← Chapters

အခန်း (၈၀၁-၈၀၂)

Vol. 76 Ch. 801-802

အခန်း (၈၀၁-၈၀၂)

Vol. 76 Ch. 801-802

အခန်း (၈၀၁) - ကိုးဆင့်ကျောက်စိမ်းမိုးကြိုးကပ်ဘေး၊ သန့်စင်ယန်ဝိညာဉ်ကို စုစည်းခြင်း၊ အရင်ဆုံး ကပ်ဘေးသွားဖြတ်ကျော်လိုက်ဦးမယ်(၁)။

မိနစ်အနည်းငယ်ကြာပြီးနောက်။

ကျိုးစွေ့နှင့် ဟွားစစ်ချင်တို့နှစ်ယောက်သည် အဝတ်အစားများကို သေသပ်စွာ ဝတ်ဆင်လိုက်ပြီးနောက် ကုတင်ပေါ်မှ ဆင်းလာခဲ့ကြလေသည်။

"မနေ့ညက ကျွန်မ မမထောင်အိမ်ကိုသွားပြီး တစ်ညအိပ်ခဲ့တာ။ ဒီမနက်မှ ပြန်လာတာ...”

"နောက်တစ်နေ့ကျတော့ ရှင်တို့နှစ်ယောက် အတူတူအိပ်နေတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

"ရှင်တို့ ဘာတွေဖြစ်ခဲ့ကြတာလဲ...”

ပိုင်စုကျဲ့က သူမထွက်သွားရန်အတွက် ဆင်ခြေကို စောစောစီးစီးကပင် ရှာထားခဲ့ပြီး ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူမအနေဖြင့် အကြောင်းပြချက်မရှိဘဲ အိမ်မပြန်ဘဲ နေ၍မရပေ။ ဤအချိန်တွင် ထောင်ချီလီ၏အိမ်သို့ သွားရောက်ခြင်းသည် အကောင်းဆုံးဆင်ခြေတစ်ခု ဖြစ်လေရာ အားနည်းချက် လုံးဝမရှိပေ။

သူမ ထွက်သွားခြင်းကလည်း မမဟွားအတွက် အခွင့်အရေး ဖန်တီးပေးရန် ဖြစ်ပေသည်။

"တောင်းပန်ပါတယ်။ အားလုံးက ကျွန်မအမှားတွေပါ...”

"မနေ့ညက ဆဌမအဆင့် ဝိညာဉ်အရက်တစ်အိုး သောက်လိုက်မိတော့ မူးသွားခဲ့တယ်...”

"ညီမစုကျဲ့ရဲ့ အခန်းထဲကို မတော်တဆ ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...”

"အဲဒီနောက်မှာတော့ ဒီအရှက်မရှိတဲ့ ယောကျ်ားက ကျွန်မကို ညီမစုကျဲ့လို့ ထင်ပြီး အခုလိုကိစ္စတွေ ဖြစ်သွားခဲ့တာပဲ...”

ဟွားစစ်ချင်သည် မျက်ရည်များ ရွှဲနစ်နေအောင် ငိုကြွေးနေပြီး ကြီးမားသော မတရားမှုကြီးကို ခံလိုက်ရသည့်အလား ရှိနေလေသည်။

အရာအားလုံးသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်းနှင့် သူမကိုယ်တိုင်လည်း အကြောင်းပြချက်မရှိဘဲ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း သူမက ဖော်ပြနေ၏။ သူမက ကိုယ်တိုင်ဆန္ဒအလျောက် ပေးဆပ်ခဲ့ခြင်း လုံးဝမဟုတ်ပေ။

"ဟူး... အားလုံးက ကိုယ့်အမှားပါ...”

"မနေ့ညက ကိုယ် သေချာမကြည့်လိုက်မိဘူး...”

"တာအိုရောင်းရင်းဟွားကို စုကျဲ့လို့ထင်ပြီး အမှားကြီး ကျူးလွန်မိသွားတယ်...”

"အားလုံးက ကိုယ့်အမှားဖြစ်တဲ့အတွက် ရိုက်ချင်လည်းရိုက် ဆဲချင်လည်းဆဲပါ။ ပြစ်ဒဏ်အားလုံးကို ခံယူဖို့ ဆန္ဒရှိပါတယ်...”

ကျိုးစွေ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး နောင်တရနေသော အမူအရာကို ပြသလိုက်ကာ အစကတည်းက ဤသို့မဖြစ်ခဲ့သင့်ကြောင်း နောင်တရနေလေသည်။

"ရိုက်လို့ဆဲလို့ရော ဘာအသုံးဝင်မှာလဲ...”

"ကျွန်မရဲ့ အပျိုစင်ဘဝကတော့ ပျက်စီးသွားခဲ့ပြီလေ။ ပြန်ရနိုင်မှာမှ မဟုတ်တာ...”

"အရင်က ကျွန်မရဲ့ ပထမဆုံးအကြိမ်ကို ကိုယ့်ရဲ့ တာအိုလက်တွဲဖော်ကိုပဲ ပေးမယ်လို့ ကောင်းကင်ကို တိုင်တည်ပြီး သစ္စာဆိုထားခဲ့တာ...”

"အကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့ပဲ ဆန္ဒရှိတယ်...”

"သေချာတာပေါ့။ ကျွန်မ မသေခင်မှာ ကျွန်မရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့တဲ့ ယောကျ်ားကို အရင်သတ်ပြီးမှ အတူတူ သေလိုက်မယ်...”

ဟွားစစ်ချင်က သစ္စာစောင့်သိပြီး အရှုံးမပေးတတ်သည့် မိန်းမမြတ်တစ်ဦး၏ အမူအရာမျိုးကို ပြသနေ၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲ့မှာ မျက်နှာပေါ်၌ တွေဝေမှုများ ပြည့်နှက်သွားလေသည်။

သူမ၏မမဟွားမှာ ဤမျှလောက်အထိ ခိုင်မာပြတ်သားသူမဟုတ်ဘဲ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ အမူအရာမျိုးသာ ရှိသည်ဟု ထင်မှတ်ထားခဲ့၏။

အပျိုစင်ဘဝကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ သူမ မျက်စိကျလောက်သည့် ယောကျ်ား မရှိသလောက် ရှားပါးနေခြင်းကြောင့်သာ ဖြစ်ပေသည်။ ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်သော သစ္စာကို ဆိုထားခဲ့လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

သို့သော်လည်း ဟွားစစ်ချင်၏ မျက်လုံးဖြင့် အချက်ပြမှုကို မြင်လိုက်ရချိန်တွင် သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ မမဟွား၏ သရုပ်ဆောင်မှုပင် ဖြစ်၏။

"မလုပ်ပါနဲ့။ အဲဒီလို လုံးဝ မလုပ်ပါနဲ့...”

"ရှင်တို့နှစ်ယောက်စလုံးက ကျွန်မရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေပဲလေ။ ဘယ်လိုလုပ်ပြီး အတူတူသေခိုင်းလို့ ရပါ့မလဲ...”

"ဒီလိုလုပ်ရအောင်၊ မမဟွားလည်း မသေပါနဲ့။ အဲဒီအစား ကျွန်မယောကျ်ားနဲ့ပဲ လက်ထပ်လိုက်ပါလား...”

"မမဟွားသာ ကျွန်မယောကျ်ားနဲ့ လက်ထပ်လိုက်မယ်ဆိုရင် ပထမဆုံးအကြိမ်ကို ကိုယ့်ရဲ့ တာအိုလက်တွဲဖော်ကို ပေးသလို ဖြစ်သွားမှာဆိုတော့ သစ္စာဖောက်ဖျက်ရာ မကျဘူး မဟုတ်လား...”

"ပန်းတစ်ရာပြည့်တန်ဆာအိမ်ကို သွားသလိုမျိုးပေါ့။ ပိုက်ဆံမပေးရင် ပြည့်တန်ဆာခေါ်တာ မဟုတ်ဘဲ အခြေအနေအရ ဟန်ဆောင်ကစားတာပဲ ဖြစ်သွားမှာပေါ့...”

ပိုင်စုကျဲ့က သူမ၏ အကြံပြုချက်ကို ချက်ချင်း ထုတ်ပြောလိုက်သည်။

ဟွားစစ်ချင်သာ သူမ၏ယောကျ်ားနှင့် လက်ထပ်လိုက်မည်ဆိုပါက ဤပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး သစ္စာဖောက်ဖျက်ရာလည်း မကျတော့ပေ။ ဤသည်မှာ လူတိုင်းအတွက် ဝမ်းမြောက်စရာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကိစ္စဖြစ်သည်ဟု ဆိုနိုင်လေသည်။

"ဒါပေမဲ့ ဒီလိုလုပ်တာက သိပ်မကောင်းဘူး မဟုတ်လား...”

ကျိုးစွေ့က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေသောဟန်ဖြင့် မေးလိုက်၏။

မိမိယောကျ်ားအတွက် ကိုယ်လုပ်တော် ရှာပေးရန်အလို့ငှာ ဤမျှလောက်အထိ ကြိုးစားအားထုတ်နေသော သူ၏တာအိုလက်တွဲဖော် ပိုင်စုကျဲ့ကို သူ အရှုံးပေးလိုက်ရချေပြီ။

ဤသည်မှာ ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ် အမျိုးသမီးကျင့်ကြံသူများ၏ စရိုက်လက္ခဏာပင်လော။

တကယ်ပင် သူတို့၏ ခံစားချက်အမြင်များသည် အခြားကမ္ဘာမှ အမျိုးသမီးကျင့်ကြံသူများနှင့် အနည်းငယ် ကွာခြားနေပြီး ပိုမို ပွင့်လင်းနေပုံရသည်။

သို့သော်လည်း သူ၏အမြင်တွင် ဤသည်မှာ မကောင်းသောကိစ္စတစ်ခုတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူလည်း အရှုံးမရှိပေ။

"သိပ်မကောင်းဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...”

"မမဟွားလို တုနှိုင်းမဲ့အလှပိုင်ရှင်က ရှင့်ကို လက်ထပ်တာတောင် ရှင်က နစ်နာသေးတယ်ပေါ့ ဟုတ်လား...”

