← Chapters

အခန်း (၈၀၅-၈၀၆)

Vol. 76 Ch. 805-806

အခန်း (၈၀၅-၈၀၆)

Vol. 76 Ch. 805-806

အခန်း (၈၀၅) - ကိုးဆင့်ကျောက်စိမ်းမိုးကြိုးကပ်ဘေး၊ သန့်စင်ယန်ဝိညာဉ်ကို စုစည်းခြင်း၊ အရင်ဆုံး ကပ်ဘေးသွားဖြတ်ကျော်လိုက်ဦးမယ်(၅)။

"မဖြစ်နိုင်တာ... ဒါ... ဒါက ကောလာဟလတွေထဲက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးလား...”

"ထိတွေ့လိုက်တာနဲ့ ကျောက်စိမ်းအဖြစ် ပြောင်းသွားပြီး ပြာအဖြစ် ကြေမွသွားတာပဲ...”

"ဒီလို စွမ်းအားမျိုးက တကယ်ကို ကြောက်စရာကောင်းလိုက်တာ...”

ပိုင်စုကျဲ့က အံ့အားသင့်စွာဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိပြန်၏။

ကြားရသည်ထက် မြင်ရသည်က ပို၍ ထိတ်လန့်စရာကောင်းလှသည်။ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ ကျော်ကြားမှုကို သူမ အကြိမ်ကြိမ် ကြားဖူးသော်လည်း ကိုယ်တိုင် မမြင်ဖူးခဲ့သဖြင့် ကောလာဟလများကဲ့သို့ အစွမ်းထက်မည်မဟုတ်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော် ယခုအခါတွင်မူ ဒဏ္ဍာရီလာ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကို သူမကိုယ်တိုင် မြင်တွေ့လိုက်ရလေပြီ။

ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး တစ်ချက်တည်း၏ ဖျက်ဆီးအားမှာ သူမ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသော မိုးကြိုးကပ်ဘေးထက်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေသည်ကို သူမ ချက်ချင်းပင် သတိပြုမိလိုက်၏။

အကယ်၍ ထိုစဉ်က သူမသာ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးနှင့် တွေ့ကြုံခဲ့ရပါက ဤကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟု မည်သို့မျှ ယုံကြည်ချက်ရှိမည် မဟုတ်ပေ။

'ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးက ကြောက်စရာကောင်းပေမဲ့ ဒီယောကျ်ားကတော့ တကယ့်ကို မကောင်းဆိုးဝါးကြီးပဲ...’

'ဘယ်လိုရတနာကိုမှ အသုံးမပြုဘဲနဲ့... ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းနဲ့တင်...’

'ရုပ်ခန္ဓာစွမ်းရည်တစ်ခုတည်းနဲ့တင် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကို တားဆီးနိုင်ခဲ့တာလား...’

'ဒါက တကယ်ပဲ လူသားတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ ခန္ဓာကိုယ်မျိုးလား...’

ဟွားစစ်ချင်က သူမ၏ လှပသော မျက်ဝန်းအစုံကို အပြူးသားဖွင့်ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေမိ၏။

ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံယူပြီးနောက် ဝေးကွာသောနေရာတွင် ရှိနေသည့် ကျိုးစွေ့ကို သူမ လှမ်းကြည့်လိုက်မိသည်။

သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီဖြစ်ရာ ရှစ်မြှောင်ဝမ်းဗိုက်ကြွက်သားများနှင့်အတူ ဗလာကျင်းနေသော သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် မားမားမတ်မတ် ရပ်တည်နေလေသည်။

ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်းမှာ ကျောက်စိုင်ကျောက်သားကဲ့သို့ ကြံ့ခိုင်တောင့်တင်းနေပြီး ရှင်းလင်းထင်ရှားလှ၏။

အရေပြားပေါ်ရှိ နေရာတိုင်းတွင်လည်း ရှေးဟောင်းမန္တန်အက္ခရာများစွာ ထင်ဟပ်နေကာ ပြီးပြည့်စုံသော အစီအရင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး အလွန်ပင် တောက်ပနေ၏။

နေရောင်ခြည်အောက်တွင် ရေချိုးနေသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးမှာ ပြီးပြည့်စုံလွန်းလှသဖြင့် အပြစ်ပြောစရာ တစ်ကွက်မျှမရှိချေ။ ဖန်ဆင်းရှင်၏ လက်ရာမြောက်လှသော အနုပညာလက်ရာ တစ်ခုကဲ့သို့ပင် ဖြစ်လေသည်။

