← Chapters

အခန်း ၁၉-၂၀

Vol. 2 Ch. 19-20

အခန်း ၁၉-၂၀

Vol. 2 Ch. 19-20

Chapter 19+20

~

အခန်း ၁၉+၂၀ : ဒုတိယသားက ငါနဲ့တူတယ်

~

​ယီကျုံးဟိုင်ကို လိုက်လံပို့ဆောင်ပြီးနောက် ယန်ဖူကွေ့က လက်နှစ်ဖက်ကို နောက်ပစ်၍ ပြုံးစိစိ ဖြင့် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာသည် ။ သူ၏ နှုတ်ခမ်းထောင့်စွန်းများ အပေါ်သို့ ကွေးညွတ်တက်မသွားအောင် မနည်း ထိန်းချုပ်ထားရ၏ ။

​" အဘိုးကြီးယန်.. ရှင်.. တော်လိုက်တာ..စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့ တစ်ယွမ် တောင် ရလာတယ် .. "

​ရန်ရွေ့ဟွားက အားပေးသူတစ်ဦးကဲ့သို့ ချီးကျူးစကား ပြောလိုက်ရင်း သူမ၏ ပန်းကန်ထဲမှ အသားအနည်းငယ်ကို ယန်ဖူကွေ့အတွက် ထည့်ပေးလိုက်သည် ။

​" ဒါပေါ့.. ဒါက အတွေးအမြင် အလွန်နက်နဲတဲ့ ကိစ္စရပ်တစ်ခုပဲ..ငါ မင်းကို ပြောပြမယ်..တကယ်လို့ ငါ ဒီထက်ပိုပြီး တောင်းရင်တောင် အဘိုးကြီးယီက သေချာပေါက် ပေးရမှာပဲ .. "

​ယန်ဖူကွေ့က အောင်နိုင်သူတစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီး အသားတစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏ ။ သူ၏ ပါးစပ်တစ်ခုလုံးတွင် အဆီများဖြင့် ပြည့်နှက်သွားကာ အလွန်ပင် စိတ်ကျေနပ်မှု ရရှိသွားချေသည် ။

​'အသားက အရသာရှိလိုက်တာ.. ဒုတိယသားက ဆီတွေ ဒီလောက်အထိ အများကြီး သုံးထားတာက​တော့ ဖြုန်းတီးရာကြလွန်းတယ်..'

​" အဘိုးကြီးယန်.. ရှင်ပြောတာက ဘာကို ဆိုလိုတာလဲ .. "

​ရန်ရွေ့ဟွား၏ စူးစမ်းလိုစိတ်မှာ နိုးကြားလာခဲ့ပြီး အဖြေကို အတင်း မေးလေတော့သည် ။

​ယခုအချိန်တွင် အသားတစ်ကတ်တီလျှင် ၇ မောင်းခန့်သာ ရှိသည်ကို သိရှိထားရမည်ဖြစ်ပြီး အသားလက်မှတ်များ လိုအပ်နေသေးသော်လည်း ယန်ဖူကွေ့ က ရီကျန့်ဟိုင်ကို ပေးလိုက်သော အသားပမာဏမှာ အလွန်ဆုံးရှိမှ လျန်အနည်းငယ်မျှသာ ။

​လျန်အနည်းငယ်မျှသာရှိသော အသားကို တစ်ယွမ်ဖြင့် လဲလှယ်လိုက်ခြင်းမှာ မည်သို့ပင်ကြည့်စေကာမူ အမြတ်အစွန်း များပြားလှသည် မဟုတ်ပါလော ။

​ယန်ဖူကွေ့သည် ချက်ချင်း ပြန်မဖြေဘဲ ယန်ကျီဝမ်ကို ကြည့်ကာ မေးလိုက်၏ ။

​" ဒုတိယသား.. မင်းကော ဘာတွေ ရိပ်မိလဲ .. "

​ယန်ကျီဝမ် မဖြေကြားမီမှာပင် ယန်ကျီဖန့်က ကြားဖြတ်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည် ။

