← Chapters

အခန်း ၁-၂

Vol. 1 Ch. 1-2

အခန်း ၁-၂

Vol. 1 Ch. 1-2

Chapter 1+2

~

အခန်း ၁+၂ : ယန်မိသားစု၏ ဒုတိယသား

~

​၁၀ စတုရန်းမီတာ ပတ်လည်ပင် မပြည့်သော အခန်းကျဉ်းလေးတစ်ခု အတွင်း၌ ဖြစ်ပေသည် ။

​အခန်းအတွင်း၌ နေရာအထားအသိုမှာ အလွန်ပင် သပ်ရပ်လှ၏ ။ သပ်ရပ်လွန်းလှသဖြင့် သစ်သားခုတင်တစ်လုံးနှင့် ခြေတစ်ဖက်ကျိုးနေ၍ အောက်မှ အုတ်ခဲများ ခုထားရသော စားပွဲဟောင်းတစ်လုံးသာ ရှိချေသည် ။ စားပွဲပေါ်တွင်တော့ စာအုပ်များစွာကို စနစ်တကျ စီထားလေ၏ ။

​ယန်ကျီဝမ်သည် စားပွဲပေါ်တွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ဟောင်းကို ငေးကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည် ။

​" ၁၉၅၈ ခုနှစ် မေလ.. ငါ တကယ်ပဲ ကူးပြောင်းလာတာလား .."

​ထို့နောက်တွင်တော့ သူစိမ်းဆန်သော်လည်း ရင်းနှီးနေသည့် မှတ်ဉာဏ်များက သူ၏ဦးနှောက်အတွင်းသို့ စီးဝင်လာသည် ။ အတန်ကြာပြီးနောက် ယန်ကျီဝမ်သည် အသားမရှိဘဲ ပိန်လှီနေသော သူ၏ခန္ဓာကိုယ်နှင့် အပေါက်အပြဲများဖြင့် ပြည့်နေသည့် မီးခိုးရောင် လက်ပြတ်အင်္ကျီကို ငုံ့ကြည့်လိုက်မိ၏ ။

ထိုအခါမှသာ သူ အမှန်တကယ်ပင် ကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ယုံကြည်လိုက်တော့သည် ။

​ထို့အပြင် သူရောက်ရှိနေသည်မှာ နာမည်ကျော် ခြံဝန်းအိမ် ကမ္ဘာထဲသို့ ဖြစ်ပေသည် ။ သို့သော် ဝတ္ထုထဲလား၊ ရုပ်သံဇာတ်လမ်းထဲလား၊ မည်သို့သော ဗားရှင်းမျိုး ဆိုသည်ကိုတော့ ကွဲကွဲပြားပြား မသိရသေးချေ ။

​မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ နာမည်မှာလည်း ယန်ကျီဝမ်ပင် ဖြစ်ပြီး ယခုနှစ်တွင် အသက် ၁၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်၏ ။ သူသည် ယန်မိသားစုတွင် မူလက တည်ရှိခြင်းမရှိသော ဒုတိယမြောက်သား ဖြစ်ပေသည် ။

ယခု ယန်ကျီဝမ် ရောက်ရှိလာရခြင်းမှာ မူရင်းပိုင်ရှင်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့သဖြင့် စိတ်ဓာတ်ကျကာ အခန်းထဲ၌ တစ်လကျော်ကြာ အောင်းနေခဲ့သောကြောင့် ဖြစ်သည် ။ မနေ့ညက စိတ် မထိန်းနိုင်တော့ဘဲ ဖခင်ဖြစ်သူ ယန်ဖူကွေ့ထံမှ အရက်ပုလင်းကို ခိုးယူကာ မူးအောင် သောက်ခဲ့၏ ။

​တိုက်တိုက်ဆိုင်ဆိုင်ပင် သူသောက်လိုက်သည့်အရက်မှာ ယန်ဖူကွေ့ ရေရောထားသော အရက်အတု ဖြစ်နေသဖြင့် အသက်ပျောက်သွားခဲ့ရပြီး ယခု ယန်ကျီဝမ်အတွက် အခွင့်အရေး ဖြစ်လာခဲ့ခြင်းပင် ။

​သို့သော်လည်း ယန်ကျီဝမ်သည် ကူးပြောင်းလာခြင်းကို အလိုမရှိခဲ့ပေ ။ အရင်ဘဝက သူသည် ရုန်းကန်နေရသော အလုပ်သမားတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုခေတ်ကာလလောက်တော့ ခက်ခဲလိမ့်မည် မဟုတ်ချေ ။