မနေ့ညက သူမသည် ဤယောကျ်ားနှင့် အကြိမ်ကြိမ် အတူအိပ်စက်ခဲ့သော်လည်း ယခုကဲ့သို့ သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မြင်တွေ့ရချိန်၌ သူမ၏နှလုံးသားလေးမှာ ထိန်းချုပ်မရနိုင်လောက်အောင်ပင် တဒိန်းဒိန်း ခုန်လှုပ်လာရသည်။ ဤသည်မှာ မည်သို့မျှ တားဆီး၍မရသော ခံစားချက်မျိုးပင်။

ရုတ်တရက်ဆိုသလို သူမ၏နှာခေါင်းမှ ပူနွေးသောအာရုံကို ခံစားလိုက်ရသဖြင့် လက်ဖြင့် စမ်းကြည့်လိုက်ရာ နှာခေါင်းသွေးများ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ဒါ..."

ဟွားစစ်ချင်၏ မျက်နှာလေးမှာ နီမြန်းသွားတော့သည်။ ယောကျ်ားတစ်ယောက်၏ ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် နှာခေါင်းသွေးလျှံရသည်မှာ သူမ၏တစ်သက်တာတွင် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဒါက ငါတို့လို မိန်းမသားတွေ မြင်သင့်တဲ့အရာမျိုးလား…။

မဟုတ်ဘူး... ဒါကမှ ငါတို့ မိန်းမသားတွေ တကယ်ကို ကြည့်ရမယ့် အရာပဲ…။

သူမသည် ယခုမှပင် စိတ်သက်သာရာ ရသွားတော့သည်။ မနေ့ညက သူမ၏အပြုအမူမှာ အနည်းငယ် မသင့်တော်ဟု တွေးမိခဲ့သေး၏။

သူမကဲ့သို့သော လှပချောမောသည့် အမျိုးသမီးတစ်ဦးက သူမ၏ညီမများနှင့် ပူးပေါင်း၍ ယောကျ်ားတစ်ယောက်ကို အတင်းအကျပ် ပြုမူခဲ့ခြင်းမှာ မိန်းမသားတို့၏သိက္ခာကို ကျဆင်းစေသည်ဟု တွေးမိခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူမသည် အလွန်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆလိုက်၏။ အကယ်၍ သူမသာ ဦးဆောင်ပြီး မလှုပ်ရှားခဲ့ပါက ဤယောကျ်ားကို ဤမျှမြန်မြန်ဆန်ဆန် မည်သို့ ရရှိနိုင်ပါမည်နည်း။

အာဂအမျိုးသမီးဆိုသည်မှာ မိမိနှစ်သက်သော ယောကျ်ားကို ကိုယ်တိုင် လိုက်လံရယူရမည်သာ ဖြစ်သည်။ ကောင်းမွန်သော အရာများကို အမြဲတမ်း ကိုယ်တိုင် ကြိုးစားရယူရန် လိုအပ်ပေသည်။ အလွယ်တကူ ရရှိလာသော အရာများတွင် မည်သို့သော အနှစ်သာရ ရှိနိုင်ပါမည်နည်း။

"ဒါက..."

ပိုင်စုကျဲ့မှာလည်း မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေမိ၏။ သူမ၏ မျက်နှာမှာလည်း နီမြန်းနေပြီး မျက်ဝန်းအစုံမှာလည်း ရေပြင်ကဲ့သို့ ကြည်လင်ကာ ရှက်သွေးဖြာနေလေသည်။ ဤယောကျ်ား၏ ခန္ဓာကိုယ်ကို သူမ အကြိမ်ကြိမ် မြင်ဖူးသော်လည်း မြင်ရသည့်အချိန်တိုင်း အံ့ဩနေရဆဲပင်။

ဤသည်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်က အစွန်းဆုံးအထိ ပြီးပြည့်စုံစွာ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်ဟု သူမ ထင်မြင်မိ၏။ တကယ့်ကို ပြိုင်ဘက်ကင်းသော လက်ရာတစ်ခုပင်။

သူမသည် အခြားသူများထက် အရင်ဦးအောင် လက်ဦးမှုယူခဲ့သဖြင့် တော်သေးသည်ဟု တွေးမိသည်။ မဟုတ်ပါက မည်မျှလောက်သော မိန်းမဆိုးများ၏ လုယူခြင်းကို ခံရမည်နည်း။

ထို့ပြင် ကံကောင်းသည်မှာ ပတ်ဝန်းကျင်တွင် အခြားသော အမျိုးသမီးများ မရှိခြင်းပင်။ မဟုတ်ပါက အမျိုးသမီးမည်မျှကို ဆွဲဆောင်မိမည်မှန်း မသိနိုင်ချေ။

"ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးတဲ့လား။ တကယ်ကို နာမည်နဲ့လိုက်အောင် စွမ်းအားကြီးတာပဲ...”

