← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) - ပင်လယ်ပြင်သို့ ထွက်ခွာခြင်း (၂)

သူတို့၏လမ်းခရီးတစ်လျှောက်တွင် လမ်းမှန်ကျင့်ကြံသူများစွာကလည်း ပူးပေါင်းပါဝင်လာခဲ့ပြီး မိစ္ဆာများကို ရှင်းလင်းကာ သက်ရှိများအတွက် ငြိမ်းချမ်းရေးကို ဖန်တီးပေးရန် ရည်ရွယ်ထားကြလေသည်။

ကျန်းရှောင်ဖန်းသည် လမ်းခရီးတစ်လျှောက်ရှိ လူများထံမှတဆင့် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိရှိခဲ့ရလေသည်။ သူ၏ရင်ထဲတွင် သွေးများ ဆူပွက်လာပြီး အရှေ့ပင်လယ်သို့ သွားမည့် သူ၏ဆုံးဖြတ်ချက်မှာလည်း ပိုမိုခိုင်မာလာခဲ့သည်။

ဤကဲ့သို့ အရှေ့ဘက်အကျဆုံး နေရာသို့ သွားရမည့် ခရီးစဉ်မှာ အလွန်တရာ ရှည်လျားလှပေသည်။

မိစ္ဆာဂိုဏ်းသားများက ဤနေရာကို ရွေးချယ်ရခြင်းမှာ အလယ်ပိုင်းလွင်ပြင်သည် သယံဇာတ ပေါကြွယ်ဝသော်လည်း အဓိကဂိုဏ်းကြီးသုံးဂိုဏ်း အခြေစိုက်ရာ နေရာဖြစ်ကြောင်း သူတို့ သိထားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူတို့သည် ဤဝေးလံခေါင်ဖျားသော ကျွန်းပေါ်သို့ လာရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်၏။

သို့သော် ဖြောင့်မတ်မှန်ကန်မှုကို အရာအားလုံးထက် ရှေ့တန်းတင်သော လမ်းမှန်ဂိုဏ်းများက ဤမျှဝေးကွာသော နေရာကိုပင် ချက်ချင်း လိုက်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

လမ်းခရီးတွင် ကျန်းရှောင်ဖန်းသည် အလွန်အလျင်လိုနေသဖြင့် အနားယူချိန်မှလွဲ၍ ကျန်အချိန်အားလုံးကို ဝိညာဉ်ဝါးမျိုတုတ်ကို စီးနင်းလျက်သာ ကုန်ဆုံးစေခဲ့လေသည်။

နှစ်ရက်ခန့် ကြာပြီးနောက် နောက်ဆုံးတွင် သူသည် ပင်လယ်ပြင်သို့ ရောက်ရှိလာ၏။ အစပိုင်းတွင် ကျွန်းအချို့ကို မြင်နိုင်သေးသော်လည်း နောက်ထပ် ဆယ်ရက်ခန့် ခရီးဆက်ပြီးနောက် တောက်ပနေသော ပင်လယ်ပြင်နှင့် ပြာလဲ့နေသော ကောင်းကင်ကြီးကိုသာ မြင်တွေ့ရတော့သည်။

သူသည် နေ့ရောညပါ မရပ်မနား ပျံသန်းခဲ့လေသည်။ ပင်လယ်ပြင်သည် လှိုင်းလုံးများသာ မရှိပါက ပုံဆောင်ခဲကဲ့သို့ ကြည်လင်တောက်ပနေသော လှပသည့် ကျောက်မျက်ရတနာတစ်ခုနှင့်ပင် တူနေချေသည်။ သို့သော်လည်း ကျွန်းတစ်ကျွန်း၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။

ကျန်းရှောင်ဖန်းမှာ လေထဲတွင် ကြောင်တောင်တောင် ဖြစ်နေမိ၏။ ပင်လယ်မှ အေးမြသော လေပြည်က သူ၏မျက်နှာကို လာရောက် တိုးဝှေ့နေသော်လည်း သူ၏ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှုများက ကြီးစိုးနေလေသည်။

