အခန်း (၈၀၉-၈၁၀)
Vol. 76 Ch. 809-810
အခန်း (၈၀၉) - လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’၊ နတ်ဘုရားစွမ်းရည် - ဖူးစာကြိုး(၄)။
ယခင်က ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားကို အနည်းငယ် အထင်သေးခဲ့မိကြောင်း သူ ဝန်ခံရပေမည်။
သတ္တမအဆင့်သို့ ရောက်ရှိသွားချိန်တွင် ကောင်းကင်မြေကြီး ကူပိုးကောင်တစ်ကောင်အဖြစ် ၎င်း၏ စွမ်းအားများကို စတင်ပြသလာပြီး အထောက်အကူပြုရုံသက်သက် မဟုတ်တော့ဘဲ အမှန်တကယ်ပင် မဆိုးလှသော တိုက်ခိုက်ရေးစွမ်းအားများကိုပါ စတင်မွေးဖွားလာခဲ့ပြီ ဖြစ်လေသည်။
သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’ကို ပိုင်ဆိုင်ထားသော သူသည် အတိတ်ဘဝက ဒဏ္ဍာရီလာ ဖူးစာရေးနတ်မင်းကဲ့သို့ပင် မည်သူ့ကိုမဆို ကြိုးချည်ပေးနိုင်ပြီး မတူညီသောလူများကို လက်ထပ်နိုင်ရန် ကူညီပေးနိုင်သည်။
ထို့အပြင် ‘ချစ်ခြင်းမေတ္တာကူ’ သတ္တမအဆင့်သို့ တက်လှမ်းသွားခြင်းအပြင် အခြားကူပိုးကောင်များလည်း အသီးသီး တိုးတက်လာခဲ့ကြသည်။
ဥပမာအားဖြင့် ‘ကိုယ်ပွားကူ’သည်လည်း ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားခဲ့၏။ သို့သော် ‘ကိုယ်ပွားကူ’သည် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသော်လည်း အထူးစွမ်းရည်များ မွေးဖွားလာခြင်းမရှိဘဲ ပိုမိုများပြားသော ကိုယ်ပွားများကိုသာ ဖန်တီးနိုင်လာခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လုံလောက်နေပြီ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ‘ကိုယ်ပွားကူ’ထံမှ ကြီးမားသော အကျိုးကျေးဇူးများကို မျှော်လင့်ထားခြင်း မရှိသောကြောင့်ပင်။ သတင်းအချက်အလက်များ ရှာဖွေပေးခြင်း၊ အပြင်ထွက်၍ ရတနာမျိုးစုံရှာဖွေပေးခြင်းတို့ကပင် အလွန်အရေးကြီးနေပြီ မဟုတ်ပါလော။
‘အရက်ကူ’သည်လည်း ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ကံမကောင်းစွာဖြင့် ၎င်းသည်လည်း နတ်ဘုရားစွမ်းရည်သစ်များကို မွေးဖွားပေးနိုင်ခြင်းမရှိဘဲ ယခင်အတိုင်း ကောင်းကင်အရက်ဆေးပေါင်းဖို နတ်ဘုရားစွမ်းရည်ကိုသာ ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
သို့သော်ငြား ဤနတ်ဘုရားစွမ်းရည်၏ စွမ်းအားမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး ပိုမိုများပြားသော ပစ္စည်းများကို အရည်ပျော်စေနိုင်လာခဲ့သည်။ ဤသည်ကလည်း အလွန် သဘာဝကျသော ကိစ္စတစ်ခုပင် ဖြစ်ပေသည်။
ကူပိုးကောင်များအနေဖြင့် အဆင့်တက်လှမ်းတိုင်း နတ်ဘုရားစွမ်းရည်အသစ်များကို မွေးဖွားလာနိုင်မည် မဟုတ်ချေ။ အမှန်တကယ်တွင် ဤကောင်းကင်အရက်ဆေးပေါင်းဖို နတ်ဘုရားစွမ်းရည်တစ်ခုတည်းနှင့်ပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင် နတ်ဘုရားစွမ်းရည်များ များပြားနေခြင်းက ကောင်းလှသည် မဟုတ်ချေ။ အစုံအလင် တတ်ကျွမ်းသော်လည်း မည်သည့်အရာကိုမျှ ထဲထဲဝင်ဝင် မသိခြင်းထက် တစ်ခုတည်းကိုသာ ကျွမ်းကျင်နေခြင်းက ပို၍ကောင်းမွန်ပေသည်။
ဆဋ္ဌမအဆင့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’မှာလည်း ထိုနည်းတူပင် ဖြစ်၏။ အဆိပ်နတ်ဘုရားစွမ်းရည်သစ်များ မွေးဖွားလာခြင်း မရှိသော်လည်း ၎င်းသည် အဆိပ်မျိုးစုံကို ပိုမိုဝါးမျိုနိုင်လာခဲ့သည်။
၎င်းပိုင်ဆိုင်ထားသော အဆိပ်နတ်ဘုရားစွမ်းရည်များမှာလည်း ပို၍ပို၍ စွမ်းအားကြီးမားလာခဲ့လေသည်။ ဘက်ပေါင်းစုံမှ စွမ်းရည်များ များစွာတိုးတက်လာသည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် ‘ပစ္စည်းရှာဖွေကူ’မှာလည်း ထိုနည်းတူပင်ဖြစ်ပြီး များစွာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆဋ္ဌမအဆင့်သို့ တက်လှမ်းပြီးနောက် ပစ္စည်းရှာဖွေနိုင်စွမ်းမှာ ပိုမို အားကောင်းလာကာ နယ်ပယ်မှာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
'ဆဋ္ဌမအဆင့် ‘ကံကြမ္မာကူ’...'