ကျိုးစွေ့သည် ဘေးနားရှိ မိန်းမနှစ်ယောက်၏ အမူအရာကို ဂရုမစိုက်နိုင်အားပေ။ ယခုအခါ သူသည် ကပ်ဘေးကို ကျော်ဖြတ်ရန်အတွက်သာ အာရုံအပြည့် ထည့်ထား၏။ အမှန်အတိုင်းဆိုရလျှင် ဤကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးမှာ သူ့အတွက် အခက်အခဲ အနည်းငယ်ပေးနိုင်သည်။

အစောပိုင်းက သူသည် မိမိ၏ နဂါးဆင်ခန္ဓာကို အသုံးပြု၍ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ စွမ်းအားကို အနည်းငယ် စမ်းသပ်ကြည့်ခဲ့သည်။ ခဏတာအတွင်းမှာပင် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ခံစားလိုက်ရ၏။

ရှန်ရှောင်မိုးကြိုးမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ရန်သူ သတိမပြုမိနိုင်အောင် တိုက်ခိုက်နိုင်သော်လည်း၊ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးမှာမူ ကပ်ဘေးမိုးကြိုးစစ်စစ်ဖြစ်ပြီး ဖျက်ဆီးအား ပြင်းထန်လှကာ ရန်သူ၏ ကာကွယ်မှုကို အဓိက ဖျက်ဆီးလေသည်။

ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် သက်ရှိများပင် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးနှင့် တွေ့လျှင် အလွန်ပင် သတိထားရပေမည်။

အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ခန္ဓာကိုယ်မှာ ထိုးဖောက်ခံရပြီး သေဆုံးကာ ပြာအဖြစ် ပြောင်းလဲသွားနိုင်၏။ ဤကဲ့သို့သော စစ်မှန်သည့် ဖျက်ဆီးအားမှာ ရင်တုန်စရာ ကောင်းလှသည်။

ကံကောင်းသည်မှာ သူ၏ခန္ဓာကိုယ်ရှိ နဂါးဆင်သွေးမျိုးဆက်မှာ အလွန်ပင် ထူထဲလှပြီး အရေပြားမှာလည်း နတ်ဆင်အရေပြားကဲ့သို့ ဖြစ်နေ၍ သုံးလွှာသော နတ်ဆင်အကာအကွယ်များ ပါရှိနေခြင်းပင်။

ထို့အပြင် ဤသည်မှာ ပထမဆုံးသော ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးသာ ဖြစ်သေးသဖြင့် သူ ခုခံနိုင်သေးခြင်း ဖြစ်၏။ သို့သော် စွမ်းအားများ ပိုမိုကြီးမားလာသည်နှင့်အမျှ သူ ဆက်လက်ခုခံရန်မှာ အနည်းငယ် ခက်ခဲလာနိုင်ပေသည်။

'ဟင်း... ဒါက အုတ်မြစ်ခိုင်မာလွန်းလို့ ရတဲ့ ဆိုးကျိုးလား...’

'အုတ်မြစ်က ပိုပြီး ခိုင်မာလေလေ၊ ကျရောက်လာတဲ့ ကပ်ဘေးမိုးကြိုးက ပိုပြီး ကြောက်စရာကောင်းလေလေပဲ...’

'ကောင်းကင်ဘုံက သာမန်ကျင့်ကြံသူတွေကို လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အလွယ်တကူ တက်လှမ်းခွင့်ပေးမှာ မဟုတ်ဘူး...’

'ဒါပေမဲ့ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်တာနဲ့ ရရှိမယ့် အကျိုးကျေးဇူးတွေကလည်း တခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ ပိုများမှာပဲ...’

'ဒီလောက် ကပ်ဘေးလေးနဲ့တော့ ငါ့ရဲ့ လေဟာနယ်သန့်စင်ခြင်း ခရီးစဉ်ကို မတားဆီးနိုင်ပါဘူး...’