ယခုဆိုလျှင် သူ ပင်လယ်ပြင်ထဲသို့ ရောက်ရှိနေသည်မှာ ဆယ်ရက်ပင် ရှိနေပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် သူ အနားယူရန် ကျွန်းတစ်ကျွန်းကို ရှာမတွေ့သည်မှာ တစ်ရက်နှင့် နှစ်ညပင် ကြာမြင့်နေပြီ ဖြစ်လေသည်။

ဤအဆုံးမဲ့ ပင်လယ်ပြင်ကြီးထဲတွင် သူ လမ်းပျောက်နေပြီဖြစ်ကြောင်း သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေမိသည်။

သို့သော် လွန်ခဲ့သော ရက်များအတွင်း လွင်တီးခေါင်၌ အိပ်စက်ခြင်းနှင့် တောတွင်းမှ အစားအစာများကို စားသောက်ခြင်းမှလွဲ၍ အခြား ဘာမှမရှိခဲ့ပေ။

ထိုအရာက သူ၏ပျံသန်းမှုစွမ်းရည်ကို များစွာ တိုးတက်လာစေခဲ့ပြီး ယခင်ကကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိတော့ချေ။

ထိုအချိန်တွင် သူသည် ခေါင်းမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြာလဲ့နေသော ပင်လယ်ပြင်ကို ကြည့်လိုက်၏။ ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်လေသည်။

ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ကျန်းရှောင်ဖန်းသည် သူ၏အရှေ့ဘက်မှ ငှက်အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။

သူ ခေါင်းမော့ကြည့်လိုက်ရာ ပင်လယ်ပြင်အထက်တွင် ပျံသန်းနေသော အဖြူရောင်ဇင်ယော်ငှက်တစ်ကောင်ကို မြင်လိုက်ရသည်။

ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာလေသည်။ ကမ်းရိုးတန်းမှ ထွက်ခွာလာစဉ်က ဇင်ယော်ငှက်များစွာကို မြင်တွေ့ခဲ့ရသော်လည်း သူ အဝေးသို့ ရောက်လာချိန်တွင်မူ ဇင်ယော်ငှက်များ ဤနေရာအထိ မရောက်နိုင်တော့ပေ။

ယခုကဲ့သို့ ပင်လယ်ရေနက်ပိုင်းတွင် ဇင်ယော်တစ်ကောင်ကို မြင်တွေ့ရခြင်းက အနီးအနားတွင် ကျွန်းတစ်ကျွန်း ရှိနေကြောင်း အဓိပ္ပာယ်ရလေသည်။

ထိုသို့ တွေးမိသည်နှင့် ကျန်းရှောင်ဖန်းမှာ စိတ်လှုပ်ရှားသွားလေသည်။ သူသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ဇင်ယော်ငှက်၏ ဦးတည်ရာဘက်သို့ ပျံသန်းသွားလေတော့သည်။

အဆုံးမဲ့ ပင်လယ်ပြင်ကြီးက မိုးကုပ်စက်ဝိုင်းတွင် ဖြန့်ကြက်ထားပြီး ကောင်းကင်နှင့် ပင်လယ်၏ အရောင်မှာ ပန်းချီကားတစ်ချပ်ပမာ ထပ်တူကျနေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံသန်းနေရခြင်းက သူ၏ခန္ဓာကိုယ်သည် သဘာဝတရားနှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ အင်မော်တယ်တစ်ပါးကဲ့သို့သော ခံစားချက်မျိုးကို ရရှိစေလေသည်။

သူသည် နာရီဝက်ခန့် ဆက်လက်ပျံသန်းလာပြီးနောက် သူ၏အရှေ့တွင် ကျွန်းငယ်လေးတစ်ကျွန်း ပေါ်ထွက်လာ၏။