"ဒါမှမဟုတ် ရှင်က စပြီးတော့ ဖျက်ဆီးခဲ့ပြီးမှ တာဝန်မယူဘဲ စားပြီးနားမလည် လုပ်ချင်နေတာလား...”

ပိုင်စုကျဲ့က လှပသော မျက်လုံးများကို ပြူးကျယ်ထားပြီး အလွန်အမင်း ဒေါသထွက်နေလေသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟွားစစ်ချင်၏ အကြည့်များကလည်း အနည်းငယ် မလိုလားသည့်ဟန် ဖြစ်သွား၏။

သူမကဲ့သို့သော တုနှိုင်းမဲ့အလှပိုင်ရှင်က ဤခွေးကောင်ကို လက်ထပ်ရန် ဆန္ဒရှိနေခြင်းသည် ဘဝဆက်တိုင်း စုဆောင်းလာခဲ့သော ကောင်းချီးမင်္ဂလာများကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်ပါလျက်နှင့် ရွံရှာဝံ့သလို တွန့်ဆုတ်ရန်ပါ ရဲတင်းနေသေးသည်။ ထိုသကောင့်သား ဘာတွေ တွေးနေသနည်း။

"ဒီလိုမဟုတ်ပါဘူး...”

"ဟွားစီနီယာက ဒီလောက်တောင် လှပနေတာ။ တကယ်လို့ ကိုယ့်ကိုသာ လက်ထပ်မယ်ဆိုရင် ဒါက ကိုယ့်ရဲ့ ကောင်းချီးပါပဲ...”

"ကိုယ်လည်း တာဝန်ယူမှာပါ...”

"ဒါပေမဲ့ ဟွားစီနီယာ ဆန္ဒရှိမရှိ ဆိုတာကိုပဲ မသိတာပါ...”

ကျိုးစွေ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဟူး... ရှင်က သစ်တုံးခေါင်းလို လူမျိုးဖြစ်ပြီးတော့ အချစ်ရေးကို နားမလည်ပေမဲ့လည်း...”

"ကျွန်မ ညီမလေးရဲ့ ယောကျ်ားဖြစ်နေတဲ့အတွက် အတိုင်းအတာတစ်ခုအထိတော့ တာဝန်ယူပေးသင့်တယ်...”

"ကျွန်မလည်း ညီမစုကျဲ့ မုဆိုးမဖြစ်သွားတာကို မမြင်ချင်ဘူး...”

"ရှင့်ကို လက်ထပ်လိုက်တာက ဒီပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်မ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်...”

ဟွားစစ်ချင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမ၏ စိတ်ထဲတွင် အလွန်အမင်း ဂုဏ်ယူဝမ်းမြောက်နေပြီး အတိုင်းမသိ ဝမ်းသာနေ၏။ နောက်ဆုံးတွင် ဤယောကျ်ားသည် ငါးစာမိသွားခဲ့ပြီ မဟုတ်ပါလော။

သူမအနေဖြင့် အကြံအစည်လေးတစ်ခုကို အနည်းငယ်သာ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ဤယောကျ်ားမှာ လိမ္မာရေးခြားရှိစွာဖြင့် သူမ၏ အိတ်ကပ်ထဲသို့ ရောက်ရှိလာပြီး သူမ၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာရပြီမဟုတ်ပါလော။

"စိတ်ချပါ။ ကိုယ် တာဝန်ယူမှာပါ...”

"ကိုယ့်ကိုသာ လက်ထပ်လိုက်မယ်ဆိုရင် ဆင်းရဲတာဖြစ်ဖြစ်၊ ဖျားနာတာဖြစ်ဖြစ်၊ သေဆုံးတာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာမဆို ကိုယ် စွန့်လွှတ်မှာ မဟုတ်ဘူး...”

"သေတဲ့အထိပါပဲ...”

ကျိုးစွေ့က အလွန်အမင်း အလေးအနက်ထား၍ ပြောလိုက်၏။

ဘာ…။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟွားစစ်ချင်၏ စိတ်ထဲ၌ တုန်လှုပ်သွားခဲ့ပြီး သူမ၏ နှလုံးသားအနက်ပိုင်းမှ နွေးထွေးမှုလှိုင်းလုံးများ အလိုအလျောက် ပေါ်ထွက်လာလေသည်။

သူမအနေဖြင့် ခံစားချက်များ၊ ယောက်ျားနှင့် မိန်းမကြားရှိ အချစ်ဆိုသည်များကို မယုံကြည်သော်လည်း၊ ဤကဲ့သို့သော အချစ်စကားမျိုးက သူမကို နွေးထွေးမှုများကို အကြိမ်ကြိမ် ခံစားရစေပြီး ယခုတစ်ကြိမ် သူမ၏ ဆုံးဖြတ်ချက်သည် အတော်လေး မှန်ကန်နေသကဲ့သို့ ရှိသည်။

လုပ်ငန်းစဉ်မှာ အနည်းငယ် ယုတ်မာရာကျနေသော်လည်း အနည်းဆုံးအနေဖြင့် ရလဒ်က ကောင်းမွန်နေပေသည်။

"ကောင်းပြီ...”