ကျိုးစွေ့က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ၏ မျက်ဝန်းအိမ်အတွင်း၌ ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ ထွက်ပေါ်လာ၏။

သူ၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော ဝိညာဉ်လှိုင်းများနှင့် ကျင့်ကြံမှုစွမ်းအားများ ထွက်ပေါ်လာပြီး မိုင်ပေါင်းသိန်းချီသော ပတ်ဝန်းကျင်ရှိ ကောင်းကင်မြေကြီး၏ စွမ်းအင်များမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ဆူပွက်လာကာ ကြီးမားသော စွမ်းအင်ဝဲဂယက်ကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။

ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်နှင့်မြေကြီးကြား၌ ပြိုင်ဘက်ကင်းသော အရှင်သခင် တစ်ပါးကဲ့သို့ပင်။

သူ၏ နောက်ကျောတွင်လည်း ကြီးမားသော ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်တစ်ခု ထွက်ပေါ်လာပြီး နဂါးဆင်တစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ အဆုံးမဲ့သော အသံများ ထွက်ပေါ်လာကာ ပြင်းထန်သော တုန်ခါမှုများကို ဖြစ်ပေါ်စေလေသည်။

သူ ဤမျှ ယုံကြည်ချက်ရှိနေခြင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ‘မိုးကြိုးကပ်ဘေးကူ’ ရှိနေသောကြောင့် ဖြစ်ပြီး၊ ‘မိုးကြိုးကပ်ဘေးကူ’မှာလည်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ယောက်နှင့် ညီမျှနေပြီ ဖြစ်၏။

ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ စွမ်းအားမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော်လည်း ‘မိုးကြိုးကပ်ဘေးကူ’၏ စွမ်းအားဖြင့် ၎င်းကို အားပျော့သွားအောင် ပြုလုပ်နိုင်သည်။

ပို၍ အရေးကြီးသည်မှာ ‘မိုးကြိုးကပ်ဘေးကူ’သည် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ စွမ်းအင်များကို ဝါးမျိုနိုင်ပြီး ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိသွားခြင်းပင် ဖြစ်လေသည်။

‘ဒီကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးက မဆိုးဘူး။ ဒါပေမဲ့ အခုကစပြီး ဒီစွမ်းအားက ငါ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ…’

ဘန်း… ဘန်း… ဘန်း…။

ခဏအတွင်းမှာပင် ဖြူဆွတ်သော ကပ်ဘေးမိုးကြိုးများမှာ ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းလာတော့သည်။ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးမှာ ကပ်ဘေးခံယူနေသူကို အသက်ရှူရန် အချိန်ပင်ပေးပုံမရချေ။ မိုင်ပေါင်းသောင်းချီသော နယ်ပယ်တစ်ခုလုံးမှာ ချက်ချင်းပင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွား၏။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဖြူဖွေးသော အရောင်အသွေးတစ်ခုတည်းသာ ကျန်ရှိတော့ပုံရသည်။ ဤသည်မှာ အမှောင်ထုဖုံးလွှမ်းနေသော ညကောင်းကင်ယံကို တစ်ခုတည်းသော အဖြူရောင်အလင်းတန်းက ကောင်းကင်နှင့်မြေကြီးကို ခွင်းလိုက်သကဲ့သို့ပင်။

"လာစမ်းပါ...”

ကျိုးစွေ့၏ မျက်ဝန်းများတွင် အရောင်လက်သွားပြီး ‘မိုးကြိုးကပ်ဘေးကူ’ကို ချက်ချင်းပင် စေခိုင်းလိုက်ရာ ‘မိုးကြိုးကပ်ဘေးကူ’သည် အပြင်သို့ ချက်ချင်း ပျံထွက်သွားလေသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးကပ်ဘေး မန္တန်အက္ခရာများစွာ ထင်ဟပ်နေပြီး အရေပြားပေါ်တွင် မိုးကြိုးတန်းများစွာ ပြေးလွှားနေသကဲ့သို့ပင် ရှိချေသည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်း၌လည်း အဆုံးမဲ့သော မိုးကြိုးစွမ်းအင်များ ကိန်းအောင်းနေ၏။

၎င်းမှာ ကူပိုးကောင်လေးတစ်ကောင်သာ ဖြစ်သော်လည်း ယခုအခါတွင်မူ မိုးကြိုးအားလုံးကို အုပ်စိုးသော အရှင်သခင်တစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

ဤအခိုက်အတန့်၌ ၎င်းသည် ဦးခေါင်းကိုမော့၍ ပါးစပ်ကိုဟလိုက်ပြီး ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးများကို တစ်ခုပြီးတစ်ခု ဝါးမျိုလိုက်လေသည်။

ထိတ်လန့်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုး စွမ်းအင်များမှာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ‘မိုးကြိုးကပ်ဘေးကူ’ကို ဖျက်ဆီးရန် ကြိုးစားသော်လည်း ‘မိုးကြိုးကပ်ဘေးကူ’၏ ဝမ်းဗိုက်ထဲတွင် မိုးကြိုးပင်လယ်ကြီးတစ်ခု ရှိနေသဖြင့် လောကရှိ မိုးကြိုးအားလုံးကို လက်ခံနိုင်စွမ်း ရှိပေသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ မည်သည့် ကပ်ဘေးမိုးကြိုးစွမ်းအားမဆို ၎င်း၏ဗိုက်ထဲသို့ ရောက်သွားသည်နှင့် စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရုံသာ ရှိ၏။

