ရာနဲ့ အဆိပ်ပိုးကောင်တစ်ရာတို့နဲ့ ဖော်စပ်ထားတာပဲ.. အဲဒီမှာ ဘာအဆိပ် ပင်နဲ့ပိုးကောင်တွေ ပါလဲဆိုတာမသိဘဲ မှားပြီးသောက်မိရင် အဆိပ်ဖြေဆေးက အဆိပ်ဖြစ်လာမှာပဲ.. ပြီးတော့ ကျွန်မက အသက်ကြီးသွားရင် ဆေးဖော်နည်း ကို မေ့သွားမှာပဲ”
“….”
ပန်းပိုးကောင်တစ်ရာဆေးဖြစ်နေတာကိုး။ အဲဒါကြောင့် ဒီလောက် ဆိုးဆိုးဝါးဝါးနာတာပဲ။ သာမန်အဆိပ်ဆိုရင် အဆိပ်သခင်ကို အဆိပ်ဖြေဆေး ဖော်ခိုင်းလို့ရတယ်.. ဒါပေမဲ့သူမကလွဲပြီး ဘယ်သူမှစမ်းကြည့်ရဲမှာမဟုတ်ဘူး။ ဒီအဆိပ်ရဲ့ အပြင်ပန်းက တူပေမဲ့ အဆိပ်ဖြေဆေးကတော့ မတူဘူးလေ။
“ပန်းပိုးကောင်တစ်ရာဆေးကို သုံးတယ်ပေါ့ ဟင်း.. မင်းက တော်တော် ရက်စက်တာပဲ” လန်ယွဲ့သည် အံကြိတ်ပြီး ပြောလေသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည် “အဆိပ်ဖြေဆေးရချင်ရင် ရှင် ကျွန်မကိုသတ်ဖို့တောင်မစဉ်းစားနဲ့.. ကျွန်မမှာ အဆိပ်ဖြေဆေးတစ်ခုတည်းရှိတာမဟုတ်ဘူး.. မှားသောက်မိသွာလို့ ရှင်သေ သွားရင် ကျွန်မတာဝန်မယူနိုင်ဘူး”
“မင်း.. မင်း… အရမ်းကိုကောင်းတာပဲ”
“ကျွန်မကို ချီးကျူးနေလည်း အသုံးမဝင်ဘူး အဆိပ်ဖြေဆေးမပေးနိုင်ဘူး”
“….”
သူမကို ဘယ်တုန်းက ချီးကျူးမိလို့လဲ။
“ဘယ်လိုပဲဖြစ်ဖြစ် မိသားစုထဲမှာ ရှင့်အတွက်နေရာမရှိဘူး.. ရှင့်ဘဝကို အစားထိုးချင်ရင်လည်း ကျွန်မမှာဖိအားပေးခွင့်မရှိဘူး” ရှီမာယူယူ ပြောလိုက် သည် “အခုထွက်ပြေးလေ ဒီမှာပဲလမ်းခွဲကြတာပေါ့”
“မင်းအခုသွားလိုက်ရင် ဟိုင်ရှီးကိုဂရုမစိုက်တော့ဘူးလား.. သူက မင်းမပါ ရင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး.. မင်း ငါ့ကိုအဆိပ်ဖြေဆေးပေး သူ့ကိုကယ်ဖို့ ကူညီပေးမယ်”
“မလိုဘူး” ရှီမာယူယူ ပြောပြီးနောက် စာချုပ်စွမ်းအားနှင့် မီအာကို သူမ ဘေးသို့ခေါ်လိုက်သည်။
လန်ယွဲ့သည် မီအာကိုမြင်သောအခါ စိတ်မှာထိုင်းမှိုင်းသွားပြီး တစ် ယောက်ယောက်ကို သတ်ချင်သွားသည်။ သူ့မှာ လူတစ်ယောက်ရဲ့ အရှိန်အဝါ မရှိဘဲနဲ့ ဘယ်လိုလုပ် ဘယ်သူမှ သတိမထားမိရတာလဲ။
“နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် သူ့ကိုခေါင်းညိတ်ပြပြီး မီအာနှင့် အတူလှည့်ထွဥ◌်သွားလေသည်။
လန်ယွဲ့သည် ရှီမာယူယူ သူ့ကိုသဘောကျလိမ့်မည်ဟု လောင်းကြေးထပ် ထားသည်။ သို့သော် သူမသည် သူဘာပြောပြော ဂရုမစိုက်ဘဲ ထွက်သွားသည် ကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။
“ငါ ဘယ်လောက်ကြာကြာနေရမှာလဲ” သူသည် သူမ၏ ကျောပြင်ရှိရာ ဘက်သို့ အော်လိုက်သည်။
“ဒီနှစ်ရက်မှာ လေလံပွဲကို တက်လို့ရတယ်.. ဒီနှစ်ရက်အတွင်းမှာ အချိန် မရွေးလာရှာလို့ရတယ်” ရှီမာယူယူ၏ အသံသည် တိုးတိုးသွားသည်။
လန်ယွဲ့သည် ဘေးမှသစ်ပင်ကြီးကိုကန်ပြီး ထူထဲလှသော အမြစ်များကို ကန်လိုက်ပြန်သည်။
“သေစမ်း”
ကြီးကြပ်ရေးမှူးပြောသည်မှာမှန်သည်။ ဤမိန်းကလေးသည် သာမန်လူ များကို ကိုင်တွယ်သည့် နည်းလမ်းနှင့် ကိုင်တွယ်ရန်မှာ ထူးဆန်းလွန်းသည်။
“အာ..”
သူ၏ ဗိုက်မှာနာလာပြန်သည်။ သူသည် ဒူးထောက်ကာ ဗိုက်ကို လက် တစ်ဖက်ဖြင့် ဖိထားမိသည်။ သို့သော် နာကျင်မှုကို တောင့်မခံနိုင်ပေ။
“သခင်လေး”
လျှို့ဝှက်ကိုယ်ရံတော်သည် လေထဲမှထွက်လာပြီး သူ့ကိုကူညီရန် ဟန်ပြင်သော်လည်း သူတားလိုက်သည်။
“ရှီမာယူယူ” သူသည် အံကြိတ်လိုက်သည်။ ကြီးမားသောချွေးလုံးသည် သူ့မျက်နှာမှ စီးကျလာပြီး သူမကို သူ့လက်နှင့်ကိုယ်တိုင် အပိုင်းပိုင်းခုတ်လိုက် ချင်မိသည်။
“သခင်လေး သခင့်ကို ပြောရမှာလား” လျှို့ဝှက်ကိုယ်ရံတော်သည် စိုးရိမ် တကြီးမေးလေသည်။
“သူ့ကို ပြောလည်း ဘာအသုံးဝင်မှာလဲ.. သူက အဲမိန်းမကိုပဲ စိတ်ရောက် နေတာ” လန်ယွဲ့သည် ရွံရှာစွာ ပြောလေသည် “စုံစမ်းဖို့လူလွှတ်လိုက် ရှီမာယူ ယူနဲ့ပတ်သက်တာအကုန် စစ်ဆေးရမယ်”
“သခင်လေး”
ကြီးကြပ်ရေးမှူးသည် လူတချို့ကိုခေါ်ပြီး လိုဏ်ခေါင်းကနေထွက်လာရာ လန်ယွဲ့၏ ဖြူဖျော့သော အသွင်အပြင်ကိုမြင်သောအခါ အော်လေသည် “သခင် လေး ဘာဖြစ်ထားတာလဲ”
“လေလံပစ္စည်းတွေ ဒီမှာရှိသေးလားလို့ လူလွှတ်ကြည့်ခိုင်းလိုက်.. ရှိသေး ရင် ပစ္စည်းတွေကို ချက်ချင်းပဲ တခြားနေရာပြောင်းလိုက်” လန်ယွဲ့သည် အံကြိတ်ထားပြီးပြောလေသည်။
