← Chapters

အသူရာမြို့တော်

Vol. 146 Ch. 2044

အသူရာမြို့တော်

Vol. 146 Ch. 2044

ရှီမာယူယူသည် မျက်လုံးများကျဉ်းမြောင်းကာ လန်ယွဲ့ကို အတန်ကြာ အောင်စိုက်ကြည့်ပြီးနောက် ပြောလေသည် “ဟုတ်ပြီလေ”

သူသာ ရာထူးမြင့်မြင့်မရှိထားပါက သတင်းများကို ဤမျှမြန်မြန် မည်သို့ ရလာမည်နည်း။

“ငါလည်း မတတ်နိုင်ဘူးလေ အကုန်လုံးကတော့ အသက်ရှင်ချင်ကြတာ ပဲ” လန်ယွဲ့ ပြောလိုက်သည်။

“ဟွန့်” ရှီမာယူယူ ပြုံးပြီးနောက် ပုလင်းတစ်လုံးထုတ်ကာ သူ့ဆီသို့ ပစ် ပေးလိုက်သည်။

လန်ယွဲ့သည် ဆေးသောက်ပြီးအနံ့ခံကြည့်သည်။ အရင်တစ်ခေါက်နှင့် အနံ့တူနေသည်ကို သိလိုက်ရသည်။ သည်တစ်ကြိမ်တွင် သူသည် သံသယမရှိ တော့ဘဲ ဆေးကို တိုက်ရိုက်စားလိုက်သည်။

ခဏအကြာတွင် ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်သည် ပုံမှန်အတိုင်းပြန်ဖြစ် သွားသည်ကို ခံစားမိရာ အဆိပ်ပြေသွားသည်ကို သိလိုက်သည်။

“စကားပြောကြတာပေါ့ လန်ဖန်းတို့က ဘယ်မှာလဲ” ရှီမာယူယူ ပြော လိုက်သည်။

“အသူရာမြို့တော်မှာ” လန်ယွဲ့သည် စာတိုတစ်ခုထုတ်ကာ သူမဆီသို့ ပစ်ပေးလိုက်သည်။ ထိုစာတွင် လန်ဖန်းနှင့်အဖွဲ့တို့သတင်းကို ရေးထားသည်။

ရှီမာယူယူ ထိုစာကိုမြင်ပြီးနောက် မီးတောက်ထုတ်ကာ စာတိုကိုမီးရှို့ပြီး ဝူလင်းယူကို ပြောလိုက်သည် “အသူရာမြို့တော်ကိုသွားမယ်”

“ယူယူ မင်းအစ်ကိုဝမ်းကွဲကို စစ်ကြည့်ခိုင်းထားပြီးပြီမလား.. ဒီလောက် နှစ်တွေအများကြီး ဘာသတင်းမှမရတာ.. ဒီတစ်ခေါက်က ဘယ်ကလာတဲ့ သတင်းလဲ.. မင်း သူတို့ကိုရှာနေတယ်ဆိုတာကို အဲလူတွေက ဘယ်လိုသိတာ လဲ” ဖူရှီသည် သံသယဖြင့်မေးလေသည် “ဒါကဖြစ်နိုင်ပါ့မလား ထောင်ချောက် များလား”

“ထောင်ချောက်ဆိုရင်တောင် ငါတို့သွားရမယ်” ရှီမာယူယူ ပြောလိုက် သည်။

ထိုလူများသည် သူမမိခင်၏ လက်အောက်ငယ်သားများဖြစ်ပြီး မိခင်ဖြစ် သူ၏ အကျင့်နှင့်ဆိုလျှင် သူတို့ကို ပစ်ထားရန်မှာ မဖြစ်နိုင်ပေ။

“သတင်းက သေချာပါတယ်လို့ ဘယ်လိုဆုံးဖြတ်လိုက်တာလဲ” ဝူလင်းယူ မေးလေသည်။

“လန်ယွင်ပြောတာတော့ သူတို့ကြားမှာဆက်သွယ်တဲ့ လျှို့ဝှက်သင်္ကေတ ရှိတယ် အဲဒါကိုသူတို့ပဲသိကြတာ.. ပြီးတော့ အဲဒီလျှို့ဝှက်သင်္ကေတက ဒီစာတို ထဲမှာရှိနေတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ထိုသင်္ကေတကြောင့် လန်ဖန်းနှင့်တခြားသူများ ထိုနေရာတွင်ရှိသည်ဟု ပြောခြင်းပင်။ ထောင်ချောက်ဆိုလျှင်တောင် အသေးစိတ်စီစဉ်ထားခြင်းဖြစ် သည်။