ဟွားစစ်ချင်၏ လှပသော မျက်နှာလေးမှာ နီရဲသွားလေသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးမှာ တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ကြသည်။

ကျင့်ကြံသူများဖြစ်သည့်အားလျော်စွာ သဘာဝကျကျပင် မှတ်ပုံတင်စာရင်းသွင်းခြင်းများ မလိုအပ်သလို မင်္ဂလာပွဲများလည်း မလိုအပ်ပေ။

နှစ်ဦးနှစ်ဖက် အတူတကွရှိနေရန် သဘောတူလိုက်သည်နှင့် အတူတကွ ရှိနေကြပြီ ဖြစ်သည်။

အကယ်၍ ဆန္ဒမရှိတော့ပါက ခွဲခွာမည်ဟု ပြောလိုက်ရုံဖြင့် ခွဲခွာသွားကြမည်သာ။

ဤသည်မှာ ကျင့်ကြံသူများ၏ အိမ်ထောင်ရေး လွတ်လပ်ခွင့်ပင် ဖြစ်ပြီး မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျိုးကိုမှ ခံရမည် မဟုတ်ပေ။ ထိုမျှလောက်များပြားသော စည်းမျဉ်းစည်းကမ်းများနှင့် စာချုပ်စာတမ်းများလည်း မရှိပေ။

"ဒါဆိုရင်လည်း ကောင်းပြီ...”

"ကိုယ် မင်းကို ပြောစရာစကားတွေ အများကြီး ရှိနေသေးပေမဲ့ အခုက အချိန်မဟုတ်သေးဘူး ထင်တယ်...”

"ကိုယ် အရင်ဆုံး ကပ်ဘေးသွားဖြတ်ကျော်လိုက်ဦးမယ်...”

ကျိုးစွေ့က အပြုံးလေးတစ်ခု ဖန်တီးလိုက်ပြီး ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့နှစ်ယောက်ကို ကြည့်လိုက်သည်။

"ကပ်ဘေးဖြတ်ကျော်မယ် ဟုတ်လား။ ယောကျ်ား... ရှင်က အခု နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်မှာလေ...”

"တကယ်လို့ ကပ်ဘေးဖြတ်ကျော်မယ်ဆိုရင် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းတော့မှာ မဟုတ်ဘူးလား...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲ့မှာ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ကျိုးစွေ့ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်လေသည်။

သူမ၏ယောကျ်ား ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းလာခဲ့သည်မှာ အချိန်အကြာကြီး မရှိသေးကြောင်းကို သူမ သိထားပေသည်။

ထို့အပြင် အသက်အရွယ်မှာလည်း အလွန်ငယ်ရွယ်သေးပြီး အသက်တစ်ထောင်ပင် မပြည့်သေးပေ။

ယခင်က သူမ၏ယောကျ်ားသည် အသက်နှစ်ထောင်မတိုင်မီ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုလျှင်ပင် ကောင်းကင်မှ ပေးသနားထားသော ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်ပြီဖြစ်ကြောင်း သူမ ထင်မှတ်ထားခဲ့၏။

သို့သော်လည်း ယခုအချိန်တွင်မူ ကပ်ဘေးဖြတ်ကျော်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းတော့မည်လော။ ဤသည်မှာ အနည်းငယ် ချဲ့ကားလွန်းရာ ကျနေသည် မဟုတ်ပါလော။

"လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်တော့မှာလား...”

"နည်းနည်းလောက် ကြိုတင်ပြင်ဆင်ဖို့ မလိုဘူးလား...”

ဟွားစစ်ချင်မှာလည်း ကြောင်အမ်းသွားခဲ့သည်။

အတိတ်က သူမ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့ချိန်တွင် အနည်းဆုံး နှစ်ရာပေါင်းများစွာ အချိန်ယူ၍ ကြိုတင်ပြင်ဆင်ခဲ့ရပြီး၊ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာအားလုံးကို အကုန်အကျခံကာ လေဟာနယ်သန့်စင်ခြင်းအတွက် ဝိညာဉ်ပစ္စည်းအမျိုးမျိုးနှင့် ကပ်ဘေးဖြတ်ကျော်ရန် ရတနာအမျိုးမျိုးကို ဝယ်ယူခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။ သူမ၏ စိတ်နှလုံးများ မည်မျှအထိ ကုန်ဆုံးခဲ့ရသည်ကိုပင် မသိနိုင်ပေ။

ထိုသို့ဖြစ်ပါလျက်နှင့်ပင် သူမ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့ချိန်တွင် ကိုးဆယ်ရာခိုင်နှုန်းခန့် သေဆုံးနိုင်ချေ ရှိနေခဲ့‌သည်။

သို့သော် ယခုအချိန်တွင်မူ ထိုယောက်ျားမှာ သူမနှင့် ငါးနှင့်ရေကဲ့သို့ ပျော်ရွှင်စွာ ပေါင်းဖက်ခဲ့ရုံသာ ရှိသေးပြီး၊ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းတော့မည် ဖြစ်သည်။ ဤသည်မှာ မြန်ဆန်လွန်းလှပေသည်။

အချိန်တစ်ခုကို သတိရသွားသည့်အတွက် ခရီးသွားဟန်လွှဲ ကောင်းကင်ကပ်ဘေးကို သွားရောက်ဖြတ်ကျော်လိုက်မည့်ပုံစံမျိုး ဖြစ်နေ၏။ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဘာမှမဟုတ်သကဲ့သို့ သဘောထားနေခြင်းပင် ဖြစ်လေသည်။

အခန်း (၈၀၂) - ကိုးဆင့်ကျောက်စိမ်းမိုးကြိုးကပ်ဘေး၊ သန့်စင်ယန်ဝိညာဉ်ကို စုစည်းခြင်း၊ အရင်ဆုံး ကပ်ဘေးသွားဖြတ်ကျော်လိုက်ဦးမယ်(၂)။

"ဒီလောက်အထိ ဒုက္ခခံနေဖို့ မလိုပါဘူး...”