'အခု ‘ကံကြမ္မာကူ’က မျိုးနွယ်စုတစ်ခုလုံးရဲ့ ကံကြမ္မာကို စုစည်းနိုင်ပြီပဲ...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်လေ၏။
‘ကံကြမ္မာကူ’၏ ပြောင်းလဲမူက အလွန်ကြီးမားသည်မှာ ထင်ရှားပေသည်။ ယခင် ပဉ္စမအဆင့်တွင် ‘ကံကြမ္မာကူ’သည် ဂိုဏ်းတစ်ခု၏ ကံကြမ္မာကိုသာ စုစည်းနိုင်ပြီး ရွှမ်ဟွမ်ဂိုဏ်းအား ကံကြမ္မာရွှေနဂါးတစ်ခု ဖန်တီးပေးကာ ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူတိုင်းကို အကျိုးခံစားခွင့် ရရှိစေခဲ့သည်။
ထို့ကြောင့် ဤနှစ်များတစ်လျှောက် ကြီးမားသော ဂိုဏ်းကံကြမ္မာကြောင့် ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်တိုင်းသည် ကံကြမ္မာ အကာအကွယ်ရရှိကြပြီး ကံကောင်းခြင်းများ ဆက်တိုက်ကြုံတွေ့ကာ ဘေးဒုက္ခများကို ရှောင်လွှဲနိုင်ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြလေသည်။
သို့သော်လည်း ယခုအခါ ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက် ‘ကံကြမ္မာကူ’သည် မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကို စုစည်းနိုင်နေပြီ ဖြစ်၏။
ဆိုလိုသည်မှာ လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာသည် ‘ကံကြမ္မာကူ’ထံတွင် စုစည်းလာနိုင်ပြီ ဖြစ်သည်။ မူလက မရေမတွက်နိုင်သော လူသားများ၏ ကံကြမ္မာများသည် ပြန့်ကျဲနေပြီး လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများ ရှိကြသည်။
သို့သော် ‘ကံကြမ္မာကူ’၏ စွမ်းအားအောက်တွင် လူသားများစွာ၏ ကံကြမ္မာများသည် အတူတကွ စုစည်းသွားကာ မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ရွှမ်ဟွမ်ကမ္ဘာရှိ လူသားမျိုးနွယ်၏ ကံကြမ္မာမှာလည်း ပို၍ပို၍ ကြီးမားလာမည်ဖြစ်ပြီး လူသားတိုင်းကို အကျိုးခံစားခွင့် ရရှိစေမည် ဖြစ်သည်။
ထိုမျှမကေသေး၊ ရွှမ်ဟွမ်ကမ္ဘာရှိ လူသားမျိုးနွယ်သာမက ဝိညာဉ်ကမ္ဘာရှိ လူသားမျိုးနွယ်လည်း အတူတူပင် ဖြစ်၏။ ကျိုးစွေ့ ရောက်ရှိသွားသော နေရာတိုင်းတွင် လူသားမျိုးနွယ်၏ ကံကြမ္မာမှာ အံ့မခန်း မြင့်တက်လာမည် ဖြစ်သည်။
'ဒါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာလား...’