အထူးသဖြင့် ယခုသည် ၁၉၅၈ ခုနှစ် ဖြစ်နေပြီး နောက်နှစ်တွင် သုံးနှစ်ကြာမည့် ငတ်မွတ်ခေါင်းပါးဘေးကြီး စတင်ပေတော့မည် ။ ထိုစဉ်က လူများစွာ ငတ်မွတ်၍ သေဆုံးခဲ့ကြရသည်ဟု ရွာရှိ လူကြီးများ ပြောပြသည်ကို သူ ကြားခဲ့ဖူးလေသည် ။

​သို့သော် သူ ပြန်သွား၍ရနိုင်မည်လော ။ ရောမရောက်လျှင် ရောမလို ကျင့်ရမည် ဆိုသည့်အဆင့်သို့ သူ မရောက်သေးသလို ခံစားနေရသည် ။

​" ဂွိ..ဂွီ.."

​ထိုအချိန်တွင် ဗိုက်ထဲမှ သံစုံတီးဝိုင်းမြည်လာကာ ဆာလောင်မှုကို အပြင်းအထန် ဖော်ပြလာတော့သည် ။ ယန်ကျီဝမ်က စိတ်ပျက်စွာ ခေါင်းခါလိုက်မိ၏ ။

' ထားလိုက်ပါတော့.. အရင်ဆုံး စားဝတ်နေရေးပြဿနာကိုပဲ ဖြေရှင်းရမယ်.. '

​သူက ခုတင်ခေါင်းရင်းရှိ လျှော်ဖွတ်လွန်း၍ အရောင်လွင့်နေသော ရှပ်အင်္ကျီကို ကောက်စွတ်ကာ အပြင်သို့ ထွက်လာခဲ့သည် ။ ယန်မိသားစုသည် ခြံဝန်း၏ အရှေ့ဘက်ခြမ်း၊ ဝင်ပေါက်နှင့် အနီးဆုံးနေရာတွင် နေထိုင်ကြခြင်း ဖြစ်ပေသည် ။

အခန်းပေါင်း နှစ်ခန်းရှိရာ တစ်ခန်းတွင် ယန်ဖူကွေ့ ဇနီးမောင်နှံနှင့် ကလေးအငယ်နှစ်ဦး နေထိုင်ကြပြီး ကျန်တစ်ခန်းကိုတော့ နှစ်ပိုင်း ပိုင်းထားကာ တစ်ဖက်တွင် သားကြီး ယန်ကျီချန်းနှင့် ယန်ကျီဖန့်တို့ နေထိုင်၍ အခြားတစ်ဖက်တွင် ယန်ကျီဝမ် နေထိုင်ခြင်း ဖြစ်သည် ။

​အရှေ့ခန်းသို့ ရောက်သောအခါ အသက် ၄၀ ကျော်အရွယ် အဒေါ်တစ်ဦး သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည် ။ သူမသည် ဤခန္ဓာကိုယ်၏ မိခင်ဖြစ်သူ ရန်ရွေ့ဟွားပင် ဖြစ်ချေသည် ။

​ခြံဝန်းအရှေ့၊ အလယ်နှင့် အနောက်တို့တွင် အိမ်နီးချင်းများ၏ ပြဿနာများကို ဖြေရှင်းပေးရန် ဦးလေးသုံးဦးကို သတ်မှတ်ထားရာ ယန်ဖူကွေ့မှာ အသက်အရွယ်အရ တတိယဦးလေး ဖြစ်လာခဲ့သည် ။ ထို့ကြောင့် အိမ်နီးချင်းများက ရန်ရွေ့ဟွားကို တတိယအဒေါ်ဟု ခေါ်ကြ၏ ။

​လှုပ်ရှားသံကို ကြားသောအခါ ရန်ရွေ့ဟွားက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည် ။

" အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီလား.. စားပွဲပေါ်မှာ သားအတွက် စားစရာ ချန်ထားတယ် .. စားပြီး ဘာမှလုပ်စရာမရှိရင် ရပ်ကွက်ရုံးဘက်ကို လမ်းလေးဘာလေးလျှောက်သွားလိုက်ဦး.. "