​" အဖေ.. ဒါကတော့ သဘာဝကျကျပဲလေ.. ဘာလို့လဲဆိုတော့ အဖေက ဒီခြံဝန်းရဲ့ တတိယဦးလေး ဖြစ်ပြီးတော့ အရှိန်အဝါ ကြီးမားလို့ပေါ့.. "

​ယန်ဖူကွေ့က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပေသည် ။ မြှောက်ပင့်သောစကားကြောင့် သူ ဝမ်းမြောက်မိသော်လည်း ဤသည်ကား သူ လိုချင်သောအဖြေ မဟုတ်။

​သူ၏ သားသမီး ငါးယောက်အနက် စတုတ္ထနှင့် ပဉ္စမမြောက် သားသမီးများမှာ ငယ်ရွယ်သေးသဖြင့် ဘာမှ မသိကြသေးဘဲ အကြီးဆုံး သုံးယောက်အနက် ဒုတိယသားတစ်ဦးတည်းကသာ သူ၏ ဉာဏ်ပညာကို ဆက်ခံနိုင်စွမ်း ရှိသည် ။ သူ ဒုတိယသားကို သဘောအကျဆုံးလည်း ဖြစ်သည် ။

​သူက ယန်ကျီဝမ်ကို ထပ်မံကြည့်လိုက်ပြီး ပြောလိုက်၏ ။

​" ဒုတိယသား.. မင်းပဲ ပြောပြလိုက်စမ်းပါ .. "

​ယန်ကျီဝမ်က မာကျောနေဆဲဖြစ်သော ပြောင်းဖူးပေါင်းကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ဝါးရင်းဖြင့် ပြောလိုက်သည် ။

​" ဒါကတော့ သူ အလိုချင်ဆုံးအရာ အတွက်ပေါ့.. "

​ယန်ကျီဝမ်၏ စကားကြောင့် ယန်ဖူကွေ့၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည် ။

​ယန်ကျီဖန့်က ဇဝေဇဝါဖြင့် မေးလိုက်၏ ။

​" ပထမဦးလေး အလိုချင်ဆုံးအရာ ဟုတ်လား .. အဲ့တာက ဘာလဲ .. ဒုတိယအစ်ကို.. အဲ့ဒီလို ပြောတာက ဘာမှ မပြောတာနဲ့ ဘာထူးလို့လဲ .. "

​" အသုံးမကျတဲ့ကောင် .. "

​ယန်ဖူကွေ့က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ယန်ကျီဝမ်ကို ပြောလိုက်သည် ။

​" ဒုတိယသား.. ဆက်ပြောပါဦး .. အဘိုးကြီးယီ အလိုချင်ဆုံးအရာက ဘာလဲ .. "

​ယန်ကျီဝမ်သည် စိတ်ထဲတွင် အနည်းငယ် ဆွံ့အသွားချေသည် ။ သူ ထမင်းကို ကောင်းကောင်းမွန်မွန် စားသောက်၍ မရနိုင်တော့ပါသလော ။ အဘယ်ကြောင့် ဤမျှအထိ အမေးအမြန်းထူ နေကြပါသနည်း ။

​သို့သော်လည်း နောင်တစ်ချိန်တွင် ဤမိသားစုအတွင်း၌ သူ၏ ပြောရေးဆိုခွင့် အရှိန်အဝါ ရှိစေရန်အတွက် သူ သေချာပေါက် ကောင်းမွန်စွာ ထုတ်ဖော်ပြသရမည် ဖြစ်သည် ။

​သူသည် ကြီးထွားဖွံ့ဖြိုးဆဲကာလ၌သာ ရှိသေးသဖြင့် အလွန်အမင်း ထင်ပေါ်ကျော်ကြား၍ မရသေးပေ ။ သူ ဤအိမ်တွင် အချိန်အတန်ကြာ ဆက်လက်နေထိုင်ရဦးမည်ဖြစ်ရာ ပြောရေးဆိုခွင့် ရှိရန်မှာ မရှိမဖြစ် လိုအပ်ပေသည် ။

​သို့မဟုတ်လျှင်မူ ထမင်းစားချိန်တိုင်းတွင် ငြင်းခုံမှုများ ဖြစ်ပေါ်နေပြီး သူ ဒေါသထွက်လွန်း၍ အသက်တိုပေမည်။