ကျိုးစွေ့သည် ‘ကံကြမ္မာကူ’၏ စွမ်းအားမှတစ်ဆင့် ဝိညာဉ်ကမ္ဘာရှိ မရေမတွက်နိုင်သော လူသားများ၏ ကံကြမ္မာများက ‘ကံကြမ္မာကူ’အတွင်း၌ စုစည်းနေသည်ကို ချက်ချင်းပင် ခံစားလိုက်ရပြီး လူသားမျိုးနွယ် သက်ရှိအားလုံး၏ ကံကြမ္မာများကို ထမ်းဆောင်ထားသကဲ့သို့ ဖြစ်နေချေသည်။
ကံမကောင်းစွာဖြင့် ယခုအခါ လူသားမျိုးနွယ်၏ ကံကြမ္မာမှာ သိပ်မကြီးမားလှချေ။ ထို့အပြင် ဘေးဒုက္ခများ ရစ်ပတ်နေပြီး သွေးထွက်သံယို ဘေးဒုက္ခများပင် ကျရောက်နေလေသည်။
အနည်းငယ်မျှ သတိမထားမိပါက မျိုးနွယ်စုတစ်ခုလုံး ပျက်သုဉ်းသွားနိုင်ပြီး ဝိညာဉ်ကမ္ဘာမှ ပျောက်ကွယ်သွားနိုင်သည်။
'ဒီတစ်ကြိမ် ဘေးဒုက္ခကို လူသားမျိုးနွယ်တွေ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိ၏။
လူသားမျိုးနွယ်၏ ကံကြမ္မာမှတစ်ဆင့် ယခုအခါ လူသားမျိုးနွယ်၏ အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သူ သိရှိနိုင်လေသည်။ ယခုတစ်ကြိမ် မိုးကြိုးအင်မော်တယ်စံအိမ်တွင် အင်မော်တယ်လက်နက်တစ်ခုကို ရရှိခဲ့သောကြောင့် ပုံမှန်အားဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာမှာ ကြီးမားစွာ တိုးတက်လာသင့်ပေသည်။
ပြဿနာမှာ လူသားမျိုးနွယ်သည် ဤအင်မော်တယ်လက်နက်ကို ရရှိပြီးနောက် အမှန်တကယ် အသုံးမပြုနိုင်သေးခြင်းကြောင့် လူသားမျိုးနွယ်၏ စွမ်းအားကို မမြှင့်တင်နိုင်ခြင်းပင်။
အခြား မျိုးနွယ်စုများကလည်း ဤအချက်ကို သိရှိထားကြသောကြောင့် အတူတကွ ပူးပေါင်းကာ ရုတ်တရက် တိုက်ခိုက်လာကြခြင်း ဖြစ်၏။ ဤအရာက လူသားမျိုးနွယ်ကို ကြီးမားစွာ ထိခိုက်နစ်နာစေခဲ့ပြီး မြို့တော်များစွာ ဖျက်ဆီးခံခဲ့ရသည်။
အကယ်၍ ဤဘေးဒုက္ခကို မတားဆီးနိုင်ပါက လူသားမျိုးနွယ်သည် ဖုန်းရှီးမြို့တော်မှလွဲ၍ ဝိညာဉ်ကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားနိုင်သည်။
လူသားမျိုးနွယ်၏ နှစ်ပေါင်း သန်းနှင့်ချီသော စုဆောင်းမှုများမှာလည်း တစ်ခဏအတွင်း ပျက်စီးသွားမည် ဖြစ်လေသည်။
'ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ငါရှိနေသရွေ့ လူသားမျိုးနွယ် မျိုးသုဉ်းမှာ မဟုတ်ဘူး...’
'မြို့တော် တစ်ရာ့ခုနစ်မြို့ လုံးဝ ပျက်စီးသွားရင်တောင်မှ ပြန်လည်တည်ဆောက်လို့ ရတယ်...’
'ငါ မဟာယာနအဆင့်ကို ရောက်သွားတာနဲ့ လူသားမျိုးနွယ်က အစစ်အမှန် သက်ရှိဝိညာဉ်မျိုးနွယ်စုတစ်ခု ဖြစ်လာမှာပဲ...’
ကျိုးစွေ့မှာ အလွန်အမင်း ယုံကြည်ချက် ရှိနေလေသည်။
အမှန်တကယ်တွင် မျိုးနွယ်စုတစ်ခု၏ ကြီးပွားတိုးတက်မူသည် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ အစစ်အမှန် သက်ရှိဝိညာဉ်တစ်ပါး ပေါ်ထွက်လာခြင်းက အလွန်စွမ်းအားကြီးမားသော မျိုးနွယ်စုတစ်ခု၏ ကြီးပွားတိုးတက်မူကို ဖြစ်ပေါ်စေပြီး မျိုးနွယ်စုကို နှစ်ပေါင်း တစ်သိန်းကျော်ကြာ ကာကွယ်ပေးနိုင်ပေမည်။
အကယ်၍ သူသည် အစစ်အမှန် သက်ရှိဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပါက လူသားမျိုးနွယ်ကို စိတ်ကူးမယဉ်နိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုလုပ်ပေးခြင်းမှာ အလွန်ပုံမှန်ကိစ္စတစ်ခု ဖြစ်ပြီး သဘာဝကျသော ကိစ္စတစ်ခုပင် ဖြစ်ပေသည်။
ထို့ကြောင့် ယခုအခါ လူသားမျိုးနွယ် ကြီးမားစွာ ထိခိုက်နစ်နာနေသော်လည်း သူ ကြီးထွားလာနိုင်သရွေ့ အရာအားလုံးမှာ ပြဿနာမဟုတ်တော့ဘဲ ယာယီ ဒုက္ခတစ်ခုမျှသာဖြစ်ရာ အံ့ဩစရာ မဟုတ်တော့ချေ။
သို့သော်လည်း ဖုန်းရှီးတာအိုအရှင်မှာ အလွန်ထက်မြက်ပြီး ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ထားခဲ့ခြင်းက တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်သာ အကျပ်အတည်းကြုံတွေ့ချိန်တွင် ကြယ်ကွဲပင်လယ်သို့ ကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့ပြီး ဘေးဒုက္ခများစွာကို ရှောင်လွှဲနိုင်ခဲ့လေသည်။
ကြယ်ကွဲပင်လယ်တွင် မရေမတွက်နိုင်သော အန္တရာယ်များ ရှိနေနိုင်သော်လည်း၊ အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် လူသားမျိုးနွယ် ပြန်လည်နိုးထလာရန်အတွက် မျိုးစေ့ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး လုံးဝ မျိုးသုဉ်းသွားခြင်း မရှိတော့ချေ။
'ကျင့်ကြံမူကို မြန်မြန်ဆန်ဆန် တိုးတက်ချင်ရင် ဝိညာဉ်ဆေးပင်တွေ မရှိလို့မဖြစ်ဘူး...’
'အထူးသဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးတဲ့နောက်ပိုင်း လိုအပ်တဲ့ ဆေးလုံးတွေက ပိုများလာပြီး ဝိညာဉ်ဆေးပင်တွေကလည်း ပိုပြီး ရှားပါးလာတယ်...’
‘ဘယ်လိုပဲဖြစ်ဖြစ် ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်တွေဆိုရင် အနည်းဆုံး နှစ်တစ်သောင်းလောက် ရှင်သန်မှ ရင့်ကျက်တဲ့ အခြေအနေကို ရောက်တာကိုး...’
'ဝိညာဉ်ကမ္ဘာမှာတောင်မှ နှစ်တစ်သောင်း ဝိညာဉ်ဆေးပင်တွေက အလွန် ရှားပါးပြီး နည်းပါးလှတယ်...’
'ဒါပေမဲ့ အခု ‘ဆေးဝါးကူ’ရဲ့ အဆင့်ကလည်း တက်သွားပြီ။ ဆဋ္ဌမအဆင့် အောက်ခြေအဆင့်ကို ရောက်သွားပြီပဲ...’
'‘ဆေးဝါးကူ’ရဲ့ စွမ်းအားကလည်း အဆပေါင်းများစွာ တိုးတက်လာတာ ထင်ရှားတယ်...’
ကျိုးစွေ့မှာ အလွန်ပင် ကျေနပ်နေလေသည်။
ဆဋ္ဌမအဆင့် ‘ဆေးဝါးကူ’ထံမှ ပို့လွှတ်လိုက်သော ကြီးမားသည့် သတင်းအချက်အလက်များကို သူ ချက်ချင်းပင် သိရှိလိုက်၏။
ဆဋ္ဌမအဆင့်သို့ တက်လှမ်းပြီးနောက် ‘ဆေးဝါးကူ’သည် ဆန်းကြယ်သော ဆေးရည်များကို အမြောက်အမြား ဖန်တီးနိုင်လာခဲ့သည်။ ထို့အပြင် ဤဆေးရည်များ၏ အာနိသင်မှာလည်း ပိုမိုတိုးတက်လာခဲ့လေသည်။
အကယ်၍ ပဉ္စမအဆင့် ‘ဆေးဝါးကူ’ ဖန်တီးသော ဆေးရည်တစ်စက်က ဝိညာဉ်ဆေးပင် တစ်နှစ်ရှင်သန်ပါက နှစ်တစ်ထောင်ဆေးစွမ်းကို ရရှိစေပြီး ဝိညာဉ်ဆေးပင်များ၏ ကြီးထွားမူကို ကြီးမားစွာ အထောက်အကူပြုသည်ဟု ဆိုနိုင်လျှင်၊ ဆဋ္ဌမအဆင့် ‘ဆေးဝါးကူ’၏ ဆေးရည်မှာမူ တစ်စက်ကျလိုက်သည်နှင့် ဝိညာဉ်ဆေးပင် တစ်နှစ်ရှင်သန်ပါက နှစ်တစ်သောင်းဆေးစွမ်းကို ရရှိစေနိုင်သည်။
ဆိုလိုသည်မှာ ‘ဆေးဝါးကူ’၏ စွမ်းအားအောက်တွင် နှစ်တစ်သောင်း ဝိညာဉ်ဆေးပင်ဆိုသည်မှာ တစ်နှစ်သာ ရှင်သန်လိုက်ရုံဖြင့် ရရှိနိုင်ပြီ ဖြစ်သည်။
အခန်း (၈၁၀) - လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’၊ နတ်ဘုရားစွမ်းရည် - ဖူးစာကြိုး(၅)။
‘ကြမ်းလွန်းတယ်… အရမ်းကို ကြမ်းလွန်းတယ်…’
'ဒါဆိုရင် နှစ်တစ်သောင်း ဝိညာဉ်ဆေးပင်တွေကို အမြောက်အမြား စိုက်လို့ ရနေပြီပေါ့...’
'အကယ်လို့ နှစ်တစ်သောင်း ဝိညာဉ်ဆေးပင်အများအပြားကိုသာ ရောင်းချလိုက်မယ်ဆိုရင် နေ့ချင်းညချင်း ဝိညာဉ်ကမ္ဘာရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သွားမှာ သေချာတယ်...’
'ဒါပေမဲ့ အဖြစ်နိုင်ဆုံးကတော့ အစစ်အမှန် ဝိညာဉ်သတ္တဝါတွေရဲ့ အာရုံစိုက်တာကိုခံရပြီး… ငါ့ဆီက စည်းစိမ်တွေကို လုယူသွားကြလိမ့်မယ်...’
