← Chapters

အပေးအယူများအကြောင်းပြောခြင်း

Vol. 146 Ch. 2043

အပေးအယူများအကြောင်းပြောခြင်း

Vol. 146 Ch. 2043

ရှီမာယူယူသည် ဝူလင်းယူကို ဆက်သွယ်ပြီး တည်နေရာကိုသိသည်နှင့် သူ့ဆီသို့ သွားလေသည်။

“ယူယူ ဒီလောက် မြန်မြန်ကြီးပြန်လာတာလား” ဖူရှီသည် သူမကို မြင်သောအခါ အနည်းငယ် အံ့ဩနေသည်။

“အင်း တစ်ခုခုဖြစ်လို့ ပြန်လာတာ” ရှီမာယူယူ ပြောလိုက်သည်။

“သတင်းရခဲ့လား”

“ကျောက်စိမ်းတံဆိပ်ပြားက ဟိုင်ရှင်းရဲ့အဒေါ်ဟိုင်မြန့်ဟာပဲ.. ဒါပေမဲ့ သူမက ဒီမှာမရှိဘူး တစ္ဆေကြင်ယာတော်ခေါ်သွားတယ်”

“တစ္ဆေကြင်ယာတော်ဟုတ်လား သူမက မိန်းမမဟုတ်ဘူးလား ဟိုင်မြန့် ကို ဝယ်ရင်တောင် သူမအတွက်အသုံးမဝင်ဘူးလေ”

“သူမက သူမဘေးကလူကို ဆုအဖြစ်ပေးမယ်လို့ပြောတယ်.. ဒါပေမဲ့ ကြီးကြပ်ရေးမှူးစကားက ဟာကွက်တွေရှိနေတော့ ငါ အရမ်းမယုံဘူး” ရှီမာယူ ယူ ပြောလေသည် “အခုပြန်လာရင်းနဲ့ ငါ ဝမ်းကွဲအစ်ကိုကို ဆက်သွယ်ကြည့်ပြီး အင်ပါယာမြို့တော်မှာ ရှိလားလို့ မေးကြည့်ခဲ့တယ်”

“ဒါဆို ဒီကိစ္စနောက်ကွယ်ကလူကို ရှာတွေ့ပြီလား” ဖူရှီ မေးလေသည်။

“သံသယဖြစ်စရာ တချို့တော့ရှိတယ် ဒါပေမဲ့ အတည်ပြုလို့မရဘူး” ရှီမာ ယူယူ ပြောလိုက်သည် “လူတစ်ယောက်လာပြီး ငါ့ကိုရှင်းပြလိမ့်မယ်”

“ဘာတွေလုပ်ခဲ့ပြန်ပြီလဲ”

“ဘာမှမဟုတ်ပါဘူး.. ဒီအတိုင်း အဆိပ်ခတ်ပြီးတော့..” ရှီမာယူယူ ပြော လိုက်သည်။ “ဖိတ်စာရောက်လာပြီလား”

“ကိုယ်လှုပ်ရှားမှတော့ ဘာစိတ်ပူစရာလိုလဲ” ဝူလင်းယူသည် သူမကို ဖိတ်စာပြလေသည်။ သူသည် ပထမတန်းစားအခန်းအတွက် ဖိတ်စာဖန်တီးခဲ့ သည်ကို သူမမြင်သောအခါ စိတ်ပူရန်မလိုကြောင်းသိလိုက်ရသည်။

“အင်း မီအာက လေလံပွဲပစ္စည်း အများစုကိုခိုးခဲ့တာဆိုတော့ ဒီလေလံပွဲ က ဖြစ်ပါ့မလားမသိဘူး” သူမသည် တောင်းပန်သလိုပြောပြီး ပြောလေသည်။ ဒီလိုဖြစ်မယ်မှန်းသိရင် သူမ သူ့ကိုဒီလိုမလုပ်ခိုင်းပါဘူး။

“မီအာက တော်လိုက်တာ ဒီလိုတောင်တွေးမိတယ်” ဖူရှီ ပြောလေသည် “ရတနာတွေက ဘယ်မှာလဲ”