"ဒီလောက်သေးမွှားတဲ့ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးလေးကို ဖြတ်ကျော်ဖို့က အရမ်းလွယ်ပါတယ်...”

"ဒီလောက်အများကြီး ပြင်ဆင်နေဖို့ မလိုပါဘူး...”

ထိုစကားများကို ပြောဆိုပြီးနောက် ကျိုးစွေ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက်အတွင်း အမှတ် (၈၈) တာအိုကျောင်းတော်၏ အတွင်းပိုင်းရှိ နေရာလွတ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤသည်မှာ ယခင်က ပိုင်စုကျဲ့ ကပ်ဘေးဖြတ်ကျော်ရန်အတွက် အထူးရည်ရွယ်၍ နေရာလွတ် ချန်ထားခဲ့သော ကွင်းပြင်တစ်ခုလည်း ဖြစ်ပေသည်။

"ဒါက..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြောရမည်ကိုပင် မသိတော့ပေ။

သူတို့၏ တစ်သက်တာလုံးတွင် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဤမျှလောက်အထိ ဂရုမစိုက်သော ကျင့်ကြံသူမျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

ပညာစွမ်းမြင့်မား၍ ရဲတင်းနေခြင်းလော သို့မဟုတ် မိုက်မဲနေခြင်းလော ဆိုသည်ကိုလည်း သူတို့ မသိကြတော့ပေ။

သို့သော် ရှေ့တွင်ရှိနေသော ဤအမျိုးသား၏ စကားများမှာ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုခြင်း မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။

သို့ဆိုလျှင် အကြောင်းပြချက် တစ်ခုတည်းသာ ရှိလေသည်။ ၎င်းမှာ ဤအမျိုးသားသည် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို လုံးဝ လျစ်လျူရှုထားနိုင်ပြီး ဘာမှမဟုတ်သကဲ့သို့ သဘောထားနိုင်သောကြောင့်ပင် ဖြစ်၏။

ဤသည်မှာ ဤအမျိုးသားတွင် အလွန်အမင်း အစွမ်းထက်သော ခွန်အားနှင့် အဆုံးအစမဲ့သော ယုံကြည်ချက် ရှိနေသည်ကိုလည်း ဖော်ပြနေပေသည်။

သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများစွာ ရှိနေသော်ငြား ယခုအချိန်တွင် တစ်ဖက်လူကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ပြင်ပလူများ ဝင်ရောက်စွက်ဖက်၍ မရနိုင်ဘဲ ကျင့်ကြံသူ၏ ကိုယ်ပိုင်အစွမ်းအစကိုသာ အပြည့်အဝ အားထားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။

ဂျိန်း… ဂျိန်း… ဂျလိမ်း…။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ထက်၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး ကြီးမားလှသော အနက်ရောင်ကပ်ဘေးတိမ်တိုက်ကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့၏။

၎င်းသည် အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးကိုသာမက ဖုန်းရှီးမြို့တော် တစ်ခုလုံးကိုပါ လွှမ်းခြုံသွားပြီး ကောင်းကင်နှင့် နေမင်းကိုပင် ကွယ်ဝှက်သွားစေလောက်အောင် အမှောင်ထုကြီး ဖုံးလွှမ်းသွားချေသည်။

ထိုကပ်ဘေးတိမ်တိုက်များသည် တစ်လွှာပြီးတစ်လွှာ ထပ်နေကာ ထူထဲလှသော အနက်ရောင်လေဝဲကတော့ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက ကြီးမားလှသော ကောင်းကင်ဘုံကပ်ဘေး မျက်လုံးကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေပြီး ရင်ဖိုထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ထိုအချိန်တွင် အမှတ် (၈၈) တာအိုကျောင်းတော်မှ ကျောင်းသားများသာမက ဖုန်းရှီးမြို့တော် တစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးနီးပါး ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကပ်ဘေး၏ အငွေ့အသက်ကို ခံစားလိုက်ကြရသည်။

ကပ်ဘေးတိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာမှ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော မိုးကြိုးများ ရံဖန်ရံခါ ထွက်ပေါ်လာကာ ဖျက်ဆီးခြင်းအငွေ့အသက်များ ပျံ့နှံ့နေသဖြင့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘယ်သူကများ ကပ်ဘေးဖြတ်ကျော်နေတာလဲ...”