“အဲလိုဆိုမှတော့ သွားကြတာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

သူမသည် ဟာစွန်ကိုခေါ်ထုတ်ကာ သူတို့သုံးယောက်သည် ဟာစွန်၏ ကျောပေါ်တက်ပြီး အသူရာမြို့တော်ဆီသို့ ဦးတည်သွားကြလေသည်။

လန်ယွဲ့သည် သူမ ဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားသည်ကိုကြည့်ပြီး ရုတ်တရက် လစ်ဟာသွားသလိုခံစားရလေသည်။

“ဒါကို ဘယ်လိုရလာတာလဲ”

“ကြီးကြပ်ရေးမှူးက ဥက္ကဌကိုပြောလိုက်တာ.. ဥက္ကဌက ဒါပြန်ပို့လိုက် တာပါ”

“ရောက်တာ အဲလောက်တောင် မြန်လား”

“ဥက္ကဌက ဒီနားမှာပဲရှိနေတာ.. သခင်လေးကိစ္စကိုကြားတော့ သူက သတင်းပို့ခိုင်းလိုက်တာပါ”

“အိုး” လန်ယွဲ့သည် အတန်ကြာတိတ်ဆိတ်ပြီးနောက် ရှုပ်ထွေးစွာဖြင့် ရေရွတ်မိလေသည် “ရှီမာယူယူအတွက် အသုံးဝင်မယ့် ဒီလိုမျိုးသတင်းကို မွေးစားအဖေက ဘယ်လိုသိတာလဲ”

“သခင်လေး ကျွန်တော်တို့ ပြန်ကြတော့မလား”

“ပြန်ပြီး လေလံပွဲကို ပုံမှန်အတိုင်းပဲလုပ်မယ် ကျန်တာကို ဂရုစိုက်စရာ မလိုဘူးလို့ ကြီးကြပ်ရေးမှူးကို ပြောလိုက်”

“သခင်လေး.. သခင်လေးမပြန်ရင် ကြီးကြပ်ရေးမှူးက တစ်ခုခုပြောလာ လိမ့်မယ်”

“သူ့ကိုစိတ်ပူဖို့မလိုဘူး.. သူ တစ်ခုခုမေးလာရင် ငါ အသူရာမြို့တော်ကို သွားတယ်လို့ပြောလိုက်”

“သခင်လေးက သူတို့ကိုသွားရှာမလို့လား”

“ငါက ဒီအတိုင်းပွဲသွားကြည့်မှာ မင်းသွားတော့”

“ဟုတ်ကဲ့ပါ လက်အောက်ငယ်သားက ဖြစ်နိုင်သလောက် မြန်မြန်ပြန် လာပါမယ်”

သူတို့တွင် သခင်လေးနှင့် ဆက်သွယ်ရန် နည်းလမ်းများစွာရှိသဖြင့် သူ့ကို မည်သို့ရှာရမည်ကိုသိသည်။

ရှီမာယူယူသည် ဟာစွန်၏ကျောပေါ်တွင်စီးပြီးမြို့များကို ဖြတ်ကျော်ရင်း၊ လမ်းတစ်လျှောက်တွင် ဖြတ်လမ်းဝင်္ကပါများစွာသုံးရင်းနှင့် အသူရာမြို့တော်ကို ရောက်သေလည်။

အသူရာမြို့တော်သည် ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကမှလူများ နေထိုင်သည့်နေရာဖြစ်ပြီး အသူရာငရဲနှင့် နီးသဖြင့် ရံဖန်ရံခါတွင် ထိုနေရာမှ လာသူများလည်း နေထိုင်လေ့ရှိသ်ည။

ရှီမာယူယူသည် ဖြတ်လမ်းဝင်္ကပါမှထွက်လိုက်သည်နှင့် ချက်ချင်းပင် ဒါဇင်မျှရှိသော မျက်လုံးများရောက်လာလေသည်။ ထိုလူများသည် သူတို့ကို အကဲခတ်ခြင်း၊ စပ်စုခြင်း၊ မဟားတရားပြုလုပ်တောမည့် အကြည့်များ အစရှိ သဖြင့် အမျိုးမျိုးသောအကြည့်ဖြင့် ကြည့်ကြလေသည်။