“ငါ မမေးရသေးဘူး မင်း စိတ်ဝင်စားရင် သူ့ကိုသွားမေးလေ” ရှီမာယူယူ ပြောလိုက်သည်။

“တစ်ယောက်ယောက် လာနေပြီ.. မင်း ပစ္စည်းခိုးလာလို့ တစ်ဖက်လူက လိုက်လာတာများလား” ဖူရှီ ပြောလိုက်သည်။

“စာပို့သမားလာပြီ”

ရှီမာယူယူသည် လန်ယွဲ့နောက်မှလိုက်လာသည်ကို မအံ့ဩပေ။ သူမ သည် သူပြောသည့်စကားများကို မယုံကြည်သော်လည်း အဆိပ်ဖြေဆေး အတွက် လိုက်လာမည်ကို သိထားသည်။ သူ သူမဘေးတွင်ရှိနေသရွေ့ သတင်း ရနိုင်သည်။

လန်ယွဲ့သည် သူမကိုမြင်သည်နှင့် ငိုတော့မည့်အတိုင်းပင် “မင်းထွက်သွား ပြီးတော့ ပြန်နာလာတယ် နာလွန်းလို့ သေတော့မလိုပဲ”

“ဒီတစ်ခေါက်နာတာက နောက်နှစ်ရက်အတွင်းမှာ နှစ်နာရီတိုင်းမှာနာ လိမ့်မယ်.. တစ်ခါတစ်ခါနာရင် ပိုပိုကြာလာမယ် ရှင် စိတ်ကိုပြင်ဆင်ထားတာ ကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်း အဲလောက်ရက်စက်တာပဲ.. ဟိုင်မြန့်ဘယ်မှာရှိလဲဆိုတာ ငါ ကူပြီး မေးပေးတယ်.. မင်းထွက်ပြေးဖို့ လိုဏ်ခေါင်းကနေတောင် ခေါ်လာပေးတယ်.. ငါ့ကို ဒီလိုတော့ လုပ်လို့မရဘူး” လန်ယွဲ့ စောဒကတက်လေသည်။

သို့သော် သူ့အသံမှာ ရင်းနှီးသလိုဖြစ်နေသဖြင့် ဝူလင်းယူသည် သူ့ကို အကြိမ်အနည်းငယ်ကြည့်လိုက်သည်။ အေးစက်သောအကြည့်မှာ ပတ်ဝန်း ကျင်မှ အပူချိန်ကို များစွာလျော့ကျသွားစေသည်။

“ရှင်ပြောသလိုပဲလေ.. ရှင်ကျွန်မကိုကူညီပေးတဲ့အတွက် နောက်တစ်ခါ ဗိုက်နာလာရင် ရှင့်ကို ယာယီဖြေဆေးပေးမယ်” ရှီမာယူယူသည် သူ့ကို အလေး အနက်ပြန်ပြောလေသည်။

“… ကြင်နာတတ်လိုက်တာ” လန်ယွဲ့သည် အံကြိတ်ရင်းပြောလေသည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သက်တောင့် သက်သာပင် လက်ခံလေသည်။

“ဒါဆိုရင် ငါ မင်းနောက်လိုက်ရုံပဲရှိတယ်” လန်ယွဲ့ပြောလေသည်။

“ရှင် ဘာတွေဖြစ်ခဲ့လဲဆိုတာပြောရင် ချက်ချင်းပဲ ဖြေဆေးပေးလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီလမ်းကို ရှင့်ဘာသာမရွေးတာဆိုတော့ ကျွန်မက ဘာပြောနိုင်ဦးမှာလဲ”

“ငါ မသိဘူးလို့ပြောပြီးပြီလေ မင်းမှမယုံတာ”

“ဒါဆို ရှင်ကမိသားစုထဲမှာ နေရာမရဘူးထားတော့ အနည်းဆုံးတော့ နောက်ကွယ်ကလူကိုသိမှာပဲ”

“သိတယ်.. ကြီးကြပ်ရေးမှူးက ငါ့ကိုကလေးကတည်းက ခေါ်ထားတာ.. ငါက သခင်လေးပါလို့ သူပြောလို့ သခင်လေးဖြစ်လာတာ.. တခြားသူတွေကို တော့ ငါလည်းမသိဘူး”