ကျင့်ကြံသူများစွာမှာ ချက်ချင်းဆိုသလို အလွန်အံ့ဩသွားကြ၏။ ဤကဲ့သို့သော အချိန်တွင် တစ်စုံတစ်ယောက်က ကပ်ဘေးဖြတ်ကျော်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ထို့အပြင် ဤကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားသည် တွေးကြည့်၍ပင် မရနိုင်လောက်အောင် အလွန်ကြောက်စရာကောင်းနေလေသည်။

ဤမျှ ကြောက်စရာကောင်းသော ကပ်ဘေးမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

"တစ်ယောက်ယောက်က လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေတာပဲ။ တစ်ယောက်ယောက် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ ကြံရွယ်နေတာ သေချာတယ်...”

"မဖြစ်နိုင်တာ။ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။ လုံးဝ မဖြစ်နိုင်ဘူး...”

"မဖြစ်နိုင်စရာလား။ ဒါက သာမန်မိုးကြိုးကပ်ဘေး မဟုတ်ဘူးလေ။ ဒါက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးပဲ။ သာမန်မိုးကြိုးကပ်ဘေးတွေထက် အများကြီးပိုပြီး ကြောက်စရာကောင်းတယ်...”

ကျင့်ကြံသူများစွာသည် အံ့အားသင့်လျက် ဆူညံစွာ ဆွေးနွေးပြောဆိုနေကြလေသည်။

သူတို့သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ကပ်ဘေးဖြတ်ကျော်သည်ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော်လည်း ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားက ဤမျှအထိ အစွမ်းထက်နေသည်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ စွမ်းအားသည် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေသည်မှာ အသေအချာပင် ဖြစ်၏။

ယခုအချိန်တွင် ကပ်ဘေးမိုးကြိုးများ မကျဆင်းလာသေးသော်ငြားလည်း ကပ်ဘေးမိုးကြိုးများအတွင်း၌ ပါဝင်နေသော အငွေ့အသက်များက ကျင့်ကြံသူများစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်အနှံ့ရှိ ဆဲလ်တိုင်းသည်ပင် ရူးသွပ်မတတ် တုန်ခါနေကြလေသည်။

"ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေး ဟုတ်လား။ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေး ဆိုတာက ဘာကြီးလဲ။ သာမန်မိုးကြိုးကပ်ဘေးတွေနဲ့ ဘာကွာလို့လဲ...”

တစ်စုံတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးလို့ ခေါ်တဲ့အရာက ကပ်ဘေးမိုးကြိုးတွေထဲမှာ အလွန်တရာ ကြောက်စရာကောင်းတဲ့ အမျိုးအစားတစ်ခုပဲ...”

"ကပ်ဘေးမိုးကြိုးတွေက ကျောက်စိမ်းလို ဖြူဝင်းနေပြီး သတ္တုဓာတ်မိုးကြိုးကပ်ဘေး ပါဝင်တယ်။ သူက ချပ်ဝတ်တန်ဆာတွေနဲ့ အကာအကွယ်အတားအဆီးတွေကို ဖျက်ဆီးဖို့ သီးသန့်ဖြစ်တည်လာတာ...”

"ရုပ်ခန္ဓာကျင့်ကြံသူတွေနဲ့ ရုပ်ခန္ဓာအစွမ်းထက်တဲ့ သက်ရှိတွေကို သီးသန့်ဖိနှိပ်နိုင်စွမ်းရှိတယ်...”

"ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး တစ်ချက်ပစ်ချလိုက်တာနဲ့တင် ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူ ထိုးဖောက်သွားနိုင်ပြီး သက်စောင့်စွမ်းအင်တွေကို ဖျက်ဆီးပစ်နိုင်တယ်...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက အလွန်လေးနက်သော မျက်နှာအမူအရာဖြင့် ရှင်းပြလိုက်၏။

သူသည် ရှေးဟောင်းကျမ်းစာများထဲတွင် ဤကဲ့သို့ အဆုံးအစမဲ့ စွမ်းအားရှိသော ထူးခြားသည့် ကပ်ဘေးမိုးကြိုးအကြောင်းကို ဖတ်ဖူးခဲ့သည်။

အလွန်အမင်း အစွမ်းထက်သော ရုပ်ခန္ဓာရှိသည့် သက်ရှိများသာလျှင် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်သည်ဟု ဆိုကြသည်။

ရှေးခေတ်မှ ယနေ့တိုင်အောင် လူသားမျိုးနွယ်တွင် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖူးသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

ဤအရာသည် စစ်မှန်သောနတ်သားရဲ မျိုးနွယ်စုများကြားတွင်သာ ပေါ်ပေါက်လေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ထိုမျိုးနွယ်စုများမှ သက်ရှိများ၏ ရုပ်ခန္ဓာသည် ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့လောက်အောင် အစွမ်းထက်လွန်းပြီး၊ ကောင်းကင်ဘုံ၏ မနာလိုမှုကိုပင် ခံရလောက်သည်အထိ အရာရာကို ဆန့်ကျင်နိုင်သောကြောင့် ဖြစ်လေသည်။

"မဖြစ်နိုင်တာ။ ဒဏ္ဍာရီထဲက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကြီး ဖြစ်နေတာလား။ ဒါဆို ကပ်ဘေးဖြတ်ကျော်နေတဲ့သူက အစွမ်းထက်တဲ့ ရုပ်ခန္ဓာကျင့်ကြံသူ တစ်ယောက်များလား...”