​" အဲ့တာက သားသမီး မျိုးဆက်ပေါ့ .. "

​ယန်ကျီဝမ်က ခဏတာ ရပ်တန့်လိုက်ပြီးနောက် သူ၏ စကားကို ပြန်လည်ပြင်ဆင်လိုက်သည် ။

​" မဟုတ်ဘူး.. အတိအကျ ပြောရရင်တော့ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်မယ့် ကိစ္စရပ်ပဲ ဖြစ်ရမယ် .. "

​" ဒုတိယသား.. မင်းကတော့ တကယ့်ကို ငါနဲ့ တူတယ်.. "

​ယန်ဖူကွေ့က စိတ်ကျေနပ်စွာဖြင့် ခေါင်းကို အထပ်ထပ် အခါခါ ငြိမ့်လိုက်ရာ ယန်ကျီဝမ်သည် စိတ်ထဲတွင် မျက်လုံး ထပ်မံ၍ လှန်ပြလိုက်မိပြန်သည် ။

​ဤအဖိုးကြီးက မိမိကိုယ်မိမိ မြှောက်ပင့် ပြောဆိုရာ၌ ကျွမ်းကျင်လှပေသည် ။

​" ဒါပေမဲ့ ဒါက အသားတောင်းတာနဲ့ ဘာဆိုင်လို့လဲ .. "

​ရန်ရွေ့ဟွားက နားမလည်သဖြင့် မေးလိုက်သည် ။

​ဤခြံဝန်းအတွင်းသာမက ဘေးပတ်ဝန်းကျင်ရှိ လမ်းကြားများစွာတွင်ပါ ယီကျုံးဟိုင်၌ သားသမီးမရှိဘဲ သားသမီး အလိုချင်ဆုံး ဖြစ်သည်ကို မည်သူက မသိဘဲ နေပါမည်နည်း ။

​သို့သော် အဓိကအချက်မှာ ထိုအဘိုးကြီးသည် ကလေးတစ်ဦးကို မွေးစားရန် မလိုလားခြင်းပင်။ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန်အတွက် အချိန် ၊ခွန်အားနှင့် ရိက္ခာများစွာ ကုန်ကျမည်ကို စိုးရိမ်သည့်အပြင် ပို၍ အရေးကြီးသည်မှာ ထိုကလေးသည် နောင်တစ်ချိန်တွင် ကျေးဇူးကန်းတတ်သော လူတစ်ဦး ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည် ။

​သူသည် အသင့်ဖြစ်နေသော ကလေးတစ်ဦးကိုသာ ရယူလိုခြင်း ဖြစ်သည် ။

​" မေးခွန်းကောင်းပဲ .. "

​ယန်ဖူကွေ့က ပညာရှင်အမူအရာ ပြုလုပ်လိုက်ရင်း ပြောလိုက်သည် ။

​" ဒုတိယသား.. မင်း ဆက်ပြီး ရှင်းပြလိုက်စမ်းပါ .. "

​ယန်ကျီဝမ်က ပြောလိုက်၏ ။

​" ပထမဦးလေးက သံမဏိစက်ရုံမှာ အဆင့် ၇ ရှိတဲ့ ဖစ်တာသမားတစ်ဦး ဖြစ်တယ် ..သူ တစ်လရတဲ့ လစာက ယွမ်၁၀၀နီးပါး ရှိတာဆိုတော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူ စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့တင် သူရဲ့ တစ်သက်တာလုံး စားဝတ်နေရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးလို့ ဆိုရမယ် .. သူ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူ အသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်ပြီး နာရေးကိစ္စတွေကို လုပ်ဆောင်ပေးမယ့်သူ ရှာဖွေဖို့ပဲ .. "

​" ပြီးတော့ ကျားဒုံရွှီက သူရဲ့ တပည့်ဖြစ်တဲ့အတွက် သူ့အိုဇာတာအတွက် ရွေးချယ်ထားတဲ့သူ ဖြစ်တာပေါ့ .. "