“အဲလူတွေက တကယ်ပဲ ကြောက်စရာပဲ” ဖူရှီသည် နှာခေါင်းကိုပွတ်ကာ ရွံရှာစွာ ပြောလေသည်။

“ဒီမှာက သုံးနေရာလုံးက လူတွေရောနေတော့ လူအသစ်တွေကို အရမ်း တော့ သတိမထားတဲ့ပုံပဲ.. ဒါပေမဲ့ သူတို့ရဲ့တုံ့ပြန်ချက်ကိုကြည့်ရတာတော့ သူတို့တွေက သူစိမ်းတွေကို အရမ်းစိတ်ဝင်စားတဲ့ပုံပဲ” ဝူလင်းယူ ပြောလေ သည်။

“ရှင်ကတော့ အမြဲတမ်းအကြောင်းအရင်းကိုသိနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အကြာကြီးစောင့်ရမယ့်ပုံမပေါ်ဘူး”

“အရင်ဆုံး နေဖို့တည်းခိုဆောင်သွားရှာကြမလား မဟုတ်ရင် လန်ဖန်းတို့ ကို တိုက်ရိုက်သွားရှာမလား” ဖူရှီ မေးလေသည်။

“အရင်ဆုံး တည်းခိုဆောင်သွားရှာကြမယ်.. ဒီကအခြေအနေကို မသိ သေးတော့ အလောတကြီးမလုပ်တာကောင်းမယ်”

သူတို့သည် နေထိုင်ရန် တည်းခိုဆောင်ရှာရာ တည်းခိုဆောင်တာဝန်ခံ သည် စိတ်ပါလက်ပါဖြင့် သူတို့ကို သီးသန့်ခြံဝန်းပေးလေသည်။ သူမ ဝင်သွား သောအခါ ရှီမာယူယူသည် ဘေးခြံဝန်းကိုကြည့်ပြီးမေးလေသည် “အဲဒီမှာ လည်း နေတဲ့လူရှိလား”

“ရှီပါတယ် အဲလူတွေက ဒီမှာနေနေတာ ရက်ပေါင်းမနည်းတော့ဘူး” တည်းခိုဆောင်တာဝန်ခံသည် ယဉ်ကျေးစွာပင် ပြန်ဖြေသည်။

“သူတို့က ဒီမှာနေတာ ရက်ပေါင်းမနည်းဘူးဆိုတော့ ရှင့်စီးပွားရေးက ကောင်းတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒီခြံဝန်းနှစ်ခုက သေးတဲ့အထဲပါတယ် အဲဒါကြောင့် ငှားကြတာများတယ်” တည်းခိုဆောင်တာဝန်ခံ ရှင်းပြလေသည်။

“တာဝန်ခံ ဒီမှာမျိုးနွယ်စု သုံးခုရောနေတာဆိုတော့ အရမ်းရှုပ်မှာပဲနော်”

“အရှုပ်အထွေးတော့ရှိတာပေါ့ ဒါပေမဲ့ အပြင်မှာသတင်းပြန့်နေသလို မဟုတ်ပါဘူး”

“ဒါဆို ဒီမှာ အထက်လူကြီးကဘယ်သူလဲ”

“ဒီက မျိုးနွယ်စု သုံးခုလုံးမှာ အထက်လူကြီးရှိတယ်.. တကယ်တော့ ဟိုဟိုဒီဒီ ပြဿနာလေးပဲတွေရှိတာပါ.. အဲဒီအထက်လူကြီးတွေက သိပ်ဂရု မစိုက်ဘူး.. ဒါပေမဲ့ မျိုးနွယ်စုသုံးခုကြားမှာ ပြဿနာကြီးဖြစ်လာရင်တော့ အထက်လူကြီးတွေထွက်လာတယ်” တည်းခိုဆောင်တာဝန်ခံရှင်းပြလေသည်။

“အထက်လူကြီးလား.. ရှီအာမို့လည်း အဲထဲပါလား”

“ရှူး… အဲနာမည်ကို လက်လွတ်စပယ်ပြောလို့မရဘူး.. သူက အသူရာ ငရဲရဲ့ အုပ်ချုပ်သူပဲ.. သူ့ကို လူကြီးမင်းရှီအာလို့ခေါ်ရတယ်” တည်းခိုဆောင် တာဝန်ခံသည် သူမကို အကဲခတ်ပြီးနောက် ဆက်ရှင်းပြလေသည် “အသူရာ ငရဲကလူတွေက သူ့နာမည်ကို လက်လွတ်စပယ်ပြောတာကြားသွားရင် လာ ဖမ်းလိမ့်မယ်”

