← Chapters

အခန်း ၂၉-၃၀

Vol. 3 Ch. 29-30

အခန်း ၂၉-၃၀

Vol. 3 Ch. 29-30

Chapter 29+30

~

အခန်း ၂၉+၃၀ : တွက်ကပ်တာက ကိစ္စမရှိပေမယ့် အလွန်အကျူးတော့ မဖြစ်သင့်ဘူး ...

~

​"ဂျောက်.."

​ဟင်းအိုးကြီးထဲမှ ငါးများမှာ မျက်စိရှေ့တွင်ပင် သိသိသာသာ လျော့နည်းသွားရာ ယန်ကျီချန်းသည် နောက်ဆုံး စိတ်မထိန်းနိုင်တော့ဘဲ သူ၏ တူကို ထမင်းစားပွဲပေါ်သို့ ဆောင့်ချလိုက်တော့သည်။

​ကျန်ရှိနေသူများအားလုံး ချက်ချင်းပင် စားသောက်ခြင်းကို ရပ်တန့်လိုက်ကြပြီး ယန်ကျီချန်းအား လှမ်းကြည့်လိုက်ကြ၏။

​"သားကြီး..မင်း ဘာလုပ်တာလဲ.."

​ယန်ဖူကွေ့က မျက်မှောင်ကြုတ်၍ မာန်လိုက်သည်။

​သူသည် သူ၏ သားအကြီးအပေါ် ပို၍ပင် မကျေမနပ် ဖြစ်လာသည်။

​လွန်ခဲ့သည့် ရက်အနည်းငယ် ဆက်တိုက် ဤကဲ့သို့ပင် ဖြစ်ပွားခဲ့ရာ သူ၏ သားအကြီးသည် အမြဲတစေ ပြဿနာရှာလေ့ရှိသည်။ သူ အေးအေးလူလူ ထမင်းမစားခဲ့ရပေ။

​သူ့အနေဖြင့် သေချာသိသည်မှာ အကယ်၍ သားအကြီးသာ ငါးကို ယူစားမည်ဆိုပါက ဒုတိယသားက ဘာမှပြောလိမ့်မည် မဟုတ်ချေ။

​လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သားအကြီးကိုယ်တိုင်ကသာ ပြဿနာရှာနေခဲ့ခြင်း ဖြစ်သည်။

​သားအကြီး၏ စိတ်နေသဘောထားမှာ မည်သို့ကြောင့် ဤမျှလောက်အထိ အတက်အကျ မြန်ဆန်နေရသည်ကို သူ လုံးဝနားမလည်နိုင်ပေ။

​ ယခင်က ဤကဲ့သို့ မဟုတ်ခဲ့ချေ။

​ယန်ကျီချန်းက နှာခေါင်းရှုံ့လိုက်ပြီး...

​"အဖေ.. ကျွန်တော် ပြောစရာရှိတယ်.."

​ယန်ဖူကွေ့က မကျေမနပ်ဖြင့် ...

​"ထမင်းစားပြီးတဲ့အထိ စောင့်ပြီးမှ ပြောစမ်းပါ.."

​"မဟုတ်ဘူး.. ကျွန်တော် အခုပဲ ပြောမယ်.."

​ယန်ကျီချန်း၏ အမူအရာက ပြတ်သားလှသည်။

​'ဘာဖြစ်လို့လဲ..'

​'ဘာဖြစ်လို့ အခြားသူတွေအကုန်လုံးက အသားစားနေရပြီး ငါတစ်ယောက်တည်း ထိုင်ကြည့်နေရတာလဲ..'

​ယန်ဖူကွေ့၏ မျက်နှာက မည်းမှောင်သွားသော်လည်း စားသောက်ပြီးလုနီးပါး ဖြစ်နေသည်ကို မြင်ရသဖြင့် ဘာမျှထပ်မပြောတော့ချေ။ သူက တူကို ချထားလိုက်ပြီး မေးလိုက်သည်။

​"ကောင်းပြီ..အဖေကလည်း ဒီနေ့ညစာစားပြီးရင် အချို့ကိစ္စတွေကို ဆွေးနွေးဖို့ မိသားစုအစည်းအဝေး လုပ်မလို့ပဲ.. သားကြီးက အရင်ဆုံး စကားစလာပြီဆိုတော့ မင်းပဲ အရင်ပြောတော့.."