​" တပည့်တစ်ဦးက သားတစ်ဝက်နဲ့ တူပြီး တပည့်ဖြစ်သူက ဆရာကို လုပ်ကျွေးပြုစုဖို့ ဝတ္တရား ရှိပေမဲ့ ပထမဦးလေးက ညဏ်နီညဏ်နက် များလွန်းတယ် .. ကျားဒုံရွှီက နောင်တစ်ချိန်မှာ သူရဲ့ ကတိကဝတ်ကို ဖောက်ဖျက်မှာ စိုးရိမ်သလို ကျားဒုံရွှီရဲ့ မိသားစုမှာလည်း ကျားကျန်းရှီဆိုတဲ့ အဘွားကြီး ရှိနေသေးတော့ သူက စံနမူနာတစ်ခု ပြသဖို့ လိုအပ်နေတာပါ .. "

​" အဲ့ဒီတော့ စံနမူနာကို ဘယ်လို ပြသမလဲ .. ဒါကြောင့် ပထမဦးလေးက နားမကြားတဲ့ အဘွားကြီးကို ပြုစုစောင့်ရှောက်မယ့် တာဝန်ကို သူ့သဘောဆန္ဒအလျောက် ယူထားတာပေါ့.. သူက ခြံဝန်းအတွင်းမှာရှိတဲ့ မိသားစုတိုင်းကို ကောင်းတဲ့ စားစရာရှိရင် နောက်ခြံက နားမကြားတဲ့ အဘွားအိုဆီ သွားရောက်ဝေမျှဖို့ တောင်းဆိုလေ့ရှိတယ် ..အချိန်ကြာလာတာနဲ့အမျှ လူကြီးသူမကို ရိုသေလေးစားတာက ဒီခြံဝန်းရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့ပြီး နောင်တစ်ချိန် သူ အသက်ကြီးလာတဲ့အခါမှာလည်း အလားတူ ရိုသေလေးစားမှုကို ရရှိမှာ ဖြစ်တယ် .. "

​နားထောင်ပြီးနောက် ရန်ရွေ့ဟွားက အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်၏ ။

​" ဒါက အိုဇာတာအတွက် ပြုစုစောင့်ရှောက်မယ့် ကိစ္စလေးတစ်ခုပဲ မဟုတ်ဘူးလား .. ဒီလောက်အထိ လှည့်ကွက်တွေ အများကြီး ရှိနေတာလား .. ကျုပ်တော့ ခေါင်းတွေတောင် မူးလာပြီ .. "

​ယန်ကျီဖန့်သည်လည်း ဇဝေဇဝါ ဖြစ်နေပြီး ယန်ကျီဝမ်၏ စကားများမှာ ကျောင်းဆရာတစ်ဦးက စာသင်ပြနေသကဲ့သို့ ခံစားရသဖြင့် အိပ်ငိုက်လုနီးပါး ဖြစ်နေချေသည် ။

​ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ကမူ သူတို့၏ ဒုတိယအစ်ကိုအား အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြပေသည် ။ သူတို့ နားမလည်ကြသော်လည်း သူတို့၏ ဒုတိယအစ်ကိုမှာ အလွန်ပင် အထင်ကြီးစရာ ကောင်းလှသည်ဟု ခံစားနေမိသောကြောင့်ပင် ။

​ယန်ဖူကွေ့ လက်ခုပ်မတီးဘဲ မနေနိုင်တော့ချေ ။

​" ပြောတာ ကောင်းတယ်... ဒုတိယသား..ဒီလောက်အထိ အကဲခတ်မိတယ်ဆိုတော့ မင်း ကျောင်းတက်ခဲ့တဲ့ နှစ်တွေက အလကား မဖြစ်ခဲ့ဘူးပဲ.. .. "

'​ဒုတိယသားကတော့ ငါနဲ့တူလို့ ညဏ်ကောင်းတာပဲ..'