ကောင်းကင်မှ ငုံ့ကြည့်လိုက်ရာ ကျွန်းတစ်ကျွန်းလုံးကို အစိမ်းရောင်အပင်များဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့ရလေသည်။ ကျွန်းအနီးရှိ ပင်လယ်ရေမှာ ကြည်လင်နေပြီး ပုံဆောင်ခဲကဲ့သို့ ပြာလဲ့နေသော ကျောက်စိမ်းတစ်ခုနှင့်ပင် တူနေချေသည်။

ကျန်းရှောင်ဖန်းသည် အချိန်အတော်ကြာ ပျံသန်းခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ရာ ဆင်းသက်လိုက်ပြီး ကျွန်းပေါ်တွင် ခေတ္တမျှ အနားယူလိုက်လေသည်။

နောက်ဆုံးတွင် သူ၏ခြေထောက်များ မြေကြီးပေါ်သို့ ရောက်ရှိသွားချိန်တွင် ကျန်းရှောင်ဖန်းသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ မြင်ကွင်းမှာ လေထဲမှ ကြည့်စဉ်ကနှင့် များစွာကွာခြားပြီး ပိုမို ရှင်းလင်းနေကြောင်း တွေ့လိုက်ရလေသည်။

ကြည်လင်နေသော ရေလှိုင်းများက ဖြူဖွေးနေသော သဲသောင်ပြင်ပေါ်သို့ တစ်လှိုင်းပြီးတစ်လှိုင်း လာရောက် ရိုက်ခတ်နေလေသည်။

ကမ်းခြေအနီးတွင် အလယ်ပိုင်းလွင်ပြင်၌ မရှိသော သစ်ပင်အမျိုးအစားများ ရှိနေလေသည်။ ရှည်လျားသောပင်စည်များ ရှိပြီး ဘေးဘက်သို့ ဖြာထွက်နေသော သစ်ကိုင်းများ မရှိဘဲ ကောင်းကင်သို့ တည့်မတ်စွာ ထိုးထွက်နေပေသည်။

သစ်ပင်၏ထိပ်တွင် ကြီးမားသော အရွက်များရှိပြီး အရွက်များအောက်တွင်မူ ကလေးတစ်ယောက်၏ ခေါင်းလုံးခန့် အရွယ်အစားရှိသော သစ်သီးများ ရှိနေလေသည်။

ကျွန်း၏အတွင်းပိုင်းသို့ ဝင်သွားလေ သစ်ပင်များအပြင် ချုံပုတ်များဖြင့် ဝေဆာနေပေသည်။

တောအုပ်မှာ ထူထပ်နေပြီး လမ်းကြောင်းမရှိပေ။ ဤနေရာတွင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် မည်သူမျှ လမ်းလျှောက်ခဲ့ဖူးခြင်း မရှိသကဲ့သို့ ပင်။

ခေါင်းအထက်တွင်မူ ဇင်ယော်ငှက်များက စက်ဝိုင်းပုံစံ ပျံသန်းကာ အော်မြည်နေကြ၏။ လတ်ဆတ်ပြီး အေးမြသောလေပြေက ပင်လယ်ပြင်မှ တိုက်ခတ်လာလေသည်။

ကျန်းရှောင်ဖန်းက လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤကဲ့သို့ တိတ်ဆိတ်နေသော နေရာမျိုးတွင် ပင်ပန်းနွမ်းနယ်မှုများက သူ့ထံသို့ လွှမ်းမိုးလာလေတော့သည်။

သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ ထူးဆန်းသောအရာ ဘာမျှမတွေ့ရသဖြင့် သန့်ရှင်းသောနေရာတစ်ခုကို ရှာကာ လှဲလျောင်းရင်း အိပ်ပျော်သွားလေတော့သည်။

ဤအိပ်စက်ခြင်းက အတော်လေး ချိုမြိန်လှပေသည်။ ကျွန်းလေးမှာ တိတ်ဆိတ်နေပြီး ဒီရေနှင့် လေတိုက်သံမှလွဲ၍ အခြားမည်သည့်လှုပ်ရှားမှုမျှ မရှိပေ။