လောကရှိ အရာအားလုံးတွင် အပြန်အလှန် ချုပ်ကိုင်နိုင်သည့်အရာများ ရှိစမြဲပင်။

မှန်ပေသည်၊ ‘မိုးကြိုးကပ်ဘေးကူ’မှာ ကောင်းကင်ဘုံ ကပ်ဘေးမိုးကြိုးများအား ဖိနှိပ်ရန် ပေါ်ပေါက်လာခြင်းပင် ဖြစ်ချေသည်။ မည်မျှပင် ကပ်ဘေးမိုးကြိုးများ ကျရောက်လာသည်ဖြစ်စေ၊ ၎င်းအတွက်မူ အစာသာသာပင် ဖြစ်လေသည်။

အုန်း… အုန်း… အုန်း…။

သို့သော် ဤကဲ့သို့သော အပြုအမူမှာ ကပ်ဘေးတိမ်တိုက်များကို ပိုမို အမျက်ထွက်စေပုံရ၏။ ကောင်းကင်ယံရှိ ကပ်ဘေးတိမ်တိုက်များမှာ ပိုမိုပြင်းထန်စွာ လည်ပတ်လာပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခုကို ဖြစ်ပေါ်စေကာ ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးများမှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ပိုမို ကြီးမားထူထဲလာတော့သည်။ ၎င်းတို့မှာ မိမိအတွင်းရှိ ကပ်ဘေးမိုးကြိုး စွမ်းအင်အားလုံးကို အသုံးပြုပြီး ကပ်ဘေးခံယူနေသူကို အပြီးသတ် သတ်ဖြတ်ရန် ကြိုးစားနေပုံရ၏။

ဤကဲ့သို့ မောက်မာစွာဖြင့် ကပ်ဘေးမိုးကြိုးများကို ဝါးမျိုနေခြင်းမှာ ကောင်းကင်ဘုံကို စော်ကားခြင်းပင်။ ကောင်းကင်ဘုံက ဤသို့သော အပြုအမူကို မည်ကဲ့သို့ သည်းခံနိုင်ပါမည်နည်း။

သို့သော် ကျိုးစွေ့မှာမူ ကြောက်ရွံ့မှုတစ်စုံတစ်ရာ မရှိချေ။

‘မိုးကြိုးကပ်ဘေးကူ’၏ စွမ်းအားကြောင့် ကပ်ဘေးမိုးကြိုးများက မည်မျှပင် ပြင်းထန်လာသည်ဖြစ်စေ၊ သူ့ကိုမူ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

အခန်း (၈၀၆) - လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’၊ နတ်ဘုရားစွမ်းရည် - ဖူးစာကြိုး(၁)။

ဤအကြိမ် ကောင်းကင်ဘုံကပ်ဘေးသည် သုံးရက်၊ သုံးညတိုင်တိုင် ကြာမြင့်ခဲ့လေသည်။

ဖုန်းရှီးမြို့တော်တစ်ခုလုံး၌လည်း မိုးခြိမ်းသံများ ဆူညံနေ၏။ ကျင့်ကြံသူအများအပြားမှာ ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး၏ စွမ်းအားကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြပြီး တံခါးပိတ်ကျင့်ကြံရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။

သို့သော်ငြား ထိုမျှကြောက်မက်ဖွယ်ကောင်းနေသည့်တိုင် ကျိုးစွေ့ကမူ အလွယ်တကူပင် ကျော်ဖြတ်နိုင်ခဲ့သည်။

ဧရာမ ကပ်ဘေးမိုးကြိုးစွမ်းအင်များ အားလုံးသည် ‘မိုးကြိုးကပ်ဘေးကူ’၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ၎င်း၏ကြီးထွားမှုကို အထောက်အကူပြုပေးလေ၏။

ဝုန်း...။

ထိုစဉ် နောက်ဆုံးကျောက်စိမ်းမဏ္ဍိုင်မိုးကြိုး ကျဆင်းလာရာ ‘မိုးကြိုးကပ်ဘေးကူ’က တစ်လုတ်တည်း ဝါးမျိုချလိုက်လေသည်။ ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်တိုက်များမှာလည်း အကုန်အစင် ပျောက်ကွယ်သွားကာ ယခင်ကဲ့သို့ ကြည်လင်သော ကောင်းကင်ယံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ကျိုးစွေ့သည် ဤလေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို လွယ်လွယ်ကူကူပင် ကျော်ဖြတ်သွားနိုင်ခဲ့သည်မှာ ထင်ရှားလှပေသည်။