‘ဘယ်လိုပဲဖြစ်ဖြစ် ဒီစည်းစိမ်တွေကို မကာကွယ်နိုင်ရင် သတ်စားဖို့အသင့်ဖြစ်နေတဲ့ သိုးတစ်ကောင်ပဲ ဖြစ်နေမှာလေ...’
'ရတနာတွေ ပိုရလေ၊ မြန်မြန်သေလေပဲ ဖြစ်မှာ...’
ကျိုးစွေ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ အကယ်၍ ဤဝိညာဉ်ဆေးပင်များကို မရောင်းချဘဲ မိမိကိုယ်တိုင် အသုံးပြုမည်ဆိုလျှင်ပင် အဆုံးမရှိသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။
‘ဆေးဝါးကူ’က သူ့အား အလွန်ကြီးမားသော အကူအညီပေးနေသည်မှာ ထင်ရှားပေသည်။
'ဆဋ္ဌမအဆင့် ‘တည်နေရာရွှေ့ပြောင်းကူ’ရဲ့ စွမ်းအားကလည်း အများကြီး တိုးတက်လာတယ်...’
'အခု ‘တည်နေရာရွှေ့ပြောင်းကူ’က မျက်စိတစ်မှိတ်အတွင်းမှာ ကီလိုမီတာ သန်းတစ်ထောင်လောက် ရွှေ့ပြောင်းနိုင်ပြီ ထင်တယ်...’
ယခုအချိန်တွင် ‘တည်နေရာရွှေ့ပြောင်းကူ’၏ စွမ်းအားမှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို ကျိုးစွေ့ ခံစားလိုက်ရသည်။
ပဉ္စမအဆင့် ‘တည်နေရာရွှေ့ပြောင်းကူ’ ဖြစ်စဉ်က တစ်ကြိမ်ရွှေ့ပြောင်းပါက အဝေးဆုံး ကီလိုမီတာသန်းတစ်ရာသာ သွားနိုင်လေသည်။ သို့သော်လည်း ယခုအခါတွင် ကီလိုမီတာ သန်းတစ်ထောင်အထိ တိုးတက်လာခဲ့ပြီ ဖြစ်၏။
ရွှေ့ပြောင်းနိုင်သော အကွာအဝေးမှာ ဆယ်ဆခန့် တိုးတက်လာခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် ရွှေ့ပြောင်းနိုင်သော အကြိမ်အရေအတွက်မှာလည်း ယခင်ကထက် ဆယ်ဆ တိုးတက်လာခဲ့သည်။
'ဒါပေမဲ့ ဆဋ္ဌမအဆင့် ‘တည်နေရာရွှေ့ပြောင်းကူ’က စွမ်းရည်သစ်တစ်ခုကိုလည်း မွေးဖွားပေးခဲ့တယ်...’
'အဲဒါကတော့ ဟင်းလင်းပြင်အမှတ်အသား သုံးခုကို ချန်ထားခဲ့နိုင်တာပဲ...’
'ကမ္ဘာတစ်ခုတည်းမှာ ရှိနေသရွေ့ ဟင်းလင်းပြင်အမှတ်အသားက ဘယ်နေရာမှာပဲရှိနေပါစေ၊ မျက်စိတစ်မှိတ်အတွင်း ရောက်သွားနိုင်တယ်...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ရင်း အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။ ဤသည်မှာ ဆဋ္ဌမအဆင့် ‘တည်နေရာရွှေ့ပြောင်းကူ’ မွေးဖွားပေးခဲ့သော အကောင်းဆုံး စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်မှာထင်ရှားပြီး ၎င်းမှာ ဟင်းလင်းပြင်အမှတ်အသား ချန်ထားနိုင်ခြင်းပင်။
မှတ်သားထားလိုက်သည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ်တွင် သူသည် ဟင်းလင်းပြင်အကွာအဝေးကို လျစ်လျူရှုကာ ထိုနေရာသို့ ချက်ချင်း ရွှေ့ပြောင်းသွားနိုင်မည် ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤသည်မှာ အလွန်အားကောင်းသော ထွက်ပြေးလွတ်မြောက်ရေး နည်းလမ်းတစ်ခုပင်။ အန္တရာယ်နှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် အခြားနေရာသို့ ချက်ချင်း ရွှေ့ပြောင်းသွားနိုင်ပေသည်။
မဟာယာနအဆင့် ကျင့်ကြံသူဖြစ်လျှင်ပင် သူ့ကို လိုက်လံသတ်ဖြတ်နိုင်မည် မဟုတ်ချေ။ သို့သော် ဤဟင်းလင်းပြင်အမှတ်အသားများကို ကမ္ဘာတစ်ခုတည်းတွင်သာ အသုံးပြုနိုင်ပြီး ကမ္ဘာတစ်ခုမှ အခြားတစ်ခုသို့ ကူးဖြတ်၍ မရနိုင်ပေ။
ထို့အပြင် ‘တည်နေရာရွှေ့ပြောင်းကူ’၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ ချန်ထားနိုင်သော ဟင်းလင်းပြင်အမှတ်အသားများမှာလည်း ပိုမိုများပြားလာမည် ဖြစ်လေသည်။
ဆဋ္ဌမအဆင့် အလယ်အလတ်သို့ တက်လှမ်းပါက ဟင်းလင်းပြင်အမှတ်အသား ခြောက်ခု ချန်ထားနိုင်မည်ဖြစ်ပြီး၊ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းပါက ကိုးခု စသည်ဖြင့် စွမ်းအားပိုကြီးလေ စွမ်းရည်ပိုများလေ ဖြစ်သည်။
'‘တည်နေရာရွှေ့ပြောင်းကူ’က ဆက်ပြီး ဒီလိုပဲ ဆင့်ကဲပြောင်းလဲနေမယ်ဆိုရင် ကမ္ဘာဖြတ်ကျော် ရွှေ့ပြောင်းတာတွေ လုပ်နိုင်တော့မှာ မဟုတ်ဘူးလား...’