​မူရင်းပိုင်ရှင်သည် အခန်းထဲ၌ အောင်းနေခဲ့သော်လည်း သူမသည် စာမေးပွဲကျ၍ စိတ်မကောင်းဖြစ်နေသည်ဟု ထင်ကာ နေ့စဉ် ထမင်းပို့ပေးခဲ့သည် ။ ယန်ကျီဝမ်သည် သူမ၏ ဆိုလိုရင်းကို နားလည်လေသည် ။ ဤသည်မှာ အလုပ်အကိုင် ရလိုရညား စုံစမ်းရန် ရပ်ကွက်ထဲ လှည့်ပတ်ခိုင်းခြင်းပင် ။

​သို့သော်လည်း ဤခေတ်ကာလတွင် အလုပ်အကိုင် ဆိုသည်မှာ လူတစ်ယောက်အတွက် နေရာတစ်နေရာစာသာ ရှိပေရာ ရှာဖွေရန် မလွယ်ကူလှချေ ။ လက်ဆောင်ပေးခြင်းနှင့် အဆက်အသွယ်ရှိမှသာ ရနိုင်ပေလိမ့်မည် ။ ချွေတာလွန်းလှသဖြင့် ချဉ်ဖတ်ကိုပင် ခြစ်ခြုတ်စားနေရသော ယန်မိသားစုအတွက်မူ ထိုသို့လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ ။

​ကျောင်းပြန်တက်ရန်မှာလည်း မိသားစုက ထောက်ပံ့ပေးမည် ဆိုလျှင်ပင် ယန်ကျီဝမ်အနေဖြင့် စာမေးပွဲအောင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိ ။

​" သိပါပြီ.. "

​ယန်ကျီဝမ်က အိုးအဖုံးကို ဖွင့်လိုက်ရာ ပြောင်းဖူးပေါင်း နှစ်လုံးသာ ရှိပေသည် ။ သူ တစ်လုံးကို ယူကာ ကိုက်လိုက်၏ ။ အလွန်ဆာနေ၍လား မသိ အရသာမှာ မဆိုးလှသော်လည်း လည်ချောင်းထဲတွင်တော့ တစ်နေသလို ခံစားလိုက်ရသည် ။ ရေနှင့် မြိုချပြီးနောက် သူက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည် ။

" အဖေရော .."

​" ဒီနေ့က တနင်္ဂနွေလေ.. သူဘယ်သွားလဲ နင်မသိဘူးလား ..."

ရန်ရွေ့ဟွားက သူ့ကို စိတ်ပျက်သလို ကြည့်လိုက်၏ ။

​ယန်ကျီဝမ် ချက်ချင်း နားလည်သွားသည် ။ မိသားစု စားဝတ်နေရေးအတွက် ငါးသွားမျှားနေခြင်းပင်ဖြစ်သည် ။ သူသည် မိခင်ဖြစ်သူ၏ အကြည့်များကို ရှောင်လွှဲရန် အပြင်သို့ ထွက်ရန် ဆုံးဖြတ်လိုက်တော့သည် ။

"အပြင်ခဏ လမ်းလျှောက်ဦးမယ်..."

​လမ်းမများပေါ်ရှိ နံရံများတွင် အထိမ်းအမှတ် ကြွေးကြော်သံများကို နေရာအနှံ့ ကပ်ထား၏ ။ လမ်းသွားလမ်းလာများ၏ အဝတ်အစားများမှာလည်း တစ်ပြေးညီဖြစ်ပြီး မီးခိုးရောင်၊ အဖြူရောင်နှင့် အပြာရောင်တို့သာ ဖြစ်သည် ။ ကြည့်လိုက်ရုံဖြင့် မည်သည့်အလုပ် လုပ်ကိုင်သည်ကို ခန့်မှန်းနိုင်ပေသည် ။

​ယန်ကျီဝမ်သည် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်လာခဲ့၏ ။ ရပ်ကွက်ရုံးသို့ သွားကာ အလုပ်စုံစမ်းရန်မှာ လူများစွာ တန်းစီစောင့်ဆိုင်းနေကြသဖြင့် သူ့အလှည့် ရောက်ရန် မလွယ်ကူပေ ။ သူ၏ အစ်ကိုကြီး ယန်ကျီချန်းပင်လျှင် အလယ်တန်းကျောင်း ပြီးကတည်းက အလုပ်မရသေးဘဲ ဟိုနားဒီနားတွင် ကြုံရာကျပန်း လုပ်ကိုင်နေရသည်မှာ နှစ်အတော်ကြာနေလေပြီ ။ သို့သော် သူ၏အားသာချက်မှာ အထက်တန်းအောင်ထားသူ တစ်ဦး ဖြစ်နေခြင်းပင် ။