"အရမ်း ချဲ့ကားလွန်းရာကျနေပြီ။ ငါတို့ လူသားမျိုးနွယ်က ရုပ်ခန္ဓာကို ဘယ်လိုပဲ သန့်စင်အောင်လုပ်လုပ် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်တဲ့ အဆင့်အထိတော့ ရောက်နိုင်မှာ မဟုတ်ပါဘူး...”

"လောကကြီးက ကျယ်ဝန်းလွန်းလို့ ထူးဆန်းတာတွေ အများကြီးရှိတယ်။ ငါတို့ လူသားမျိုးနွယ်မှာ ဒီလိုပါရမီရှင်မျိုး မရှိဘူးလို့ မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ။ မင်းက လောကကလူတွေကို အရမ်းအထင်သေးလွန်းနေပြီ...”

"ဒါဆိုရင် ဒီကပ်ဘေးဖြတ်ကျော်နေတဲ့သူက တကယ်ပဲ ဘယ်သူဖြစ်မလဲ...”

"ခင်ဗျားတို့ အားလုံး ခန့်မှန်းနေစရာ မလိုတော့ပါဘူး။ ကပ်ဘေးမိုးကြိုး၏ ဗဟိုချက်က အမှတ် (၈၈) တာအိုကျောင်းတော်မှာပဲလေ။ ဆိုလိုတာက ကပ်ဘေးဖြတ်ကျော်မယ့်သူ တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ နာမည်ကျော်ကြားတဲ့ ကျိုးစွေ့ပဲ...”

လူအုပ်ကြီးသည် ဆူညံစွာ ဆွေးနွေးပြောဆိုနေကြပြီး စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ကပ်ဘေးဖြတ်ကျော်မည့်သူ၏ အစစ်အမှန် ဇာတ်မြစ်ကို သိရှိသွားကြလေသည်။

ထိုစကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ဖြစ်သွားကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို အလွန်အမင်း တုန်လှုပ်သွားစေတော့သည်။

"မဖြစ်နိုင်တာ။ ဒါက လွန်လွန်းနေပြီ...”

"နာမည်ကြီးနေတဲ့ ကျိုးစွေ့က လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေတာလား။ ဒါပေမဲ့ သူ့အသက်က အခုမှ ခြောက်ရာ၊ ခုနစ်ရာလောက်ပဲ ရှိသေးတာလေ။ အခုပဲ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းတော့မှာလား...”

တစ်စုံတစ်ယောက်သည် မျက်လုံးပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လုံးဝ မှင်တက်သွားတော့သည်။

သူသည် နာမည်ကျော်ကြားသော ကျိုးစွေ့အကြောင်းကို သေချာပေါက် သိထားပေသည်။

ဤကောင်လေးသည် အောက်ဘုံမှ တက်လှမ်းလာသော တက်လှမ်းသူတစ်ဦးဖြစ်ပြီး အလွန်မြင့်မားသော ပါရမီနှင့် ကောင်းကင်နှင့်တူသော ကံကြမ္မာကောင်းများ ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူသည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ မကြာသေးသော်လည်း လူသားဧကရာဇ်၏ သမီးတော်ဖြစ်သော ပိုင်စုကျဲ့၏ မျက်နှာသာပေးမှုကို ရရှိကာ သူမ၏တာအိုလက်တွဲဖော် ဖြစ်လာခဲ့သည်။

သူ၏ တာအိုကျင့်ကြံခြင်းလမ်းစဉ်သည် အတားအဆီးမရှိ ဖြောင့်ဖြူးနေသည်ဟု ဆိုနိုင်ပေသည်။

ယခင်က သူသည် ဖုန်းရှီးမြို့တော်၌ အလွန်ရေပန်းစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီး၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲများကို ယဉ်ပါးအောင် သင်ကြားပေးနိုင်သည့် လျှို့ဝှက်ပညာရပ်တစ်ခုကို ပိုင်ဆိုင်ကာ ကြီးမားလှသော ရှေးဟောင်းသားရဲတပ်မတော်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဤလူ ပိုင်ဆိုင်ထားသော စွမ်းအားသည် အလွန်တရာ ကြောက်ခမန်းလိလိ ဖြစ်သည်ဟု ဆိုရမည်ပင်။

မူလက ဤကောင်လေး၌ အားနည်းချက်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ သူ၏ကျင့်ကြံမှုအဆင့်သည် နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသဖြင့် အလွန်နိမ့်ကျနေခြင်း ဖြစ်၏။

သူတို့ကဲ့သို့သော ဝါရင့်လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ကွာဟနေသည်ကိုပင် မသိနိုင်လောက်ပေ။

သို့သော် ယခုမူ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းတော့မည် ဖြစ်လေသည်။

အကယ်၍ အောင်မြင်သွားပါက ဤကောင်လေးသည် ဖုန်းရှီးမြို့တော်၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်လာမည်မှာ သေချာလှပေသည်။

မြို့တော်သခင်မှလွဲ၍ အစွမ်းအထက်ဆုံးသူ ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိသော ကိစ္စရပ်တစ်ခုပင်။

"မှန်တယ်။ တာအိုရောင်းရင်းကျိုး ကပ်ဘေးဖြတ်ကျော်နေတာ အသေအချာပဲ...”

