← Chapters

အခန်း ၈၂၃

Vol. 55 Ch. 823

အခန်း ၈၂၃

Vol. 55 Ch. 823

အခန်း (၈၂၃) ခေတ်အဆက်ဆက် ထင်ဟပ်စေသော မဟာနတ်ဘုရားစွမ်းအင်။ အနှိုင်းမဲ့အောင်ပွဲ။ (၃)

"နဂါးနှင့်ကျား ချီစွမ်းအား"

ဝမ်ဖုဟူ၏ နဖူးပေါ်တွင် အကြောများ ထောင်ထွက်လာပြီး သူ၏ စွမ်းအားသိုလှောင်ရာအတွင်းရှိ နီရဲသော ချီစွမ်းအင်များမှာ ကြမ်းတမ်းသော ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လာကာ သူ၏ ချပ်ဝတ်တန်ဆာကို သွေးရောင်လွှမ်းသွားစေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်သွေးကြော ၁၂ ကြောင်းမှာလည်း နဂါးကြီးများ နိုးထလာသကဲ့သို့ ရွှေအိုရောင် ပြောင်းလဲသွားသည်။ နဂါးနှင့် ကျားမှာ တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြပြီး ရွှေရောင်နှင့် အနီရောင်တို့ ရောယှက်သွားတော့သည်။

ဝမ်ဖုဟူသည် ရွှေနဂါးတစ်ကောင်နှင့် နီရဲသော ကျားတစ်ကောင်၏ ရစ်ပတ်မှုကို ခံထားရသကဲ့သို့ဖြစ်ပြီး သူ၏ အရှိန်အဝါမှာ သာမန် မူလနယ်ပယ် သိုင်းပညာရှင်များကို စိတ်ဝိညာဉ်နှင့် သတ္တိများ ဆုံးရှုံးသွားစေကာ တိုက်ခိုက်လိုစိတ် ပျောက်ကွယ်သွားစေလောက်အောင် ပြင်းထန်လှသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ညကောင်းကင်ယံတွင် လေပြင်းမုန်တိုင်းများနှင့်အတူ မိုးကြိုးများ ယှက်သန်းနေပြီး တိမ်တိုက်များမှာလည်း ကောင်းကင်ဘုံ၏ နိမိတ်တစ်ခု ပေါ်ထွက်လာသကဲ့သို့ လိပ်တက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ ကမ်းနားရှိ စိတ်ဝိညာဉ်အားနည်းသူအများအပြားမှာ ထိုဖိအားကို မခံနိုင်ဘဲ ညည်းတွားရင်း နေရာမှာတင် မေ့လဲသွားကြတော့သည်။

'ဒါ... ဒါက တကယ့်ကို မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ထုတ်ဖော်နိုင်တဲ့ စွမ်းအားလား။ မအံ့သြတော့ပါဘူး... သူ့ကို သတ်ဖို့ သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် လာခဲ့ရတာ မဆန်းတော့ဘူး။'

'ငါက ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီး ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရားစွမ်းရည်တုပိုင်ရှင် သိုင်းပညာရှင်တစ်ယောက်နဲ့ ယှဉ်နိုင်ပေမဲ့... ဝမ်ဖုဟူနဲ့ ယှဉ်လိုက်ရင်တော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတာပဲ။' ထွမ်မုထောင်၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်နေသည်။ အကယ်၍ သူသာ ဤကြောက်မက်ဖွယ် ဝမ်ဖုဟူနှင့် ရင်ဆိုင်ရမည်ဆိုပါက လှုပ်ရှားမှု အနည်းငယ်အတွင်းမှာပင် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပြီး ထွက်ပြေးရန်ပင် အခွင့်အရေး ရှိမည်မဟုတ်ပေ။

"ငါ့ရဲ့ နဂါးနဲ့ကျား ပေါင်းစပ်တိုက်ကွက်ကို ခံယူစမ်း"

ဝမ်ဖုဟူသည် သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။ သူ၏ ဆံပင်နက်များမှာ လေထဲတွင် ဝဲပျံနေပြီး ရွှေနဂါးနှင့် နီရဲသော ကျားတို့၏ ရစ်ပတ်မှုနှင့်အတူ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ သူ၏ ညာလက်သီးဖြင့် အားကုန် ထိုးနှက်လိုက်ရာ နဂါးနှင့် ကျားတို့မှာ စူးချန်ခုန်းကို ဝါးမြိုဖျက်ဆီးပစ်ရန် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

'ဒီဝမ်ဖုဟူက တကယ်ကို သန်မာတာပဲ။ ကုလေ့ထက် အများကြီး သာတယ်'

စူးချန်ခုန်း စိတ်ထဲမှ ချီးကျူးမိသည်။ ဝမ်ဖုဟူသည် သူ၏ ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဟးဝေမင်းဆက်တွင် တစ်လောကလုံး ကျော်ကြားခဲ့ပြီး သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် သူ့ကို သတ်ခဲ့ရခြင်းမှာ သူ၏ ခွန်အားမှာ သာမန်ထက် ထူးကဲနေသောကြောင့် ဖြစ်သည်။