​မသိလိုက်ဘဲနှင့် ယန်ကျီဝမ်သည် ရှီချာဟိုင် ရေကန်သို့ ရောက်ရှိလာခဲ့သည် ။ ရှီချာဟိုင်ကို ဟောက်ဟိုင်ဟုလည်း ခေါ်ကြ၏ ။ ပင်လယ်ဟု အမည်ပေးထားသော်လည်း အမှန်စင်စစ်တွင်တော့ ကန်ကြီးတစ်ခုသာ ဖြစ်ပေသည် ။

​သူ၏ အဖေဖြစ်သူ ယန်ဖူကွေ့သည် မိသားစုဝင်ငွေရရန် ပိတ်ရက်များတွင် ဤနေရာ၌ ငါးလာမျှားလေ့ရှိသည် ။ ယန်ကျီဝမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့သဖြင့် လျှောက်သွားလိုက်၏ ။

​" အဖေ .."

​" ဟဲ့.. သောက်ခွေး .."

ယန်ဖူကွေ့သည် ငါးမျှားတံ၏ ဖော့တုံးကို အာရုံစိုက်ကြည့်နေစဉ် ရုတ်တရက် အော်သံကြောင့် လန့်သွားသည် ။ လှည့်ကြည့်လိုက်သောအခါ သူ၏ ဒုတိယသား ဖြစ်နေသဖြင့် စိတ်ပျက်လက်ပျက် ပြောလိုက်၏ ။

" သား..မင်း ဘာလို့ ဒီကို ရောက်လာတာလဲ .."

​" အပြင်မှာ လမ်းလျှောက်ရင်း ရောက်လာတာပါ.. "

ယန်ကျီဝမ်သည် အရင်ဘဝက ပျင်းသည့်အခါ ငါးမျှားလေ့ရှိသဖြင့် ငါးမျှားတံကို မြင်သောအခါ လက်ယားလာပြီး ...

" အဖေ.. ကျွန်တော့်ကို ခဏပေးမျှားဦး.. "

​" သွားစမ်း.. သွားစမ်း.. တခြားနေရာမှာ သွားဆော့.. အချိန်ရှိရင် ရပ်ကွက်ရုံးဘက်ကို လှည့်ပတ်ကြည့်ဦး.. ကံကောင်းရင် အလုပ်တစ်ခုခု ရနိုင်တာပေါ့.. "

ယန်ဖူကွေ့က စိတ်မရှည်သလို လက်ကာပြလိုက်၏ ။

​သူ ပြောသည်မှာ ရန်ရွေ့ဟွား ပြောသည်နှင့် အတူတူပင် ဖြစ်သဖြင့် လင်မယားနှစ်ယောက်မှာ တကယ်ပင် စိတ်ချင်းတူလှချေသည် ။ ယန်ကျီဝမ်သည် ဖခင်၏ စရိုက်ကို သိသဖြင့် အိတ်ထဲမှ ၁ မောင်း ကို ထုတ်လိုက်ပြီး...

" အဖေ.. ၁ မောင်း(၁ ယွမ် = ၁၀မောင်း) ပေးမယ်.. နာရီဝက်လောက်ပဲ မျှားခွင့်ပေး .."

​" မင်း ဒီပိုက်ဆံ ဘယ်ကရလာတာလဲ.. "

ယန်ဖူကွေ့က ပိုက်ဆံကို လှမ်းယူရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်က ရှောင်လိုက်သည် ။

​ယန်ရှဲ့ဝမ်က ပိုက်ဆံကို လှုပ်ပြပြီး ပြုံးလိုက်ကာ...

" နာရီဝက်ပဲနော် အဖေ.. အဖေ မရှုံးပါဘူး .."