ဝုန်း... ဝုန်း…။

ကိုးဆင့် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေး ပြီးဆုံးသွားသည်နှင့်အမျှ ဖန်ဆင်းခြင်းချီစွမ်းအင်များ ကောင်းကင်ထက်မှ ကျဆင်းလာကာ ကျိုးစွေ့၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားလေ၏။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအား အဘယ်ကြောင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးမှသာ အဆင့်တက်လှမ်းနိုင်သည်ဟု သတ်မှတ်ရပါသနည်း။

ထိုသို့ဖြစ်ရခြင်းမှာ ဤဖန်ဆင်းခြင်းချီစွမ်းအင်များကို ရယူနိုင်သောကြောင့်ပင်။

ဤဖန်ဆင်းခြင်းချီစွမ်းအင်များတွင် သက်တမ်းကို တိုးစေနိုင်သည့် သက်ရှည်အရာဝတ္ထုများစွာ ပါဝင်သည်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် မိမိတို့၏ သက်ရှိဖြစ်တည်မှုကို မြှင့်တင်ရန်နှင့် သက်တမ်းရှည်ကြာစေရန် ဤအခွင့်အရေးကို အသုံးချနိုင်ပေသည်။

"ကိုးဆင့် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ပြီပဲ...”

"အခုဆို ငါလည်း တကယ့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီ...”

ကျိုးစွေ့က ရယ်မောလိုက်ရင်း အလွန်ပင် ဝမ်းသာပျော်ရွှင်နေလေသည်။

သူသည် နှစ်ပေါင်းခုနစ်ရာကျော် အချိန်ယူပြီးမှသာ နောက်ဆုံးတွင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး ဖြစ်လာခဲ့သည်။

သူ၏သက်တမ်းမှာလည်း သဘာဝကျကျပင် အလွန်အမင်း တိုးတက်လာခဲ့ပြီး စွမ်းအားများမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။

ဤအချိန်တွင် ဧရာမ ဖန်ဆင်းခြင်းချီစွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ သက်တမ်းနှင့် ဝိညာဉ်စွမ်းအင်များမှာ ရူးသွပ်စွာ တိုးတက်လာခဲ့လေသည်။

ဤသည်မှာ ကိုးဆင့် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ရရှိလာသည့် အကျိုးကျေးဇူးများပင် ဖြစ်၏။

ယခုအကြိမ် သူကြုံတွေ့ခဲ့ရသော မိုးကြိုးကပ်ဘေးသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို သေဆုံးစေနိုင်လောက်သည့်တိုင် ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက ရရှိမည့် ဖန်ဆင်းခြင်းချီစွမ်းအင်များမှာ အခြားကျင့်ကြံသူများထက် အဆပေါင်း ဒါဇင်မှ ရာနှင့်ချီ၍ ပိုများပေသည်။

ဤဒေသတစ်ဝိုက်တွင် ရောင်စဉ်တန်းများ ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော သဘာဝချီစွမ်းအင်များ စုစည်းသွားကာ ဝိညာဉ်မိုးရေစက်များအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့နေရသည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်သိပ်သည်းဆမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။

ဤသည်က သူ၏ကျင့်ကြံမှုကို ကြီးမားစွာ တိုးတက်စေခဲ့သည်။ ယခင်က မိုးကြိုးကပ်ဘေးစွမ်းအားကြောင့် ဖြစ်ပေါ်ခဲ့သော ဒဏ်ရာများမှာလည်း ယခုအခါတွင် လျင်မြန်စွာ သက်သာပျောက်ကင်းသွားတော့သည်။

'ဒါက တကယ့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူပဲလား...’

ကျိုးစွေ့က စိတ်ထဲတွင် တွေးလိုက်မိ၏။

သူ့ကိုယ်တွင်း၌ ဧရာမ လေဟာနယ်သန့်စင်ခြင်း ဝိညာဉ်စွမ်းအင်များက မြစ်ရေအလား စီးဆင်းနေပြီး သွေးကြောများတစ်လျှောက် လှည့်လည်သွားလာနေသည်ကို သူ ခံစားလိုက်ရသည်။