​"ဒါဆိုရင်လည်း ကျွန်တော် ပြောမယ်.."

​ယန်ကျီချန်းက ယန်ကျီဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ...

​"ဖေဖေ..ကျွန်တော် ထင်တာကတော့ ဒါက မတရားဘူး..အခု ဒုတိယသားက ကျောင်းမတက်တော့ဘူးလေ..ဘာဖြစ်လို့ ကျွန်တော်တစ်ယောက်တည်းကပဲ စားသောက်စရိတ် ပေးနေရတာလဲ.."

​ယန်ဖူကွေ့က ခေါင်းညိမ့်လိုက်သည်။

​"အင်း... မင်း ဒါကို မပြောခဲ့ရင်တောင် အဖေ ဒီနေ့ည ဆွေးနွေးဖို့ ရည်ရွယ်ထားတာ.. မင်း စကားစလာပြီဆိုတော့ ငါတို့ အေးအေးဆေးဆေးပဲ ဆွေးနွေးကြတာပေါ့.."

​သူက ယန်ကျီဝမ်ကို လှည့်ကြည့်လိုက်သည်။

​"ဒုတိယသား..မင်းကော ဘာပြောချင်လဲ.."

​ထိုသည်ကို မြင်သောအခါ ယန်ကျီချန်းက မင်းဘာတက်နိုင်သေးလဲ ဟူသော အကြည့်မျိုးဖြင့် ယန်ကျီဝမ်ကို စိန်ခေါ်သလို ကြည့်လိုက်သည်။

​'သူ့ကို ကြွားခွင့် ပေးလိုက်ဦးမယ်..သူ ကံကောင်းလို့ ငါးနှစ်ကောင် မိခဲ့တာပဲ မလား..'

​'ပြီးတော့ သူက ငါ့ကို မ ကျွေးဘူး.'

​'အခု သူ ဘာလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..'

​ဒုတိယသားမှာအလုပ်မရှိသေးသဖြင့် ပိုက်ဆံပေးနိုင်မည် မဟုတ်။ ထိုအခါကျမှ သူကိုယ်တိုင်လည်း ပိုက်ဆံမပေးရန်အတွက် အကြောင်းပြချက် ရှိလာမည် ဖြစ်သည်။

​မဟုတ်ပါက သူ တစ်လပတ်လုံး ကျပန်းအလုပ်လုပ်၍ ရရှိသော ပိုက်ဆံများမှာ စားသောက်စရိတ် ပေးဆောင်ပြီးလျှင် ဘာမျှကျန်ရှိတော့မည် မဟုတ်ချေ။

​သူသည် အသက် နှစ်ဆယ်အရွယ် ရှိနေပြီဖြစ်ရာ အဖော်ရှာရမည့် အသက်အရွယ်သို့ ရောက်ရှိနေလေပြီ ။ သို့ရာတွင် သူ၏ အိတ်ကပ်က သူ၏ မျက်နှာထက်ပင် ပြောင်စင်နေသည်။ မည်သူကများ သူ့ကို သဘောကျပါမည်နည်း။

​ယခင်ကမူ သူ အိမ်တွင် စားသောက်နေထိုင်နေရသဖြင့် မည်သည့်အရာကိုမျှ ပြန်လည်မချေပနိုင်ခဲ့ဘဲ အဆင်ပြေခဲ့သည်။

​ယခုမူ အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။ ဒုတိယသားက ကျောင်းမတက်တော့သည့်အတွက် ယန်မိသားစု၏ စည်းမျဉ်းစည်းကမ်းများအရ သူနှင့်အတူတူ စားသောက်စရိတ်ကို တန်းတူပေးဆောင်ရမည် ဖြစ်သည်။

​အကယ်၍ ဒုတိယသားက ပိုက်ဆံမပေးပါက သူကလည်း ပိုက်ဆံမပေးရန် အကြောင်းပြချက် ရှိလာမည်ဖြစ်ပြီး ထိုအခါကျမှ ပိုက်ဆံစုနိုင်မည်။

​ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

​"ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး.. ဒီနှစ်တွေတစ်လျှောက်လုံး အဖေ မိသားစုကို လုပ်ကျွေးလာခဲ့ရတာ မလွယ်ကူခဲ့ဘူးဆိုတာ သိပါတယ်.. ကျွန်တော် ကျောင်းမတက်တော့ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ စားသောက်စရိတ် ပေးရမှာက မှန်ကန်တဲ့အရာပါ..အဖေက ကျွန်တော့်ကို တစ်သက်လုံး ကျွေးထားလို့ မရဘူး မလား.."