'ဒါပေမဲ့... အဲ့ဒါက မလုံလောက်သေးဘူး။'

စူးချန်ခုန်းမှာ ချီးကျူးနေသော်လည်း သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ်မျှ နှေးကွေးမသွားပေ။ သူ၏ စွမ်းအားသိုလှောင်ရာအတွင်းမှ ဆန်းကြယ်လိပ် ချီစွမ်းအင်သုံးစက်မှာ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ခမ်းနားလှသော ချီစွမ်းအင်များထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များပင် ကသောင်းကနင်း ဖြစ်သွားသည်။

ဧရာမဝေလငါးကျင့်စဉ်၊ အဆုံးမဲ့ ဒေါသ ပင်လယ်

ချီစွမ်းအင်အရည် သုံးစက်ဖြင့် မောင်းနှင်ထားသော ဧရာမဝေလငါးကျင့်စဉ်မှာ လူတိုင်းကို အံ့အားသင့်သွားစေလောက်သည့် အဆင့်သို့ ရောက်ရှိသွားသည်။

"ဝုန်း"

နွေဦးမိုးရေကန်၏ အလယ်ဗဟိုမှာ ကြီးမားလှသော ရေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သောင်းကျန်းနေသော ပင်လယ်ပြင်သည် လျှပ်စီးများနှင့်အတူ ထကြွလာသည်။ ဝေလငါးကြီးတစ်ကောင်မှာ ထိုရေဝဲထဲတွင် လှည့်ပတ်နေပြီး ကောင်းကင်ကြီးကိုပင် ဝါးမြိုတော့မည့်အတိုင်းပင်။ ထိုစွမ်းအားအားလုံးမှာ စူးချန်ခုန်း၏ လက်သီးပေါ်တွင် စုစည်းသွားပြီး မုန်တိုင်းလျှပ်စီးများနှင့်အတူ ဝမ်ဖုဟူ၏ နဂါးနှင့်ကျား ပေါင်းစပ်တိုက်ကွက်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

"ဒုန်း"

နတ်ဘုရားနှစ်ပါး ထပ်မံ ထိပ်တိုက်တွေ့ဆုံကြသကဲ့သို့ပင်။

"ဝုန်း... ဝုန်း... ဝုန်း"

မိုးကြိုးသံများ ထစ်ချုန်းသွားပြီး ကောင်းကင်ရှိ တိမ်တိုက်များမှာလည်း လိပ်တက်သွားသည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် နွေဦးမိုးရေကန်ရှိ ရေများမှာ ကောင်းကင်ယံသို့ ပွင့်ထွက်သွားရာ ကန်၏ အောက်ခြေကိုပင် အတိုင်းသား မြင်တွေ့လိုက်ရသည်။

"ဝီးးးးး..."

လည်ပတ်နေသော လေစီးကြောင်းများနှင့် နဂါး၊ ကျား ဟိန်းသံများမှာ ရောယှက်ကာ ဟင်းလင်းပြင်ကို အက်ကွဲသွားစေပြီး မှောင်မည်းနေသော ဖရိုဖရဲ ဟင်းလင်းပြင်ကို ပေါ်ထွက်လာစေသည်။

စူးချန်ခုန်းနှင့် ဝမ်ဖူဟူတို့ နှစ်ဦးစလုံး ရပ်တန့်သွားကြသည်။ ထိုတိုက်ခိုက်မှုမှ ပြန်ကန်ထွက်လာသော စွမ်းအားမှာ သာမန်လူများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။ စူးချန်ခုန်းသည် သူ၏ လက်မောင်းများတွင် ထုံကျင်မှုကို အနည်းငယ် ခံစားလိုက်ရသော်လည်း သိုင်းဝိဇ္ဇာသူတော်စင် အဆင့်နှင့် နီးကပ်နေသော သူ၏ ခန္ဓာကိုယ်ကြောင့် တောင့်ခံနိုင်ခဲ့သည်။

"ဂျွတ်"

ဝမ်ဖုဟူသည် သူ၏ ပြိုင်ဘက်ကင်းကျင့်စဉ်များကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားသော်လည်း ထိုပြန်ကန်အားကြောင့် ညည်းတွားလိုက်ရသည်။ သူ၏ ညာလက်မောင်းကို ဖုံးအုပ်ထားသော အနီရောင်နှင့် ရွှေရောင် စွမ်းအင်လွှာများမှာ လွင့်စင်သွားပြီး သူ၏ လက်မောင်းမှ အရိုးကျိုးသံများနှင့် ကြွက်သားပြဲထွက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အရိုးများ ကြေမွကာ သွေးများ ပန်းထွက်လာပြီး ထိုပြန်ကန်အားကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ကျောက်စက်တစ်စက်က ကျောက်တုံးကို ဖောက်ထွင်းခြင်းဖြင်း စူးချန်ခုန်းသည် ဝမ်ဖုဟူကို အသက်ရှူချိန် မပေးပေ။ သူ၏ ဘယ်ဘက်လက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ရာ လက်ထိပ်တွင် စုစည်းနေသော ဝေလငါး ချီစွမ်းအင်များမှာ ရေစက်တစ်စက်အဖြစ် ပြောင်းလဲသွားပြီး ပစ်လွှတ်လိုက်သည်။ ၎င်းမှာ နုနယ်ပြီး အားနည်းပုံရသော်လည်း အရာအားလုံးကို ဖောက်ထွင်းနိုင်စွမ်း ရှိသည်။