“ဟုတ်ပါပြီ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ အသူရာ ငရဲကလူတွေက အဲဒီကနေထွက်လို့မရဘူးလို့ ပြောကြတယ်မလား ဒီနေရာကို ဘယ်လိုလာမှာလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲဒါကိုသစ္စာဆိုထားတဲ့သူတွေတော့ ထွက်လာလို့မရဘူး ဒါပေမဲ့ တချို့ လူတွေကတော့ နည်းလမ်းရှိရင်ထွက်လာလို့ရတယ်”

“နည်းလမ်းရှိသေးတာပဲ”

“ဒါပေါ့.. အဲနည်းလမ်းတွေကို လူသိရှင်ကြားချမပြတာပဲရှိတယ်.. မဟုတ် ရင် ကျုပ်လည်း တခြားနေရာသွားလိုက်ပြီ” တည်းခိုဆောင်တာဝန်ခံပြောလေ သည် “မင်း ခြံဝန်းကိုရောက်ပါပြီ ကျေနပ်ရဲ့လား မကျေနပ်ရင် တခြားနေရာ ရှိ သေးတယ်”

“အဆင်ပြေပါတယ် ဒါက စရံပါ” ရှီမာယူယူသည် တည်းခိုဆောင် တာဝန် ခံအား ကျောက်တစ်အိတ်ထုတ်ပေးပြီး ထွက်သွားခိုင်းလိုက်သည်။

“ရှီအာမို့က လန်ဖန်းတို့ကိုဖမ်းထားတဲ့သူလား”

“အင်း သတင်းအရဆိုရင်တော့ လန်ဖန်းကို ရှီအာမို့ရဲ့လူတွေက ခေါ်သွား တာပဲ”

“တကယ်ပဲ ရှီအာမို့ဆိုရင် သူတို့ကိုကယ်ဖို့ ပိုပြဿနာရှိသွားပြီ”

“တကယ်ပဲ သူသာဆိုရင် ဘယ်လောက်ပဲ ပြဿနာရှိရှိ သူတို့ကိုကယ်ရ မယ်.. အဲဒါကြောင့် အခုလုပ်ရမှာက သတင်းစုံစမ်းဖို့ပဲ”

“ဖြစ်ခဲ့တာလည်း နှစ်တွေအများကြီးကြာခဲ့ပြီ.. ငါတို့သုံးယောက် စိတ်ပူ စရာရှိတာက ဘယ်ကနေစရမလဲမသိတာပဲ”

“နည်းလမ်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

ဖူရှီသည် ရှီမာယူယူ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ သူမတွင် အဖြေရှိသည်ကို သိလိုက်သည်။

မကြာခင်တွင် သူမတွင် အဖြေရှိနေခြင်းမဟုတ်ဘဲ ပြင်ဆင်ပြီးသားဖြစ် သည်ကို သူ သိလိုက်ရသည်။ သူသည် ဘေးတွင် သစ်ချသီးများကို အခွံနွှာရင်း သူတို့ရှေ့တွင်ရပ်နေသောလူများကို တစ်ခါတစ်ခါကြည့်လိုက်သည်။

“မင်းသမီးလေး ကျွန်တော်က ဒိကျို့ရှီကျို့လို့ခေါ်ပါတယ် အကုန်လုံးက တော့ ကျို့ကျို့လို့ခေါ်ပါတယ်.. စစ်သူကြီးဆီက သတင်းရထားတာလားမသိ ဘူး” ဒိကျို့ကျို့မေးလေသည်။

“မဟုတ်ဘူး တခြားသူဆီကသတင်းရထားတာ ဘာလို့လဲ”

“ကျွန်တော်တို့ သတင်းပြန်ပို့လိုက်ခါရှိသေးတယ် မင်းသမီးလေးက ဒီလောက် မြန်မြန်ရောက်လာမယ်လို့ ထင်မထားဘူး” ဒိကျို့ကျို့ ပြောလေ သည် “မင်းသမီးလေး သတင်းကိုဘယ်ကရတာလဲ.. ဒီအကြောင်းကို ဘယ်သူမှ သိလို့မဖြစ်ဘူး…”

“ဒါဆိုရင် ဒါကလန်ဖန်းရဲ့ကိစ္စကို စုံစမ်းတဲ့သူရှိတယ်ဆိုတာ ပြနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ရုတ်တရက် အဖြစ်အပျက်ကိုနားလည် သွားပြီး ရိုးရှင်းစွာပြုံးပြီးပြောလိုက်သည် “ဒီလိုဖြစ်သွားတာကိုး”

***

All Chapters