ထိုသို့တွေးမိသောအခါ ကျိုးစွေ့သည် ဤအချက်ကို ဆက်လက် တွေးတောနေမိသည်။
‘တည်နေရာရွှေ့ပြောင်းကူ’ အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာပြီး စွမ်းရည်များ ပိုမိုအားကောင်းလာသည်နှင့်အမျှ ကမ္ဘာဖြတ်ကျော် ရွှေ့ပြောင်းခြင်းမှာလည်း မဖြစ်နိုင်သော ကိစ္စမဟုတ်သည်မှာ ထင်ရှားပေသည်။
ထိုအချိန်ရောက်ပါက ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းရေး အစီအရင်များကို အသုံးပြုစရာမလိုဘဲ ကမ္ဘာတစ်ခုပြီးတစ်ခု ကူးဖြတ်သွားနိုင်ကောင်း သွားနိုင်ပေလိမ့်မည်။
သို့သော်ငြား ဤသည်မှာ အလွန် ကြာမြင့်ဦးမည့် ကိစ္စတစ်ခုပင် ဖြစ်လေသည်။ အချိန်တိုအတွင်း ဤမျှ အံ့ဩဖွယ်ကောင်းသော ကိစ္စမျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
'’ရွှေစားမိခင်ကူ’က ဆဋ္ဌမအဆင့်ကို တက်သွားပြီးတဲ့နောက် စွမ်းရည်တွေ အများကြီး တိုးတက်လာတယ်...’
'ရွှေအလင်းနတ်ဘုရားဓား ဆိုတဲ့ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တစ်ခုကို မွေးဖွားပေးခဲ့တယ်...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြန်သည်။
ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားသော ‘ရွှေစားမိခင်ကူ’သည် ယခင်ကထက် များစွာ စွမ်းအားကြီးမားလာသည်ကို သူ ခံစားလိုက်ရပြီး သတ္တုဓာတ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တစ်ခုကိုပါ မွေးဖွားလာခဲ့ပေသည်။
ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီးကြားရှိ သတ္တုဓာတ် ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်ပြီး ချက်ချင်းပင် ထက်ရှလွန်းသော ရွှေအလင်းဓားမျှင်များအဖြစ် ပြောင်းလဲသွားစေနိုင်သည်။
ဤရွှေအလင်းဓားမျှင်များသည် အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိလေသည်။ အလယ်အလတ်အဆင့် ကာကွယ်ရေး ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်လျှင်ပင် ချက်ချင်း ထိုးဖောက်ခံရမည်ဖြစ်ရာ ခုခံရန် ခက်ခဲလှသည်။
ထို့အပြင် ‘ရွှေစားကူ’ သုံးထောင် တစ်ပြိုင်နက်တိုက်ခိုက်ပြီး ရွှေအလင်းနတ်ဘုရားဓားများကို ဖန်တီးလိုက်မည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော ဓားအစီအရင်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး ရှေ့ရှိရန်သူများကို အပိုင်းပိုင်းအစစ ခုတ်ထစ်ကာ အရိုးပင်မကျန်အောင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဤနတ်ဘုရားစွမ်းရည်၏ စွမ်းအားမှာလည်း အဆက်မပြတ် မြင့်တက်လာနိုင်သေးသည်။
‘ရွှေစားကူ’များက သတ္တုပစ္စည်းမျိုးစုံကို အဆက်မပြတ် ဝါးမျိုသည်နှင့်အမျှ ၎င်းတို့ကိုယ်တွင်းရှိ သတ္တုဓာတ်စွမ်းအားများသည် သဘာဝကျကျပင် မြင့်တက်လာမည်ဖြစ်ပြီး၊ ၎င်းတို့၏ စွမ်းအားများက အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိလာစေပေမည်။
'‘ရွှေစားကူ’တွေ အားလုံးကို အပြင်လွှတ်ပြီး သတ္တုတွင်းတွေ ကိုယ်တိုင်ရှာခိုင်းတာ ပိုကောင်းမယ်ထင်တယ်...’