"ဖောင်း"

ဝမ်ဖုဟူ၏ ရင်ဘတ်မှာ ထိုလက်ညှိုးစွမ်းအားကြောင့် ပေါက်ထွက်သွားသည်။ ထိုစွမ်းအားမှာ ဝမ်ဖုဟူ၏ ချပ်ဝတ်တန်ဆာကို အပိုင်းပိုင်းဖြတ်ကာ ရင်ဘတ်မှတစ်ဆင့် ကျောဘက်သို့ ဖောက်ထွက်သွားပြီး ပန်းကန်လုံးအရွယ်အစားရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။

"ဝုန်း"

ထိုအချိန်တွင် ကောင်းကင်ယံသို့ ပွင့်ထွက်သွားသော ရေအမြောက်အမြားမှာ နို့ရောင် ရေတံခွန်ကြီးတစ်ခုကဲ့သို့ နွေဦးမိုးရေကန်အတွင်းသို့ ပြန်လည် ကျဆင်းလာခဲ့သည်။ ကန်ရေပြင်မှာ အရင်လို ကြည်လင်ငြိမ်သက်ခြင်း မရှိတော့ဘဲ ပြန်လည် တည်ငြိမ်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ဝမ်ဖုဟူသည် နေရာမှာတင် ရပ်တန့်သွားပြီး သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသော ရေများကို ခံယူရင်း သူ၏ ရင်ဘတ်ရှိ သွေးချင်းချင်းနီနေသော အပေါက်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာကာ "ငါ... ရှုံးသွားပြီ..." ဟု ပြောလိုက်သည်။

လက်ခံရန် ခက်ခဲသော်လည်း ဝမ်ဖုဟူတွင် ငြင်းစရာ မရှိပေ။ တာ့ဝူဖုန်းဟု ခေါ်သော ဤလူမှာ သူ့ကို ထိပ်တိုက် ရင်ဆိုင်ပြီး အနိုင်ယူခဲ့ခြင်းဖြစ်ရာ အကြောင်းပြချက် ပေးစရာ မလိုတော့ပေ။ ထို့အပြင် ထိုသူမှာလည်း သူ့ကဲ့သို့ပင် မူလနယ်ပယ်မှ ဖြစ်သော်လည်း ပို၍ သန်မာနေသည် မဟုတ်ပါလား။

စူးချန်ခုန်းအနေဖြင့် ဝမ်ဖုဟူကို အနိုင်ရဖို့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဝမ်ဖုဟူမှာ ဟူဝေမင်းဆက်၏ သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် ပထမဖြစ်သော်လည်း စူးချန်ခုန်းမှာမူ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ မရောက်သေးသော်လည်း သိုင်းဝိဇ္ဇာသူတော်စင် အစစ်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီးသူဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်မှာပင် ရှိနေပြီ ဖြစ်သည်။

စူးချန်ခုန်းသည် ထိုလက်ညှိုးဖြင့် တိုက်ခိုက်ရာတွင် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ရှောင်ရှားခဲ့သည်။ သို့မဟုတ်ပါက ထိုတစ်ချက်တည်းဖြင့် ဝမ်ဖုဟူကို သတ်နိုင်မည် ဖြစ်သည်။ အကြောင်းက သေဆုံးသွားသည်မှာ ကြာပြီဖြစ်သော ဝမ်ဖုဟူသည် ဤကမ္ဘာသို့ မည်သို့ ပြန်လည်ရောက်ရှိလာသနည်းဆိုသည်ကို သူ သိချင်သောကြောင့် ဖြစ်သည်။

စူးချန်ခုန်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် စိုရွှဲနေသော ဝမ်ဖုဟူကို ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျား ဘယ်လိုဖြစ်ပြီး အသက်ပြန်ရှင်လာရတာလဲဆိုတာ ကျွန်တော့်ကို အခု ပြောပြလို့ရပြီလား။"

ဝမ်ဖုဟူသည် ကောင်းကင်ကို တစ်ချက်ကြည့်ကာ သူ၏ ရင်ဘတ်မှ သွေးများ စီးကျနေသော်လည်း သက်ပြင်းချလိုက်သည်။ "ငါ အသက်ပြန်ရှင်လာတာ မဟုတ်ပါဘူး။ ဒါက ငါအစစ် မဟုတ်ဘူး... ဒီကမ္ဘာမှာ ငါ့ကို ခဏ ပြန်ပေါ်လာခွင့်ပေးတဲ့ စွမ်းအားတစ်ခုပဲ။ အချိန်တန်ရင် ပြန်ပျောက်ကွယ်သွားမယ့် ပုံရိပ်ယောင်တစ်ခုပါပဲ။"

All Chapters