​ယန်ကျီချန်း၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

​'သူ သဘောတူလိုက်တာလား..'

​'သူ ပိုက်ဆံကို ဘယ်ကနေ ရမှာလဲ..'

​တစ်ဖက်တွင်မူ ယန်ဖူကွေ့က စိတ်သက်သာရာရသွားပြီး ပြောသည်။

​"အင်း... ဒုတိယသားက တကယ့်ကို အမြော်အမြင်ရှိပြီး အဖေ့ကို နားလည်ပေးတာပဲ.. ငါတို့ မိသားစုက မျှတမှုကို အလေးထားပါတယ်..မင်းနဲ့ သားကြီးက တစ်လကို စားသောက်စရိတ် ငါးယွမ်စီ ပေးရမယ်.. ဘာမှ ပြဿနာမရှိဘူး မလား.."

​"ရပါတယ်.."

​ယန်ကျီဝမ်အတွက် ပြဿနာမရှိချေ။ ငါးယွမ်ဆိုသည်မှာ များပြားလှသောအရာ မဟုတ်။ လူတစ်ယောက်စာ လုံလောက်ရုံမျှသာ ရှိပြီး ကောင်းမွန်စွာ စားသောက်ရန်အတွက်မူ မဖြစ်နိုင်ပေ။

​ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ငါးယွမ်ဆိုသည်မှာ လူတစ်ယောက်အတွက် ရိက္ခာကူပွန်များ မပါဝင်ဘဲ စားသောက်ရန် လုံလောက်ရုံမျှသာ ရှိသည်။

​သို့သော်လည်း ယန်မိသားစု၏ အိမ်ထောင်စုမှတ်ပုံတင်မှာ မြို့ပြတွင် ရှိနေပြီး သူတို့တွင် လစဉ် ပုံသေရိက္ခာခွဲတမ်း ရှိနေသဖြင့် ကူပွန်လုံလောက်မှု ရှိပေသည်။

​ယန်ဖူကွေ့သည် ယန်ကျီဝမ်၏ စိတ်နေသဘောထားအပေါ် အလွန်ပင် ကျေနပ်အားရသွားပြီး ပြုံး၍ ပြောလိုက်သည်။

​"ကောင်းပါပြီ.. ဒီလအတွက်ကိုတော့ ထည့်မတွက်တော့ပါဘူး.. မင်း နောက်လကစပြီး ပိုက်ဆံပေးရင် ရပြီ.."

​"ဘာဖြစ်လို့လဲ.."

​ယန်ကျီချန်းက မကျေမနပ်ဖြင့် ဝင်ပြောသည်။

​"သူ ကျောင်းပြီးတာ နှစ်လတောင် ရှိနေပြီပဲ.. ဘာဖြစ်လို့ နောက်လကျမှ စပြီး ပိုက်ဆံပေးရမှာလဲ.."

​"သားကြီး.... မင်းက မင်းရဲ့ အဖေကိုတောင် အော်ရဲတယ်ပေါ့လေ.. မင်း ကောင်းကင်ကို ဆန့်ကျင်ချင်နေတာလား.."