'ငါ့နားမှာပဲ ထားထားရင် သူတို့ရဲ့ ကြီးထွားမူကိုတောင် နှောင့်နှေးစေဦးမယ်...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ရင်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ ဖုန်းရှီးမြို့တော်တွင် နေထိုင်နေသရွေ့ မည်သည့်အန္တရာယ်မျှ ရှိမည်မဟုတ်ရာ ‘ရွှေစားကူ’များကို မိမိအနီးတွင် ထားရှိခြင်းက သိပ်အသုံးမဝင်လှချေ။
ထို့ထက်စာလျှင် သူတို့ကို ဤနေရာမှ ထွက်ခွာစေပြီး ကြယ်ကွဲပင်လယ်ထဲသို့ ဝင်ရောက်ကာ သတ္တုတွင်းမျိုးစုံ ရှာဖွေစေခြင်းက ပို၍ကောင်းမွန်ပေသည်။
မှန်ပေသည်၊ ကြယ်ကွဲပင်လယ်တွင် အရင်းအမြစ်များစွာ ရှိလေသည်။ နဂါးပြာတိုက်ကြီးရှိ အရင်းအမြစ်များထက်ပင် ပိုမိုများပြားပြီး သတ္တုတွင်းများ လုံးဝ မရှားပါးလှချေ။ ဤသည်က ‘ရွှေစားကူ’များအတွက် ကစားကွင်းတစ်ခုပင် ဖြစ်ချေတော့သည်။
ရွှစ်...။
ထိုသို့တွေးလိုက်ပြီး ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်ကာ ကိုယ်ပွားတစ်ယောက်ကို စေလွှတ်၍ ‘ရွှေစားကူ’များကို အပြင်သို့ လိုက်ပါပို့ဆောင်စေလိုက်၏။
............
နာရီအနည်းငယ် ကြာပြီးနောက်။
ကျိုးစွေ့သည် မိမိကိုယ်ပေါ်ရှိ စွမ်းအားများနှင့် ကူပိုးကောင်တစ်ကောင်စီ၏ စွမ်းအားများကို ကျွမ်းဝင်သွားပြီး လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံမူကို ခိုင်မာစေပြီးမှသာ လှိုဏ်ဂူအတွင်းမှ ကျေနပ်စွာ ထွက်လာခဲ့လေသည်။
ဤအချိန်တွင် ပိုင်စုကျဲ့နှင့် ဟွားစစ်ချင်တို့ နှစ်ဦးသည်လည်း ဧည့်ခန်းအတွင်း၌ စကားပြောနေကြ၏။
ထို့အပြင် ပတ်ဝန်းကျင်တွင် ရတနာပစ္စည်းမျိုးစုံ ပြည့်နှက်နေပြီး ယင်းက အိပ်ခန်းအတွင်း ရတနာအလင်းရောင်များ တောက်ပနေစေသည်။
"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီမှာ ရတနာတွေ အများကြီး ပေါ်လာရတာလဲ...”
"မင်းတို့တွေ ဘယ်ကိုသွားပြီး ဓားပြတိုက်လာတာလဲ...”
ကျိုးစွေ့က သိချင်စိတ်ပြင်းပျစွာဖြင့် မေးလိုက်လေသည်။
"ခစ်ခစ်… ဒါက ဓားပြတိုက်တာထက်တောင် ပိုပြီး အမြတ်ထွက်သေးတယ်...”
"ဒီလက်ဆောင်တွေက တကယ်တော့ ဖုန်းရှီးမြို့တော်က လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေ ပေးပို့လိုက်တာပါ...”
"အကြောင်းရင်းကတော့ ယောကျ်ား လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာကို ဂုဏ်ပြုဖို့ပဲ...”
ဟွားစစ်ချင်က တခစ်ခစ်ရယ်မောရင်း ပြောလိုက်၏။
သူမက ဤရတနာများ၏ ဇာစ်မြစ်ကို တိုက်ရိုက်ပင် ပြောပြလိုက်ချေသည်။ ၎င်းတို့အားလုံးမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုကြီးများမှ ပေးပို့သော လက်ဆောင်များဖြစ်ကာ လက်ဆောင်တိုင်းမှာ တန်ဖိုးကြီးမားလှသည်။
"ဘယ်လိုလုပ် ဒီလောက်တောင် များနေရတာလဲ...”
ကျိုးစွေ့က မျက်တောင်များ တဖျပ်ဖျပ်ခတ်လိုက်ရင်း အလွန်ပင် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေလေသည်။
ရိုးရိုးသားသားပြောရလျှင် ယခင်က ပိုင်စုကျဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းစဉ်ကလည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာက လက်ဆောင်များ လာရောက်ပေးပို့ခဲ့ကြသည်။
သို့သော် ယခုသူနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာခြားနေသေး၏။ သူရရှိထားသော ရတနာများ၏ အရေအတွက်နှင့် တန်ဖိုးမှာ ပို၍သာလွန်နေပုံရသည်။
"ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလား...”
"အခု ယောကျ်ားက ဖုန်းရှီးမြို့တော်မှာ လွှမ်းမူမှုကြီးမားတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီလေ...”
"ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးမှ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဆိုတော့ အနာဂတ်မှာ မဟာယာနအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိနေတယ်...”
"သူတို့က ယောကျ်ားရဲ့ အလားအလာကို မြင်လို့ ကြိုတင်ပြီး ရင်းနှီးမြှုပ်နှံချင်ကြတာပေါ့၊ ယောကျ်ားကို ဖားချင်ကြတာလေ...”
ပိုင်စုကျဲ့က သဘာဝကျစွာပင် ပြောလိုက်လေသည်။
မှန်ပေ၏၊ ဖုန်းရှီးမြို့တော်သည် ကြယ်ကွဲပင်လယ်သို့ ရောက်ရှိမလာဘဲ မိုးကြိုးတောင်တန်းတွင်သာ ရှိနေသေးပါက ရရှိမည့်လက်ဆောင်များမှာ ဤမျှသာ မကနိုင်ချေ။
လူသားမျိုးနွယ်မြို့တော် တစ်ရာ့ခုနစ်မြို့ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာနှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် လာရောက်၍ လက်ဆောင်ပေးကာ ဂုဏ်ပြုကြမည် ဖြစ်လေသည်။
ဤသည်မှာ အနာဂတ်တွင် မဟာယာနအဆင့် ကျင့်ကြံသူဖြစ်လာရန် မျှော်လင့်ချက်ရှိသော ပါရမီရှင်တစ်ဦးပင် မဟုတ်ပါလော။
မည်မျှပင် ဖားယားသည်ဖြစ်စေ၊ ဤသည်မှာ အလွန် သဘာဝကျသော ကိစ္စတစ်ခုသာ ဖြစ်၏။
"အလားအလာဆိုတာ ထည့်မတွက်နဲ့ဦး… ယောကျ်ားရဲ့ လက်ရှိစွမ်းအားတစ်ခုတည်းနဲ့တင် မြို့စားမင်းအောက်မှာ နံပါတ်တစ် ဖြစ်နေပြီလေ...”
"အခု ယောကျ်ားက လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးပေမဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားတယ်...”
"အခုဆို လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ အကောင်သုံးဆယ်ကို ယဉ်ပါးအောင် လုပ်ထားပြီးပြီ...”
"ဒီအတိုင်း ဆက်သွားရင် ထောင်သောင်းချီတဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်ဖို့ဆိုတာ ပြဿနာကြီးကြီးမားမား မဟုတ်တော့ဘူး...”
"ယောကျ်ားပိုင်ဆိုင်ထားတဲ့ ကန္တာရသားရဲ တပ်မတော်တစ်ခုတည်းနဲ့တင် ဖုန်းရှီးမြို့တော်ရဲ့ နံပါတ်တစ်တပ်မတော် ဖြစ်နေလောက်ပြီ...”
ဟွားစစ်ချင်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
ရိုးရိုးသားသားပြောရလျှင် ဤယောကျ်ားသည် မသိမသာဖြင့် ဤမျှလောက်အထိ စွမ်းအားကြီးမားလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။ အောက်ဘုံလောကမှ တက်လာသည်မှာ နှစ်ပေါင်းများစွာ မကြာသေးပေ။
သို့တိုင် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းရှီးမြို့တော်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။
သူမတို့က အနည်းနှင့်အများ အကူအညီပေးခဲ့သည် ဆိုသည့်တိုင် ၎င်းမှာ ကောင်းမွန်သော ပန်းချီလက်ရာတစ်ခုအား ရွှေဘောင်ကွပ်ပေးရုံသာ ဖြစ်လေသည်။
သူမတို့ မရှိလျှင်ပင် ဤယောကျ်ားသည် ထင်ရှားကျော်ကြားလာမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်လာမည်သာ။
"အေးပေါ့လေ… ကောင်းပါပြီ၊ လက်ဆောင်ဆိုတော့လည်း သိမ်းထားလိုက်တာပေါ့...”
"ဒါပေမဲ့ ကိုယ်တို့အတွက်ကတော့ ကျင့်ကြံမူက ပိုအရေးကြီးတယ်...”
"ကိုယ်တို့တွေ တာအိုအကြောင်း ဆွေးနွေးကြရင် မကောင်းဘူးလား...”
ကျိုးစွေ့က ဟွားစစ်ချင်နှင့် ပိုင်စုကျဲ့တို့နှစ်ဦးကို ဖက်လိုက်ရင်း ပြောလိုက်လေသည်။
ဘာ…။
ဤစကားကို ကြားလိုက်ရသောအခါ မိန်းမလှလေးနှစ်ဦးမှာ မျက်နှာများ နီရဲသွားကြပြီး မျက်လုံးများ ရီဝေသွားကာ သူတို့၏ခန္ဓာကိုယ်တွင် အားအင်များ ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
မကြာမီ သူတို့သုံးဦးသည် အိပ်ခန်းအတွင်း၌ စိတ်အားထက်သန်စွာ တာအိုအကြောင်း ဆွေးနွေးကြလေရာ အချိန်ကြာမြင့်စွာ ရပ်တန့်နိုင်ခြင်း မရှိတော့ချေ။