ပြီးတော့ သူ့ကို အနှောင့်အယှက်ပေးမည့်သူလည်း ရှိမနေသည်မှာ သေချာလှ၏။ ကျန်းရှောင်ဖန်းသည် ညနေစောင်းအထိ အိပ်ပျော်သွားပြီးမှ နိုးလာခဲ့လေသည်။

ကျန်းရှောင်ဖန်း မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပြီး သဲသောင်ပြင်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ ညနေဆည်းဆာ မြင်ကွင်းကို အဝေးမှ လှမ်းကြည့်လိုက်ရာ နံနက်ခင်းနှင့် များစွာ ကွာခြားလှပေသည်။

နေဝင်ချိန်သည် သွေးကဲ့သို့ နီရဲနေပြီး အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင် တိမ်တိုက်များနှင့် ပင်လယ်ပြင်ကို သွေးနီရောင်တောက်ပစေလေသည်။ တိမ်တိုက်များသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လောင်ကျွမ်းနေသကဲ့သို့ ရှိနေ၏။

ပင်လယ်ပြင်မှ လေပြေများ တိုက်ခတ်လာသောအခါ ကျန်းရှောင်ဖန်းသည် သူ၏လက်နှစ်ဖက်ကို ဆန့်တန်းကာ လေကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။

သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခုက သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ နိဗ္ဗာန်ဘုံကဲ့သို့သော နေရာမျိုးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါ့ပါးလန်းဆန်းသွားလေသည်။

ထိုအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာခဲ့သည်။ တကယ်လို့များ သူသည် စီနီယာအစ်မလင်းအာနှင့်အတူ ဤကဲ့သို့ ငြိမ်းချမ်းသော နေရာမျိုးတွင် နေ့တိုင်း အတူနေထိုင်ကာ လှပသော နေဝင်ဆည်းဆာကို ကြည့်ရှုခွင့်ရမည်ဆိုပါက သူ၏ဘဝတွင် မည်သည့်နောင်တမျှ ရှိတော့မည် မဟုတ်ပေ။

လင်းအာအကြောင်းကို တွေးမိသည်နှင့် ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားလေသည်။ တောင်ပေါ်မှ သူ ဆင်းလာခဲ့သည်မှာ တစ်လပင် ရှိနေပြီ ဖြစ်သည်။

ချင်းယွင်ဂိုဏ်းသို့ ရောက်ရှိချိန်မှစ၍ သူသည် စီနီယာအစ်မနှင့် ဤမျှ အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ရဖူးခြင်း မရှိပေ။

ယခုကဲ့သို့ တိတ်ဆိတ်နေသော ကျွန်းလေးပေါ်တွင် သူ၏စီနီယာအစ်မသည် အနီးအနားရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိနေနိုင်ကြောင်း တွေးမိလိုက်သောအခါ ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး မငြိမ်မသက် ဖြစ်သွားရလေသည်။

ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေပြီးနောက် သူ၏ လှုပ်ရှားနေသော ခံစားချက်များမှာ နောက်ဆုံးတွင် ငြိမ်သက်သွားလေသည်။ ထိုစဉ် သူ၏ဗိုက်ထဲမှ အသံမြည်လာသည်ကို ကြားလိုက်ရသည်။။

ကျန်းရှောင်ဖန်း ခါးသီးစွာ ပြုံးလိုက်မိသည်။ ကုန်းစွန်းတောင်ရှိ သွေးစက်ဂူထဲတွင် ပိတ်မိနေခဲ့ချိန်မှစ၍ သူသည် အလွယ်တကူ ဗိုက်ဆာတတ်လာသည်။

သို့သော် ကိစ္စမရှိပေ။ သူ့ထံတွင် အစားအစာ အလုံအလောက် ရှိနေသေးသည်။ သောက်ရေသာ များများစားစား မကျန်တော့ခြင်း ဖြစ်၏။

ကျန်းရှောင်ဖန်း ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီးနောက် သူ၏အကြည့်များက သစ်ပင်များပေါ်ရှိ သစ်သီးများဆီသို့ ရောက်သွားလေသည်။ သူသည် အပေါ်သို့ ခုန်တက်ကာ သစ်သီးအချို့ကို ခူးယူလိုက်သည်။