​" အေးပါ.. အေးပါ.. ရော့.. ငါလည်း အပေါ့အပါး သွားချင်နေတာနဲ့ အတော်ပဲ.. "

ငါးမျှားတံကို ယန်ကျီဝမ်လက်ထဲ ထည့်ပေးပြီးနောက် ယန်ဖူကွေ့သည် ပိုက်ဆံကို ယူကာ ကျေနပ်စွာ ထွက်သွားတော့သည် ။ ဘာပဲဖြစ်ဖြစ် ယခုအချိန်က ငါးသိပ်မကိုက်ချိန်ဖြစ်သလို ၁ မောင်းလည်း အလကားရသဖြင့် မည်သို့ပင် တွက်တွက် သူ မရှုံးပေ ။

​ယန်ကျီဝမ်သည် ငါးမျှားတံကို ကိုင်ကာ တီကောင်အသစ်တပ်ပြီး ရေထဲသို့ ပစ်ချလိုက်သည် ။ မိနစ်အနည်းငယ်အတွင်းမှာပင် ငါးမျှားတံ၏ ဖော့တုံး လှုပ်ရှားလာတော့သည် ။

" အိုး.. ငါ့ကံက မဆိုးဘူးပဲ.. "

​ဖော့တုံးက ရုတ်တရက် ရေထဲသို့ ငုပ်လျှိုးသွားသောအခါ ယန်ကျီဝမ်သည် ငါးမျှားတံကို အားဖြင့် ဆွဲတင်လိုက်ရာ ငါးကြင်းဖြူလေးတစ်ကောင် ကုန်းပေါ်သို့ လွင့်တက်လာသည် ။ သို့သော်လည်း ယန်ကျီဝမ်မှာတော့ နေရာတွင်ပင် မှင်သက်သွား၏ ။

​ထို့နောက်တွင်တော့ သူ အလွန် စိတ်လှုပ်ရှားသွားတော့သည် ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ သူ၏ဦးနှောက်အတွင်းမှ သာယာနာပျော်ဖွယ်ကောင်းသော အီလက်ထရောနစ် အသံများ ထွက်ပေါ်လာသောကြောင့်ပင်။

​[တစ်ကြိမ် ငါးမျှားခြင်း အောင်မြင်သည် ။ ရမှတ် ၁ မှတ် နှင့် ငါးမျှားခြင်း အတွေ့အကြုံ ၁ မှတ် ရရှိသည် ]

[ပထမဆုံး ငါးမျှားခြင်း အောင်မြင်မှုအတွက် အထူးဆုလာဘ်အဖြစ် ခွန်အားဆေးလုံးတစ်လုံး ပေးအပ်ပြီး ရမှတ်ဆိုင်ကို ဖွင့်လှစ်ပေးလိုက်သည် ]

​ချက်ချင်းပင် ယန်ကျီဝမ်၏ ရှေ့မှောက်၌ ရိုးရှင်းသော ကွန်ပျူတာ မျက်နှာပြင်တစ်ခု ပေါ်လာသည် ။

​ငါးမျှားခြင်း အဆင့် - ၁ (၁/၁၀၀)

ရမှတ် - ၁

​သူ စိတ်ထဲတွင် စဉ်းစားလိုက်သည်နှင့် လက်ထဲသို့ အနက်ရောင် ဆေးလုံးတစ်လုံး ရောက်ရှိလာသည် ။ အရင်ဘဝက ကူးပြောင်းခြင်း ဝတ္ထုများစွာကို ဖတ်ဖူးခဲ့သဖြင့် ဤအရာများကို သူ ရင်းနှီးနေပြီး ဖြစ်၏ ။ ဤခွန်အားဆေးလုံး၏ အသုံးဝင်ပုံကိုလည်း သူ ခန့်မှန်းမိပေသည် ။

​ထိုအခိုက်တွင် ယန်ကျီဝမ်သည် ခွန်အားဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ရာ ဆေးလုံးမှာ ချက်ချင်း အရည်ပျော်သွားတော့သည် ။ မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီပင် သူ၏ ခွန်အားများ သိသိသာသာ တိုးတက်လာပြီး ခန္ဓာကိုယ်မှာလည်း ပေါ့ပါးသွားသလို ခံစားလိုက်ရ၏ ။

​နောက်တစ်ခုမှာတော့ ရမှတ်ဆိုင် ဖြစ်ပေသည် ။ ဤခေတ်ကာလတွင် သူ အောင်မြင်စွာ ရှင်သန်နိုင်ခြင်း ရှိမရှိမှာ ဤရမှတ်ဆိုင်ပေါ်တွင်သာ မူတည်လိမ့်မည်ဟု သူ ကြိုတင် ခံစားမိနေတော့သည် ။

All Chapters