“ဘာဖြစ်တာလဲ” ကြီးကြပ်ရေးမှူးပြောလေသည် “ဟိုင်ရှင်းက သခင် လေးကို ဘာလုပ်သွားတာလဲ”
“သူမက ငါ့ကို ပန်းပိုးကောင်တစ်ရာဆေးပေးသွားတယ်.. သူမနောက်ကို လိုက်ပြီးဖြေဆေးယူရမယ်.. လိုအပ်လို့ ဒီကလျှို့ဝှက်ချက်တွေပြောလိုက်တယ် ဒီလေလံပွဲကို တခြားသူဦးစီးလိမ့်မယ်.. ပြီးတော့ အချိန်မှီ ပစ္စည်းတွေရွှေ့လိုက် အသင့်ပြင်ထား” လန်ယွဲ့၏ မျက်လုံးများသည် အေးစက်ပြီး လူသတ်တော့မည့် အတိုင်းပင်။
“သခင်လေးကို သူမ ထိခိုက်အောင် လုပ်သွားလိမ့်မယ်လို့ထင်မထားဘူး.. သူမကို ထုတ်လာတုန်းက မညှာတာခဲ့သင့်ဘူး.. စောစောကသာသိရင် သူမကို အထဲမှာပိတ်လှောင်ထားပြီး အဆိပ်ဖြေဆေးတောင်းပါတယ်”
“အဲလောက်မလွယ်ဘူး သူမကို ချုပ်ထားလို့မရဘူး.. ဒီလှည့်ကွက်သုံးရင် တောင် ဖောက်ထွက်ဖို့ သူမမှာ တခြားနည်းတွေရှိတယ် ငါတို့ပဲ ဆုံးရှုံးမှုကြီး သွားလိမ့်မယ်” လန်ယွဲ့ ပြောလိုက်သည် “အခု အနည်းဆုံးတော့ သူမ ယုံကြည် မှုကို နည်းနည်းရလိုက်တယ်”
“သခင်လေး ကြီးကြပ်ရေးမှူး လေလံပွဲပစ္စည်းတော်တော်များများမရှိ တော့ဘူး” တပ်သားတစ်ယောက်သည် ပြေးလာပြီးပြောလေသည်။
လန်ယွဲ့နှင့် ကြီးကြပ်ရေးမှူးသည် မအံ့ဩတော့ပေ။ သူတို့နှစ်ယောက်လုံး မှာ အတုဖြစ်သည်ကို သိပြီးနောက် လေလံပွဲပစ္စည်းများ ပြဿနာတက်တော့ မည်ကို သိသည်။ ကံကောင်းစွာပင် အမြန်ရွှေ့ခိုင်းပြီး တခြားလေလံပစ္စည်းများ မှာလည်း အနီးအနားတွင်ရှိနေရာ အရေအတွက်ပြည့်အောင် ဖြည့်နိုင်လိုက် သည်။ ခဏအကြာတွင် လန်ယွဲ့ သက်သာလာသည်။ သို့သော် ယာယီမျှသာ ဖြစ်သည်ကို သူတို့အားလုံးသိကြသည်။
“သခင်လေး ဖြေဆေးကရော”
“ခုနက ညွှန်ကြားတဲ့အတိုင်းလုပ်လိုက် ဖြေဆေးကိစ္စကို ငါ့ဘာသာလုပ် မယ် သွားတော့”
ကြီးကြပ်ရေးမှူးသည် စိုးရိမ်မိသော်လည်း လေလံပွဲမှာ အလွန်အရေးကြီး သည်။ ထို့ကြောင့် သူတို့နောက်ပြန်ဆုတ်ရသည်။
လန်ယွဲ့သည် လျှို့ဝှက်ကိုယ်ရံတော်ကို ဆက်ပုန်းခိုင်းပြီး ရှီမာယူယူတို့ ထွက်သွားသည့်ဘက်သို့ လိုက်လေသည်။
***