“သူက တာဝန်ခံဆိုမှတော့ သူ့အထက်ကလူတွေကရော… ဘယ်သူ့ကိုမှ မတွေ့ဖူးဘူးလား”

“အရင်ကမြင်ဖူးတယ် ဒါပေမဲ့ အထက်ကလာတဲ့လူတွေက မျက်နှာဖုံး စည်းထားပြီးတော့ ဝိညာဉ်တွေကိုသီးခြားထားတာ.. သူတို့က ဘယ်သူလဲဆိုတ တာမသိသလို ဘယ်လိုပုံစံရှိလဲဆိုတာကိုလည်းမသိဘူး” လန်ယွဲ့ပြောလိုက် သည်။

သူ ပြောသည်မှာအမှန်ပင်ဖြစ်သည်။ ကြီးကြပ်ရေးမှူးကိုသာ သိပြီး မရဏာလေလံပွဲမှလူများသည် သူ့ကို သခင်လေးအဖြစ် သတ်မှတ်ခဲ့သည်။ ဤ နေရာမှ တခြားဘဏ္ဍာထိန်းများကိုမသိပေ။

ပြီးနောက် သူသည် ထိုလူ့ကိုတစ်ခါမှမမြင်ဖူးပေ။ သူ့ကို ထိုလူများမှ ပျိုးထောင်လာခြင်းဖြစ်ပြီး မရဏာလေလံပွဲအကြောင်းအရင်းများအားလုံးကို သိသော်လည်း သူ့ကိုပျိုးထောင်ခဲ့သူကိုမသိပေ။

မွေးစားအဖေသည် သူ့တွင် မွေးစားသားတစ်ယောက်သာ ရှိသည်ဟု ပြော သဖြင့် သူသည် ထိုအကျည်းတန်သောအလုပ်များကိုလုပ်ခဲ့ရသည်။ အပေါ်ယံ ကိစ္စများသည် သူနှင့်မဆိုင်ပေ။ သူမသိသလို ဝင်လည်းမပါပေ။ သို့သော် ဤ လေလံပွဲကိစ္စတွင်တော့ သူသည် အနာဂတ်ဆက်ခံသူဖြစ်သည်။

သို့သော် ထိုလူသည် သူ့ကို မည်မျှပင် တန်ဖိုးထားသည် ပြောစေကာမူ သူ ၏အရေးပါပုံကို သူကိုယ်တိုင်ပင် မခံစားရပေ။ မဟုတ်ရင် သူ့ရဲ့သရုပ်မှန်ကို ဘာလို့မပြောတာလဲ။

သူသည် စိတ်ထဲတွင် အတွေးပေါင်းများစွာရှိသော်လည်း မျက်နှာမှာတော့ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ရှီမာယူယူကို စိတ်ရင်းအတိုင်းကြည့်လေ သည်။ ရှီမာယူယူသည် သူ့ကို ယုံသည်မယုံသည် ဘာမှမပြောဘဲ ဖိအားကောင်း ကောင်းဖြင့်သာ စိုက်ကြည့်နေသည်။

ဒီမိန်းကလေးက ကိုင်တွယ်ရတာ တကယ်ခက်တာပဲ။

နောက်ဆုံးတွင် သူ စကားပြောလာသည် “ငါပြောတာအမှန်ပဲ ယုံလား မယုံဘူးလား”

“ကျွန်မ ယုံတာမယုံတာက ဘာအရေးကြီးလို့လဲ.. ဘယ်သူလဲဆိုတာ ရှင် မသိဘူးလို့ပြောရင် မသိလို့ပဲပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် နောက်ကွယ်ကလူကို ကျွန်မမသိရဘူး အဲဒါကြောင့် ဖြေဆေးမပေးနိုင်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက် ပဲအချိန်ရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။

လန်ယွိ “…”

“ဒီကိစ္စကို ငါ မင်းအတွက် လုပ်ပေးရင်ရော”

“မလိုဘူး.. ရှင့်ကို ကျွန်မခိုင်းစရာဘာမှမရှိဘူး” ရှီမာယူယူသည် ခွင့်မပြု သည့်အနေနှင့် ခေါင်းခါလေသည်။