​ရန်ရွေ့ဟွားက တင်းမာသော မျက်နှာထားဖြင့် ဝင်ရောက်မာန်လိုက်သည်။

​ယန်ကျီချန်း ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သူက အရမ်းမဆန့်ကျင်ရဲချေ။ မဟုတ်ပါက သားမိုက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အပြင်လူများ၏ တံတွေးခွက်တွင် ပက်လက်မျောရပေလိမ့်မည်။

​မည်သည့် ခေတ်ကာလတွင်မဆို ဂုဏ်သိက္ခာမှာ အလွန်အရေးပါလှပြီး ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ပို၍ပင် အရေးကြီးသည်။

​အကယ်၍ သူ၏ သားမိုက်ဟူသော နာမည်ဆိုးက ပြန့်နှံ့သွားပါက နောင်တွင် သူ မည်ကဲ့သို့ အဖော်ရှာပြီး အလုပ်အကိုင် ရှာဖွေနိုင်ပါမည်နည်း။

​"ဒုတိယသား.. မင်းကော ဘာပြောချင်လဲ.."

​ယန်ဖူကွေ့သည် သားကြီး၏ စိတ်နေသဘောထားအပေါ် အလွန်မကျေမနပ် ဖြစ်မိသော်လည်း ဤမေးခွန်းကို ဒုတိယသားထံသို့သာ လွှဲပြောင်းပေးလိုက်သည်။

​သူ၏ ဒုတိယသားမှာ ယခင်က ရလဒ်များကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ကျောင်းမတက်တော့ဘဲ ဘာမျှမလုပ်ဘဲ နေထိုင်နေခြင်းဖြစ်ရာ သားကြီးအနေဖြင့် မကျေမနပ် ဖြစ်ရခြင်းမှာ သဘာဝကျပေသည်။

​ထို့အပြင် နောက်ထပ် ပိုက်ဆံဆယ်ယွမ် ပိုမိုရရှိလာခြင်းမှာ သူ့အတွက်လည်း ကောင်းမွန်သောအရာ ဖြစ်သည်။

​သို့သော် သူ၏ ဒုတိယသား၏ မကြာသေးမီက ပြောင်းလဲမှုများကို မြင်တွေ့ရသဖြင့် ဤကိစ္စကို အလွန်အကျူး ဖိအားမပေးချေ။

​မဟုတ်ပါက အခြေအနေများ ပိုမိုကြီးထွားလာလျှင် ကြည့်ရဆိုးပေလိမ့်မည်။

​အကယ်၍ အဆင်မပြေပါက သူက ညှိနှိုင်းမှုတစ်ခု လုပ်ပေးမည် ဖြစ်သည်။

​သို့သော် ယခုလောလောဆယ်တွင်မူ သူ၏ ဒုတိယသား ဘာပြောမည်ကို အရင်ဆုံး နားထောင်ရပေမည်။

​ယန်ကျီဝမ်မှာမူ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို အာရုံနောက်မခံချင်သဖြင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။

​"ရပါတယ်.. ဒါပေမဲ့ ရက်နည်းနည်းလောက်တော့ စောင့်ရမယ်.. ကျွန်တော့်ဆီမှာ အခုလောလောဆယ် ပိုက်ဆံအများကြီး မရှိသေးဘူး.."

​၁၀ယွမ်ကျော်ဆိုသည်မှာ နှစ်ရက်ခန့် ငါးမျှားရုံမျှဖြင့် ရနိုင်သည်။

​ယန်ကျီဝမ် သဘောတူလိုက်သည်ကို မြင်ရသောအခါ ယန်ကျီချန်း၏ အကြံအစည်မှာ ပျက်သွားသော်လည်း သူ အခြားဘာမျှ ထပ်မပြောနိုင်တော့ချေ။

​သို့သော်လည်း သူ့တွင် မေးခွန်းတစ်ခု ကျန်ရှိနေသေးသဖြင့် ပြောလိုက်သည်။

​"ဒါဆိုရင် နေထိုင်ခစရိတ်ကော ဘယ်လိုလဲ.. သူတစ်ယောက်တည်းကပဲ အခန်းဝက်နီးပါးကို ယူထားတာလေ.. သူ ကျောင်းတက်နေတုန်းကတော့ ကိစ္စမရှိပေမဲ့ အခုကျတော့ လူတိုင်းက အတူတူပဲ ဖြစ်သွားပြီ မလား.."

​"မင်း ဘာလို့ ဇွတ်လောနေရတာလဲ.. အဖေက အခုပဲ ဒီအကြောင်းကို ပြောမလို့ ရှိသေးတာ..."