​သူက စိတ်ဝင်တစားဖြင့် မေးလိုက်ပြန်သည် ။

​" ဒုတိယသား.. မင်း ဆက်ပြောပါဦး..အဘိုးကြီးယီက ငါ့ဆီကနေ အသားရဖို့အတွက် ဘာလို့ ပိုက်ဆံပေးရလဲဆိုတာ .. "

​" ဘာလို့လဲဆိုတော့ ဒီလို ကိစ္စရပ်မျိုးကို နမူနာ အဖြစ်မခံနိုင်လို့ပေါ့.. "

​ယန်ကျီဝမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည် ။

​" အရင်ကဆိုရင် မိသားစုတိုင်းမှာ ကောင်းတဲ့စားစရာရှိရင် ပထမဦးလေးက နောက်ခြံက နားမကြားတဲ့ အဘွားကြီးအတွက် အမြဲတမ်း လာတောင်းလေ့ ရှိတယ် ..တကယ်လို့ ကျွန်တော်တို့မိသားစုဆီကနေ အသားကို မရခဲ့ရင် နောင်တစ်ချိန် ခြံဝန်းအတွင်းက အခြားသူတွေကလည်း ဒီလုပ်ရပ်အတိုင်း လိုက်လုပ်လာကြလိမ့်မယ် .. "

​" ဒါပေမဲ့ သူကလည်း အဖေက အကျိုးအမြတ် မမြင်ရင် ဘာမှမလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး အဖေ့လက်ထဲကနေ အသားကို ပိုက်ဆံမပေးဘဲ ရဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်း သိတယ်လေ ..ဒါကြောင့် သူက ရိုးရိုးရှင်းရှင်းပဲ ပိုက်ဆံပေးပြီး ဝယ်သွားတာပေါ့.."

​" မင်းက ငါ့ကို ချီးကျူးနေတာလား ကဲ့ရဲ့နေတာလား ကောင်လေး .. "

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို စိတ်ပျက်စွာဖြင့် မျက်စောင်းထိုးလိုက်သော်လည်း စကားကိုမူ ပြန်လည်ငြင်းဆန်ခြင်း မပြုခဲ့ချေ ။

​ရန်ရွေ့ဟွားက ကြားဖြတ်၍ ပြောလိုက်သည် ။

​" အဘိုးကြီးယန်.. အဘိုးကြီးယီက အသားအတွက် ပိုက်ဆံအများကြီး ပေးဖို့ ဆန္ဒရှိနေမှတော့ ရှင် ဘာလို့ ဒီထက်ပိုပြီး မတောင်းတာလဲ .. "

​" မင်းက .. ဆံပင်သာ ရှည်တာ အမြင် တိုလွန်းတယ် .. "

​ယန်ဖူကွေ့က ခေါင်းကို ခါယမ်းလိုက်ပြီး ယန်ကျီဝမ်ကို ထပ်မံမေးလိုက်ပြန်သည် ။

​" ဒုတိယသား.. မင်း အမေကို လူပြိန်းနားလည်လွယ်တဲ့ စကားမျိုးနဲ့ ရှင်းပြလိုက်စမ်းပါဦးကွာ.. "

​ယန်ကျီဝမ် အနည်းငယ် စိတ်ညစ်လာသော်လည်း ပြန်ဖြေပေးလိုက်ရ၏ ။

​" တကယ်လို့ ပိုပြီး တောင်းရင်တော့ ပထမဦးလေးက သေချာပေါက် ပေးမှာပဲ ..ဒါပေမဲ့ ပထမဦးလေးကို စိတ်ဆိုးအောင် လုပ်ရာကြလိမ့်မယ် .. အားလုံးက ခြံဝန်းတစ်ခုတည်းမှာ နေကြတဲ့ အိမ်နီးနားချင်းတွေဖြစ်ပြီး နေ့တိုင်း မြင်တွေ့နေရတာဆိုတော့ အခြေအနေကို အရမ်း တင်းမာအောင် လုပ်ဖို့ မသင့်တော်ဘူးလေ... "

​အမှန်စင်စစ်တွင်မူ ယန်ကျီဝမ် ပြောလိုသည်မှာ နောင်တစ်ချိန်တွင် ယီကျုံးဟိုင်ထံမှ အကျိုးအမြတ်များကို ဆက်လက်ရယူနိုင်ရန်အတွက် ဖြစ်ပြီး ရေရှည်အကျိုးစီးပွားက ရေတိုထက် ပို၍ ကောင်းမွန်သောကြောင့် ဖြစ်သော်လည်း သူ ပြန်လည်တွေးတောပြီးနောက် မပြောတော့ရန် ဆုံးဖြတ်လိုက်သည် ။ သူ၏ အဖေဖြစ်သူအတွက် သိက္ခာအနည်းငယ် ချန်ထားပေးခြင်းက ပို၍ ကောင်းမွန်ပေသည် ။