သစ်သီး၏ အခွံမှာ အလွန်တရာ မာကျောနေပြီး ကျန်းရှောင်ဖန်းသည် ကျောက်တုံးပေါ်တွင် အကြိမ်ပေါင်းများစွာ ထုရိုက်ပြီးနောက်မှသာ အခွံကို ခွဲနိုင်ခဲ့ပြီး အဖြူရောင်အရည်များ ထွက်ကျလာလေသည်။

ကျန်းရှောင်ဖန်းက အမြန်ပင် အကုန်သောက်ချလိုက်၏။ အနည်းငယ် ခါးသက်သော်လည်း ချိုမြိန်သော အရသာရှိလေသည်။ တကယ်ကို ကောင်းမွန်သော သစ်သီးပင် ဖြစ်ပေသည်။

ဤကဲ့သို့ သဘာဝအလျောက် ရရှိသော အရသာရှိသည့် သစ်သီးများဖြင့် ကျန်းရှောင်ဖန်းသည် ကျေနပ်စရာကောင်းသော အစားအစာတစ်ခုကို စားသုံးနိုင်ခဲ့လေသည်။

ကောင်းကင်ကြီး မှောင်မိုက်လာသည်ကို မြင်သောအခါ သူသည် မနက်ဖြန်မှသာ ခရီးဆက်ရန် စီစဉ်လိုက်သည်။

ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်မိုက်လာလေသည်။ ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေများကလည်း ပို၍ အေးစက်လာလေသည်။

ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်ပြီး တောအုပ်ဆီသို့ လျှောက်သွားလိုက်သော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အထဲသို့ မဝင်ခဲ့ပေ။ သူသည် လေကွယ်မည့် နေရာတစ်ခုကို ရှာကာ လှဲလျောင်းရင်း အနားယူလိုက်လေသည်။

မွန်းလွဲပိုင်း တစ်လျှောက်လုံး အိပ်ထားသဖြင့် ကျန်းရှောင်ဖန်းမှာ အိပ်မရတော့ချေ။ ဟိုဘက်ဒီဘက် လှည့်ရင်း သူ၏စိတ်ထဲတွင် ထိုနေ့က လက်ဖက်ရည်ဆိုင်၌ သရဲဘုရင် ကွေ့ဝမ် ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရလာမိလေသည်။

သူသည် ခါးထက်မှ ဝိညာဉ်ဝါးမျိုတုတ်ကို ဖြုတ်ယူလိုက်၏။ ကြယ်ရောင်များကို ရောင်ပြန်ဟပ်နေသော အနက်ရောင် တုတ်ချောင်းလေးပေါ်တွင် အစိမ်းရောင်အလင်းတန်းများ တောက်ပနေလေသည်။

အထူးသဖြင့် သွေးကြောများနှင့်တူသော အနီရောင်အစင်းကြောင်းများမှာ အသက်ဝင်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့အတွင်း၌ လတ်ဆတ်သော သွေးများ စီးဆင်းနေသယောင် ရှိနေသည်။

‘ဒါတွေက သရဲဘုရင်ကွေ့ဝမ် ပြောသလို ငါ့ရဲ့ သွေးတွေများလား’

ကျန်းရှောင်ဖန်း စိတ်ထဲမှ ရေရွတ်လိုက်မိရာ မတူညီသော ခံစားချက်များ ရောနှောသွားလေသည်။ ထိုနေ့က ရှေးဟောင်းတောင်ကြားထဲတွင် သွေးစုပ်ပုလဲသည် သူ၏လက်ဝါးထဲမှ သွေးမြောက်မြားစွာကို စုပ်ယူသွားခဲ့သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေသေးသည်။

ကျန်းရှောင်ဖန်း တုန်ယင်သွားပြီး အတိတ်ကို ပြန်မတွေးချင်သဖြင့် ခေါင်းကို အတင်းခါယမ်းလိုက်လေသည်။