​ယန်ဖူကွေ့က လက်ကို ဝှေ့ယမ်းပြရင်း သူ့ကို ငြိမ်သက်ရန် အချက်ပြလိုက်ပြီးနောက် ယန်ကျီဝမ်ကို လှည့်ကြည့်လိုက်သည်။

​"ဒုတိယသား ..မင်းလည်း သိတဲ့အတိုင်း ငါတို့မိသားစုမှာ နေထိုင်ခစရိတ်ဆိုတာ ရှိတယ်လေ.. မင်းကော ဘာပြောချင်လဲ.."

​ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည်။

​စားသောက်စရိတ်မှာမူ ကိစ္စမရှိချေ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း စားသောက်နေခြင်းဖြစ်သဖြင့် စားသောက်စရိတ် ပေးဆောင်ရမှာက ပုံမှန်သာ ဖြစ်သည်။

​သို့သော် နေထိုင်ခစရိတ်ဆိုသည်က မတူ။

​မိသားစုတစ်ခုအတွင်း မိမိ၏ ကိုယ်ပိုင်အိမ်တွင် နေထိုင်ရန်အတွက် ပိုက်ဆံပေးဆောင်ရမည်ဆိုပါက ပြင်ပလူစိမ်းများနှင့် ဘာများ ကွာခြားပါမည်နည်း။

​ထိုသို့ဆိုလျှင် သူကိုယ်တိုင် အပြင်ထွက်၍ အေးအေးလူလူ တစ်ယောက်တည်း ချက်ပြုတ်စားသောက် နေထိုင်ခြင်းက ပို၍ ကောင်းပေမည်။

​ ပိုမိုရိုးရှင်းရုံတင်မက ပို၍လည်း အဆင်ပြေစေမည် ဖြစ်ပြီး သူကြိုက်ရာကို စားနိုင်သည်။

​ယန်ကျီဝမ်၏ အမြင်အရ ဆိုလျှင် လူတစ်ယောက်အနေဖြင့် တွက်ကပ်တတ်ခြင်းက ကိစ္စမရှိသော်လည်း အလွန်အကျူးတော့ မဖြစ်သင့်ချေ။

​မိသားစုတစ်ခုအတွင်း အရာရာတိုင်းကို ပြတ်ပြတ်သားသား လိုက်လံတွက်ကပ်နေရန် မလိုအပ်ပေ။

​မူရင်းဇာတ်လမ်းထဲတွင် ယန်ဖူကွေ့သည် အလွန်အကျူး တွက်ကပ်လွန်းသဖြင့် နောက်ဆုံးတွင် မိသားစု သံယောဇဉ်များအားလုံး ဆုံးရှုံးခဲ့ရပြီး လျိုဟိုင်ကျုံးကဲ့သို့ပင် အသက်ကြီးရင့်လာသည့် အခါတွင် သူ့ကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ လမ်းဘေးရောက်ခဲ့ရသည်။

​ထို့ကြောင့် အရာရာတိုင်းတွင် အတိုင်းအတာတစ်ခု ရှိသင့်သည်။

​သို့သော်လည်း သူသည် ဤခန္ဓာကိုယ်ကို လွှဲပြောင်းရယူခဲ့ပြီးဖြစ်ရာ အခြေအနေများကို ပြောင်းလဲနိုင်လျှင် ပြောင်းလဲပေးမည် ဖြစ်သည်။ ယခုသူတို့မှာ သူ၏ မိဘများ ဖြစ်နေသဖြင့် ထိုအရာကို သူ အသိအမှတ်ပြုရမည်။

​သို့သော် အဓိက သော့ချက်မှာ ယန်ဖူကွေ့နှင့် သူ၏ ဇနီးအပေါ်တွင်သာ မူတည်နေသည်။

​အကယ်၍ သူတို့က ထိုအရာကို ဇွတ်အတင်း တောင်းဆိုနေမည်ဆိုပါက သူ့တွင် ရွေးချယ်စရာ မရှိချေ။

​အချိန်အခါ ကောင်းမွန်လာသည့်အခါ သူ အပြင်သို့ ရွှေ့ပြောင်း နေထိုင်လိမ့်မည် ဖြစ်သည်။

​အလွန်ဆုံးရှိလျှင် လစဉ် ပိုက်ဆံအချို့ကို မိဘထောက်ပံ့ကြေးအဖြစ် ပေးအပ်မည် ဖြစ်ပြီး ထိုသည်က သူ၏ အစွမ်းကုန် တာဝန်ကျေပွန်မှု ဖြစ်ပေလိမ့်မည်။

​ယန်ဖူကွေ့သည် မှင်သက်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

​"ဒုတိယသား.. မင်း သဘောမတူဘူးပေါ့ ဟုတ်လား.."