ဒန်တျန်ချီပင်လယ်မှာလည်း ယခင်ကထက် ဆယ်ဆခန့် ပိုမိုကျယ်ပြန့်လာပြီး ပိုမိုကြီးမားသော ဝိညာဉ်စွမ်းအင်များကို သိုလှောင်ထားနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ အများဆုံး တိုးတက်လာသည်မှာ ဝိညာဉ်သန္ဓေသားပင် ဖြစ်လေသည်။ ယခုအခါ သူ၏ ဝိညာဉ်သန္ဓေသားမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဝိညာဉ်သန္ဓေသား ဖြစ်လာပြီး အစစ်အမှန်ယန် ဝိညာဉ်သန္ဓေသား ဖြစ်ရာ ဝိညာဉ်စွမ်းအားများမှာ နေမင်းကဲ့သို့ ပူပြင်းနေချေသည်။

အကယ်၍ ဝိညာဉ်သန္ဓေသားသာ ခန္ဓာကိုယ်အပြင်သို့ ထွက်လာပါက အစစ်အမှန်ယန် ဝိညာဉ်သန္ဓေသား၏ စွမ်းအားက မိစ္ဆာတစ္ဆေ၊ သရဲများစွာကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ ထို့အပြင် စိတ်မိစ္ဆာ၊ ကောင်းကင်မိစ္ဆာများနှင့် ယင်စွမ်းအင် မိစ္ဆာအငွေ့အသက်များကိုပါ လောင်ကျွမ်းစေနိုင်သည်။

"ယောကျ်ားက တကယ်ကြီး လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်သွားနိုင်တာပဲ...”

"ဒဏ္ဍာရီထဲက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးဆိုရင်တောင် သူ့ကို ဘာမှလုပ်လို့မရဘူးပဲ...”

ပိုင်စုကျဲ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ ကောင်းကင်ထက်မှ ကပ်ဘေးတိမ်တိုက်များ အားလုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှသာ သူမ၏ ပူပန်နေသောစိတ်မှာ နောက်ဆုံးတွင် အေးချမ်းသွားတော့၏။

သူမအနေဖြင့် မိမိ၏ယောကျ်ားအပေါ် အလွန်ယုံကြည်မှုရှိသော်လည်း မိုးကြိုးကပ်ဘေး မပြီးဆုံးမချင်း မည်သည့်အရာကိုမျှ တပ်အပ်မပြောနိုင်ပေ။ မည်သို့သော မမျှော်လင့်ထားသည့် အန္တရာယ်မျိုး ပေါ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

ယခု လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး လုံးဝပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှသာ ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး အစစ်အမှန် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး ဖြစ်လာပြီဟု မှတ်ယူနိုင်ပေသည်။

"လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်ဖြတ်တာ ဘာဆန်းလို့လဲ...”

"ဒီလောက် သာမန် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးလေးက သူ့အတွက် ခက်ခဲမယ်လို့ နင်ထင်နေတာလား...”

"ကောင်းကင်မိစ္ဆာတွေကိုတောင် အရှင်လတ်လတ် ဝါးမျိုနိုင်ပြီး ကပ်ဘေးမိုးကြိုးကို အကြမ်းပတမ်း စားသောက်နိုင်တဲ့သူက တကယ့်ကို မကောင်းဆိုးဝါးပဲ...”

ဟွားစစ်ချင်မှာ ဆွံ့အသွားခဲ့ရသည်။ သူမအနေဖြင့် မည်သို့ပြောရမည်ကိုပင် မသိတော့ဘဲ လွန်ခဲ့သည့် သုံးရက်အတွင်း မြင်တွေ့ခဲ့ရသောအရာများက သူမ၏ လောကအမြင်ကို လုံးဝပြောင်းလဲသွားစေသည်ဟုသာ ဆိုနိုင်ပေသည်။

ကောင်းကင်ဘုံကပ်ဘေးကို ဤသို့သောနည်းလမ်းဖြင့် ကျော်ဖြတ်နိုင်သူရှိသည်ကို သူမ ယခင်က တစ်ကြိမ်တစ်ခါမျှ မသိခဲ့ဖူးချေ။ သာမန်ကျင့်ကြံသူများ ကပ်ဘေးကို ဖြတ်ကျော်ရာတွင် မည်သူမဆို စိုးရွံ့စွာဖြင့် ရတနာပစ္စည်းများစွာကို ကြိုတင်ပြင်ဆင်ထားရပြီးမှသာ အောင်မြင်နိုင်ချေ ရှိသည်။

သို့တိုင် တကယ်တမ်း ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ပြင်းထန်သော ဒဏ်ရာများ ရရှိကာ သူတောင်းစားကဲ့သို့ စုတ်ပြတ်သတ်နေတတ်ပြီး အလွန်သနားစရာကောင်းလှသည်။