သို့သော် ထိုမှော်လက်နက်မှာ သူ၏အရှေ့တွင် ထင်ရှားစွာ ရှိနေဆဲဖြစ်ပြီး ထူးခြားသော အအေးဓာတ်ကပင်လျှင် သူ၏ခန္ဓာကိုယ်အတွင်း၌ ရင်းနှီးစွာ စီးဆင်းနေဆဲ ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ပင်။

ထိုနေ့က သရဲဘုရင်ကွေ့ဝမ်အား ထိုစကားများကို သူ ဂုဏ်သိက္ခာရှိရှိ ပြောခဲ့သော်လည်း သူနှင့်ပတ်သက်လာသောအခါ ခံစားချက်က သိပ်မကောင်းလှပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏မှော်လက်နက်သည် မိစ္ဆာဂိုဏ်း၏ လက်နက်တစ်ခုဖြစ်ကြောင်း သူ့ကဲ့သို့ နာမည်ကြီး ဂိုဏ်းတစ်ခုတွင် ကြီးပြင်းလာသော တပည့်တစ်ယောက်အနေဖြင့် လက်ခံရန်ဆိုသည်မှာ မလွယ်ကူလှပေ။

ထိုအကြောင်းကို တွေးမိသောအခါ သူသည် ဝိညာဉ်ဝါးမျိုတုတ်ကို ထပ်မံ ကြည့်ရှုလိုက်ပြန်၏။ ရှင်းလင်းနေသော သွေးကြောများကို မြင်သောအခါ သူ၏ရင်ထဲတွင် တွေးမနေဘဲ မနေနိုင်တော့ချေ။

‘ဒီမှော်လက်နက်က ဝိညာဉ်ဘယ်နှစ်ခုကို စုပ်ယူခဲ့ပြီးပြီလဲ’

‘ဒီသွေးတွေထဲမှာ နာကြည်းနေတဲ့ ဝိညာဉ်တွေ အများကြီး ပုန်းအောင်းနေလောက်တယ်’

ထိုအတွေးဝင်လာသောအခါ ရုတ်တရက် တုန်ရီသွားလေသည်။

သို့သော် သူ ရုတ်တရက် ပြန်လည်အမှတ်ရသွား၏။

‘တကယ်လို့ သရဲဘုရင် ကွေ့ဝမ် ပြောခဲ့တာတွေက အမှန်ဆိုရင် ဟွမ်ယွဲ့လှိုင်ဂူထဲက “ကျူးရှန်းဓား” ကရော ဘာကြီးလဲ’

လောကကြီးရဲ့ လမ်းမှန်နဲ့ မိစ္ဆာဆိုတာ ဆရာနဲ့ စီနီယာအစ်ကိုတွေ သင်ပေးခဲ့သလိုမျိုး အမြဲတမ်းတည်ရှိနေပြီး ဘယ်တော့မှ မပြောင်းလဲဘူးလား။

ရုတ်တရက် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။ ယခင်က တစ်ခါမှ မတွေးဖူးသော အတွေးတစ်ခု ဖြစ်သည်။

‘လမ်းမှန်ဂိုဏ်းသားတွေက အမြဲတမ်း ဖြောင့်မတ်မှန်ကန်နေရမယ်လို့ ဘယ်သူပြောလဲ’

ထိုသို့ တွေးမိသည်နှင့် ကျန်းရှောင်ဖန်း ရုတ်တရက် ခုန်ထလိုက်ပြီး မျက်လုံးများကို မှိတ်ကာ “ဖြန်း” ခနဲ ရိုက်ချလိုက်လေသည်။

သူသည် သူ၏ပါးပြင်ကို အားကုန်လွှဲရိုက်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။

“ခွေးကောင်၊ သောက်ကျိုးနည်း၊ မင်းက ဘယ်လိုလုပ်ပြီး ဒီလို သစ္စာဖောက်တဲ့ အတွေးမျိုး တွေးရတာလဲ”

All Chapters