​" ကွက်တိပဲ.. "

​ယန်ဖူကွေ့က ရန်ရွေ့ဟွားကို ကြည့်ကာ ပြောလိုက်သည် ။

​" အခုတော့ မင်း နားလည်သွားပြီ မလား .. "

​ရန်ရွေ့ဟွားက ခေါင်းငြိမ့်လိုက်ပြီး သက်ပြင်းချကာ ပြောရှာသည် ။

​" ရှင်တို့လို ပညာတတ်တွေက တကယ့်ကို ကောက်ကျစ်လွန်းလှတယ်..ကိစ္စအသေးအမွှားလေး တစ်ခုကိုတောင်ဒီလောက်အထိ အချိန်အကြာကြီး တွေးနိုင်ကြတယ် .. "

​ယန်ဖူကွေ့၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားပြီး ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်တော့သည် ။

​" ဟူးးး.. ဆွေးနေတဲ့ သစ်သားချောင်းကို ပုံဖော်လို့မရနိုင်တော့ဘူးပဲ .. "

​" ကျုပ်ကတော့ သစ်သားချောင်း ဖြစ်ဖြစ်..မဖြစ်ဖြစ် ဂရုမစိုက်ဘူး..တကယ်လို့ ရှင် မြန်မြန်မစားရင် .. ပန်းကန်တွေကို ရှင့်ဘာသာရှင် ဆေးလိုက်တော့ .. "

​ရန်ရွေ့ဟွား စကားပြောပြီးသည်နှင့် ယန်ကျီဖန့်သည် သူ၏ ထမင်းပန်းကန်နှင့် တူများကို ချထားလိုက်ပြီး သူ၏ အခန်းထဲသို့ အမြန်ပင် ပြေးသွားတော့သည် ။

​ကလေးအငယ်နှစ်ယောက်သည်လည်း ဤသည်ကို မြင်သောအခါ အတုယူ၍ အိပ်ရာဆီသို့ အမြန်ပြေးသွားကြ၏။

​ယန်ဖူကွေ့သည် သွားကိုက်သကဲ့သို့ ခံစားရပြီး ယန်ကျီဝမ်ကို ကြည့်ကာ ပြောလိုက်၏ ။

​" ဒုတိယသား.. မင်း ... "

​" သား ဗိုက်ဝသွားပြီ အမေ.. အမေ တကယ့်ကို ပင်ပန်းသွားပါပြီ .. "

​ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်သည်လည်း သူ၏ ထမင်းပန်းကန်နှင့် တူများကို ချထားလိုက်ပြီး သူ၏ ကိုယ်ပိုင်အခန်းသို့ ဝင်သွားသည် ။

​" ... "

ယန်ဖူကွေ့ ဆွံ့အသွား၏ ။ ထို့နောက် သူသည် အသားများကို ပါးစပ်ထဲသို့ အတင်းသွတ်လိုက်ပြီး ပြောင်းဖူးပေါင်းကို ကိုင်ကာ ရန်ရွေ့ဟွားအတွက် ပန်းကန်များကို ရှင်းလင်းပေးလိုက်သည် ။

​ထိုအခါမှသာ ရန်ရွေ့ဟွား စိတ်ဆိုးပြေသွားပြီး ပန်းကန်များကို စတင်ဆေးကြောတော့၏ ။

​ယန်ဖူကွေ့ကမူ ဘေးဘက်တွင်ရပ်နေပြီး အထပ်ထပ် အခါခါ သက်ပြင်းချနေမိသည် ။

​" ဒီလောကကြီးထဲမှာ လူယုတ်မာသားတွေနဲ့ မိန်းမကို ပြုစုပျိုးထောင်ရတာက အခက်ခဲဆုံးပဲ.. "

All Chapters