“ဒါဆိုရင် လေလံပွဲအတွက် သီးသန့်ဖိတ်စာပေးမယ်လေ.. အဲဒါဆို မင်း သက်သက်ဝင်ကြေးပေးစရာမလိုတော့ဘူး”

“ပစ္စည်းတွေဘာမှမရှိတော့တာကို လေလံပွဲလုပ်ဦးမှာလား”

“မင်းယူသွားတာက ဒီတစ်ခေါက် အတည်ပြုပြီးတဲ့ပစ္စည်းတွေပဲ.. ပြီးတော့ ငါတို့မှာ ပစ္စည်းအရန်တွေရှိသေးတယ်”

“ရှင်တို့က လေလံပစ္စည်းတွေသာ ပျောက်သွားတာ ပျာယာခတ်တာမျိုး လည်း မရှိဘူးနော်”

“အဲဒီပစ္စည်းတွေက လေလံပွဲမှာလာရောင်းကြတဲ့ဟာတွေပဲ.. သူတို့က ငါတို့ဆီလာရောင်းတယ်.. ပြီးတော့ ငါတို့က လေလံပွဲမှာသုံးလိုက်ကြတယ်”

“အဲဒါကြောင့်ကိုး ရှင်က တကယ်အမြတ်ကြီးစားတာပဲ ရောင်းဈေးနဲ့ အများကြီးဟ,ထားတယ်မလား”

“ငါတို့လည်း စွန့်စားရတာပဲလေ”

“စွန့်စားမှုနဲ့ အမြတ်က အတူတူပဲ”

လန်ယွဲ့သည် ထိုစကားကြားသောအခါ သူမကို စူးစိုက်ကြည့်လိုက်သည်။

“ယူယူ ငါတို့ လေလံပွဲကိုသွားကြမှာလား” ဖူရှီ မေးလိုက်သည်။

“ဟင့်အင်း မသွးဘူး.. တော်ဝင်မြို့တော်ကိုပြန်မယ်” ရှီမာယူယူသည် ကိစ္စကို အမြန်ဖြေရှင်းချင်သည်။ ပြီးနောက် တစ္ဆေဘုရင်အား သွားကြည့်ချင် သည်။

မရဏာလေလံပွဲ၏ နောက်ခံကိုတော့ လန်ယွဲ့ တမင်မပြောခြင်းဖြစ်မည် ဟု ခံစားရသည်။

လန်ယွဲ့သည် သူမနောက်သို့ နှစ်ရက်ကြာလိုက်ခဲ့သည်။ သူ၏ အတွေးမှာ ဖြေဆေးအတွက် အလဲအလှယ်လုပ်ရန်ဖြစ်သည်။ သို့သော် ချက်ချင်း ဖြေဆေး မရခဲ့ပေ။

ရှီမာယူယူသည် စကားပြောရင်း တွက်ချက်ရင်းနှင့် နောက်တစ်ကြိမ် သူ နာကျင်လာသည်နှင့် ယာယီဖြေဆေးပေးသည်။

သည်တစ်ခေါက် နာကျင်ချိန်မှာ တိုတောင်းသော်လည်း အရင်ကထက် နှစ်ဆပိုခံရသည်။

သူ စိတ်ပူလာသည့်အချိန်၌ သူ့လူသည် သူ့ကို ဆက်သွယ်လာသည်။ လျှို့ဝှက်ကိုယ်ရံတော်ဆီမှ သတင်းရသည်နှင့် သူ တခဏမျှ အံ့ဩသွားသည်။ ထို့နောက် ပြုံးလိုက်သည်။

ရှီမာယူယူ အင်ပါယာမြို့တော်သို့ သွားတော့မည့်ဆဲဆဲတွင် သူသည် သူမဆီသို့သွားလေသည်။

“စကားပြောရအောင်”

“ရှင့်နောက်ကွယ်ကလူအကြောင်းပြောမှာလား” ရှီမာယူယူ မေးလိုက် သည်။

“မဟုတ်ဘူး မင်းနဲ့ တခြားအကြောင်းပြောမလို့” လန်ယွဲ့ ပြောလိုက်သည် “မင်းငါ့ကို ဖြေဆေးပေးရင် လန်ဖန်းတို့ရှိနေတဲ့နေရာကို ပြောပြမယ်”

***

All Chapters