ထိုသို့သောအခြေအနေမျိုးကို သေလမ်းကိုးသွယ်၊ ရှင်လမ်းတစ်သွယ်ဟု ဆိုရမည်ဖြစ်ပြီး စိတ်နှလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။ သို့သော်ငြား ယခုသူမရှေ့ရှိ ယောကျ်ားသည် မိုးကြိုးကပ်ဘေးကို အလွယ်တကူ ချေမှုန်းခဲ့သည့်အပြင် မိုးကြိုးကပ်ဘေးကို လုံးဝဂရုမစိုက်ခဲ့ပေ။

'တော်သေးတာပေါ့… ဒီလိုယောကျ်ားမျိုးက အခု ငါ့ယောကျ်ား ဖြစ်နေလို့။ တကယ်လို့များ ရန်သူသာဆိုရင် ညဘက်တောင် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး...’

ဟွားစစ်ချင်က စိတ်ထဲတွင် တွေးလိုက်မိလေသည်။

ရွှီး...။

ထိုစဉ် ကျိုးစွေ့သည် ကောင်းကင်နှင့်မြေကြီးကြားရှိ ဖန်ဆင်းခြင်းချီစွမ်းအင်အားလုံးကို ဝါးမျိုလိုက်ပြီး သူ၏ ဒန်တျန်ချီပင်လယ်အတွင်းသို့ ထည့်သွင်းလိုက်လေ၏။

နောင်တစ်ချိန်တွင် တဖြည်းဖြည်း ချေဖျက်ကာ ခန္ဓာကိုယ်တွင်းရှိ လေဟာနယ်သန့်စင်ခြင်း ဝိညာဉ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲပစ်ရမည် ဖြစ်သည်။

သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်၏ နက်နဲမှုကို သေချာစွာ လေ့လာချင်သေးသည်။ သို့သော် ယခုအချိန်က ထိုသို့လုပ်ရန် အချိန်မဟုတ်သည်မှာ ထင်ရှားပေသည်။

သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားကာ ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့နှစ်ဦးအနီးသို့ ရောက်ရှိသွားလေ၏။ ချက်ချင်းပင် မိန်းမလှလေးနှစ်ဦးသည် ပြင်းထန်သော အစစ်အမှန်ယန်ချီစွမ်းအင်များက သူတို့တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။

ဤအချိန်တွင် သူတို့နှစ်ဦးမှာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး မတ်တပ်ပင် ရပ်မနေနိုင်တော့ပေ။

"ယောကျ်ား... ရှင် ဘာလုပ်နေတာလဲ...”

"နေ့ခင်းကြောင်တောင်ကြီး အဝတ်အစားလည်း မဝတ်ဘူး...”

ပိုင်စုကျဲ့မှာ မျက်နှာလေး နီရဲသွားပြီး ကိုယ်လုံးတီးဖြစ်နေသော ကျိုးစွေ့ကို ကြည့်လိုက်၏။ မိုးကြိုးကပ်ဘေးကြောင့် ကျိုးစွေ့မှာ ကိုယ်ဗလာကျင်းနေသော်လည်း သူကမူ မည်သည့်အကြည့်ကိုမျှ ဂရုမစိုက်ပေ။

"ဟုတ်ပါ့။ အရှက်မရှိတဲ့ ယောကျ်ား၊ ဘယ်သူ့ကို လာမြှူဆွယ်နေတာလဲ...”

"ခန္ဓာကိုယ်လေး တောင့်တင်းရုံနဲ့ အဝတ်မဝတ်ဘဲ နေလို့ရတယ် ထင်နေလား...”

"ရှင့်လို ယောကျ်ားမျိုးကို ကျွန်မ အများကြီး မြင်ဖူးပါ့...”

ဟွားစစ်ချင်၏ မျက်လုံးများမှာ ရီဝေနေပြီး သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပြီဟု ခံစားနေရသော်လည်း ပါးစပ်ကမူ ခေါင်းမာစွာ ပြောနေဆဲပင်။

"ဒီနေ့ ကိုယ် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီး ကိုးဆင့် ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ လာ... အောင်ပွဲခံရအောင်...”

ကျိုးစွေ့က မိန်းမလှလေးနှစ်ယောက်၏ ခါးလေးများကို ဖက်လိုက်ပြီး သူတို့၏ ငြင်းဆန်မှုများကို ဂရုမစိုက်ဘဲ လှိုဏ်ဂူအတွင်းသို့ ချက်ချင်း ပြန်ဝင်သွားလေ၏။ မကြာမီ လှိုဏ်ဂူအတွင်းမှ တာအိုသံစဉ်များက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

All Chapters