"အမှတ် (၈၈) တာအိုကျောင်းတော်မှာ ကျုပ် မိတ်ဆွေရှိတယ်။ ကျောင်းတော်ဘက်က သတင်းပို့လာတာ...”

"အခု ကျောင်းတော်က ကျောင်းသားတွေအားလုံး ယာယီ ကျောင်းပိတ်ထားရတယ်။ ကပ်ဘေးမိုးကြိုး ပြီးဆုံးသွားမှပဲ ပြန်တက်လို့ရမယ်...”

အခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက အလွန်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

သူသည် ဆက်စပ်သတင်းအချက်အလက်များကို ပထမဆုံး စုံစမ်းခဲ့ခြင်း ဖြစ်၏။

ထို့နောက် ကပ်ဘေးဖြတ်ကျော်မည့်သူမှာ နာမည်ကျော်ကြားသော ကျိုးစွေ့ ဖြစ်နေသည်ကို သိရှိသွားခဲ့လေသည်။

ချက်ချင်းပင် သူသည် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

"မကောင်းဆိုးဝါးပဲ… ဒီကောင်က လုံးဝကို မကောင်းဆိုးဝါးပဲ။ အသက် တစ်ထောင်တောင် မပြည့်သေးဘဲ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းတော့မယ်ဆိုတော့ အရမ်းများလွန်းသွားပြီ...”

"တက်လှမ်းသူတွေ အားလုံးက ဒီလို မကောင်းဆိုးဝါးတွေချည်းပဲလား။ ကျင့်ကြံတာ ဘာလို့ ဒီလောက် မြန်နေရတာလဲ...”

"တက်လှမ်းသူတွေက ပါရမီမြင့်မားတာ အမှန်ဆိုပေမဲ့ တာအိုရောင်းရင်းကျိုးလို လူမျိုးကတော့ ခေတ်အဆက်ဆက်မှာ ရှားပါးလှတယ်...”

"ဟားဟား... ခင်ဗျားတို့လည်း အဲဒီကောင်လေးကို အရမ်းမြှောက်စားမနေပါနဲ့။ ဒါက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးဆိုတာကို သိထားကြဦး။ သူ တကယ် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်တဲ့အချိန်ကျမှပဲ ဆက်ပြောကြတာပေါ့။ အကယ်လို့ မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ သေချာပေါက် ပြာကျသွားမှာပဲ...”

"အဲဒီကောင်လေး ကျော်ဖြတ်နိုင်မယ်လို့ ကျုပ် ထင်တယ်။ ဒီလောကမှာ ဘယ်သူမှ အရူးမဟုတ်ဘူး။ အဲဒီကောင်လေးက ထူးချွန်တဲ့ ပါရမီရှင်ဖြစ်သလို နောက်ခံလည်း တောင့်တင်းတယ်…”

“ကပ်ဘေးဖြတ်ကျော်ဖို့ ရတနာများစွာကို ကြိုတင်ပြင်ဆင်ထားပြီးလောက်ပြီ။ ဒီလောက် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးလေးက ဘာအရေးလုပ်စရာရှိလို့လဲ။ ရာခိုင်နှုန်းပြည့် သေချာမှုမရှိဘဲနဲ့ မိုးကြိုးကပ်ဘေးကို ဆွဲဆောင်ပါ့မလား။ သူ့ကို အရူးလို့ မထင်လိုက်နဲ့...”

"အဲဒါလည်း ဟုတ်တာပဲ။ ဒီလို ပါရမီရှင်မျိုးက အသက်ဒီလောက်ငယ်ပေမဲ့ နောက်ထပ် နှစ်ထောင်ချီပြီး ပြင်ဆင်နေမယ်ဆိုရင်တောင် မဆန်းဘူး။ ဒါပေမဲ့ အခုလို အမြန်ဆုံး လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဆွဲဆောင်လိုက်တယ်ဆိုတော့ သေချာပေါက် ရာခိုင်နှုန်းပြည့် ယုံကြည်ချက်ရှိလို့ပဲ။ ဘယ်သူမှ ကိုယ့်အသက်နဲ့ကိုယ် နောက်ပြောင်မှာ မဟုတ်ဘူး...”

"ဒီလိုဆိုရင် ငါတို့ ဖုန်းရှီးမြို့တော်မှာ မကြာခင် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးအသစ်တစ်ယောက် ပေါ်ထွက်လာတော့မှာပေါ့...”

"ကျွတ်... ကျွတ်... ဒီလို ကျင့်ကြံမှုနှုန်းနဲ့ဆိုရင် တာအိုရောင်းရင်းကျိုးက ဖုန်းရှီးမြို့တော်ရဲ့ နောက်ထပ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမယ်ဆိုရင်တောင် မဆန်းတော့ဘူး...”

ဖုန်းရှီးမြို့တော်ရှိ ကျင့်ကြံသူများစွာသည် ဆူညံစွာ ဆွေးနွေးပြောဆိုနေကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြခြင်း၊ မနာလိုခြင်းနှင့် တုန်လှုပ်ခြင်းစသည့် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြတော့သည်။

All Chapters