​ယန်ကျီချန်းသည်လည်း ထိုအခြေအနေကို မြင်ရသောအခါ စိတ်ထဲတွင် ဝမ်းသာသွားသည်။

​အကယ်၍ ဒုတိယသား သဘောမတူပါက သူကန့်ကွက်ရန် စကားလုံး ရှိလာပေ​တော့မည်။

​"ဟုတ်ပါတယ်.."

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

​"အဖေ..ကျွန်တော်တို့က မိသားစုတစ်ခုပဲ မလား.."

​"အဓိပ္ပါယ်မရှိတာ.."

​ယန်ဖူကွေ့က မျက်လုံးပြူးကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

​"ငါတို့က မိသားစုတစ်ခု မဟုတ်ရင် မင်းတို့ကို လုပ်ကျွေးဖို့အတွက် ဒီအဘိုးကြီးက ဒီလောက်အထိ ပင်ပန်းခံပြီး ပိုက်ဆံရှာနေပါ့မလား.."

​ယန်ကျီဝမ်က ယန်ဖူကွေ့၏ ဒေါသကို ဂရုမစိုက်ဘဲ ရယ်လိုက်ပြီး...

​"ဒါဆို ကျွန်တော်တို့က မိသားစုတစ်ခု ဖြစ်နေကတည်းက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အိမ်မှာ နေထိုင်ဖို့အတွက် နေထိုင်ခစရိတ် ပေးရဦးမှာလား.. အဖေကော အဖေ့ရဲ့ ကိုယ်ပိုင်အိမ်မှာ နေထိုင်ဖို့အတွက် ပိုက်ဆံပေးရတယ်လို့ ဘယ်မှာ ကြားဖူးလို့လဲ.."

​"ဒါပေမဲ့ မင်း အပြင်မှာ နေရင်လည်း အိမ်လခ ပေးရမှာပဲလေ.. အဖေက အများကြီး မတောင်းပါဘူး..တစ်လကို ငါးမော့ ပဲ တောင်းတာ.."

​ယန်ဖူကွေ့က ပြန်လည်ချေပသည်။

​ယန်ကျီဝမ်က ပြုံး၍ ခေါင်းခါလိုက်ပြီး...

​"ဒါက ပိုက်ဆံ ဘယ်လောက်လဲဆိုတဲ့ အပေါ်မှာ မူတည်တာ မဟုတ်ဘူး..ကျွန်တော်ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်မှာ နေထိုင်ဖို့ ပိုက်ဆံပေးရတယ်ဆိုတာ တစ်ခါမျှ မကြားဖူးလို့ပါ.."

​သူ၏ မျက်နှာက လေးနက်သွားပြီး အလေးအနက်ထား၍ ပြောလိုက်သည်။

​"အဖေ..အဖေ တွက်ကပ်တတ်တာကို နားလည်ပေးလို့ ရပါတယ်.. ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေအများကြီးအတွင်းမှာ အဖေတစ်ယောက်တည်းကပဲ အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးလာခဲ့ရတာ မလွယ်ကူခဲ့ဘူးဆိုတာ သိပါတယ်.. အဲဒါတွေကို ကျွန်တော် အကုန်လုံး နားလည်ပေးနိုင်တယ်.."

​"ဒါပေမဲ့ အဖေအနေနဲ့ အပြင်လူတွေနဲ့ဆိုရင်တော့ တွက်ကပ်လို့ ရနိုင်ပေမဲ့.. မိသားစု အချင်းချင်းကြားမှာကျ အလွန်အကျူး တွက်ကပ်တာမျိုး မဖြစ်သင့်ဘူးလို့ အဖေ မထင်ဘူးလား.."

All Chapters